အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁၄ ) ( D – 20 – SORRENTO – ROME )

Foreign ResidentDecember 26, 201220min18016

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၁၄ )

( D – 20 –

SORRENTO – ROME )

 

စက်တင်ဘာ ၃ဝ ရက်နေ့ ။

 

ဒီနေ့ မနက်ပိုင်းမှာ ၊

Optional Excurssion အနေနှင့် ၊

Artists Paradise of Positano

ဆိုတဲ့ အနုပညာမြို့လေး နှင့်

ကမ်းခြေကို သွားကြပါတယ် ။

 

ထုံးစံ အတိုင်း လှပတဲ့ တောင်ပေါ် လမ်းမြင့်ကြီးတွေကို ဖြတ်သန်းပြီးတဲ့ အခါမှာ ၊

အနုပညာ ပန်းချီ ပြခန်းတွေ ရှိတဲ့ ၊ ကျောက်စရစ် ပင်လယ် ကမ်းခြေလဲ ရှိတဲ့ ၊

မြေထဲပင်လယ် ကမ်းခြေက Positano အီတလီ မြို့လေးကို ရောက်ပါတယ် ။

 

အမှန်က ၊ ဒီခရီးစဉ်မှာ တောင်ပေါ်လမ်းတွေ ချောက်ကမ်းပါးတွေ ၊ ပင်လယ်ရှုခင်းတွေ အရမ်းလှပါတယ် ။

အဘ တို့ Tour Director ပီတာကလည်း အဘတို့ကို တာဝန်ယူပြီးခေါ်သွားမယ့် Local Tour Guide ကိုပြောပါတယ် ။

ရှုခင်းလှတဲ့ နေရာတွေ ရောက်ရင် ရှုခင်း ကြည့်ဖို့ ၊ ဓါတ်ပုံရိုက်ဖို့ ကားရပ်ပေးဖို့ ပါ ။

 

အဲဒါ လမ်းတစ်လျှောက် ရှုခင်းတွေ အရမ်းလှလို့ ဘယ်တော့ရပ်ပေးမလဲ ၊ ရပ်ပေးမလဲ နှင့် စောင့်နေတာ ၊

ရပ်လဲ ရပ်ပေးရော ၊ ရှုခင်းလှတဲ့ ဘက်က နေထွက်နေတဲ့ဘက် ဖြစ်နေပါတယ် ။

အဲဒါ နှင့် အဘ လဲ ၊ အဘတို့ Local Tour Guide ကို နဲနဲ Complaint လုပ်ခဲ့ပါတယ် ။

ရပ်လဲ ရပ်ပေးရော ၊ ရှုခင်းလှတဲ့ ဘက်က နေထွက်နေတဲ့ဘက် ဖြစ်နေပါတယ် ။
ရပ်လဲ ရပ်ပေးရော ၊ ရှုခင်းလှတဲ့ ဘက်က နေထွက်နေတဲ့ဘက် ဖြစ်နေပါတယ် ။
မြေထဲပင်လယ် ကမ်းခြေက Positano အီတလီ မြို့လေး ။
မြေထဲပင်လယ် ကမ်းခြေက Positano အီတလီ မြို့လေး ။

 

 

နံနက် ၉ နာရီလောက်မှာ Positano မြို့လေးကို ရောက်ပြီး ၊

ပန်းချီ အရောင်း ပြခန်းတွေ ၊ မြို့ ပါတ်ဝန်းကျင် နှင့် ကျောက်စရစ် ပင်လယ် ကမ်းခြေ ကို လှည့်ကြည့်ကြပါတယ် ။

ပန်းချီ အရောင်း ပြခန်းတွေရဲ့ အထဲမှာတော့ ဓါတ်ပုံ ရိုက်လို့ မရတဲ့အတွက် ။

ပန်းချီ အရောင်း ပြခန်းတွေရဲ့ အပြင်ဖက်မှာ ပြထားတဲ့ ပန်းချီကားတွေကိုပဲ ဓါတ်ပုံ ရိုက်ခဲ့ပါတယ် ။

ရွာသူားတို့ ကြည့်တော်မူကြပေတော့ ၊ ဒါတောင် အပြင် လူမြင်ကွင်းမှာ ပြထားတဲ့ ပန်းချီနော် ။

Positano အီတလီ မြို့လေးက ကျောက်စရစ် ပင်လယ် ကမ်းခြေ ။
Positano အီတလီ မြို့လေးက ကျောက်စရစ် ပင်လယ် ကမ်းခြေ ။
Positano အီတလီ မြို့လေးရဲ့ ရှုခင်း - 1 ။
Positano အီတလီ မြို့လေးရဲ့ ရှုခင်း – 1 ။
Positano အီတလီ မြို့လေးရဲ့ ရှုခင်း - 2 ။
Positano အီတလီ မြို့လေးရဲ့ ရှုခင်း – 2 ။
ဒါတောင် အပြင် လူမြင်ကွင်းမှာ ပြထားတဲ့ ပန်းချီကားတွေ မို့နော် ။
ဒါတောင် အပြင် လူမြင်ကွင်းမှာ ပြထားတဲ့ ပန်းချီကားတွေ မို့နော် ။

 

 

 

 

အဲဒီ မြို့လေးကနေ ၁ဝ နာရီလောက် ပြန်ထွက်လာ ၊ ၁၁ နာရီလောက် Sorrento က ဟိုတယ်မှာ ၊

Positano Excurssion ကို မလိုက်တဲ့သူတွေကို ပြန်ဝင်ခေါ်ပြီး Rome မြို့ကို ဦးတည် ထွက်လာခဲ့ကြပါတယ် ။

နေ့လည် ၁၂ နာရီဝန်းကျင်မှာ နေ့လည်စာစားကြပြီး Rome မြို့ က ၊

အဘတို့တည်းမယ့် Barcelo Aran Mantegna Hotel ကို ညနေ ၃ နာရီ လောက်မှာ ရောက်ပါတယ် ။

 

အဲဒီ ဟော်တယ်ဟာ အခန်းပေါင်း မြောက်များစွာရှိတဲ့ ခေတ်မှီတဲ့ အခန်းတွေလဲ ကောင်းတဲ့ ဟော်တယ် တစ်ခုပါ ။

ဘာကြောင့် 4 stars ပဲ ရထားတာလဲလို့ အဘ တို့ Tour Director ပီတာ ကို စပ်စုကြည့်တော့ ၊

ဟော်တယ် ဖက်က အခွန်ရှောင်ဖို့အတွက် တမင်ကို 4 stars ပဲ သတ်မှတ်ထားတာပါတဲ့ ။

အဘတို့တည်းတဲ့ Barcelo Aran Mantegna Hotel ။
အဘတို့တည်းတဲ့ Barcelo Aran Mantegna Hotel ။
Aran Mantegna Hotel အတွင်းပိုင်း မြင်ကွင်း - 1
Aran Mantegna Hotel အတွင်းပိုင်း မြင်ကွင်း – 1
Aran Mantegna Hotel အတွင်းပိုင်း မြင်ကွင်း - 2
Aran Mantegna Hotel အတွင်းပိုင်း မြင်ကွင်း – 2
Aran Mantegna Hotel အတွင်းပိုင်း မြင်ကွင်း - 3
Aran Mantegna Hotel အတွင်းပိုင်း မြင်ကွင်း – 3
Aran Mantegna Hotel အတွင်းပိုင်း မြင်ကွင်း - 4
Aran Mantegna Hotel အတွင်းပိုင်း မြင်ကွင်း – 4
ဘူဖေး ခန်းမကြီးက ဘယ်လောက်ကြီးလဲဆို ကော်ဖီစက် အအေးစက် တင် ၆ လုံး ရှိတယ် ။
ဘူဖေး ခန်းမကြီးက ဘယ်လောက်ကြီးလဲဆို ကော်ဖီစက် အအေးစက် တင် ၆ လုံး ရှိတယ် ။

 

Aran Mantegna Hotel ရဲ့ Corridor တစ်လျှောက်  ။
Aran Mantegna Hotel ရဲ့ Corridor တစ်လျှောက် ။

 

 

 

 

 

 

ဘာကြောင့် ခေတ်မှီတဲ့ အခန်းတွေလို့ ထင်ရတာလဲဆိုတော့ ၊

အခန်း တစ်ခုလုံးက Electrical / Electronic ပစ္စည်း အားလုံး ကို အခန်းသော့ Smart Cart နှင့်ထိန်းချုပ်ထားပြီး ၊

အခန်းသော့ Smart Cart မထိုးထားရင် အိမ်သာမီး / ပြုတင်းပေါက် တံခါးတွေကအစ ဖွင့်လို့ မရပါဘူး ။

ဘယ်လိုသိလဲဆိုတော့ ၊ အဘ တို့ ရတဲ့ အခန်းသော့ Smart Cart က အခန်းတံခါးကို တော့ ဖွင့်လို့ရပေမယ့် ၊

အခန်းထဲ ဝင်ပြီးတော့ ၊ အခန်းသော့ Smart Cart ထိုးတဲ့နေရာမှာ Room Activate မဖြစ်တဲ့ အတွက် ၊

အိမ်သာမီး / ပြုတင်းပေါက် တံခါးတွေ ပါ ဖွင့်လို့ မရပဲ ၊ မှောင်မဲနေတဲ့အတွက် ၊

နောက်ဆုံး Reception မှာ သော့ပြန်အပ်ပြီး ၊ Rome မြို့ထဲကို ထွက်လာခဲ့ရပါတယ် ။

ဟော်တယ် အခန်းတွင်းက မြင်ကွင်း - 1 ။
ဟော်တယ် အခန်းတွင်းက မြင်ကွင်း – 1 ။
ဟော်တယ် အခန်းတွင်းက မြင်ကွင်း - 2 ။
ဟော်တယ် အခန်းတွင်းက မြင်ကွင်း – 2 ။
ဟော်တယ် အခန်း ညဖက် မြင်ကွင်း ၊ မှန်ထဲမှာ မီးပေးထားတာ အရမ်းလှတယ် ။
ဟော်တယ် အခန်း ညဖက် မြင်ကွင်း ၊ မှန်ထဲမှာ မီးပေးထားတာ အရမ်းလှတယ် ။
တစ်ဖက်က အိမ်သာ ၊ တစ်ဖက်က ဆေးချင်တာဆေးတဲ့ဟာ ၊ အလယ်က Bath Tub ။
ညာဖက်က အိမ်သာ ၊ ဘယ်ဖက်က ဆေးချင်တာဆေးတဲ့ဟာ ၊ အလယ်က Bath Tub ။
ဒီ ပြုတင်းပေါက်ပေါ့ ၊ စက်နှင့်မှ အဖွင့်အပိတ် လုပ်လို့ရတာ ။
ဒီ ပြုတင်းပေါက်ပေါ့ ၊ စက်နှင့်မှ အဖွင့်အပိတ် လုပ်လို့ရတာ ။

 

 

 

 

 

 

ဒါနှင့် စကားမစပ် ၊ ရွာသူားတွေ ဗဟုသုတ အတွက်ပါ ။

တစ်နေ့က ၊ အဘ နောက်တစ်ခါဆို ရုရှားဖက် သွားလည်ရင် ကောင်းမလား ဆိုပြီး ၊

Russia Embassy Web Site မှာ ရုရှား Visa ကြေး ကို ဝင်ကြည့်တာ ၊

အံ့မခန်း ပါပဲကွယ် ၊ နိုင်ငံသားပေါ် မူတည်ပြီး Visa ကြေး အမျိုးမျိုး သတ်မှတ်ထားတာတွေ့ရတယ် ။

၅ ဒေါ်လာ ၊ ၁ဝ ဒေါ်လာ ကွာရင် အဘ မပြောပါဘူးကွယ် ။

အခုဟာက စင်္ကာပူ နိုင်ငံသားဆိုရင် Visa ကြေး ၇၅ ဒေါ်လာ ။

အမေရိကန် နိုင်ငံသားဆိုရင် Visa ကြေး ၁၉ရ ဒေါ်လာ တဲ့ ။

အမေရိကန် ကို တော်တော် မုန်းပုံရတယ် ။

Asean နိုင်ငံချင်း အတူတူတောင် ဖီလစ်ပိုင် နိုင်ငံသားဆိုရင် Visa ကြေး ၁၈၈ ဒေါ်လာ တဲ့။

ကွာချက်က ပက်စက်တယ် ။ အဘ လည်း တစ်ခါမှ မတွေ့ဖူးဘူး ။

ငါ့ နိုင်ငံ လာရင် ၊ ငါ လုပ်ချင်သလိုလုပ်မယ် ဆိုတဲ့ စိတ်ဓါတ်မျိုးလား မသိဘူး ။ စိတ်လေ ပါတယ် ။

နိုင်ငံသားပေါ် မူတည်ပြီး Visa ကြေး အမျိုးမျိုး သတ်မှတ်ထားတယ် ၊ အံ့မခန်း ရုရှား တွေပါပဲကွယ် ။
နိုင်ငံသားပေါ် မူတည်ပြီး Visa ကြေး အမျိုးမျိုး သတ်မှတ်ထားတယ် ၊ အံ့မခန်း ရုရှား တွေပါပဲကွယ် ။

 

ထားပါတော့လေ ၊ ရောမ ( Rome ) မှာ အဲဒီညနေက မိုးဖွဲဖွဲ ရွာနေပါတယ် ။

ဟော်တယ် မှာ ပစ္စည်းတွေထားပြီးတာနှင့် Rome မြို့ထဲကို ထွက်လာခဲ့ပါတယ် ။

မိုးဖွဲဖွဲ ရွာနေစဉ် ရောမမြို့ရဲ့ လမ်းကြားလေးမှာ ။
မိုးဖွဲဖွဲ ရွာနေစဉ် ရောမမြို့ရဲ့ လမ်းကြားလေးမှာ ။

 

Rome မြို့လည်က ထင်ရှားတဲ့ Spanish Steps ကို အရင်သွားကြပါတယ် ။

အဲဒီနောက် Spanish Steps ရှေ့က နာမည်ကြီး Brand ဆိုင်ကြီးတွေရှိတဲ့ Via Condotti လမ်းကတဆင့် ၊

ရောမ မြို့ လမ်းကြို လမ်းကြားတွေက တဆင့် နာမည်ကျော် Pantheon ဘုရားကျောင်း ကိုရောက်ပါတယ် ။

Rome မြို့လည်က ထင်ရှားတဲ့ Spanish Steps ။
Rome မြို့လည်က ထင်ရှားတဲ့ Spanish Steps ။
Spanish Steps ရှေ့က နာမည်ကြီး Brand ဆိုင်ကြီးတွေရှိတဲ့ Via Condotti လမ်း
Spanish Steps ရှေ့က နာမည်ကြီး Brand ဆိုင်ကြီးတွေရှိတဲ့ Via Condotti လမ်း

 

 

အဲဒီ Pantheon ဘုရားကျောင်း ဟာ ဟိုးအရင်က ရောမ နတ်ဘုရား တွေကို ပူဇော်တဲ့ နတ်ကွန်း ဖြစ်ခဲ့ပြီး ၊

အခုအချိန်မှာတော့ Roman Catholic Church ဖြစ်နေပါပြီ ။

သူ့ရှေ့မှာတော့ Piazza della Rotonda ရင်ပြင် ရှိပါတယ် ။

ထူးခြားတာက သူ့အမိုးရဲ့ အလည်မှာ အဝိုင်းပေါက် အကြီးကြီး ရှိပြီး ၊

အဘတို့ သွားတဲ့အချိန်မှာ မိုးနဲနဲ ရွာနေလို့ အဲဒီ အဝိုင်းပေါက် ကနေ Church ထဲကို မိုးရေတွေ ကျနေပါတယ် ။

 

အဲလို မိုးနဲနဲ ရွာနေလို့လဲ အဘ ဓါတ်ပုံရိုက်တဲ့အခါ ၊

ကင်မရာ မှန်ဘီလူး ရေမစိုရလေအောင် လက်လေးနှင့်ကာကာပြီး ရိုက်ခဲ့ရပါတယ် ။

အဲဒါကြောင့် အခု ဓါတ်ပုံတွေမှာ လက်ကာနေတာ ၊ ဝါးနေတာ တွေကို သည်းခံကြပါကွယ် ။

 

Pantheon ဘုရားကျောင်း ဟာ နာမည်ကြီး Church တစ်ခုဖြစ်ပါတယ် ။

၁ဝ နှစ်ကို တစ်ကြိမ် ပုပ်ရဟန်းမင်းကြီးက Holy Year ကြေငြာလေ့ရှိပြီး ၊

အဲဒီ Holy Year အတွင်းမှာ Church ၄ ခုရဲ့ Arch ဝင်ပေါက်တွေကို ဖြတ်ခဲ့ရင် ၊

Roman Catholic ထုံးစံ အရ Blessing ရတယ်လို့ ယုံကြည်ကြပါတယ် ။

အခု Pantheon ဘုရားကျောင်း ဟာ အဲဒီ Church ၄ ခုထဲက တစ်ခု ဖြစ်ပါတယ်တဲ့ ။

အဘ တို့ Tour Director ပီတာကြီး ရဲ့ သမီး ကလည်း ၊

အဲဒီ Pantheon ဘုရားကျောင်း မှာပဲ ရေဖျန်း မင်္ဂလာ လုပ်ခဲ့တယ်လို့ ဆိုပါတယ် ။

နာမည်ကျော် Pantheon ဘုရားကျောင်း အပြင်ဘက် ။
နာမည်ကျော် Pantheon ဘုရားကျောင်း အပြင်ဘက် ။
နာမည်ကျော် Pantheon ဘုရားကျောင်း အတွင်းဘက် မြင်ကွင်း - 1 ။
နာမည်ကျော် Pantheon ဘုရားကျောင်း အတွင်းဘက် မြင်ကွင်း – 1 ။
နာမည်ကျော် Pantheon ဘုရားကျောင်း အတွင်းဘက် မြင်ကွင်း - 2 ။
နာမည်ကျော် Pantheon ဘုရားကျောင်း အတွင်းဘက် မြင်ကွင်း – 2 ။

 

 

 

အဲဒီနောက် Piazza Navona လို့ခေါ်တဲ့ City Square ကိုသွားခဲ့ပါတယ် ။

Piazza Navona မှာ အဓိက ရေပန်း နှစ်ခုရှိပြီး ၊

တောင်ဘက်က ရေပန်းက Fontana del Moro ဖြစ်ပြီး သူ့အလယ်မှာ ကျောက်တိုင်မြင့်ကြီး ရှိပါတယ် ။

သူ့ဘေးနားမှာတော နာမည်ကြီး Sant’Agnese in Agone ဆိုတဲ့ Church ရှိပါတယ် ။

မြောက်ဖက်က ရေပန်းက Fountain of Neptune ( ပင်လယ်ပြင်ကို အုပ်စိုးတဲ့ ရောမ နတ်ဘုရား ) ဖြစ်ပါတယ် ။

တောင်ဘက်က ရေပန်းက Fontana del Moro ဖြစ်ပြီး သူ့အလယ်မှာ ကျောက်တိုင်မြင့်ကြီး ရှိပါတယ် ။
တောင်ဘက်က ရေပန်းက Fontana del Moro ဖြစ်ပြီး သူ့အလယ်မှာ ကျောက်တိုင်မြင့်ကြီး ရှိပါတယ် ။
သူ့ဘေးနားမှာတော နာမည်ကြီး Sant'Agnese in Agone ဆိုတဲ့ Church ရှိပါတယ် ။
သူ့ဘေးနားမှာတော နာမည်ကြီး Sant’Agnese in Agone ဆိုတဲ့ Church ရှိပါတယ် ။
မြောက်ဖက်က ရေပန်းက Fountain of Neptune ( ပင်လယ်ပြင်ကို အုပ်စိုးတဲ့ ရောမ နတ်ဘုရား ) ဖြစ်ပါတယ် ။
မြောက်ဖက်က ရေပန်းက Fountain of Neptune ( ပင်လယ်ပြင်ကို အုပ်စိုးတဲ့ ရောမ နတ်ဘုရား ) ဖြစ်ပါတယ် ။

 

 

 

အဲဒီ Piazza Navona Square အတွင်း နှင့် ပါတ်ပါတ်လည်ကို လှည့်လည်ကြည့်ရှုပြီး ၊

Piazza Navona Square အတွင်းက စားသောက်ဆိုင် တစ်ခုမှာ ညစာ စား ပြီး ၊ ဒီနေ့ကို အဆုံးသတ်လိုက်ပါတယ် ။

 

အမှန်ကတော့ စက်တင်ဘာ ၃ဝ ရက်နေ့ နှင့် အောက်တိုဘာ ၁ ရက်နေ့ကို တွဲပြီး တစ် ပိုစ့် တင်မလို့ပါ ၊

ဒါပေမယ့် အောက်တိုဘာ ၁ ရက်နေ့ မှာ Vatican နှင့် Sistine Chapel ကိုသွားမှာ ဆိုတော့ ၊

Sistine Chapel က ဓါတ်ပုံတွေကို သေချာ ကြည့်ချင်တဲ့ ဂီဂီ့ အတွက် ၊

အောက်တိုဘာ ၁ ရက်နေ့ ဓါတ်ပုံတွေကို တစ် ပိုစ့် သပ်သပ်ခွဲပြီး တင်ဖို့ ဆုံးဖြတ်လိုက်တာပါ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

16 comments

  • မောင့်ကျက်သရေ ဂီ့

    December 26, 2012 at 10:47 pm

    ကျေးကျေးပါအဘရေ့. စောင့်ပြီးဖတ်ရှုအားပေးနေကြောင်းပါခင်ဗျား

    စကာားမစပ် လပ်ဗ်ဖောင်တိန် ခေါ်ကြ သတ်မှတ်ကြတာ တောင်ဘက်လားမြောက်ဘက်လား ခင်ည.
    ဒါမှမဟုတ်တခြားတခုလား သိချင်ဇမ်းဘာဘိ အဘရယ်.

    အော် ရီနေဆန်း. ရီနေဆန်း.

    • Foreign Resident

      December 28, 2012 at 12:05 pm

      ဂီဂီ ရဲ့ ။
      အဘ သိသလောက် Love Fountain ဆိုတာ ၊
      Trevi Fountain ကိုပြောတာထင်တယ် ။

  • MaMa

    December 27, 2012 at 7:55 am

    Positano အီတလီ မြို့လေးရဲ့ ရှု့ခင်းက အာရှသားအတွက် အမြင်တော်တော်ဆန်းတယ်။
    တောင်ပေါ်မှာ လှေကားထစ်လို အိမ်တွေက အဆင့်ဆင့်ဆောက်ထားတာမို့ ကားလမ်းကို ဘယ်လိုများ ဖောက်ထားမလဲလို့ စဉ်းစားမိတယ်။

    • Foreign Resident

      December 28, 2012 at 11:53 am

      MaMa ရေ ။

      အဲဒီ မြို့မှာ နေရာတိုင်း ကားလမ်း မပေါက်ဘူး ကွယ့် ။
      တစ်ချို့နေရာတွေမှာ လူသွားလမ်း ပဲရှိတယ် ။ လမ်းတော့ ကျယ်ပါတယ် ။

  • ခိုင်ဇာ

    December 27, 2012 at 8:13 am

    လှလိုက်တဲ့ မြို့လေးပါပဲနော်။ တောင်ပေါ်က နေ အဆင့်ဆင့်နဲ့ကမ်းခြေ အထိ မြို့တည်ထားတာလေး လှချက်။

    ဒါနဲ့ Rolling Stone က မစ်ဂျက်ဂါတို့ အီတလီ ခရီးစဉ်မှာ သီချင်းတစ်ပုဒ် ရေးခဲ့ဘူးတယ်လို့ ကြားဖူးတယ်။
    ဘယ်မြို့မှာတုန်းတော့ မသိဘူး။ :mrgreen:

  • မိုချို

    December 27, 2012 at 10:07 am

    ကျောက်စရစ် ပင်လယ်ကမ်းခြေ ဆိုတဲ့ အတိုင်း ကမ်းခြေမှာ သဲ မရှိပဲ ကျာက်စရစ်တွေ တွေ ပဲရှိတယ်နော်။ အဲဒါသူ့ ဘာသူ ရှိ နေတာလား လူလုပ်ထားတာလား…။ သဘာဝအတိုင်း ဆိုရင်တော့ ကျောက်စရစ်နဲ့ ပင်လယ် ကမ်းခြေ ရှိမှန်း ခု မှ သိတော့ တယ်။
    ရူရှ ဗီဇာကြေး က မြန်မာကျတော့ ကောဘယ်လောက် တဲ့ တုန်း ….အဘ ရဲ့ ။

    • MaMa

      December 27, 2012 at 10:56 am

      င်္Free ထင်တယ် မိုချိုရေ။ :kwi:

    • Foreign Resident

      December 28, 2012 at 11:46 am

      မိုချို ရေ ။
      ကျောက်စရစ် သောင်ပြင် တွေက သဘာဝ အတိုင်း ရှိတာပါကွယ် ။ လူလုပ် မဟုတ်ပါဘူး ။
      အဘ ရဲ့ တောလား ( ၁ဝ ) ထဲက Nice ဆိုတဲ့ ကမ်းနား မြို့လေး မှာလဲ ရှိတယ်လေ ။

  • Hnin Hnin

    December 27, 2012 at 1:09 pm

    အိမ်တွေက တောင်ပုံအတိုင်းပဲ အဆင့်ဆင့် လိုက်ဆောက်ထားတဲ့ တောင်ပေါ်မြို့လေး အစစ်ပဲ..
    အိမ်တွေကလည်း ကြပ်ညပ်နေတော့ အဲ့အိမ်ကလူတွေ အဆင်း၊အတက်နဲ့ လမ်းတော့
    အတော်လျှောက်ရမယ် ထင်တယ်…
    ကျောက်စရစ် ကမ်းခြေကတော့ လူလုပ်ထားတာ မဟုတ်ဘူးလို့ ကိုယ်တိုင်ကြားရမှပဲ ယုံချင်တာ.. ရှိမယ်တောင် မထင်ဖူးတော့ ပိုက်ဆံတွေအကုန်ခံပြီးတော့များ ခင်းထားသလား တွေးမိခဲ့လို့ပါ…ဘ.. 🙂

    • Foreign Resident

      December 28, 2012 at 11:51 am

      Hnin Hnin ရေ ။

      ကျောက်စရစ် သောင်ပြင် တွေက သဘာဝ အတိုင်း ရှိတာပါကွယ် ။ လူလုပ် မဟုတ်ပါဘူး ။
      အဘ ရဲ့ တောလား ( ၁ဝ ) ထဲက Nice ဆိုတဲ့ ကမ်းနား မြို့လေး မှာလဲ ရှိတယ်လေ ။

      အဲဒီ မြို့မှာ နေရာတိုင်း ကားလမ်း မပေါက်ဘူး ကွယ့် ။
      တစ်ချို့နေရာတွေမှာ လူသွားလမ်း ပဲရှိတယ် ။ လမ်းတော့ ကျယ်ပါတယ် ။

  • မောင်ပေ

    December 27, 2012 at 8:12 pm

    ရုရှားက အမေရိကန် နဲ ့ဖိလစ်ပိုင် ကိုတောင် အဲဒီလောက်ယူထားတယ်ဆိုရင်
    ကျုပ်တို ့နိုင်ငံနဲ ့အမေရိကန်နဲ ့ စစ်ရေးအတူလေ့ကျင့်တာတို ့၊ ဒုံးပျံစခန်းလာဆောက်တာတို ့မျိုး လုပ်ပြီးချိန်ကြရင် ၊ မြန်မာတွေကိုလဲ ဈေးတက်တောင်းမယ် ထင်ပါရဲ ့

  • kai

    December 28, 2012 at 5:43 am

    Russia’s Anti-US Adoption Bill Has Putin’s Support
    Huffington Post-10 hours ago
    The law would block dozens of Russian children now in the process of being adopted by American families from leaving the country and cut off …

    အဲဒီအပေါ်ကဥပဒေကို.. မနေ့တနေ့ကပဲရုရှားလွှတ်တော်က..ခွင့်ပြုလိုက်တယ်..။
    အမေရိကန်တွေ.. ရုရှားကလေးတွေကို.. ခေါ်မွေးစားတာ..တားမြစ်တဲ့ဥပဒေပါ..
    ရုရှားကလေးတွေဆိုတာက.. အဖြူလေးတွေ.. ဆံပင်ရွှေရောင် မျက်လုံးပြာလေးတွေလေ…
    အမေရိကန်တွေ..ခေါ်.. မွေးစားချင်တာပေါ့…

    ဆိုတော့..
    ရုရှားတွေ..အမေရိကန်တွေ..သူတို့တိုင်းပြည်ထဲဝင်လာပြီး… ငွေနဲ့အနိုင်ကျင့်မှာ.. လန့်တာကြောင့်ပါ..။
    လောလောဆယ်သိသလောက်.. ရုရှားလူဦးရေက.. သေတာနဲ့..မွေးတာ..ယှဉ်ရင်.. အကျဖက်ရောက်နေတယ်..။
    လူတွေလိုချင်နေသတဲ့လေ…။

    မြန်မာပြည်ကရော…
    အလုပ်မလုပ်..ကုန်ထုတ်စွမ်းအားမရှိ.. ထိုင်စားလူ(အစိမ်း၊အဝါ)တွေနဲ့.. ရှိတဲ့လူဦးရေလေးသန်း၆ဝလောက်နဲ့… အိမ်ထောင်မပြုနိုင်.. ပျိုကြီးများနဲ့..
    ကလေး.. မွေးသေနှုန်းနဲ့..
    လူကြီးရောဂါဖြစ်သေနှုန်းနဲ့..
    တိုင်းပြည်ရဲ့အနာဂတ်တွေးမိကြသလား… မသိ…။ :buu:

  • Shwe Phyu

    December 28, 2012 at 9:41 am

    အဘဖောရေ..
    Separate Comments တွေမတင်ပေမယ့်ပုံတွေကြည့်နေတာ..အရမ်းကိုလှပါတယ်..
    စကားစပ်လို့ ဟိုနေ့က ပူတင်ရဲ့ ၄နာရီခွဲကြာတဲ့ မိန့်ခွန်းအပိုင်အစကိုနားထောင်လိုက်မိတယ်..သူ့ရဲ Anit-US policy က မြန်မာတွေကိုမထိနိုင်သေးပါဘူး…မြန်မာက Nuke Tech တွေအတွက် သူတို့နဲ့ မကင်းနိုင်သေးဘူးဆိုတော့….
    အဘဖောက OZ စာအုပ်ပြာကိုင်ရင်တော့တစ်မျိုးပေါ့….

    • Foreign Resident

      December 28, 2012 at 11:59 am

      Shwe Phyu ရေ ။
      OZ စာအုပ်ပြာကိုင်ရင်တော့ ရုရှား Visa ကြေး ၁၁ဝ တဲ့ ။

  • Crystalline

    December 28, 2012 at 3:48 pm

    အပေါ်ဆုံးပုံကြည့်ပြီး ပထမက ထရီရက်စ်တီ လို့ထင်တာ..သူလည်း အဲလို ပင်လယ်ကမ်းပါးကမြို့လေးပဲ..တဖက်ကတောင်စောင်းပေါ့နော်.. သူကတော့ ဆိပ်ကမ်းမြို့ပေါ့.. အီတလီကအိမ်တွေမှာ အဲလိုအိမ်သာခွက်နှစ်ခွက်စီရှိတယ်.. တစ်ခွက်ကသုံးဖို့တဲ့..တစ်ခွက်ကဆေးဖို့တဲ့… ဘာသဘောလဲမသိဘူး… တစ်ခွက်ထဲလဲရတာပဲကို :kwi:

Leave a Reply