++++++++++++++++++++++++++++++++++

ကျုပ် … ကံကောင်း ထောက်မစွာနဲ့ပဲ …

တောင်ကြီး အင်းလေး ကို ခရီးထွက်ခွင့် ရခဲ့ပါတယ် ….

ရောက်တုန်း ရောက်ခိုက် ဟိုရိုက် ဒီရိုက် ဒါ့ပုံတွေ ရိုက်ဖြစ်ခဲ့ပါသေးတယ် …

ဒါတွေထဲကမှ ကောင်းနိုးရာရာလေးတွေကို တင်လိုက်ပါတယ် …

++++++++++++++++++++++++++++++++++

++++++++++++++++++++++++++++++++++

ရန်ကုန်ကနေ ည (၁၀း၀၀) ဝန်းကျင်မှာ ထွက်ခွာခဲ့တယ် ….။

ပြီးတော့ နေပူတော် ဟိုနေရာမှာ ဝါးဒီး ဝင်ဆွဲပြီးတော့ ခရီးဆက်ခဲ့တယ် …။

ပြီးတော့ ကလောဘက်ကို ဦးတည်သွားတယ် ….။

ကလော အကျော် အောင်ပန်း အရောက်မှာ မနက်စာ ဝါးဒီးဆွဲဖို့ နားတယ် ….။

အဲ့ဒီမှာ စတွေ့တာပဲ …။ အတော်လေးကို အေးပါတယ် ….။

++++++++++++++++++++++++++++++++++

နေရောင် မဖောက်နိုင်သေးတဲ့ ဆောင်းနှင်းကြားက မနက်ခင်း

နေရောင် မဖောက်နိုင်သေးတဲ့ ဆောင်းနှင်းကြားက မနက်ခင်း

++++++++++++++++++++++++++++++++++

အဲ့ဒီကနေမှ .. မနားသေးဘဲ … ဆက်လက် ခရီးထွက်ခဲ့ပါတယ် ..

လမ်းကြားမှာ နေကြာပန်းခင်းကြီး တွေ့တာနဲ့ ဝင်ရောက် ဒါ့ပုံ ရိုက်ကြပါတယ် ..

ကျုပ်လည်း အားကျမခံ ဟောဒီလို ရိုက်ခဲ့တယ် ….

++++++++++++++++++++++++++++++++++

နေရောင် နွေးနွေးအောက်မှာ မျက်နှာလေး တောက်ပနေတဲ့ နေကြာပန်းပွင့်လေး

နေရောင် နွေးနွေးအောက်မှာ မျက်နှာလေး တောက်ပနေတဲ့ နေကြာပန်းပွင့်လေး

++++++++++++++++++++++++++++++++++

နေကြာပန်းခင်း မှတစ်ဆင့် ကုံလုံဆရာတော်ကြီးရဲ့ ကျောက်ဖြစ်လို့ ဆိုနိုင်မလား၊

ဘယ်လို ဆိုနိုင်မလဲ မသိဘူး၊ ရုပ်ကလာပ်တော်ကို ဖူးမြောက်နိုင်ရန် သွားရောက်ခဲ့ကြပါတယ် …။

အဲ့ဒီမှာ ကုံလုံ ဆရာတော်ကြီးရဲ့ ထူးခြားတဲ့ ရုပ်ကလာပ်တော်ကို ဖူးမြော် ခဲ့ရပါတယ် …။

ဆရာတော်ရဲ့ ခန္ဓာဝန်ဟာ အတော်လေး ကျုံ့နေတာကို ဖူးတွေ့ခဲ့ရပါတယ် …။

ခြေသည်းများဟာလည်း ရှည်လျားနေတာကို တွေ့ရပါတယ် …။

သိပ်ပြီး မရှင်းလင်းသလို၊ ဘဝင်လည်း မကျ ဖြစ်ရတာကတော့ ..

ဆရာတော်ကြီး သက်တော်ထင်ရှား ရှိစဉ်က တိုင်းတာပြီး မှတ်တမ်း ထားရှိတဲ့ လက္ခဏာပုံစံတွေနဲ့

“နောင်ပွင့်မည့် ဘုရားကို ပင့်၍ ဘဘုန်းက ၎င်းနှင့် တူ၊ မတူ မေးမြန်းနေပုံ” .. ဆိုတဲ့ အချက်တွေပါပဲ …။

++++++++++++++++++++++++++++++++++

ကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော် ထားရှိရာ ကျောင်းတော်

ကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော် ထားရှိရာ ကျောင်းတော်

ကုံလုံ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်

ကုံလုံ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်

ဒါကတော့ ခြေဖဝါးတော်

ဒါကတော့ ခြေဖဝါးတော်

++++++++++++++++++++++++++++++++++

ကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကနေ …

ပင်းတယရွှေဥမင် လိုဏ်ဂူတော်ဘုရား ဆီကို ခရီးဆက်ခဲ့ပါတယ် ….။

အဲ့ဒီ ဘုရားကြီး ရှေ့မှာ ပင့်ကူရုပ်ကြီးနဲ့ လေးနဲ့ ခွင်းနေတဲ့ လူကြီး (ပျူစောထီး ထင်ရဲ့) ရုပ်တုတွေကို တွေ့ရပါတယ် …။

ဒါနဲ့ပဲ အဲဒီ ရုပ်တုကြီးနဲ့ အမှတ်တရ ဒါ့ပုံ ရိုက်ခဲ့တယ် …။

ပုံထဲက ကျုပ် မဟုတ်ပါဘူး … ရိုးရိုး ရုပ်တုဗျောင်ကြီး ရိုက်ထားတဲ့ပုံ မရှိလို့ ဘော်ဒါ ပါတဲ့ ပုံပဲ တင်ပေးလိုက်တယ် … :mrgreen: :mrgreen:

++++++++++++++++++++++++++++++++++

ပင်းတယ ရွှေဥမင် လိုဏ်ဂူဘုရား ရှေ့က ပင့်ကူကြီးနဲ့ အမှတ်တရ

ပင်းတယ ရွှေဥမင် လိုဏ်ဂူဘုရား ရှေ့က ပင့်ကူကြီးနဲ့ အမှတ်တရ ဘော်ဒါတစ်ယောက်ရဲ့ ပုံ .. :mrgreen:

++++++++++++++++++++++++++++++++++

လိုဏ်ဂူထဲမှာ ဘုရား ကိုယ်ပွားတော်ပေါင်း မြောက်မြားစွာ ဖူးတွေ့ခဲ့ရပါတယ် …။

ဂေါပက လူကြီးတစ်ဦးက ဂိုက်လုပ်ပြီးတော့ ဘုရားရဲ့ သမိုင်း၊ ဂူရဲ့ သမိုင်းတွေကို ရှင်းပြ ခဲ့ပါတယ် …။

အဲ့ဒီ လိုဏ်ဂူထဲမှာပဲ ရှေးက ဆရာတော်ကြီး တစ်ပါး ၈ နှစ်ကြာ တရားထိုင်သွားတဲ့

ဂူငယ်လေးထဲကိုလည်း ဝင်ရောက် ခဲ့ပါသေးတယ် …။

++++++++++++++++++++++++++++++++++

လိုဏ်ဂူထဲက ဘုရားတွေ

လိုဏ်ဂူထဲက ဘုရားတွေ

ပင်းတယ လိုဏ်ဂူပေါ်က မြင်ရတဲ့ မြင်ကွင်း တစ်ခု

ပင်းတယ လိုဏ်ဂူပေါ်က မြင်ရတဲ့ မြင်ကွင်း တစ်ခု

++++++++++++++++++++++++++++++++++

ပင်းတယ လိုဏ်ဂူကနေ ပြန်လာတော့ နားကြပါတယ် ….။

နောက်တစ်နေ့ မနက်မှာတော့ ခရီး ဆက်ကာ ထွက်ခဲ့ပါတယ် …။

လမ်းခုလတ် အရောက်မှာ နေရောင်အောက်မှာ ရေတွေ အငွေ့ပျံတက်နေ ကန်ရေပြင် မြင်ကွင်းကို တွေ့ရတော့

ဆင်းပြီးတော့ ဒါ့ပုံ ရိုက်ကြပါတယ် …။

ကျုပ်လည်း အားကျမခံ ကိုင်ထားတဲ့ ကင်မရာ အစုတ်လေးနဲ့ ဟောဒီလို ရိုက်ဖြစ်ခဲ့ပါတယ် …။

++++++++++++++++++++++++++++++++++

ရေတွေ အငွေ့ပျံနေတဲ့ တစ်မျိုးထူးနေတဲ့ ဟန်

ရေတွေ အငွေ့ပျံနေတဲ့ တစ်မျိုးထူးနေတဲ့ ဟန်

++++++++++++++++++++++++++++++++++

ရေငွေ့ပျံနေတဲ့ ရေကန်ဆီက ခရီး ဆက်လက် ထွက်ခွာလာတဲ့ အခါ …

ဟိုငေး ဒီငေး ငေးရင်းနဲ့ ဟောဒီလို မြင်ကွင်းလေး တွေ့ရတော့

လက်က အငြိမ် မနေနိုင် ရိုက်ဖြစ်ခဲ့ပါသေးတယ် …။

++++++++++++++++++++++++++++++++++

နတ်ပြည်လေလား ???

နတ်ပြည်လေလား ???

++++++++++++++++++++++++++++++++++

တစ်ပိုင်း ပြီးပြီ ……….။

နောက် နှစ်ပိုင်း ဒါမှ မဟုတ် သုံးပိုင်း ကျန်သေးတယ် ….။

အားပေးကြသူ အပေါင်းကို ကျေးဇူးကမ္ဘာပါ ……။

 

ချစ်ခြင်းများနဲ့ …

မောင်အံစာ

++++++++++++++++++++++++++++++++++

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။