မောင်အံစာ ခရီးသွား မှတ်တမ်း .. ( နှစ် )

++++++++++++++++++++++++++++++++

မောင်အံစာ ခရီးသွား မှတ်တမ်း .. ၁

++++++++++++++++++++++++++++++++

အငွေ့ပျံနေတဲ့ ရေကန်ဆီက ထွက်လာခဲ့ပြီ …။

လမ်းမှာလည်း လက်ကမြင်း ခဲ့ပြီးပြီ …။

ဒီလိုနဲ့ … ထပ်ပြီးတော့ ထွက်လာခဲ့ရာမှာ “ဘဝသံသရာ” ဆိုတဲ့ ရထားလမ်း တံတားကို အရောက်မှာလည်း

ဒါ့ပုံတွေ ဆင်းရိုက်ကြပါသေးတယ် …။

ကျုပ်ကတော့ ရထားလမ်းပေါ်ထိ မဆင်းခဲ့ပါဘူး …။

အပေါ်ကနေပဲ ဟိုရိုက်ဒီရိုက် လျောက်ကာ ရိုက်ဖြစ်ခဲ့ပါတယ် …။

“ဘဝသံသရာတံတား”

  • တံတားအမှတ် – ၃၈၂
  • တံတားအရှည် – ၂၀ဝ ပေ
  • တံတားအမြင့် – ၆၂”
  • တည်ဆောက်သည့် ခုနှစ် – ၁၉၇၂ ခုနှစ်

++++++++++++++++++++++++++++++++

ဘဝသံသရာတံတား ရထားလမ်း နေရာ
ဘဝသံသရာတံတား ရထားလမ်း နေရာ

++++++++++++++++++++++++++++++++

“ဘဝသံသရာတံတား” ကနေ ခရီးဆက်ခဲ့ပြန်တော့ ရွှေညောင် …

ပြီးတော့ ညောင်ရွှေကို ရောက်ခဲ့ပါတယ် …။

ညောင်ရွှေကို ရောက်တော့ ခဏတစ်ပါး အနားယူပြီး အင်းလေးဆီကို ခရီးဆက်ဖို့ ထွက်ခဲ့ပါတယ် …။

စက်လှေဆိပ်မှာတော့ ဦးထုပ် ရောင်းတဲ့ လူနဲ့၊ ဇင်ယော်စာ ရောင်းတဲ့ လူနဲ့ ရှုပ်နေတာပါပဲ …။

အတင်း ထိုးရောင်းနေတာကလည်း အတော်လေး စိတ်ညစ်စရာ ကောင်းလှပါတယ် …။

ဒီလိုနဲ့ပေါ့ဗျာ ….။ အင်းလေး သွားမယ့် စက်လှေကြီးကို စီးနင်းရင်းနဲ့ ခရီးဆက်ခဲ့တယ် ဆိုပါတော့ ….။

++++++++++++++++++++++++++++++++

ညောင်ရွှေက အင်းလေးသွားတဲ့ စက်လှေဂိတ်
ညောင်ရွှေက အင်းလေးသွားတဲ့ စက်လှေဂိတ်

++++++++++++++++++++++++++++++++

အင်းလေးသွားတဲ့ စက်လှေကို စီးနင်းရင်း ….

တဝီးဝီး တိုက်ခတ်နေတဲ့ သဘာဝ လေထုကို ရှူရှိုက်ရင်း ….

ဘေးနားက ပတ်ဝန်းကျင် အလှအပများမှာ စီးရင်းမျောရင်းနဲ့ ….

လက်က အငြိမ် မနေနိုင်တော့ ဟိုရိုက်ဒီရိုက် လျောက်ရိုက်ဖြစ်ခဲ့ပါသေးတယ် ……။

++++++++++++++++++++++++++++++++

လှေကလေးနဲ့ လူတစ်ယောက်
လှေကလေးနဲ့ လူတစ်ယောက်
ဝဲပျံနေတဲ့ စင်ရော်ငယ်
ဝဲပျံနေတဲ့ စင်ရော်ငယ်
အင်းလေးရဲ့ အမှတ်လက္ခဏာ ခြေကလေးနဲ့ လှော်ခတ်နေတဲ့ လူတစ်ယောက်ရယ်ပါ
အင်းလေးရဲ့ အမှတ်လက္ခဏာ ခြေကလေးနဲ့ လှော်ခတ်နေတဲ့ လူတစ်ယောက်ရယ်ပါ
ဒီက အလှသက်သက် စိုက်ထူထားတာ မဟုတ်ပါဘူး။ အင်းလေး ဖောင်တော်ဦး ဘုရားတစ်ဆူကို ပင့်ဆောင်လို့ ရတဲ့ နယ်နိမိတ် အမှတ်အသားလို့ ဆိုပါတယ်။ ဒီထက်ကျော်တာနဲ့ လှေမှောက်တော့တာပဲလို့ ဆိုပါသေးတယ်။
ဒီက အလှသက်သက် စိုက်ထူထားတာ မဟုတ်ပါဘူး။ အင်းလေး ဖောင်တော်ဦး ဘုရားတစ်ဆူကို ပင့်ဆောင်လို့ ရတဲ့ နယ်နိမိတ် အမှတ်အသားလို့ ဆိုပါတယ်။ ဒီထက်ကျော်တာနဲ့ လှေမှောက်တော့တာပဲလို့ ဆိုပါသေးတယ်။
လှေကလေးနဲ့ ဈေးရောင်းမယ်
လှေကလေးနဲ့ ဈေးရောင်းမယ်

++++++++++++++++++++++++++++++++

အင်းလေး ရေပြင်ကြီးကို ဖြတ်ကျော်ပြီး

အင်းလေး အမှတ်တရ ပစ္စည်းတွေ ရောင်းတဲ့နေရာကို ရောက်ခဲ့ပါတယ် …။

အဲ့ဒီမှာ ချစ်သော ရွာသူားတွေအတွက် အမှတ်တရ လက်ဆောင်တွေ ရိုက်ခဲ့ .. အဲလေ .. ဝယ်ခဲ့ပါတယ် .. :mrgreen:

ပြီးတော့ ငွေထည်တွေ ရောင်းတဲ့ နေရာကို ခရီးဆက်ခဲ့တယ် …။

ငွေလက်စွပ်လေးတစ်ကွင်း ဝယ်မလားလို့ ဈေးမေးလိုက်တော့ ၈၀၀၀ ဆိုတာနဲ့ပဲ .. အဟဲ …

အဲ့ဒီနေရာကပဲ စိတ်ပုတီးတွေကို မ,လာခဲ့သလို၊ ရှမ်းမလေးတွေလည်း မ,လာခဲ့တာပါ …။

ဒီနေရာကနေမှတစ်ဆင့် အင်းတိန်ရှေးဟေင်း ဘုရားစေတီတွေဆီကို ခရီးဆန့်ဖြစ်ခဲ့ပါတယ် …..။

++++++++++++++++++++++++++++++++

အင်းတိန်က လူငယ် ဘောဘီဘောပြိုင်ပွဲ မြင်ကွင်း ...။ ဘောလီဘော အားကစားကို အလွန်နှစ်သက်တဲ့ ဒီအင်းဒေသ တစ်ဝိုက်က မြန်မာ့ဂုဏ်ဆောင် အားကစားသမားတွေကို မွေးထုတ်ပေးခဲ့ပါတယ်။
အင်းတိန်က လူငယ် ဘောဘီဘောပြိုင်ပွဲ မြင်ကွင်း …။ ဘောလီဘော အားကစားကို အလွန်နှစ်သက်တဲ့ ဒီအင်းဒေသ တစ်ဝိုက်က မြန်မာ့ဂုဏ်ဆောင် အားကစားသမားတွေကို မွေးထုတ်ပေးခဲ့ပါတယ်။
ရွှေချိန်ခွင် ...။ ဘုရားဈေးမှာ တွေ့ခဲ့ရတဲ့ ဒီချိန်ခွင်ကတော့ အရင်တုန်းက ရွှေချိန်တဲ့အခါ အသုံးပြုတဲ့ ချိန်ခွင်လို့ ပြောတာပဲ။
ရွှေချိန်ခွင် …။ ဘုရားဈေးမှာ တွေ့ခဲ့ရတဲ့ ဒီချိန်ခွင်ကတော့ အရင်တုန်းက ရွှေချိန်တဲ့အခါ အသုံးပြုတဲ့ ချိန်ခွင်လို့ ပြောတာပဲ။
ဒါကတော့ သမိုင်းဝင် ရွှေအင်းတိန် ဘုရားစေတီတွေပေါ့ ခင်ဗျာ။
ဒါကတော့ သမိုင်းဝင် ရွှေအင်းတိန် ဘုရားစေတီတွေပေါ့ ခင်ဗျာ။

++++++++++++++++++++++++++++++++

အင်းတိန်က လူတွေက ဘောလီဘော အားကစားကို အတော်လေး ခုံမင်ပုံရပါတယ် …။

ကျနော်တို့ ရောက်သွားတဲ့ အချိန်မှာ လူငယ်ဘောလီဘော ပြိုင်ပွဲ ကျင်းပနေတာနဲ့ ကြုံကြိုက်ခဲ့ပါတယ် …။

သမိုင်းဝင် ရွှေအင်းတိန် ဘုရားစေတီတွေကတော့ အပျက်ရောက် အသစ်ပြင်ထားတာတွေရောပေါ့ ….။

အချို့ စေတီတွေဆို အုတ်ပုံဘဝကိုတောင် ရောက်နေသလို၊

စေတီပျက်ရဲ့ ထိပ်မှာ သစ်ပင်တွေ ပေါက်နေတာကိုလည်း တွေ့ခဲ့ရပါသေးတယ် …။

ဒီရွှေအင်းတိန် စေတီတွေကို ၂၀၀၆ ခုနှစ်က စပြီး ပြုပြင် ထိန်းသိမ်းခဲ့တယ်လို့လည်း ဆိုပါတယ် …။

အခု လက်ရှိလည်း ပြုပြင်နေဆဲပေါ့ …..။

++++++++++++++++++++++++++++++++

ဘုရား ပြုပြင် သန့်ရှင်းရေး လုပ်နေတဲ့ လူတွေ
ဘုရား ပြုပြင် သန့်ရှင်းရေး လုပ်နေတဲ့ လူတွေ
ဒါကတော့ စေတီပျက်တစ်ဆူရဲ့ အထက်က သစ်ခြောက်ပင်
ဒါကတော့ စေတီပျက်တစ်ဆူရဲ့ အထက်က သစ်ခြောက်ပင်
သမိုင်းဝင် ရွှေအင်းတိန်ရောက်ခိုက် အမှတ်တရ ရိုက်ကူးထားတဲ့ပုံ (ဘော်ဒါပုံ) :mrgreen:
သမိုင်းဝင် ရွှေအင်းတိန်ရောက်ခိုက် အမှတ်တရ ရိုက်ကူးထားတဲ့ပုံ (ဘော်ဒါပုံ) :mrgreen:

++++++++++++++++++++++++++++++++

ခရီးသွား မှတ်တမ်းလည်း တင်ရင်း ….

မိတ်လည်း ဆက်ရင်းပေါ့နော် … အဟီးးးး :mrgreen:

ဘာဖြစ်လည်း အမှတ်တရပေါ့လို့ .. ဟုတ်ဘူးလား …

 

ဒီမှာ နောက်တစ်ပိုင်း ပြီးပါပြီ ခင်ဗျာ ……။

ကျန်တဲ့ အပိုင်းတွေကို နောက်တော့ ဆက်ပါဦးမည်လို့ ….။

အားပေးကြသူအပေါင်းကို ကျေးဇူးကမ္ဘာပါ ခင်ဗျာ ……။

++++++++++++++++++++++++++++++++

 

++++++++++++++++++++++++++++++++

ချစ်ခြင်းများနဲ့ …

မောင်အံစာ

++++++++++++++++++++++++++++++++

18 comments

  • Mon Kit

    December 27, 2012 at 9:16 am

    မိအံဇာ… အပေါ်က ၃ ပုံ မပေါ်ဘူးအေ့..
    ဘဝသံသရာ .. စက်လှေဆိပ်.. လှေကလေးနဲ့ လူတစ်ယောက် ဆိုုဒါလေ..
    ညည်းကလဲ ချောပါတယ်အေ့.. ဘော်ဒါ.. ဘော်ဒါနဲ့ လွှဲမချပါနဲ့… :harr:

  • Mon Kit

    December 27, 2012 at 9:18 am

    အယ်.အယ်.. ပေါ်လာပီ.. ပေါ်လာပီ. ပုံအကုန်လုံး..
    အားပေးသွားဒယ်နော်..
    ဘဝသံသရာ ရထားလမ်း ပုံကြည့်ပီး စိတ်ထဲ တစ်မျိုးလေးခံစားမိသွားတယ်… :byae:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 27, 2012 at 9:26 am

    အော်… အင်းလေးကိုလွမ်းသကိုး…
    အင်းသူလေးမပါ… (လင်ရသွားလို့… ကျုပ်လဲမိန်းမရနေပြီ)…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ခင်ခ

    December 27, 2012 at 9:57 am

    လှေကလေးနဲ့ဈေးရောင်းတဲ့ ရေပေါ်ဈေးပုံတွေရော ရိုက်ခဲ့ရင် တင်ပေးပါလားဗျာ။

  • မင်းနန္ဓာ

    December 27, 2012 at 10:26 am

    အမှတ်(၂) ရောက်နေဘီ
    တောင်ကြီးသမ လှလှလေးတွေ ဓာတ်ပုံ ခုထိပါသေးဘူး
    ပြီးတဲ့အထိ တစ်ပုံတစ်လေတောင် ထည့်မပေးလို့ကတော့
    အသိဘဲ.. ဟွင်း

  • ကြည်ဆောင်း

    December 27, 2012 at 12:09 pm

    အင်းလေးရောက်ဘူးပေမဲ့ ရွှေအင်းတိန်ဘုရားတော့မရောက်ဖူးခဲ့ဘူး..
    မရောက်ဖူးလိုက်တဲ့နေရာတစ်ခုကို တကယ်ရောက်သွားလိုက်ရသလိုမို့ ခရီးသွားမှတ်တမ်းရေးသူရေ..
    ကျေးကျေးပါ….

  • မဟာရာဇာ အံစာတုံး

    December 27, 2012 at 12:25 pm

    အားလုံးဘဲ
    လာရောက်ကာ အားပေးကြတာ ကျေးကျေးဘာ ..

    အောက်ဆုံးပုံက Mon Kit ပြောသလို ဘော်ဒါ ဘော်ဒါနဲ့
    လွှဲချတာ မဟုတ်ဘာဘူး ..
    တကယ်ဘာ .. အဟဲ …

    အင်းလေးကို ရောက်တဲ့နေ့က
    ရေပေါ်ဈေးနေ့နဲ့ ကြုံကြိုက်ပေမယ့်
    နောက်ကျသွားလို့ မရောက်ဖြစ်ခဲ့ပါဘူး …

    တောင်ကြီးသူမ လေးတွေကိုလည်း
    အငမ်းလွန်သွားလို့ ကင်မလာ ထုတ်ဖို့ မေ့နေခဲ့ဘာဒယ် ..
    အိုက်ဒါဂျောင့် … :mrgreen:

  • Hnin Hnin

    December 27, 2012 at 12:42 pm

    ဘုရားလည်လည် ပို့ပေးရင်း ကြော်ငြာလည်း ဝင်ရင်း ထင်တယ်။
    မှတ်မိနေပါပြီ… ဝင်းဦး ရယ် … :harr:
    စက်လှေဂိတ်က စက်လှေမှာ life vest တွေတော့ ပါတယ်နော်…သွားတုန်းက မတွေ့ခဲ့လို့။
    ရွှေအင်းတိန်ကိုတော့ မရောက်ဖူးသေးဘူး…ပုံတွေအတွက် ကျေးဇူးပါ…

  • Novy

    December 27, 2012 at 1:00 pm

    ခြောက်မျက်နှာ ရေ. ဝဲပျံနေတဲ့ စင်ရော်ငယ် ကို သဘောကျပါကြောင်း

    PS.
    ညည်းကြေငြာဝင်နေတာ 2ပုံရှိနေပြီနော်
    သိနေတယ်

  • ကိုရင်စည်သူ

    December 27, 2012 at 1:29 pm

    အဟမ်း.. အဟမ်း.. ဘော်ဒါတုံးက လူဖြောင့်ပဲဗျ..
    တိနေဒယ်နော်.. တိနေဒယ်.. အကြံတွေကို.. ငှင်း..ငှင်း.. :kwi:
    မြွေမြွေချင်း ခြေချင်းမြင်ပီးသား..
    အားပေးသွားတယ်ဗျ… 😉

  • ဗုံဗုံ

    December 27, 2012 at 1:41 pm

    အောက်ဆုံးပုံကို မြင်ဖူးပါတယ်အောက်မေ့နေတာ ဟိုတစ်လော သတင်းထဲဖတ်လိုက်ရတဲ့ အလိုရှိသည် ဆိုတာ အဲ့ဒီပုံပါလား သတင်းကြားတာတော့ တရားခံအင်းလေးဘက်ကို ရှောင်သွားတယ်ဆိုလား
    :harr: :harr:

    • ကိုရင်စည်သူ

      December 27, 2012 at 1:50 pm

      ဪ..အင်း.. အော်ပရေးရှင်းဝင်တော့မယ်.. လူနာကလည်း
      ရွာထဲမှာ ပျော်နေပါ့လားနော့်.. အဟီးး :kwi:
      အိုဘယ့်.. မိန်းမတွေများ.. တရားကျစရာပါတော်.. :mrgreen:

  • Mr. MarGa

    December 27, 2012 at 6:35 pm

    မောင်အံ တို့ကတော့
    အခုထိ ရှမ်းမလေးတွေကို ဖွက်ထားတယ်
    သည်းခံပြီးစောင့်ရတာ လည်ပင်းရှည်တော့မယ်နော်
    ဦးမာဃ မှာလိုက်တာရော ဘယ်မလဲ

  • မောင်ပေ

    December 27, 2012 at 7:58 pm

    ပါးစပ်ထဲကွမ်းငုံထားတယ်ဆိုမှတော့
    အဲဒီသူငယ် ရခိုင်များဖြစ်နေမလား မှတ်တယ်

    • ဒီလူဂျီး အမြင် ..
      တယ်လည်း စူးရှပါလားဗျ …..
      BS ပေးလိုက်တယ်ဗျာ ..

      ဒါပေမယ့် ကျုပ်က ရခိုင် မဟုတ်ပါဘူး …
      ရွှေညာသား ရယ်ပါ … :mrgreen:

  • ကျနော့်ရဲ့ ခရီးသွားပို့စ် .. ၂ မှာ
    လာရောက်ကာ ကွန်မန့်များ ပေးသွားကြပါကုန်သော ..
    မပေးသော်လည်း ကြည့်ရှု အားပေးသွားကြပါကုန်သော …
    ရွာသူားအပေါင်းအား …
    ကျွန်ုပ် မဟာရာဇာ မောင်အံစာမှ ကျေးဇူး အထူးပင် တင်ရှိပါကြောင်း ….။

    ကိုယ့်ရုပ်ကို ထုတ်ပြတာကလည်း …
    အခြား အကြောင်း မဟုတ်ပါဘူး …
    စိတ်ရွှင်တုန်း .. ပြောချင်ရာ ပြောပေတော့ ဆိုပြီး တင်လိုက်တာပါ …

    တောင်ကြီးက ရှမ်းမလေးကို ဒါ့ပုံ ရိုက်ချင်ပေမယ့်လည်း …
    ခပ်လန့်လန့် ဖြစ်နေတာနဲ့ မရိုက်ဖြစ်ခဲ့ပါဘူး ..
    ဒါကြောင့် ကိုယ်တိုင် ခံစားရင်းသာ ကြည့်ရှုခဲ့ပါတယ် .. အဟီးးး :mrgreen:
    ဒီအတွက် ခွေးလွှတ်ဂျဘာဂုန်လော့ …. အိုက်ဒါ ပြီးရော .. ဟီဟိ ..

  • ခိုင်ဇာ

    December 28, 2012 at 8:06 am

    အင်းထဲရောက်ပြီပဲ။
    ကြောင်တွေ အများကြီး ရှိတဲ့ ဘုန်းကြီးကျောင်း ရောက်ခဲ့သေးလား။ ကျောင်းနာမည်တော့ မေ့သွားပြီ။ :mrgreen:

  • mamanoyar

    January 1, 2013 at 3:11 pm

    အရမ်းရောက်ဖူးချင်တဲ့ နေရာလေးတွေပါ
    တစ်နေ့တော့ အရောက်သွားမယ်လို့
    ရည်မှန်းထားတာပဲ
    ပုံလေးတွေယူလာပေးတဲ့အတွက် ကျေးဇူးပါနော်

Leave a Reply