သစ်ခြောက် ပင်အို

တောက ကိုရင်January 3, 20131min1105

သစ်ခြောက် ပင်အို

ချစ်သစ်ပင်မှာ ငှက်သစ္စာဝေး
ရော်ရွက်ဆွေးမြေ့ လောင်ကျွမ်းနေ့ည
ထီးကျန်လှလွန်း အရုဏ်ပွန်းပဲ့
နေမွန်းတည့်ဆို ဆည်းဆာအိုမင်း
ဝေသီလင်းဆဲ သည်နွေထဲတွင်
မပျော်ရွှင်ဘူး ရွက်နုဖူးသစ်
ရောင်နီလှစ်ဟ နှင်းစက်ကျစေ
လေပြည်စွေဝဲ မုတ်သုံထဲဝယ်
အာရုံပြယ်လွင့် မုန်တိုင်းသင့်နိုး
ကာလမိုးနှောင်း ရာသီပြောင်းလွန်
နွေဦးကျွံဆဲ ပင်စည်လဲပြို
ခင်တွယ်ငိုကြွေးမရှိကျေးငှက်
ပွေရတက်ပြင်း ကန္တာတွင်းက
အကျဉ်းကျသူ ဆယ်နေပူသို့
သွေးလေချို့ယွင်း အားမာန်တင်းလည်း
နှောင်းကံနည်းပါး သစ်ကိုင်းဖျားထက်
ခိုနားလျက်လေ မျက်ရည်စွေဝဲ
တမ်းတဆဲမှာ လေနှင်ရာပြေး
တိမ်နှယ်ဝေးလွင့် စိတ်ကထင့်ဆို
ကွယ်ရာငိုဘူး နွေထဲရူးလို့
မေတ္တာပို့ဝေ သင်ပျော်စေကြောင်း
ကျွန်ဆုတောင်းရင်း ရနံ့သင်းထုံ
မြိုင်ရဂုံတွင် တူဖော်ရွှင်ပျ
နေခြည်မြချို မိုးလေခိုပါ
သိုက်မြုံသာထက် နေပျော်လျက်လေ
အတိတ်နွေထဲ ရှင်သန်ဆဲမှာ
တစ်ကြိမ်ခါမျှ သတိရလျှင်
သစ်ခြောက်ပင်အိုသစ်ငုတ်တိုလည်း
ကျေနပ်မြဲတိုင် ပီတိလှိုင်ပြုံး
စုကာရုံးဖွဲ့ လေပြည်သွဲ့မှာ
သတင်းလွှာပါး သစ္စာထားချင်
ကြင်သူဝေးလျက် သစ်ခြောက်ပင်…။ ။

တောက ကိုရင်
၁၁.၀၉.၂၀၁၂

5 comments

  • လေးလုံးစပ် ကဗျာပေါ့နော် ….
    ဒီနေရာလေးက လွဲလို့ပေါ့ .. “ကျွန်ဆုတောင်းရင်း”
    အားပေးသွားပါတယ်ဗျို့ ….။

      • တောက ကိုရင်

        January 5, 2013 at 7:52 pm

        အဲ
        အဲသလိုလုပ်ပါဗျ
        ကိုရင်တောင် အကြိမ်ကြိမ်ပြန်ဖတ်ပြီး မူးသွားတယ်
        လူဇိုး

    • တောက ကိုရင်

      January 5, 2013 at 7:51 pm

      တစ်ပုဒ်လုံးကို ၄ ၃ ယူထားတာပါ
      အဲနေရာလည်း မမှားပါဘူး
      သင်ပျော်စေ ကြောင်း
      ကျွန်ဆု တောင်း ရင်း
      ရနံ့ သင်း ထုံ
      ကိုမဟာပြောတာ ဘယ်ဟာလည်းမသိဘူး

  • မောင်ပေ

    January 4, 2013 at 1:42 pm

    သစ်ခြောက်ပင်
    စစ်ရောက်ကင်
    ပစ်ပေါက်တင်
    ယစ်နောက်အင်
    လစ်သောက်ဂွင်

Leave a Reply