အမွေရဖို့ အမေရိက သွားတဲ့ ခရီး (Story-5)

ကဲ… ဟိုတယ် အခန်းထဲထိအောင် ချောချောချူချူ ရောက်ခဲ့ပါပြီဗျာ။

အမေရိကကို ကောင်းကောင်းမွန်မွန်ရောက်ကြောင်း ဌာနချုပ်ကို သတင်းပို့ရဦးမယ်။ ကျနော့် ပဲ့ကိုင်ရှင် ရှင်မွေးလွန်းက စိတ်ပူတတ်ပါဘိသနဲ့။

ဖုန်းလှမ်းခေါ်ပြီး အကျိုးအကြောင်းပြောအုံးမှ။

.. နေအုံးဗျ။ အမေရိက to မြန်မာကို ဘယ်လိုဖုန်းခေါ်ရမလဲ မသိဝူး။

ဟိုတယ်ကိုပဲ မေးကြည့်တော့မယ်ဗျာ။

ဖုန်းခေါ်ဆိုတဲ့ မူဗီလေး

*** XXX *** +++***

ဖုန်းခေါ်ဆိုမေးမြန်းပုံ

..

Operator:    How may I help you?

ဘာများ ကူညီပေးရမလဲရှင်။

Alex:      I’d like to make an international call, please.

နိုင်ငံတကာ ဖုန်းခေါ်ချင်လို့ပါ ခင်ဗျာ။

Operator:    You can dial directly from your room if you like.

လူကြီးမင်းရဲ့ အခန်းမှ တိုက်ရိုက်ခေါ်ဆိုနိုင်ပါတယ်ရှင်။

Alex:         I’m sorry, I don’t understand what to do.

ဝမ်းနည်းပါတယ်ဗျာ၊ ဘာလုပ်ရမလဲ နားမလည်လို့ပါ။

Operator:     Just hang up, then dial 011, your country and city codes, and your number.

ဖုန်းခွက်ကို ကိုင်ပြီး၊ ဝ၁၁ ခံပြီး လူကြီးမင်းရဲ့ နိုင်ငံနှင့်မြို့ ကုတ်နံပါတ် ပြီးတော့ ခေါ်ဆိုမယ့် ဖုန်းနံပါတ်ကို နှိပ်ပါရှင်။

Alex:         O.K. Thanks for your help.

အိုကေ၊ ခုလို ကူညီတာ ကျေးဇူးပါ။

Operator:    You’re welcome. Would you like to charge the call to your room or pay with a credit card?

ရပါတယ်ရှင်။ ဖုန်းခေါ်ဆိုခကို အခန်းမှာပေးမလား၊ ခရက်ဒစ်ကဒ်နဲ့ ရှင်းမှာပါလား။

Alex:       To my room.

အခန်းမှာပါ။

Operator:    All right. I’ll take care of it for you.

ကောင်းပါပြီ။ ကျွန်မ စီစဉ်လိုက်ပါမယ်ရှင်။

Operator:     Have a nice evening.

ကောင်းသော ညနေခင်းပါရှင်။

*** XXX *** +++***

နောက်ဆက်တွဲ ထပ်မံ လေ့လာစရာ

..

– Hello, May I speak to Mrs. Williams.

ဟလို၊ မစ္စဝီလျံနဲ့ ပြောချင်လို့ပါ။

– Yes. May I know who’s speaking, please?

ဟုတ်ကဲ့၊ ခုပြောတာ ဘယ်သူပါလဲ။

– My name is Tom Hayes.

တွမ်ဟေးရပ်စ်ပါ။

– One moment please, Mr. Hayes.

ခဏစောင့်ပါ မစ္စတာဟေးရပ်စ်.

– I’m sorry. She’s out to lunch. Could you call back at one thirty?

ဝမ်းနည်းပါတယ်။ သူ နေ့လည်စာထွက်စားပါတယ်။ တစ်နာရီခွဲမှာ ပြန်ခေါ်လိုက်ပါလားဗျာ။

– I’m afraid that she’s on a meeting.

သူက အစည်းအဝေးလုပ်နေပါတယ်ခင်ဗျာ။

– Would you like to leave a message?

သတင်းစကား ထားခဲ့မလား

– All right. Thank you.

ကောင်းပါပြီ၊ ကျေးဇူးပါပဲ။

– Hello, is Mr. Kai there, please?

ဟလို၊ မစ္စတာခိုင် ရှိပါသလားခင်ဗျာ။

– What number do you want?

ဘယ်နံပါတ်ကို ခေါ်တာပါလဲ။

– 786786.

– This is 678678.

ဒါက 678678 ကို ရောက်နေပါတယ်။

– I’m sorry. I dialed the wrong number.

ဝမ်းနည်းပါတယ်ဗျာ။ ကျွန်တော် နံပါတ်မှား ခေါ်မိပြီ။

– I tried calling you last night, but I couldn’t get through to you.

ညက ခင်ဗျားဆီ ဖုန်းဆက်ဖို့ ကျွန်တော်ကြိုစားတာ ဆက်လို့မရဘူး။

– I kept getting a busy signal.

ဖုန်းလိုင်းမအားတဲ့ အသံပဲ ကြားနေရတယ်။

–  His line is always busy.

သူ့လိုင်းက အမြဲမအားဘူး။

– Please try to get through to the Sofitel Plaza for me.

Sofitel Plaza  နဲ့ ဖုန်းပြောဖို့ လိုင်းချိတ်ပေးပါခင်ဗျာ။

–          I will see if he’s in the office.

သူ ရုံးထဲမှာ ရှိလားလို့ ကြည့်လိုက်ပါဦးမယ်။

–          He’s on another line. Will you hold?

သူဖုန်းပြောနေပါတယ်။ ခဏ ကိုင်ထားပါ။

–          Would you care to hold?

ခဏ စောင့်ပေးပါခင်ဗျာ။

… xxxx … XXX … xxxx …

ဗဟုသုတ တိုးပွားကြပါစေ..။

10 comments

  • မင်းနန္ဓာ

    December 27, 2012 at 3:12 pm

    ဟီး.. :harr:
    video ထည့်တာ ခုထိ အဆင်မပြေသေးပါလား
    ဗဂျီးရေ မူဗီပေါ်အောင် လုပ်ပေးပါအုံးဂျ
    ..
    မောင့်ဂီကလည်း စမ်းကြည့်ပြီး အကြောင်းပြန်မယ်ပြောထားပီးမေ့နေဘီ ထင်ပ
    အူးအံဇာတုံး.. ရော ပို့စ်တပို့စ်လောက် ရေးတင်ပါအုံးလား…

    • kai

      December 27, 2012 at 3:26 pm

      html tag ထဲမလုပ်ပဲ.. text ထဲ..ကုဒ်တွေကူးထည့်မှရမှာပါ..
      ပြင်ပေးလိုက်ပါကြောင်း..

  • MaMa

    December 27, 2012 at 5:18 pm

    မင်းနန္ဓာရေ-
    ဟိုတယ်ရောက်တဲ့အထိတော့ လိုက်ကျက်နေပါတယ်။
    တကယ်အသုံးချရမယ့်အခါကျရင်တော့….
    (ဟဲလို-အိပ်စကျူ့မီ။ ဘယ်လိုပြောရမှန်း မသိလို့ ကူညီပါအုံး … )လို့ များ ပြောဖြစ်မလား မသိဘူး။ :harr:

    • မင်းနန္ဓာ

      December 27, 2012 at 7:00 pm

      ဟုတ်ကဲ့ပါ မမရေ
      အရေးကြုံရင် သက်လုံကောင်းအောင် တစ်ခေါက်လောက် ဖတ်မိတယ်ဆိုရင်ပဲ
      အင်း ဒီလို ပြောရတာကိုး ပေါ့.. 🙂

  • မောင်ပေ

    December 27, 2012 at 7:32 pm

    ဟာဂျီဆပ်အဒူလမွတ်ကိုခိုင့် ဖုန်းနံပါတ်က လန်းတယ်နော်
    ဟီဟိ
    ရွာစားလက်သံမှန်တယ်ဗျို ့

    • မင်းနန္ဓာ

      December 27, 2012 at 8:32 pm

      ဟီး :harr:
      ပြောမှ ပြောပါ့မလားလို့.. ခွိေွိ
      မှတ်ထားနော်.. အမေဓိကားရောက်ရင် ဥခိုင်ကို ခေါ်လို့ရမယ့် နံပါတ် (ချစ်လို့ကြည်စယ် ဗဂျီးရယ် စိတ်ဆိုရဘူးကွယ်)

      • kai

        December 28, 2012 at 5:34 am

        ၈၈၈ဂဏန်းပါတာတို့.. ၇၈၆ပါတာတို့များ.. လွယ်လွယ်ရမယ်မှတ်နေသလားမသိ…
        ဒေါ်လှထောင်ချီပိုပေးရတာ..။
        အာဟိ..အာဟိ..။

        • မင်းနန္ဓာ

          December 28, 2012 at 11:36 am

          ဗတို့ဆီမှာလည်း သားတို့ ဆသရ လို
          လေလံ ပစ်တာပဲလားဟင်
          လေလံအောင်တဲ့သူ iPhone5 ပေးလား?
          :hee:

  • Mobile

    December 29, 2012 at 11:15 am

    ကိုမင်းနံဒါရေ အားပေးသွားတယ်ခင်ဗျ။
    ကူးယူထားလိုက်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။

  • ရွှေ ကြည်

    December 29, 2012 at 2:46 pm

    ကိုမင်းနန္ဓာရေ ဆက်လက်ချီတက်ပါကုန်

Leave a Reply