ဆေးလိပ်သောက်တတ်နေတဲ့ အသက် ၃ နှစ်ကလေးငယ

zaylayJuly 18, 20101min1022

အင်ဒိုနီးရှားကလေးငယ်လိုပဲ Huizhou မှYawen ဟာ Guangdong စီရင်စုမှ
အစီရင်ခံစာတွေအရ ဒီကလေးငယ်ဟာ
ဆေး လိပ်တလိပ်မသောက်ရရင်တောင်အလွန်အမင်းဒေါသထွက်နေဟန်ရှိပြီး ဆေးလိပ်ကို
အလွန် အကျွံစွဲလမ်း တယ် လို့ဆို ပါတယ် ။

ဒါပေမယ့်လည်း သူမဟာ အင်ဒိုနီးရှား ယောင်္ကျားလေးနဲ့မတူတာက သူမက
ကျန်းကျန်းမာမာပဲရှိပါတယ် ။ အစီအ ရင်ခံစာ အရ သူမဟာ ၂၀၀၉ ခုနှစ်
ဖော်ဝါရီလမှာ
ကားတိုက်မှုဖြစ်ပြီး ငါးရက်လောက်မေ့မျောနေခဲ့ဖူးပါတယ် ။

မနှစ်က ဂျွန်လအထိ ဆေးရုံမှာပဲ နေခဲ့ရပါတယ် ။ မကြာခင်မှာပဲ
ဆေးလိပ်သောက်တတ်လာပြီး ဆေးလိပ်ဝယ်ဖို့ မိဘ တွေ ဆီက ပိုက်ဆံတွေ
ခိုးယူတတ်ခဲ့ပါတယ် ။ သူမအမေကိုတော့ သကြားလုံးဝယ်စားဖို့လို့
လိမ်ပြောခဲ့ပါတယ်။

ကလေးငယ်ရဲ့အမေကတော့ အောက်တိုဘာလကစပြီး ကလေးဟာ တစ်နေ့
ဆေးလိပ် တစ်ဘူးလောက် ထိသောက် တတ် လာခဲ့တယ်ဆိုပါတယ် ။ ကလေးကို
ဆေးလိပ်ပြတ်အောင်နည်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့ပေမယ့်လည်း
မအောင် မြင်ခဲ့ ဘူးလို့ ဆိုပါတယ် ။

ဆရာဝန်တစ်ဦးကတော့ သူမဟာ အက်ဆီးဒင့် တစ်ခုကြောင့် အလွန်အမင်း
ထိခိုက်ခံခဲ့ရပြီး ဆေးလိပ်သောက်ခြင်းက ကလေးငယ်ကို ပိုပြီး
သက်သာစေသယောင်ဖြစ်ခဲ့တာကြောင့် ဆေးလိပ်စွဲတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ် ။
ဒါ့အပြင် ကလေးငယ်ဟာ အရက်လည်းသောက်တတ်ခဲ့ပါတယ်။ သူမအမေကတော့သူမကို စိတ်ရောဂါ

ဆရာဝန်ဆီသွားပြီပြီး သူမရဲ့စွဲလမ်းမှုကို ကုသမယ်လို့ဆိုပါတယ် ။

2 comments

  • ကြေးမလောင်

    November 28, 2011 at 3:44 pm

    မိဘတွေကလည်း ကလေးကို ဒီလို ဖြစ်အောင် လုပ်ရတယ်လို့.. ပိုက်ဆံလည်း ကုန်သေးတယ် ကလေးလည်း အတင်းဖြတ်ခိုင်းရင် ဒုက္ခပဲ အစကတည်းက မစွဲအောင် လုပ်ရမှာပေါ့။

Leave a Reply