သုံးရာသီ အလွမ်း

တောက ကိုရင်December 26, 20121min852

သုံးရာသီ အလွမ်း

နွေ…
ကြွေ စေ အောင် တ မင် ဆု တောင်း
ဆယ် နေ ပြင်း လို့ ရင် ထဲ မှာ ဗြောင်း ဆန်
တောင်း ပန် ရန် ခက် သ တဲ့
အ လွမ်း များ စွာ မှာ မျက် ကန်း နေ လို့
ငါ့ နှ လုံး သား တောင် လောင် ကျွမ်း သွား တယ်…။

မိုး…
ရိုး မ ကို ကျော် ကာ ဖြတ် လို့
အ နောက် တောင် ဆီ မှာ တိုက် ခတ် တဲ့ လေ
တိမ် မျှင် တွေ ကို သူ စေ စား
အ လွမ်း များ စွာ မှာ နစ် မွန်း စေ ဖို့
ငါ့ နှ လုံး သား မှာ ရွာ သွန်း သွား တယ်…။

ဆောင်း…
နှောင်း ကံ က ရီ ဝေ နေ ဆဲ
အ သိ မှာ ဆယ် မိုး ဆယ် နွေ ကဲ ဆို
မျက် ရည် ကို ခိုး ခြွေ ကာ ထား
ငါ့ နှ လုံး သား က ဖျား နာ နေ လို့
အ လွမ်း များ စွာ ရေ.. ဆေး လာ တိုက် လှည့်….(ပါ..)။ ။

တောက ကိုရင်
၁၀.၀၉.၂၀၁၂

2 comments

  • ခေါင်းစဉ်ကို ကြည့်ပြီး
    ကိုငှက်ရဲ့ သီချင်းကို သတိရလိုက်မိတယ် ….
    အထဲက ကဗျာတွေကို ဖတ်လိုက်တော့
    ကိုရင်နဲ့ အတူ လွမ်းလိုက်တယ် ….
    အိုဘယ့် … ချစ်ဦးလေးရယ် …
    မင်း ဘယ်ရင်ခွင်မှာများ ပျော်နေပြီလဲ … ????

  • ခိုင်ဇာ

    December 28, 2012 at 8:13 am

    “”မိုးတွင်း ထီးကလေး မိုးမှာပေါ့။
    ဆောင်းတွင်း မီးကလေးတောက်မှာပေါ့။
    နွေရာသီမှာ ရွှေရင်အေးအောင် ကိုယ်လေ အေးသော ယပ်တောင်လေး။””

    ခေါင်းစဉ်ကြည့်ပြီး ကိုသန်းနိုင် သီချင်းကို အမှတ်ရတယ်။

    ကဗျာထဲက စကားလုံးလေးတွေကို အားပေးသွား၏။ :mrgreen:

Leave a Reply