ဆောင်းရာသီ လေအေးအေးမှာ ဆိုင်ကယ်စီးရင်ဖြင့်

ခင္ခDecember 26, 20121min21923

ဆောင်းရာသီ လေအေးအေးမှာ ဆိုင်ကယ်စီးရင်ဖြင့်

 

ဒီနေ့မနက်စောစော ကိစ္စတစ်ခုရှိလို့ မန်းမြို့ထဲဆိုင်ကယ်နဲ့လာတော့ အလွန်အေးတဲ့ဆောင်းလေက ဆိုင်ကယ် မောင်းရင်းတိုးလေတော့ ချမ်းလေပေါ့ဗျာ။ ဒါနဲ့ဘဲ ဖတ်ဖူးတဲ့စာပေတွေထဲက အလွန်ချမ်းအေးတဲ့ ဆောင်းရာသီ မှာ ဆိုင်ကယ်မောင်းသူတွေအတွက် ကျန်းမာရေးဗဟုသုတ အသိလေးတွေ မျှဝေချင်စိတ်ဖြစ်မိတာနဲ့ ရေးဖြစ် တာပါ။

ဆောင်းတွင်းကာလှ အေးလှတဲ့အခါမှာ ဆိုင်ကယ်ကိုမောင်းနှင်ကြတဲ့သူတွေမှာ ဆိုင်ကယ်နဲ့လိုက်ဖက်သော လေတိုးလို့ အအေးဒါဏ်ကိုခံနိုင်ဖို့ ဘောင်းဘီတွေ အနွေးအကျင်္ ီတွေနဲ့ တစ်ချို့ဆိုရင် မျက်နှာ လည်ပင်းကို တောင်မှ အဝတ်များ မာဖလာများနဲ့ ပတ်ကာသွားကြတာပါ၊ ဆောင်းတွင်းမှာတော့ အအေးဒါဏ်ကြောင့်လား မသိ ဆိုင်ကယ်စီးဦးထုပ်ဆောင်းလာသူများလာတာတွေ့ပေမယ့် တစ်ချို့ကတော့ ဆိုင်ကယ်စီးဦးထုပ်မဆောင်း ဘဲ အနွေးထည်အကျင်္ ီမှ နောက်လှန်ချလို့ရတဲ့ ခေါင်းစွပ်ကို ဆောင်းကြတာတွေ့ရပါတယ်၊ အဲဒါကို ဦးထုပ် ဆောင်းရတာထက် စတိုင်လ်မိုက်သည်လို့ လူငယ်တစ်ယောက်ကဆိုပါတယ်။ ဆိုင်ကယ်စီးသူများအတွက် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် ဥပဒေဖြင့်လုပ်ဆောင်ခြင်းမှာ အန္တရာယ်ကျမှု့အတွက် ကာကွယ်ပေးခြင်းဖြစ် သလို ကျန်းမာရေးရှု့ထောင့်အရလည်း သိထားစေချင်ပါတယ်။ ဒီလို အေးလွန်းတဲ့ ဆောင်းရာသီမှာ ဆိုင်ကယ် စီးသောအခါ ရုတ်တရက် ခြေလက်များအေးကျဉ်လာရာက ဆက်စီးရင်း လက်တွေ ထုံ လာပြီး လက်ကိုင်ကို မထိန်းနိုင်ဖြစ်ပြီး လဲသွားခဲ့လို့ တိုက်မိ ထိခိုက်မိပါက ဦးထုပ်ဆောင်းသူအတွက် ဦးခေါင်းထိခိုက်မှု့သက်သာ နိုင်ဖွယ်ပါ၊ ဒါကတော့ ကြုံတုန်းလေး ဆိုင်ကယ်စီးရင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းစေချင်လို့ပါ။

အခုရေးချင်တဲ့အကြောင်းက ဆိုင်ကယ်စီးရင်း ဆောင်းလေအေးအတိုးကြောင့် ရုတ်တရက် ပါးတစ်ခြမ်း လေဖြတ်သကဲ့သို့ မလှုပ်နိုင်တော့ဘဲ ပါးရွဲ့သွားတတ်တဲ့ အကြောင်းပါ။ အခုလို အလွန်အေးတဲ့ရာသီမှာ ဆိုင်ကယ်စီးရင်း မျက်နှာတစ်ခြမ်းမှာ တင်းလာပြီးနာချင်သလိုဖြစ်လာမယ် နောက်နာရီဝက်ခန့်မှာ လျှာတစ်ခြမ်း ထုံလာမယ် ဒါမှမဟုတ် ပါးစပ် နှုတ်ခန်းတွေ ထုံလာရင် မျက်နှာတစ်ခြမ်း အအေးပတ်ကာ လေဖြန်းချင်တဲ့ လက္ခဏာတွေပါ။ တစ်ချို့က အလုပ်သွားဖို့ မနက်စောစောရေချိုးပြီးစ ဆိုင်ကယ်စီးကာ အလုပ်သွားသူတွေ ဆိုင်ကယ်စီးရင်း လမ်းတွင် မျက်စိတစ်ဖက်ထဲ အမှိုက်ဝင်သလို မျက်တောင်ခတ်တိုင်းခံစားရမယ် မျက်လုံးကို ခဏကြာမှန်ထဲကြည့်တော့ နီရဲနေပြီး အောက်မျက်ခမ်းမှာ ပိုပြီးနီရဲကာ မျက်စိပိတ်ရတာ အဆင်မပြေဖြစ်ရင် မျက်နှာတစ်ခြမ်းလေဖြန်းတာလည်း ဖြစ်နိုင်ပါတယ်၊ ဒီအတိုင်း ဆက်နေရင် နှုတ်ခမ်းတစ်ဖက်ရွဲ့သွားသည်ကို သတိထားမိပါလိမ့်မယ်။

အဲဒီလိုပါးရွဲ့တာကို တိုင်းရင်းဆေးအဆိုကတော့ မျက်နှာတစ်ခြမ်း လေဖြတ်ခြင်းဟုယူဆသော်လည်း အနောက် တိုင်းဆေးပညာ၌ ဦးနှောက်အတွင်းမှ တိုက်ရိုက်ထွက်လာသော နာဗ်ကြောရောင်သောကြောင့်ဖြစ်သည်ဟု ယူဆပါတယ်၊ ထိုအာရုံကြောသည် နားစည်အောက်မှ ကပ်လျှက်ထွက်လာသဖြင့် နားအုံကိုအအေးမိလို့ဘဲ ဖြစ်ဖြစ်၊ နားပြည်ယိုရောဂါကြောင့်ဘဲဖြစ်ဖြစ်၊ နားစည်ရောင်သူများဘဲဖြစ်ဖြစ် ဖြစ်တတ်သောကြောင့် နားက လော်လေ့ရှိသူ နားဖာချေးထိုးလေ့ရှိသူတွေလည်း သတိထားဖို့လိုပါတယ်။

ဆောင်းရာသီ အအေးဒေသနေသူ ဆိုင်ကယ်ဖြင့်သွားလာဖို့ မကင်းနိုင်သောသူများအနေနှင့် ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းသင့်သလို အလွန်အေးတဲ့မနက်စောစောနဲ့ ညညဉ့်နက်မှာ နားပါလုံအောင်ပြုသင့်ကြပါတယ်။

ဆောင်းတွင်းတွင်မြောက်လေအတိုက်များသဖြင့် တောင်ဘက်မှမြောက်ဖက် သို့ဦးတည်မောင်းကြမယ့် ဆိုင်ကယ်တွေ ဂျစ်ကားအမိုးပွင့်တွေဟာ ဦးထုပ်ဆောင်းခြင်း၊ လည်ပတ်ခေါ်တဲ့ မာဖလာပတ်ခြင်း လုံခြုံ နွေးထွေးအောင်ဝတ်ဆင်ခြင်းများပြုလုပ်သင့်သလို အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်မောင်းမည်ဆိုရင် ညာဘက်မျက်နှာ၊ ပါး နှင့် နားတို့ကို လေအေးပိုထိတွေ့နိုင်သဖြင့် ညာခြမ်းပါးရွဲ့ခြင်းဖြစ်စေနိုင်မှာကို သတိပြု ကာဝတ်ဆင်သင့်ပါတယ်။ တစ်ချို့တွေဟာ ဆိုင်ကယ်နဲ့ကလေးတွေတင်ပြီး သွားလာကြတဲ့အခါ အဲဒီကလေး တွေဟာဦးထုပ်မပါ ခေါင်းစွပ်မပါ တင်သွားကြတာလည်း တွေးရတတ်ပါတယ်။

ပါးရွဲ့ရောဂါဖြစ်ရင် မျက်နှာကို ရေနွေးဖြင့် မျက်နှာသစ်ပြီး နွေးသောအခန်းတွင်နေရန်လိုပါတယ်၊ အရပ်ထဲမှာ ပြုမူတတ်ကြသလို မျက်နှာကိုပရုပ်ဆီစသော ပူသောဆေးများ၊ သံပရာသီးဖြင့်လှိမ့်ခြင်း၊ ရှောက်သီးဖြင့်လှိမ့်ခြင်း စသည်တို့မလုပ်သင့်ပါဘူး၊ ပြီးတော့ အလင်းရောင်စူးရှသော မှန်မကြာခဏကြည့်ခြင်း တီဗွီကြည့်ခြင်း မျက်စိကို ဓာတ်မီးနှင့်ထိုးကြည့်ခြင်းများ မလုပ်သင့်ပါ။ ပါးရွဲ့ခြင်းသည် စနစ်တကျအနားယူလျှင် ၁၄ ရက်အတွင်း ပြန် ကောင်းနိုင်သော်လည်း အနေအထိုင်ကုသမှုမဆင်ချင်ရင်တော့ နာတာရှည်ဖြစ်တတ်ပါတယ်၊ ဒါကြောင့်အရပ် ပြောနဲ့ကုပြီး အချိန်ကုန်မခံစေဘဲ အနောက်တိုင်း အာရုံကြောဆရာဝန် ဒါမှမဟုတ် တိုင်းရင်းဆေးကျွမ်းကျင် ဆရာများထံတွင် ဆေးကုသမှု့ခံယူသင့်ပါတယ်။ ပါးရွဲ့ခြင်းသည် အသက်အရွယ်မရွေးဖြစ်တတ်ပြီး ကလေး များဖြစ်လျှင် ပိုကုရခက်တာကို လေ့လာမှု့အရ တွေ့ရှိ ရပါတယ်၊ပြီးတော့ပါးရွဲ့ရောဂါသည် မငိုရ မရယ်ရ ရောဂါမျိုးဖြစ်ပါတယ်၊ ငိုရယ်လျှင်ပို ရွဲ့တတ်ပါတယ်။

သို့ပါ၍ ဆောင်းရာသီ အအေးဓာတ်ပိုသော မန်း နဲ့ အထက်မြန်မာပြည်မှာ ဆိုင်ကယ်စီးလို့ သွားလာသူများ ဦးခေါင်း မျက်နှာ နား လည်ပင်း တို့နဲ့ ကိုယ်ခန္ဓာကို နွေးထွေးစွာဝတ်ဆင်သွားလာကြခြင်း၊ မနက်ရေချိုးပြီးလျှင် ပြီးခြင်း လေအေးထဲကို ဆိုင်ကယ်ချက်ခြင်းမောင်းနှင်စီးခြင်းများ ရှောင်ကြဉ်ကာ နေထိုင်သွားလာပေးကြစေလို ကြောင်း သတိလေးပေးလို့ ရေးလိုက်ပါတယ်ဗျာ။

ကျန်းမာခြင်းဟူသော လာဒ်တစ်ပါးကို လူတိုင်းအပြည့်အဝ ရရှိနေကြပါစေလို့။

 

ဖတ်ရှု့အားပေးသူများကျေးဇူးပါ။

ခင်ခ။

23 comments

  • P chogyi

    December 26, 2012 at 9:15 am

    ဗဟုသုတတွေဖြန့်ဝေပေးလို့ကျေးဇူးပါ။
    လေယာဉ်ကွင်းအနီးအနားမှာဆိုင်ကယ်မစီးရဆိုတာလေး
    ထပ်ဖြည့်ဖို့လိုမယ်။
    ဟဲဟိုးမှာလို လေယာဉ်တိုက်မိရင်အနရာယ်ရှိပါတယ်။

    • ခင်ခ

      December 26, 2012 at 9:42 am

      အဲဒါက ဆိုင်ကယ်စီးသူ အပြစ်ဟုတ်လို့လား လေယာဉ်မောင်းသူ အပြစ်လား စဉ်စားပါအုံး P chogyi ရေ။
      ဆိုင်ကယ်က လေယာဉ်ပြေးလမ်းပေါ်မှာတက်စီးတာဟုတ်ဘူးလေ။ လေယာဉ်က သတ်မှတ်ထား တဲ့ ပြေးလမ်းပေါ် အခြေအနေတွေကြောင့် မရောက်ခဲ့တာပါဗျာ။
      ဦးဆုံးကွန်မန့်အတွက်ကျေးဇူးပါနော်။

  • ခိုင်ဇာ

    December 26, 2012 at 9:27 am

    ကိုခရေ။ တစ်ချို့က တော့ ရင်ပတ် အအေးမိမှာ ကြောက်လို့ ဂျာကင် အင်္ကျီထဲကို သတင်းစာအုပ် ထည့်ကာပြီး စီးကြတယ်။
    လေ မတိုးဘူး တဲ့။ လေ တစ်ကယ်ကာသတဲ့။
    အနွေးထည် အင်္ကျီတွေကတော့ဖြင့် သိုးမွှေးတို့၊ ယုံမွှေးတို့ ဆိုတာတွေက လှတယ်။ လေတိုးမခံပါဘူးဗျာ။ မန်းလေး ဆောင်းလေကို မကာနိုင်ပါဘူး။
    ဂျီသားရေ အစစ် လယ်သာအင်္ကျီတွေကပဲ နွေးတယ် ပြောကြတယ်။ ဒါပေမဲ့ ဒီ လို အနွေးထည်မျိုး ဝတ်ရတာ အနှောင့် အသွားမလွတ်ဘူးကိုးဗျ။
    :harr:

    • ခင်ခ

      December 26, 2012 at 9:46 am

      မခိုင်ဇာရေးမှဘဲ အနွေးထည်အမျိုးမျိုးအကြောင်း သိရတော့တယ်၊ မန်းမှာ အမှန်တကယ်အေးတဲ့အချိန်ဆို
      ဟုတ်တယ်ဗျ အအေးဒါဏ်ကြားထဲ ဆိုင်ကယ်စီးကြရတာလေ။

  • ဦးကြောင်ကြီး

    December 26, 2012 at 9:40 am

    လာဘ်ကြီးတပါး
    ငှက်ထီးဝါး
    ကပ်စီးသနား
    ဓာတ်မီးပွား
    နှပ်ချီးစကား
    သက်ပြီးခါး
    ဖက်တီးနဂါး
    မှတ်ရည်းစား..။

    • ခင်ခ

      December 26, 2012 at 10:03 am

      ကဗျာ ကာရံတွေကိုတော့ သိပ်မရေးတတ်လို့ ကွန်မန့်ဘယ်လိုပြန်ရမလဲ
      မရေးတတ်ဘူးဗျာ။ ဝင်ရောက်အားပေးခြင်းကိုတော့ ကျေးဇူးပါဗျာ။

  • aanyar thar

    December 26, 2012 at 9:58 am

    ဂျာကင် ကိုပြောင်းပြန်လှည့်ဝတ်ပြီး စီးကြည့်ပါ ဇစ် တို့ ကြယ်သီးတို့ကို ကျောဖက်ထားပေါ့ အလုပ်ရောက်မှ့ အတည့်ပြန်လှည့်ဝတ်လိုက်ပေါ့ စမ်းကြည့်ပါ လေလုံတယ်

  • ကြီးထီး
    စီးမီး
    ချီးပြီး
    တီးရီး
    မီးကြီးစီးပြီး ရီးတီးတီးလုပ်ရင်တော့ ထီးနဲ့ရိုက်ပြီး -ျီးကြွေးမယ်လို့လာပြောရင်ဒွတ်ခဘဲ။

    ကိုခရေ
    အခုရက်အအေးပိုတော့
    တီရှပ်အောက်ဆုံးကဝတ်
    ပြီးရင် လက်ရှည် ရှပ်
    ပြီးရင် သိုးမွှေးဆွယ်တာ
    ပြီးရင်တော့ နှစ်ထပ်ဂျာကင်
    ဒါတောင်အေးချင်သေးတယ် အသက်ကြီးပြီဆိုတာ ပြတာနေမှာနော်
    အဲလိုမဝတ်ရင် ဆိုင်ကယ်စီးလို့မရပါ။

  • မဟာရာဇာ အံစာတုံး

    December 26, 2012 at 12:09 pm

    ဆောင်းတွင်း ဆိုင်ကယ် မစီးဘူးတော့ သိဘူးးး
    မှတ်တော့ ထားလိုက်ပီ ..
    ဒါနဲ့ ဥလေးဂျီးးး
    အသားတွေ ပတ်၊ နှုတ်ခမ်းတွေ ခြောက်ကပ်နေရင်ကော
    ဘာလုပ်ရင် အမြန်ဆုံး ပျောက်ဒဒုံးဟင်င် … 🙄

    • ခင်ခ

      December 26, 2012 at 1:05 pm

      မုန်လာဥဖြူချဉ်ရည်၊ သံပရာရည်၊ မကျီးသီးဖျော်ရည်(ထန်းလျက်နဲ့) တို့ သောက်ပေးစားပေးရင် သက်သာပျောက်တယ်လို့ တိုင်းရင်းဆေးကဆိုပါတယ်။ အချဉ်စားပေစေလိုတာပါ။
      အနောက်ဆေးဝါးကတော့ ဗီတာမင် ဘီ12 နဲ့ စီဗစ် စားပေးပါတဲ့ ကို အံစာတုံးရေ။

    • အသားတွေ ပတ်၊ နှုတ်ခမ်းတွေ ခြောက်ကပ်နေရင်ကော
      ဘာလုပ်ရင် အမြန်ဆုံး ပျောက်ဒဒုံးဟင်င် …

      မနက်အိမ်ယာထ ရေထဲမှာတစ်နာရိစိမ်ရင်သေချာပေါက်ပျောက်ပါတယ်.

      • ဦးခင်ခကြီး ..

        ခုလို ပြောပေးတာ ကျေးဇူးပါ ..
        အချဉ်တွေ စားပေးရမှာပေါ့နော် …
        +++++++++++

        ဖေပေါက်ဂျီး …

        ရေထဲမှာ တစ်နာရီကြီးများတောင် စိမ်နေရမှာလား …
        အမငီးးး
        ဆောင်းတွင်းကြီးဗျာ …
        မိန်းမတောင် ရသေးတာ မဟုတ်ဘူး …
        တော်ကြာ ဂန့်သွားမှာ .. ဟုတ်ပေ့ ဖြစ်နေပါဦးမယ် … :mrgreen:

  • မောင်ပေ

    December 26, 2012 at 1:15 pm

    မန်းတလေးသား ဆိုင်ကယ်ဖြင့်သာ သွားလာနိုင်သူ ကျုပ်အဖို ့ ၊ လေးခ ရဲ ့ပို ့စ်ဟာ အကျိုးရှိစေပါအိ
    ကျေးကျေးပါဗျား

    • ခင်ခ

      December 26, 2012 at 1:48 pm

      ဟုတ် အကျွန်ုပ်လည်း မန်းမှာဆိုင်ကယ်နဲ့သွားလာတာရှိလို့ ကိုယ်ချင်းစာပြီး ရှာဖွေတင်လိုက်တာဗျ ဆရာပေရေ။

  • အတူတူပါဘဲ ကိုခရေ
    ကျနော်မိတ်ဆွေတစ်ယောက်ကတော့ ဆောင်းဦးပေါက်တစ်ရက် ရေချိုးပြီးအကျီ်ပါးလေးနဲ့
    ဆိုင်ကယ်စီးလိုက်တာ လေဖြတ်သွားပါ၏။

  • ခင်ခ

    December 26, 2012 at 4:42 pm

    သတိပြုဆင်ချင်စရာတွေပေါ့ကိုပေါက်ရေ။
    ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး၊ အဲ ဖြစ်သွားမှ ဘယ်လိုလုပ်ခဲ့ရင် ကောင်းမှာဘဲဆိုပေမယ့်
    ခံစားရတာတွေ ငွေကုန်တာတွေက အပိုအလုပ်ဖြစ်ခဲ့ပြီလေ။
    ကြိုပြီးဗဟုသုတအဖြစ်သိထားရင်ဖြင့် ဆိုတဲ့အတွေးကြောင့် ခင်ခ လည်း မျှဝေနေစဲပေါ့ဗျာ။

  • uncle gyi

    December 27, 2012 at 8:17 am

    ဆောင်းတွင်းမနက်
    ဆိုင်ကယ်စီးရင်ခေါင်းကိုလုံအောင်လုပ်သလိုလယ်ပင်းကိုလည်းလုံအောင်လုပ်ရပါတယ်
    ကိုယ်ပေါ်အတွက်ကရိုးရိုးအနွေးထည်တွေကကာကွယ်မှုပေးနိုင်တာနည်းပါတယ်
    အရင်ခေတ်ကခေတ်စားခဲ့တဲ့ဖရီးဂျက်ကက်ကြီးတွေကအတော်ကိုလုုံခြုံမှုပေးနိုင်ပါတယ်
    သာရေဂျာကင်ဆိုရင်တော့အလုံဆုံးပေါ့
    နောက်သာရေလက်အိတ်နဲ့ခြေထောက်ကိုလည်းခြေအိတ်နဲ့ဘွတ်နဲ့မှအဆင်ပြေပါတယ်
    နောက်မို့ဆိုခြေချောင်းလက်ချောင်းကလေးတွေကျင်ပြီးထုံနေတာအတော်ဆိုးပါတယ်
    အကာအကွယ်တွေမလုံရင်နှာရေတွေကျပြီးအအေးမိနှာစီးကစပြီးချောင်းဆိုးတာချွဲကျပ်တာ
    ဖြစ်လာပါမယ်
    မယုံမရှိကြနဲ့နှစ်၂ဝစာကိုယ်တွေ့

  • MaMa

    December 27, 2012 at 9:04 am

    ဟာသတစ်ခု ဖတ်ဖူးတာ သွားသတိရမိတယ်။
    လေတိုက်လို့ ဂျာကင်ကို ပြောင်းပြန်ဝတ်ပြီး ဆိုင်ကယ်စီးသွားရင် အက်စီးဒင့်ဖြစ်တော့ သတိမေ့ပြီး လမ်းပေါ်လဲကျသွားတယ်။
    အဲဒါကို တွေ့တဲ့လူက ခေါင်းကြီးလည်ပြီး လည်ပင်းလိမ်နေတယ်ထင်လို့ ပြန်တည့်ပေးလိုက်တာ အသက်ထွက်သွားရောတဲ့ :kwi:

    • ခင်ခ

      December 27, 2012 at 9:23 am

      ယုံပါ၏ အန်ကယ်ကြီးရေ။

      အမ မမ ရေ နောက်ဆိုအကျင်္ ီပြောင်းပြန်ဝတ်ပြီး မစီးဖို့ ပြောရတော့မယ်၊ အမ ရေးသလိုများ ခေါင်းလှည့်ခံရရင်ဖြင့် ပေါ့ဗျာ။

  • မင်းနန္ဓာ

    December 27, 2012 at 10:14 am

    ဦးခင်ခရေ
    ကျနော်လည်း ရုံးကို ဆိုင်ကယ်နဲ့ တတ်တာများပါတယ်.. မနက် မြောက်လေကို ဆန်တက်ရတာပေါ့
    ပြီးခဲ့တဲ့အပတ်က အအေးပတ်ပြီး ပါးတော့ မရွဲ့သွားတာကံကောင်းတယ်
    ဒါပေမယ့် ညာဘက်ခေါင်းတခြမ်းခဲပြီး နှာတံညာဘက်ဘေးနဲ့ ညာဘက်မျက်ကွင်းတစ်ဝိုက်မှာ နာနေတယ်
    ညာဘက်နှာခေါင်းပေါက်က လုံးဝကို ပိတ်နေခဲ့တာ.. ပါရာသောက် ပရုပ်ဆီလိမ်းလုပ်ရတယ်
    နွေးနွေးထွေးထွေးနေရတော့တယ်.. နောက်ရက်ကျတော့ နှာရည်ထွက်တာက ညာဘက်က ဝါပျစ်ပျစ်တွေ
    နောက်တစ်ရက်ကျ ညိုတိုတို ဖြစ်လာရော.. အဲဒိ နှပ်တွေ ထွက်သွားရင် ခေါင်းကိုက်တာလည်း သက်သာသွားတယ်။ သုံးလေးရက်လောက်နေတော့ ခေါင်းကိုက်တာ၊ မျက်နှာမှာ နာနေတာတွေ ပျောက်သွားပြီ.. ဒါပေမယ့် ညာဘက်နှာခေါင်းက ထွက်လာတဲ့ နှပ်တွေက မည်းပြစ်ပြစ်တွေ .. နှပ်မည်းတွေ နှစ်ရက်လောက်ကို ထွက်တာ.. အဲဒါ
    ၁) လေဖြတ်သွားနိုင်လား.. ဘာကြောင့်အဲလို ဖြစ်တာပါလဲ ပြောပြပါအုံး
    ၂) နှပ်မည်းတွေထွက်တာ ဘာသဘောလဲနော်.. ရောဂါ တစ်ခုခုများလား
    ၃) နှာခေါင်းပိတ်တာ ထိပ်ကပ်နာဆိုတာမျိုး ကြားဖူးလို့.. ဖြစ်နိုင်သလား
    ၄) ထိပ်ကပ်နာရဲ့ လက္ခဏာတွေက ဘယ်လိုတွေလည်း ဦးခရဲ့ ဗဟုသုတ အကြံဉာဏ်တွေ ပြောပြပေးပါဦး

    မျှော်နေမှာနောာာ်..
    ခင်မင်စွာဖြင့်
    ရွာစားကျော်

    • ခင်ခ

      December 27, 2012 at 11:20 am

      ကိုမင်းနန္ဓာ ရေ
      ထိပ်ကပ်နာရဲ့လက္ခဏာကတော့ နှာရည်တို့သည် ပြည်ကဲ့သို့ ပျစ်ချွဲချွဲ စိမ်းဝါရောင် ဖြစ်လာတတ်မယ်။
      နှာခေါင်းအနောက် အာခေါင်အရင်းတွင် နှာရည်တရှုံ့ရှုံ့ဖြစ်မယ်၊ ခေါင်းကိုက်မယ်၊ ပိတ်သည့်နှာခေါင်း ရောင်သည့်ဘက် မျက်နှာတစ်ခြမ်း ကိုက်တတ်တယ်၊ နှာခေါင်းအနှံမရဖြစ်မယ်။
      ချောင်းဆိုးတတ်လာမယ်၊ ဖျားတတ်မယ် လို့ဆိုပါတယ်။ တိုက်ခန်း အိမ်ခန်း နရံတွေ စွတ်စိုမှု့ကြောင့် ဖြစ်တဲ့မမြင်နိုင်သော မှိုအနံကိုရှုမိခြင်းနှင့် အအေးပတ်ခြင်းတို့ကြောင့် စတင်ဖြစ်တတ် ပါတယ်။
      တိုက်ခန်း အိမ်ခန်း ကို လေဝင်လေထွက်ကောင်းအောင် ဒီရက်ပိုင်းထားပေးခြင်း နံရံကိုသန့်ရှင်းရေး လုပ်ခြင်းပြုသင့်ပြီး နှာရည်ထွက်တာအမြန်သက်သာအောင် နှာခေါင်းခြောက်ပြီး ပွင့်သွားအောင် အစက်ချ ထည့်ဆေး သုံးသင့်ပါတယ်။ ဒါပေမယ့် အဲဒီ အစက်ချ ဆေးရည်ဟာ ၃ ရက် နဲ့ ၁ဝ ရက် အတွင်းသာ ဆက်တိုက်သုံးသင့်ပြီး ၁ဝ ရက်ထိတိုင်မပျောက်ရင်တော့ ရပ်သင့်ပြီး အခြားဆေးသုံးဖို့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ ၁ဝ ရက်ကျော်ထိ သုံးရင် ဆေးကြောင့်ဆိုးကျိုးရှိနိုင်လို့ပါ။
      သိသလောက်ပြန်မျှဝေလိုက်တာပါ။

  • nature

    December 27, 2012 at 12:44 pm

    ဆောင်းရာသီနံနက်စောစော လေအေးအေးမှာ ဆိုင်ကယ်စီးရင် လက်အိပ်ကိုပါ ဝတ်သင့်ပါကြောင်း….။

    • ခင်ခ

      December 27, 2012 at 12:53 pm

      nature ရေ လက်အိတ်မဝတ်ရင် လေအတိုးလက်တွေ အေးစက်လာတယ်မို့ လက်အိတ်ဝတ်ရင်တော့ ကောင်းတာပေါ့ဗျာ။ သတိပေးရေးတာအတွက် ကျေးဇူးဗျာ။

Leave a Reply