Website ရေးနည်း သင်ခန်းစာ (မည်သူမဆို နားလည်နိုင်သည်)

Myanmar Web DesignerDecember 27, 20121min23214

မင်္ဂလာပါ …

မိမိကိုယ်တိုင် website ရေးဖို့ လေ့လာနေသူတွေအတွက်၊ မြန်မာဘာသာနဲ့ ရှင်းပြထားတဲ့ video tutorial တွေတင်ပေးထားတဲ့အတွက် ဘာမှမတတ်သေးတဲ့ သူတွေတောင် သင်ခန်းစာတွေအကုန် လိုက်လုပ်နိုင်မယ်ဆိုရင် HTML, CSS, jQuery တွေနားလည်ပြီး၊ သင်ခန်းစာ အဆုံးမှာတော့ website တစ်ခု ရရှိမှာဖြစ်ပါတယ်၊ လိုက်လုပ်နိုင်တဲ့သူအတွက်တော့ web designer ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားမှာ ဖြစ်ပါတယ်။ သုညက စမယ့်သူတွေအတွက် အထောက်ပံ့ကောင်း၊ သင်ခန်းစာကောင်း ဖြစ်မယ် ထင်ပါတယ်။ ဝင်လေ့လာချင်တယ်ဆိုရင်တော့ Free Myanmar Website Tutorial (be creator yourself) မှာ ဝင်လေ့လာနိုင်ပါတယ်။ ဒါလည်း ကျွန်တော် အခမဲ့ ကိုယ်ပိုင်အချိန်တွေ အကုန်ခံပြီးတော့ video recording လုပ်ပြီး တင်ပေးထားတာ ဖြစ်ပါတယ်။ ဝေဖန်ခြင်း အကြံပြုခြင်းများ ပြုလုပ်နိုင်ပါတယ်။ 🙂

14 comments

  • awra-cho

    December 27, 2012 at 3:15 pm

    မှတ်ထားပါမယ်ဗျာ အားရင် လုပ်ကြည့်အုံးမယ် (ဘာမှမသိတဲ့ အစိမ်းသက်သက်ပါ )

  • kai

    December 27, 2012 at 3:31 pm

    တန်းပြီး.. WordPress, Joomla တွေနဲ့.. ဆောက်နိုင်ရင်ကောင်းမှာ..
    အဲဒါကငွေရလွယ်တယ်..

    တကယ်လို့.. ပရိုဂရမ်မာတွေ.. နားလည်သူတွေရှိရင်.. http://www.freelancer.com/ မှာအလုပ်ရှာနိုင်ကြောင်း…။
    ငွေပေး/ယူ အဆင်မပြေကြရင်.. ကူနိုင်ပါက.. ကူပေးပါမည်ဖြစ်ကြောင်း…။

  • လူခါး

    December 27, 2012 at 4:07 pm

    wordpress, joomla ကို သာမာန် install လုပ်၊ template change (customize မလုပ်) တာလောက်ကတော့ အရမ်းလွယ်ပါတယ်ဗျာ၊ အဲဒါထက်စာရင် HTML, CSS ကမှ ပိုခက်ဦးမယ်ဗျ၊ 🙂

    • kai

      December 28, 2012 at 5:46 am

      http://www.freelancer.com/search/wordpress/
      လွယ်ရင်.. အပေါ်ကလင့်ခ်မှာ.. အလုပ်တွေဘစ်ပါလား..
      ငွေပေးငွေယူ…အကူအညီပေးပါမယ်ဆိုနေမှ… ဆိုနေမှ.. :kwi:

      အဲဒါက.. လေ့လာသင်ကြားသူအဆင့်ကနေ.. တခါတည်းအမြန်ဆုံးပရိုတန်းခုန်တက်သွားစေတဲ့.. အလုပ်တွေဗျ…

      • လူခါး

        December 28, 2012 at 10:04 am

        အဲဒါတွေက နိုင်ငံတစ်ကာနဲ့ ပြိုင်တိုးရမှာလေ၊ အဲဒီတော့ customize လုပ်မှရမှာပေါ့ .. ဝင်ဖတ်ကြည့်လိုက်တော့ ဒါတွေက အလုပ်အပ်တဲ့လူလည်းရှိတယ်၊ အဲဒီအပ်ထားတဲ့အလုပ်ကို လုပ်မယ့်သူကလည်း အများကြီးပဲလေ၊ အဲ့အထဲကမှ အပ်တဲ့လူက ကြိုက်တာရွေးမှာဆိုတော့ customize မလုပ်ပဲ သာမာန်လောက်နဲ့တော့ ဘယ်ဝင်တိုးလို့ရမလဲ၊ ဟိုကတောင် ဆဲလွှတ်နေဦးမယ် … 😛

        • kai

          December 28, 2012 at 10:16 am

          ဆဲမလွှတ်ပါဘူးဗျာ..
          ဒီဝက်ဘ်ဆိုက်တောင်… ဘာညာကွိကွ..ကိစ္စဝိစ္စ.. အဲဒီမှာအလုပ်အပ်တာ…
          အလုပ်အပ်တဲ့သူတွေကလည်း.. သိပ်သိနေသူတွေမဟုတ်ပါဘူး..
          ဒီလိုပဲ.. လုပ်ရင်းကိုင်ရင်း… တတ်သွားကြတာချည်း… :kwi:

  • မင်းနန္ဓာ

    December 27, 2012 at 9:14 pm

    ဝါသနာတော့ပါတယ်ဗျာ
    ဘယ်လိုလုပ်ရမလဲ မစပ်ဆက်မိလို့
    လေ့လာကြည့်ဦးမှ

    • လူခါး

      December 28, 2012 at 10:14 am

      လိုအပ်တာ ဝါသနာပဲ … ဝါသနာပါရင် ဒီသင်ခန်းစာက ကျန်တာ ဘာမှမလိုဘူး တတ်စေရမယ်လို့ အာမခံတယ်၊ အတွေးအခေါ် အယူအဆတွေကော၊ code ရေးရင် ရှင်းလင်းပြီး ထိရောက်အောင်ရေးနည်းကော၊ website ကို size မကြီးစေပဲ ပေါ့နိုင်သမျှပေါ့အောင် ရေးနည်းကော၊ အကုန် အကုန် အကုန် ကို ဖွင့်ချပြထားတာဗျာ … 🙂

  • HTML, CSS တွေကိုတော့ …
    လေ့လာဖူးပါတယ် ….
    JQuery ကတော့ဖြင့် နကန်းတစ်လုံးမှကို မသိသေးဘူးရယ် …
    နောက်တော့ ဒေါင်းပြီး လေ့လာကြည့်ရဦးမယ်ဗျာ ..
    ကျေးဇူးပါ …

    ဒါ့ထက် …….
    Wordpress, Joomla စတဲ့ open source တွေကလည်း
    html, css ကို အတော်အတန် သိထားရင်
    ပိုပြီး ကလိလို့ ကောင်းသလားလို့ ….
    php ပါ ရတယ်ဆိုရင်တော့ ပို၍ ပေါ့ဗျာ ….

    • လူခါး

      December 28, 2012 at 10:21 am

      html, css လေ့လာဖူးရုံနဲ့ website ရေးလို့ရကောင်းရနိုင်ပါမယ်၊ ဒါပေမယ့် html, css လေ့လာဖူးတာနဲ့ ကိုယ့်ဘာသာ website ရေးလို့ရပြီလို့တော့ ပြောလို့မရဘူးပေါ့ဗျာ၊ တစ်ခြားတွေးခေါ်မှုတွေ အများကြီးပါတယ်ဗျ၊ စာတွေ့ လော့လာပြီးပေမယ့် လက်တွေ့လိုသေးတယ်ဆိုတာမျိုးပေါ့၊ ကျွန်တော့်တုန်းကလည်း အဲလိုပါပဲ၊ 🙂

      jQuery ပါတော့ပါပါတယ်၊ ဒါပေမယ့် အခုသင်ခန်းစာမှာ jQuery ရေးနည်းမပါပါဘူး၊ ရှိပြီးသား plug in ကို ယူသုံးနည်းကိုပဲ သင်ပြပေးထားတာပါ။ ဒါပေမယ့် html, css လေ့လာဖူးပြီးတော့ website မရေးဖူးသေးဘူးဆိုရင်တော့ လိုက်လုပ်ပါလို့ တိုက်တွန်းပါရစေ။ အခြေခံရှိထားတော့ ဆက်မလေ့လာရင် အလဟဿ ဖြစ်သွားမှာစိုးလို့ပါ။ 🙂

      နောက်ကျရင်တော့ jQuery ရေးနည်း သင်မယ်လို့ စိတ်ကူးထားပါတယ်၊ အားတဲ့အချိန်သင်ပေးတာဆိုတော့ post တွေကတော့ အမြဲမတက်နေနိုင်ဘူးပေါ့ဗျာ၊ ဒါပေမယ့် တက်လာတဲ့ post တွေကိုလည်း တန်ဖိုးရှိတာတွေပဲ ဖြစ်စေရမယ်လို့ ခံယူထားပါတယ်။ 🙂

  • လူခါး

    December 28, 2012 at 11:16 am

    @kai —>
    ဟုတ်ပါပြီဗျာ … ဒီလောက်ပြောနေပုံထောက်ရင်တော့ money transfer အတွက် service charge ဘယ်လောက်ယူလဲဗျို့ … 😛 😛 😛

    wordpress တော့ theme တွေဘာတွေ ရေးပါတယ်။ joomal တော့ ကောင်းကောင်းသုံးဖူးတယ်၊ customize တော့ မလုပ်ဖူးသေးဘူး၊ ကျွန်တော်ပြောတဲ့ customize ဆိုတာက ကိုယ့်ဘာသာ manual ရေးတာကို ပြောတာနော်၊ theme, template, plug in, module စတာတွေကို ကိုယ့်ဘာသာရေးတာကိုပြောတာ၊ ရှိပြီးသား ယူသုံးတာကိုပြောတာမဟုတ်ဘူးနော်။ ဘာဖြစ်ဖြစ် အလုပ်ရမယ့် site ဆိုတော့ မှတ်ထားပြီး မကြာခဏ ဝင်ကြည့်ပါ့မယ်၊ စိတ်ပါတဲ့အလုပ်တွေ့ရင် money transfer အတွက် အကူအညီတောင်းလိုက်မယ်၊ fee တော့ လျှော့ယူနော … 😛

  • Mg Paing

    January 20, 2013 at 6:40 pm

    ကျေးဇူးတင်မိသလို အရမ်းကောင်းတဲ့ ဆိုဒ်တစ်ခုအဖြစ် ခံစားမိပါတယ်။အွန်လိုင်းပေါ်ရောက်တိုင်း အမြဲတမ်းတက်ကြည့်သင့်တဲ့ ဆိုဒ်တစ်ခုအဖြစ်အနေနဲ့တောင် ကိုယ့်ကိုကိုယ် သတ်မှတ်ထားလိုက်မိတယ်။Website တစ်ခု ဘယ်လိုရေးသလဲဆိုတာ သိချင်ခဲ့ပေမယ့် လောလောဆယ် ကျနော် ယူထားတဲ့ မေဂျာအရ ဒီ ICT နည်းပညာတွေနဲ့မဆိုင်တော့ အချိန်တွေ မပေးဖြစ်ခဲ့ဘူး။ပထမနှစ်စတက်ခါစ နှစ်စတုန်းက ICT မေဂျာက သူငယ်ချင်းတစ်ယောက်ကို html တွေအကြောင်း သင်ခိုင်းခဲ့ဖူးတယ်။တစ်ရက်ပါပဲ။နောက်ရက်တွေကျတော့ ကိုယ့်စာနဲ့ကိုယ်ဆိုတော့ ဆက်မလုပ်ဖြစ်ကြတော့ဘူး။ကျနော်တို့လို Beginner အဆင့်အနေနဲ့ စသင်မယ်ဆိုရင် အချိန်ဘယ်လောက်ပေးရမလဲ အကို။နောက်ပြီး အကို့ဆိုဒ်က ပိုစ့်တွေကို pdf ဖိုင်ဒေါင်းလုဒ် လုပ်လို့ရအောင် ဖန်တီးပေးထားပါဦး။လိုင်းပေါ်မရောက်ဖြစ်လဲ စာတွေ ပြန်ဖတ်ကြည့်နေလို့ရအောင်လို့ပါ။ပျော်ရွှင်ပါစေ……

    • လူခါး

      January 21, 2013 at 10:15 am

      website ရေးတတ်ဖို့ဆိုရင်တော့ အဲဒီ video တွေ အကုန် သေချာလိုက်လုပ်ရင် ရေးတတ်ပါပြီ၊ ဒါပေမယ့် တစ်ခြားသော အတွေးအခေါ်တွေနဲ့ တစ်ခြား အတွေ့အကြုံတွေကတော့ ကိုယ်တိုင် ရေးကြည့်မှပဲ ရမှာပါ၊ အကောင်းဆုံးကတော့ အဲဒီ video တွေ လော့လာပြီးတော့ web design ဆွဲနည်းကိုလည်း နည်းနည်းပါးပါး ရှာလေ့လာပြီးတော့၊ အလုပ်ရအောင် လျှောက်လိုက်တာ အကောင်းဆုံးပါပဲ။ pdf ဖိုင်ကတော့ ထုတ်ပေးဖို့တော့ အစီအစဉ် ရှိပါတယ်၊ စာနဲ့ရေးတဲ့ posts တွေကိုပေါ့။ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။

Leave a Reply