ခွန်အား

သုရွင္December 27, 20121min893

ခွန်အား

 

မနေအနားရုန်းကန်နေရ

နေ့စဉ်ဖြတ်သန်းတဲ့ ခက်ခဲမှုဘဝတွေ

သူ့အကျိုး ကိုယ့်အကျိုးနဲ ့

အမှားနဲ့အမှန်ကို ရေတွက်

အားအင်တွေကိုလောင်စာထိုး

နံနက်မိုးလင်းတိုင်း..အလုပ်က ဆင့်ခေါ်ခြင်းခံနေရပေါ့။

 

ရှေ  ့ကိုတစ်လှမ်းတိုးဖို့

အပေါ်ကိုတစ်ထစ်တက်ဖို့

ကဆုန်စိုင်းပြီးရင်းနှီးထားရတဲ့

တန်ဖိုးဖြတ်ခံခွန်အားတွေ..

ငါတို့ရဲ့အနုပျိုမှုတွေကို တိုက်စားနှစ်မြ ှုပ်

တစ်ရက်ထက်တစ်ရက်နီးနီးလာတဲ့..

ငါတို့ လျစ်လျူရှုထားရာ..နေရာတစ်ခုခု ဆီကို…။

 

                                                                           သုရှင်

 

 

 

3 comments

  • ခိုင်ဇာ

    December 27, 2012 at 5:56 pm

    အဓိပ္ပာယ်ရော၊ စကားလုံးရော ကောင်းလိုက်တဲ့ ကဗျာလေးပါလား။
    ဖတ်ရတာ နားလည်လို့ ထင်တယ်။
    ကြိုက်၏။
    လျစ်လျူရှုနေရတာ အဲ့ဒီ တစ်နေ့ နဲ့ ကိုယ်မသိတဲ့ လားရာ တစ်နေရာ။

  • မောင်ပေ

    December 27, 2012 at 8:01 pm

    ခွန်အား
    ထွန်နွား
    စွန်ထွား
    ချွန်ဓါး
    လွန်သွား
    ဖွန်နား

  • mamanoyar

    January 1, 2013 at 3:17 pm

    ကဗျာလေးလာဖတ်သွားတယ်နော်
    လိုရင်းတိုရှင်း အဓိပ္ပာယ်ရှိတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ

Leave a Reply