ဂျုံခေါက်ဆွဲသုပ် (အလွယ်နည်း)

ဇီဇီDecember 27, 20121min57531

အမှန်တော့ ဒီပို့(စ) ကို ၂၅ ရက်နေ့ကတည်းက တင်မလို့ပဲ။ ထုံးစံအတိုင်း စာရေးရမှာ ပျင်းနေတာ။
ကြားရက်ပိတ်တဲ့ ရုံးပိတ်ရက်လေးမှာ စားချင်တဲ့ အစားအသောက်ကို အပျင်းနည်းနဲ့ လုပ်စားဖြစ်တာကို ရေးချင်လို့။
နည်းမှန်လမ်းမှန်တော့ မဟုတ်ဘူး။ အဲဒီတော့ နည်းမှန်လမ်းမှန် ချက်ပြုတ်တတ်သော ညီမလေးတို့ မမတို့ သည်းခံကြပါ။
၂၅ရက်မနက်က အမှန် ဈေးဝယ်ရမဲ့နေ့။ မန်းလေးက ပါလာတဲ့ ရိက္ခာကလည်းကုန်ခါနီးမို့။
နိုးတဲ့အချိန် ဈေးမသွားချင်တဲ့အပြင် မန်းလေး ဂျုံ ခေါက်ဆွဲသုပ်လေးကလည်း စားချင်လာရော။ ဒီတော့ ကြံရဖန်ရပြီ။

နောက်ဆုံးလက်ကျန် ခေါက်ဆွဲခြောက်လေး ရေစိမ်ထားတုန်း ကြက်ဥလေးပြုတ်၊ ဝက်သားလေးပြုတ်ပြီး ပါးပါးလှီးထားလိုက်တယ်။
ဆီချက်က တော့ အလွယ်နည်းပဲ။ မန်းလေးက ဝယ်လာတဲ့ ကြက်သွန်ဖြူကြော်ကို ပန်းကန်လုံးထဲ ထည့်။ ဆီကို ၂မိနစ်လောက် မိုက်ခရိုဝေ့(ဖ) ထဲ အပူပေးပြီး ကြက်သွန်ဖြူကြော် ပန်းကန်လုံးထဲ ထည့်လိုက်တာ ကြက်သွန်ဖြူ ဆီချက်ရရော။

ငရုတ်သီးကြော်ကတော့ ရယ်ဒီမိတ်ယူလာတယ်။ မွှေး တံဆိပ် ပဲမှုန့် အကျက်ကို ပြင်ထားလိုက်တယ်။ တချို့ ပဲမှုန့်မကြိုက်ရင် ကြက်ဥ အနှစ်နဲ့ နယ်ပြီး သုပ်စားတယ်။
ဆား၊ ငံပြာရည် နံနံပင်၊ ကြက်သွန်မိတ်တော့ အသင့်ထားထား။
အချဉ်အတွက် မန်ကျည်းသီး အနှစ်ကို ရေနွေးနွေးနဲ့ ဖျောထားလိုက်တယ်။
နောက်ဆုံးမှ စိမ်ထားတဲ့ ခေါက်ဆွဲလေကို ကြိုက်သလောက်အနေရအောင်ပြုတ်ပြီးမှ ရေအေးနဲ့ ပြန်စစ်လိုက်တယ်။ ရေအေးနဲ့မစစ်ရင် ထွေးသွားတတ်လို့။
ဒါဆို ကိုယ်ကြိုက်တဲ့ အနေ သုပ်လို့ရပြီ။ ဒါတွေ အားလုံး နာရီဝက်လောက်ပဲကြာမှာပေါ့။ ဟိ။ အိပ်ယာထပျင်းတဲ့သူအတွက် အကောင်းဆုံးအချိန်ယူမှုပဲ။ ဈေးသွားစရာလည်း မလိုတော့။

ဒါပေမဲ့ စားကြည့်တော့ ကိုယ့်စိတ်ကူးထဲက မန်းလေး ဂျုံခေါက်ဆွဲသုပ်ကို မမှီဘူး။
အထက ၉ နားမှာ အရင်က ရှိတဲ့ဆိုင်မှာလိုမျိုးစားချင်တာ။ သူက ငါးဖယ်ပြုတ်နဲ့ ဆီနီ၊ ဆီဝါ၊ ပဲမှုန့်နိုင်းချင်းနဲ့သုပ်တာ။
ထားပါလေ။ ကိုယ်လည်း အဲလောက်မှ ဝီရီယမရှိပဲဆိုပြီး စိတ်ဖြေပြီးစားလိုက်ရတယ်။

တရုတ်တိုင်းပြည်မှာ နေမှပဲ ခေါက်ဆွဲ ကို အမုန်းစားရတယ်။ ရုံးက ဘိုးတော်ဆို အစားအသောက် ဝါသနာတူ ကိုယ့်ကို ကြုံတိုင်း ရှင်းပြတဲ့ ခေါက်ဆွဲတွေ အကြောင်း နောက်မှ ရေးတော့မယ်။
ပြည်ကြီး တရုတ် ခေါက်ဆွဲ အစစ် စားဖူးဖို့ကျန်နေသေးလို့။ ခုထိတော့ ကိုယ့် မြန်မာ ခေါက်ဆွဲအရသာကို ဘယ်ခေါက်ဆွဲမှ မတိုးနိုင်သေး။

 

 

ပါတာတွေ အကုန်ထည့်သုတ်တာပဲ။
ပါတာတွေ အကုန်ထည့်သုတ်တာပဲ။

 

11885068_10206505184462383_153531704550535155_n

11863432_10206505184102374_8062158358032010858_n

31 comments

  • မောင့်ကျက်သရေ ဂီ့

    December 27, 2012 at 12:34 pm

    မြန်မာစာ မစားရတာကြာလို့ စားချင်နေရင်း ဝင် အားပေးသွားပါသည်…။
    အချက်အပြုတ် ပြန်လည် စိတ်ပါဝင်စားလာပါသည်…။

    အားကျသွားလို့ ကျနော်လည်း မကြာခင် ကော်ဖီမစ် ဖျော်သောက်နည်း
    ခေါက်ဆွဲခြောက် ပြုတ်သောက်နည်း..တင်ပါဦးမည်….။

    :harr:

    ဟီး..
    ကိုယ် တတ်တာ ကိုယ် တင်ရတာကိုး …။

    • ခိုင်ဇာ

      December 27, 2012 at 12:40 pm

      အားပေးမှုအတွက် ကျေးဇူးတင်ပါသည်။
      ဂီဂီ ရဲ့ ကော်ဖီဖျော်နည်းနဲ့ ခေါက်ဆွဲပြုတ်နည်း တင်ရင်လည်း အားပေးပါဦးမည်။

      :harr:

  • ခင်ခ

    December 27, 2012 at 12:40 pm

    ဂျုံ ခေါက်ဆွဲသုတ်တော့ ကြိုက်တယ်ဗျ။
    ရန်ကုန်က ဂျုံခေါက်ဆွဲသုတ်က အချဉ်အငံအစပ် စိုစိုလေးသုတ်ကြပြီး
    မန်းက ဂျူံခေါက်ဆွဲသုတ်ကတော့ ပဲမှုန့်နိုင်နိုင်နဲ့ သုတ်ပေးကြတာနော်။
    ကျွန်တော် စားဖူးတဲ့ဆိုင်တွေမှာပြောတာပါ နှစ်မျိုးလုံးတော့ ကောင်းတာပါဘဲ။

    • ခိုင်ဇာ

      December 27, 2012 at 12:43 pm

      ဟုတ်တယ် ကိုခ။
      အညာဘက်ကတော့ ပဲမှုန့်အားကိုး သုပ်ကြတယ်။ ခု တရုတ်ခေါက်ဆွဲဆိုင်တွေများလာမှ မန်းလေးလည်း ဗမာသုပ် စစ်စစ် ဆိုင် ရှားသွားပြီ။
      ရန်ကုန်နည်းတော့ မကြိုက်။
      :mrgreen:

  • Shwe Ei

    December 27, 2012 at 12:43 pm

    ကျနော်တော့ မန်းလေးခေါက်ဆွဲသုပ်လဲ ကြိုက်တယ်။
    ပဲငံပြာရည်နဲ့ သုပ်တဲ့ မကွေးခေါက်ဆွဲသုပ်လဲ ကြိုက်တယ်ဗျာ။
    ရန်ကုန်က ချဉ်ဆော့နဲ့သုပ်တဲ့ အသုပ်တေကို သဘောမကျဝူးးးး။

    • ခိုင်ဇာ

      December 27, 2012 at 12:45 pm

      ဟုတ်တယ်။ မကွေးက ကြက်သွန်နီ ဆီချက်နဲ့ ပဲငံပြာရည် သုံးတယ်။
      ရွှေအိပြောမှ ဒေသစာတွေ ရေးရရင်ကောင်းမလားပဲ။
      ရန်ကုန်ခေါက်ဆွဲမကြိုက်တာတော့ တူတယ်။ :harr:

    • မောင့်ကျက်သရေ ဂီ့

      December 27, 2012 at 12:47 pm

      ကြည် …
      ဂီ သုတ်ကျွေးမယ်လေ…
      ကြည်ကြိုက်တဲ့နည်းနဲ့ ….

      ဘာသုတ်လဲ သိတယ်မလား …

      :kwi:

      • Mon Kit

        December 27, 2012 at 1:08 pm

        တိတယ်… ဝါဆိုမိုးဦး သုတ်……. :kwi:

  • ကိုရင်စည်သူ

    December 27, 2012 at 1:19 pm

    ကိုရင်ကခါက်ဆွဲကို ကျေးဇူးရှင်ထဲမှာ စာရင်းထဲမှာ ထည့်ထားတယ်…
    ကျောင်းအစ်မကြီးခင်ည.. ထိုင်းမှာ စားခဲ့တဲ့.. အဲ.. အဲ..
    ကွတ်တယိုသုတ်လား မသိဘူး.. တော်တော်လေးကောင်းတယ်..။
    အိမ်မှာ ခေါက်ဆွဲသုပ်ရင် အမတွေနဲ့ လုစားတဲ့ ငယ်ဘဝရဲ့
    အမှတ်တရတောင် ကြည့်ပီး သတိရသွားရဲ့.. ကျောင်းအမရေ..။
    ပုံနဲ့မကျွေးပဲ… အလှူလုပ်ပြီး တကယ်ကျွေးရင် ကောင်းတယ်လို့.. :kwi: :kwi:

    • ခိုင်ဇာ

      December 27, 2012 at 1:26 pm

      တကယ် ကျွေးဖို့ဆိုရင်တော့ စလုံး ကို ကမ်းကပ်တဲ့အချိန်ပြောဗျာ။
      လာကြိုပြီး စားချင်တဲ့ ဗမာ အစားအသောက် လိုက်ကျွေးလို့ရပါရဲ့။
      ကွေသယိုသုပ်က ဆန်ခေါက်ဆွဲပြားသုပ်ကို ခေါ်တာပါ။ ယိုးဒယားသုပ်ဆိုတော့ ချဉ်၊ငံ၊စပ်ကို အရသာ ခပ်ပြင်းပြင်းပေါ့။ သူတို့ တိုင်းပြည်ထွက် ငရုတ်ဆီနဲ့ သုပ်တာဖြစ်ပါတယ်။
      အချိုမှုန့်နဲနဲ ကဲ သလိုရှိလို့ မကြိုက်ပါ။ :kwi:

      ဟုတ်ပါတယ်။ ဒါကတော့ အိမ်တိုင်းလိုလို စားဖြစ်တဲ့ အိမ်ဖြစ် လက်ဖြစ် အစစ်ပါ။ အိမ်ကို သတိယလို့ စားဖြစ်တာပါ။

  • ဗုံဗုံ

    December 27, 2012 at 1:55 pm

    မမခိုင်ဇာ ပြင်ထားတာတွေ အများကြီး ဘယ်နှစ်ယောက်စာလဲဟင် ကြက်ဥလေးတွေ ဒီအတိုင်းစားချင်တယ်
    ကြုံရင်သုပ်ကျွေးနော် နည်းလေးလဲမှတ်ထားတယ် 🙂

    • ခိုင်ဇာ

      December 27, 2012 at 2:03 pm

      ကြုံရင် ကျွေးပါမည် ဗုံဗုံ … :hee:

  • koaung

    December 27, 2012 at 2:58 pm

    \မြန်မာခေါက်ဆွဲသုက် ဒီမှာလည်းရောင်းတယ် ဆီပါတတ်လို့ မုက်ဟင်းခါးပိုစားဖြစ်တယ် အသုက်စားရင် ရခိုင်မုတ်တီသုက် မှကြိုက်ပါ၏ အသုက်စားရင်
    ထမင်းဖြူနဲနဲရောစားတာပိုကောင်းတယ် ထမင်းကခေါက်ဆွဲသုက်မှာပါတဲ့ ဆီကို စွဲယူစေတာမို့ အစာကြေလွယ်သလို ရေငတ်ပြေတတ်လို့ပါ

    • ခိုင်ဇာ

      December 27, 2012 at 5:41 pm

      ကိုအောင် ရေ၊ ကျနော်က ထမင်းနဲ့စားရတာမကြိုက်ပါ။ ဆီတော့ လျှော့ထည့်ဖြစ်တယ်။
      ထမင်းနဲ့စားချင်ရင်တော့ အစုံသုပ် စားချင်စား၊ ဒါမှမဟုတ် ထမင်းသုပ် သုပ်စားဖြစ်တယ်။

  • awra-cho

    December 27, 2012 at 3:13 pm

    အသုတ်ထက် အနော်က အ အဲအဲ အပြုတ်ပိုကြိုက်တယ်ဗျ ဟီး

    • ခိုင်ဇာ

      December 27, 2012 at 5:41 pm

      လူတစ်ကိုယ် အကြိုက်တစ်မျိုးစီပေါ့လေ။
      :harr:

  • MaMa

    December 27, 2012 at 3:25 pm

    ငယ်ငယ်က စားဖူးလို့ လျှာစွဲနေတယ်ပဲ ပြောမလား။
    ရန်ကုန်သုပ်ထက် ကိုယ့်ဇာတိ မြစ်ဝကျွန်းပေါ်က အသုပ်ကို ကြိုက်တယ်။
    မကျီးနှစ်နဲ့ ငံပြာရည်နဲ့ ရိုးရိုးရှင်းရှင်း သုပ်ထားတာ ကောင်းမှ ကောင်း။ :kwi:

    • ခိုင်ဇာ

      December 27, 2012 at 5:42 pm

      မမရေ၊ မြစ်ဝကျွန်းပေါ်ဘက်က ပဲမှုန့်မထည့်ဘူးနော့။
      ကျနော့အဖိုးက ကျိုက်လတ် ဇာတိမို့ သူ့အတွက်ဆို ပဲမှုန့်ပါလို့ မကြိုက်တတ်တာ မှတ်မိနေတယ်။
      ကြိုက်တတ်ရင် မုန့်ဟင်းခါးဖတ်ကို ငါးမွှေဟင်းလေးနဲ့သုပ်စားလို့ ကောင်းပါတယ်။
      :kwi:

  • Mr. MarGa

    December 27, 2012 at 6:48 pm

    သုပ်ပြီးသားပုံလေး တော့ မတင်ပါလားကွယ်
    ပိုပြီး သွားရည်ကျရအောင်
    ဦးမာဃတော့
    အားကျမခံ မနက်ကျ သွားစားဖို့ပြင်ထားပါကြောင်း
    :kwi:

    • ခိုင်ဇာ

      December 27, 2012 at 6:53 pm

      ဟီး။ အမှန်က ဓာတ်ပုံရိုက်ဖို့ကို သတိမရတာ။
      အတူနေ ညီမလေးရိုက်ထားတာကို စာရေးမယ်လို့ သတိရမှ တောင်းလိုက်မိလို့ပါ။ :kwi:

      သွားပါ။ သွားနိုင်တဲ့သူများ သွားစားကြပါ။ (သူ့နတ်သမီးတွေက မနက်စာလေးကို စီစဉ်မပေးနိုင်ဘူးထင်၏)

      • Mr. MarGa

        December 27, 2012 at 7:05 pm

        တစ်ခါတစ်လေ
        နတ်သုဒ္ဒါ စားရတာ ငြီးငွေ့တော့ အဲလို ထွက် စားတတ်သဗျ
        :kwi:

  • မောင်ပေ

    December 27, 2012 at 7:28 pm

    အိုခေ
    ခိုင်ကြီးလက်ရာ တစ်ပွဲ အားပေးသွားပြီနော

    • ခိုင်ဇာ

      December 27, 2012 at 7:33 pm

      ကပေ့ အားပေးမှုကို ကျးဇူးတင်ပါတယ်နော ။
      :harr:

  • ကျုပ်လည်း …
    မိန်းမ ရတဲ့အခါ …
    ဒီလိုမျိုး သုတ်ကျွေးဖို့ ပြောရမယ် ..
    :kwi:
    လောလောဆယ်တော့ …
    ကိုယ့်ဟာကိုယ်ဘဲ သုတ်စားတွားဒယ် …

    • ခိုင်ဇာ

      December 27, 2012 at 9:50 pm

      မိန်းမရရင်တော့ ကောင်းကောင်းလေး စံနစ်တကျလေး ချက်ကျွေးခိုင်းပါအေ။
      ကျုပ်က တကိုယ်ရည်သမားတွေအတွက်လိုမျိုး အလွယ်နည်းရေးထားပါ။

      :harr:

  • mashwetote

    December 27, 2012 at 10:33 pm

    ဗိုက်ဆာဒယ်!! 🙁 သုပ်ပြီးသားပုံလေးတော့ မတင်ပေးဘူး။ အဲဒီနေ့က မခိုင်ဇာဗိုက်ဆာလွန်းလို့ ဓာတ်ပုံမရိုက်ခင် တစ်ပန်းကန်လုံး ဗိုက်ထဲရောက်သွားတာပဲဖြစ်ရမယ်။ :kwi:

    • ခိုင်ဇာ

      December 27, 2012 at 10:35 pm

      အစစ်ပဲ။. :kwi:

  • Shwe Phyu

    December 28, 2012 at 5:52 am

    အစားကောင်းအသောက်ကောင်းသည်ရွှေဖြူနှင့်တဲ့၏ …း)
    ပဲပင်ပေါက်ပြုတ်လေးနဲနဲထဲ့သုပ်ရင်ကောင်းမလားလို့…..

    • MaMa

      December 28, 2012 at 6:51 am

      ကောင်းလိုက်တဲ့ စကားလေး အလွတ်ကျက်ထားရမယ်။
      အစားကောင်း အသောက်ကောင်းသည် မမ နှင့် တည့်၏ :harr:

    • ခိုင်ဇာ

      December 28, 2012 at 7:42 am

      ရွှေဖြူ စကား မှတ်ထားရဦးမယ်။ :harr:

      ပဲပင်ပေါက်ပြုတ်သာမက ကြိုက်တတ်ရင်၊ ရှိရင် ပဲတောင့်ရှည်ကို ပြုတ် သေးသေးလေးတွေ ညှပ်၍သော်လည်းကောင်း၊ ဂေါ်ဖီထုတ်ကို ပါးပါးလှီး၍သော်လည်းကောင်း ထည့်စားနိုင်ပါ၏။
      ဒီဟာကတော့ မရှိ၊ရှိတာ သုပ်ရတာမို့။ :mrgreen:

  • Mobile

    December 29, 2012 at 12:01 pm

    ကိုင်စရာရေ ဆောရီး မှားသွားလို့ပါ ခိုင်ဇာရေ မှတ်ထားလိုက်ပါတယ်
    မိန်းမရဒဲ့အခါ လုပ်ခိုင်းပြီး စားကြည့်ရအောင်လို့ပါ။ ကိုယ်ဒိုင်ကိုယ်ကျကတော့
    အပျင်းကြီးပြီး အပြင်မှာပဲစားနေရလို့ပါ။
    +++++++++++++++++
    မောင်ကျက်သရေဂီး တင်ပြမယ့် ကော်ဖီမစ်ထုတ် ဖျော်သောက်နည်းတို့
    ရယ်ဒီမိတ် ခေါက်ဆွဲထုပ်ပြုတ်စားနည်း တို့ကိုလဲ စောင့်မျှော်အားပေးချင်ပါတယ်။

Leave a Reply