ချစ်ရတဲ့ ဒုက္ခ

ဇီဇီDecember 28, 20121min46950

ကိုယ့်ထက် အသက်အများကြီး ငယ်တဲ့သူကို ချစ်ရတာများ အင်မတန် ဒုက္ခရောက်တယ်။

 

သူပြောနေတုန်း စကားလေးဖြတ်ပြောမိရင် မျက်စောင်းက အရင်။

 

နဲနဲလေးများ စိတ်တိုင်းမကျဘူးဆို မျက်နှာထားက တစ်မျိုး။

 

သူ့ပြောတာကို လက်သင့်မခံနိုင်ဘူးပြောမိတာနဲ့ စကားမပြောတော့ဘူး။

 

အလုပ်တကယ်ရှုပ်လို့ မအားဘူးပြောလိုက်မိတာနဲ့ မခေါ်တော့ဘူးရယ်။

 

မက်ဆေ့ပြန်တာများ နောက်ကျမိလို့ကတော့ ဘုတောတဲ့ စကားလုံးတွေ အဆက်မပြတ်ပစ်လွှတ်ပြီသာမှတ်။

 

ဖုန်းတစ်ခါလောက် မကိုင်မိတာနဲ့ စွပ်စွဲလို့မပြီးဘူး။

 

သူ့အဝတ်အစားနဲ့သူ့ကို မလိုက်ဘူးပြောမိရင် “မုန်းတယ်” ဆိုတဲ့စကား အခါ တစ်ရာလောက်ပြောတယ်။

 

သူသွားချင်တဲ့လမ်းကို တားမိရင် ကိုယ့် သွားလာခွင့် တစ်ပတ်လောက်အပိတ်ခံရတယ်။

 

သူ့ သူငယ်ချင်းတွေကို မကောင်းပြောမိရင် ကိုယ့်သူငယ်ချင်းတွေရှေ့ ကိုယ့်အရှက်ကွဲအောင် ကြံစည်ရော။

 

သူ့ဖုန်းကိုသာ အထိမခံတာ ကိုယ့် ဖုန်း လစ်(စ) ထဲက လူတွေရဲ့ ဘိုင်အိုဂရပ်ဖီကိုကျ ရွတ်ပြနေရတာ။

 

သူ အွန်လိုင်းတက်လာလို့ ကိုယ့် ချက်တင်က မီးစိမ်းလင်းနေတာကို တွေ့လို့ကတော့ အဲ့ဒီနေ့ ဖြေရှင်းစကား ရိုက်ရတာနဲ့ လက်အံသေသွားမယ်။

 

ဘယ်တော့မဆို ကိုယ်နဲ့ယှဉ်ရင် အမြဲ ငယ်နေမဲ့ အသက်ကလေး ဘန်းပြပြီး ဒီလိုတွေ အနိုင်ယူတာတော့ မကောင်းဘူးကွယ်။     :gee:

 

50 comments

    • ခိုင်ဇာ

      December 28, 2012 at 11:06 am

      ကိုယ့် နှလုံးသား……….. ဒီငရုတ်သီးလေး စားမိသလို…
      ရင်ထဲ ပူပြီး တကယ်စပ်တယ်…
      ဒါပေမဲ့တော့ ရှောင်ဖို့ခက်! ရှောင်ဖို့ခက်! :kwi:

  • မောင့်ကျက်သရေ ဂီ့

    December 28, 2012 at 9:59 am

    တိန် …..
    :byae:

    ကျုပ် ကျိကျိ မြင်ရင်တော့ ပွားဒေါ့မှာဘဲ …
    မှန်တာဒေ သိပ်မပျောရဝူးကွယ့်….

    ခိခိ..
    :kwi:
    စကားမစပ် ..ကျုပ်သိတဲ့ ချစ်ဒုက္ခဆိုတာ
    ဂျမခန္ဒာ ဗျ…
    ဟီဟိ…
    အဆိပ်မိတာလေ…
    အဆိပ်က တခါမိရင် ရလကနေ၉လ ကြာတတ်တယ်…

    :harr:

    • ခိုင်ဇာ

      December 28, 2012 at 11:10 am

      ကျွတ်ကျွတ်ကျွတ်။
      ဂီဂီပြောမှပဲ ကျုပ် ကိုကိုကြီး ကို ၉ လလွယ်ပုံကြီးမြင်ယောင်လာတယ်။
      ခေါင်းစဉ်ပြင်လိုက်ပြီကွယ်။

      ကိုယ့် ကျိကျိ ကိစ္စတော့ ကွကိုယ်ရှင်းကွယ်။
      တရားခံမရှာနဲ့။ :harr:

      • မောင့်ကျက်သရေ ဂီ့

        December 28, 2012 at 11:45 am

        ဟိ ဂွင်ဝင်တုန်း ကြွားလိုက်အုံးမယ်…
        ကျိကျိ သည်ညနေ တိုကီယိုကနေ အိုဆာကာ သွားမယ်တဲ့ …
        နက်ဖန်မနက် ကျည်ဆံရထား နဲ့ … နဂိုယွာ ကခွာပီး
        အိုဆာကာ သွားဖို့ ..အခုကတည်းက ဖလန်းဖလန်း ဖစ်နေပါဘီကွီ……

        :528:

        • ခိုင်ဇာ

          December 28, 2012 at 11:47 am

          ဂီဂီ ငကြွား။
          ပြန်လာရင် ရိုက်လာတဲ့ ဓာတ်ပုံလေးတွေ ရှယ်ဦးနော်။

          ဟက်(ဖ) အ နိုင်း(စ) ထရစ်။

          ပလေး ဆေ့(ဖ)။ ခွိခွိ။ :kwi:

  • Shwe Phyu

    December 28, 2012 at 10:04 am

    ခိုင်ဇာရေ…
    ကိုယ်ကမင်းကိုမိန်းခလေးလို့ထင်တာ… Anyway..ကိုယ့်ရဲ့ Idea တွေကတော့

    မိန်းခလေးဖြစ်ခဲ့ရင်…
    အသက်ကြီးတဲ့ယောက်ကျား က Of course မင်းကိုအလိုလိုက်ရမှာပေါ့..မင်းနွဲ့ဆိုးဆိုးတဲ့ဟာတွေကိုလည်းလိုက်ရောရမယ် (as a benefit of loving/accepting an older guy)..ဒါပေမယ့် Mutual respect ကိုထိခိုက်နိုင်မယ့်ဟာတော့နဲနဲရှောင်လိုက်ပေါ့..

    ယောက်ကျားကြီးဖြစ်ခဲ့ရင်….
    ကိုယ့်ထက်ငယ်တဲ့ကောင်မလေးရဲ့အချစ်ကိုရထားတဲ့ ဘဲကြီးတစ်ယောက်အနေနဲ့ကောင်မလေးကိုတော့အလိုလိုက်ရမယ့် ဒါပေမယ့်ပြားပြားဝပ်မယ့်အဖြစ်တော့မရောက်စေနဲ့..ကောင်မလေးအရှေ့မှာ Everything yes, whatever you do is good ဖြစ်ပြီးတော့ နောက်ကွယ်မှာ အိမ်ကဟင်းကိုငြိမ်းငွေ့လို့ဆိုင်ကဒီနေဝယ်စားလိုက်တာမျိုးတော့မဖြစ်စေနဲ့…အပါ်မှာပြောသလို Mutual respect ကို ထိခိုက်လို့ရှိရင်ပွင့်ပွင့်လင်းလင်းရှင်းတာပိုကောင်းတယ်…

    • MaMa

      December 28, 2012 at 10:19 am

      အဲ-
      ကြည့်ရတာ လွဲနေပြီ။
      လွဲလွဲလေးပဲ ကောင်းပါတယ်။
      တမျိးစီ သိရတာပေ့ါ။ :kwi:

    • ခိုင်ဇာ

      December 28, 2012 at 11:05 am

      ရွှေဖြူ မလွဲပါဘူး။ အဲ။
      မလွဲပါဘူးဆိုတာ မိန်းခလေးလို့ထင်တာမလွဲဘူးလို့ပါ။
      ဒီစာက မိတ်ဆွေ အစ်ကိုကြီးတစ်ယောက် ရင်ဖွင့်စကားကို စာစဉ်ထားတာ။ ဖေ့ဘုတ်တင်ရင် သူ့ စကားတွေ ဖွတယ် ဆို ပြောမစိုး
      လို့ ဒီမှာ ဖွ (အဲ) တင် ရတာပါ။
      ဘာပဲဖြစ်ဖြစ် ရွှေဖြူ အမြင်လေးပြောသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ် :hee:

      • ရွှေ ကြည်

        December 29, 2012 at 2:03 pm

        ဟိ ဟိ မခိုင်ဇာရေ လွဲလွဲလေးပဲပေါ့

        • ခိုင်ဇာ

          December 29, 2012 at 2:19 pm

          လွဲနေတာ။
          ရွှေကြည်လေး သိတဲ့ အတိုင်း ရွာထဲ ဝင်ကတည်း လွဲလွဲလေးဖြစ်နေတာ။

          :kwi:

  • ဗုံဗုံ

    December 28, 2012 at 10:13 am

    ကိုယ့်ထက်ငယ်တာများ မမခိုင်ဇာရယ် ပြောမရ ခေါင်းခေါက်ပစ်လိုက် မိဗုံသာဆို အဲ့လိုလုပ်မှာ :harr:

    • ခိုင်ဇာ

      December 28, 2012 at 11:03 am

      ဗုံဗုံ စိတ်လျှော့ပါကွယ်။ ပြောရတာလွယ်ပေမဲ့ ချစ်တဲ့သူဆိုရင်တော့………. :mrgreen:

  • ခင်ခ

    December 28, 2012 at 10:37 am

    မိဗုံကို တစ်ခုမေးရမလိုဖြစ်ပြီ မိဗုံက အရပ်ရှည်သလားဟင်? ခေါင်းခေါက်မယ်ဆိုလို့ပါ။

    • ဗုံဗုံ

      December 28, 2012 at 10:51 am

      လေးခ မိဗုံက အရပ်ငါးပေနဲ့ ငါးလက်မတောင်ရှိတာ ဟိုက်ဟီးလ် များစီးထားရင် တော်ရုံယောက်ကျားလေး အနားတောင်မကပ်ရဲဘူးတော့ အဲ့ဒါကြောင့် အခုချိန်ထိ စစ်ကိုင်းချောင်ကို မျက်စောင်းထိုးနေရတာလေ :harr:

  • P chogyi

    December 28, 2012 at 10:46 am

    အဲဒါများ လွယ်လွယ်လေး
    အသက် ၆ဝ ကျော် စကားများများမပြောနိုင်
    စကားပြောရင်လေမဆက်နိုင်တော့တဲ့အရွယ်
    ရှာထားလိုက် အဲဒီ ပြသနာတွေအေးသွားမယ်။

    • ခိုင်ဇာ

      December 28, 2012 at 11:11 am

      ဟုတ်။ အဲဒီ အကြံပေးလိုက်ပါ့မယ်။

  • Mr. MarGa

    December 28, 2012 at 11:24 am

    ညီမလေးဆိုတော့လဲ ညီမလေးမို့
    အစ်မကြီး ဆိုတော့လဲ အစ်မကြီးမို့
    ရွယ်တူ ကျပြန်တော့လဲ ရွယ်တူမို့
    အပြောကို လွတ်မယ် မထင်
    :kwi:

    • ခိုင်ဇာ

      December 28, 2012 at 11:54 am

      ဦးမာဃကြီးဆို အဲလို ပြောချင်လွန်းလို့ အရွယ်စုံ ရှာထားတယ်လား။ :kwi:

      • Mr. MarGa

        December 29, 2012 at 8:21 pm

        မှန်ဘ :hee:

  • koaung

    December 28, 2012 at 11:42 am

    ချစ်ဘူးတယ် ချစ်ဘူးတယ် ကိုုယ်မလွယ်ဘူး ရူးနိုုင်တယ် (ချစ်ကောင်းသီချင်းပါ)ခီဗျ. :mrgreen:

    • ခိုင်ဇာ

      December 28, 2012 at 11:49 am

      ဟိ!! ဒီဒုက္ခ မခံရသေးတဲ့ သူတွေက သီချင်းဆိုနိုင်တာပေါ့။
      ဟိုမှာ ငိုတော့မယ်။ :mrgreen:

      • Mon Kit

        December 28, 2012 at 12:00 pm

        ချစ်ရင် ဘာဘဲ ဖစ်ဖစ် အလိုလိုုက်ရမှာပေါ့ နော့.
        သူလေးကလည်း ချစ်လို့ နွဲ့ဆိုး ဆိုးနေတာဟာကို..
        ကျေနပ်ပစ်လိုက်စမ်းဘာ…. :harr:

        • ခိုင်ဇာ

          December 28, 2012 at 12:04 pm

          ကျေနပ်ပါဒယ် မွန်ကစ်လေးရယ်။ :harr:

    • myanmarcitizen

      December 28, 2012 at 4:20 pm

      ရီးစားလေးထားရတာလဲ … ဇီးပြားလေးစားရသလိုပဲ …… :mrgreen:

  • Foreign Resident

    December 28, 2012 at 1:00 pm

    အဲလောက်တော့ အလိုမလိုက်နိုင်ပါဘူးကွယ် ။
    သူ့ဟာ လွန်လွန်းတယ် ။

    • ခိုင်ဇာ

      December 28, 2012 at 1:05 pm

      ဪ ။ ဘဖောရယ်။
      တစ်ချို့ကကျ ချစ်တတ်လွန်းကြတယ် ထင်ပါရဲ့။ ဟိဟိ။ :kwi:

  • myanmarcitizen

    December 28, 2012 at 2:38 pm

    ချစ်နည်းပေါင်း တစ်ရာ၊ လိမ်နည်းပေါင်း တစ်ေထောင်၊ ဖောနည်းပေါင်း တစ်သောင်း … သင်တန်း မကြာမှီဖွင့်ပါတော့မည်။
    နှစ်ပေါင်းများစွာ ဆရာဗားမားCitizen ကိုယ်တိုင် ဒုက္ခခံကာ ကို်ယ့်တွေ့၊ နှဖူးတွေ့ ဒူးတွေ့၊ အသဲကွဲ၊ စုတ်
    ပြတ်သတ်၊ ဗိုက်ခေါက်ပြတ်ထွက်၊ နှရင်းရိုက်ခံထိ၊ ပိုးစိုးပက်စက်အပြောခံ၊ ထမင်းချိုင့်နှင့်ကောက်ပေါက်၊ ပတ်
    ပြေး၊ လူးလိမ့်ခံ၊ ခန ခနရစ်၊ နဲနဲလေးနောက်ကျ သောင်းကျန်း၊ ဘီယာသောက် မူး တွဲပို့၊ ဟိုလိုက်ပို့ ဒီလိုက်
    ပို့၊ အကောင်းမပြော၊ သူ့အမှား ရူးချင်ယောင်ဆောင် စသည့် နှဖူးကွဲ ဒူးပြဲ ခဲ့သည့် အတွေ့အကြုံများနှင့်
    ပေါင်းစပ်ကာ ကိုယ်ဖိ ရင်ဖိ လက်ထပ် သင်ကြားပေးမည်။
    မှတ်ချက်။ ။ မမ နှင့် မောင်လေး စသော စသော အတွဲများ အတွက်အထူး သင့်တော်သော သင်တန်းဖြစ်ပါသည်။ :mrgreen:

    • ခိုင်ဇာ

      December 28, 2012 at 2:44 pm

      “””””ကို်ယ့်တွေ့၊ နှဖူးတွေ့ ဒူးတွေ့၊ အသဲကွဲ၊ စုတ်
      ပြတ်သတ်၊ ဗိုက်ခေါက်ပြတ်ထွက်၊ နှရင်းရိုက်ခံထိ၊ ပိုးစိုးပက်စက်အပြောခံ၊ ထမင်းချိုင့်နှင့်ကောက်ပေါက်၊ ပတ်
      ပြေး၊ လူးလိမ့်ခံ၊ ခန ခနရစ်၊ နဲနဲလေးနောက်ကျ သောင်းကျန်း၊ ဘီယာသောက် မူး တွဲပို့၊ ဟိုလိုက်ပို့ ဒီလိုက်
      ပို့၊ အကောင်းမပြော၊ သူ့အမှား ရူးချင်ယောင်ဆောင် “”””

      အဲ့လိုတွေ ဒုက္ခခံရအောင်ပေးမဲ့ သင်တန်းလား။ အဲ့လို ဒုက္ခမရောက်အောင်ပေးမဲ့သင်တန်းလားဟင်။

      ဒါလေး ကူးထားတယ်နော်။ ကိုယ့်ထက်ကြီးတဲ့ဒုက္ခရှိမှန်းသိအောင် ပြလိုက်မယ်။

      ဒုက္ခ။ ဒုက္ခ။ :mrgreen:

      • myanmarcitizen

        December 28, 2012 at 3:20 pm

        “အဲ့လိုတွေ ဒုက္ခခံရအောင်ပေးမဲ့ သင်တန်းလား။ အဲ့လို ဒုက္ခမရောက်အောင်ပေးမဲ့သင်တန်းလားဟင်။ ”

        တက်ကြည့်လိုက် မှပဲသိတော့မှာပေါ့ ကွယ် .. 🙂

  • မင်းနန္ဓာ

    December 28, 2012 at 3:23 pm

    ချစ်လွန်းလို့ ဖြစ်သွားတာပါ..
    စိတ်ဆိုးပြီး နာကျည်းသွားလား…
    ကိုယ်လုပ်သမျှဟာ စိတ်လိုက်မာန်ပါ
    အို ချစ်မိတဲ့ အပြစ်ပါ…
    အချစ်လေး… ကိုယ်ဟာ လူကြမ်းလေးပါ…
    အချစ်ရေ့.. ကိုယ်ဟာ လူကြမ်းလေး…ပါ..
    :kwi:

    • ခိုင်ဇာ

      December 28, 2012 at 3:25 pm

      အဲဗျ။ ဒီနေ့ ကို ရွာစားကျော် ရဲ့ သီချင်းဆိုသံ ကြားရတာ နှစ်ပုဒ်ရှိပါပေါ့။ :kwi:

    • ခိုင်ဇာ

      December 28, 2012 at 4:13 pm

      ဒါဟာ ချိုမြိန်ဖွယ် ဒုက္ခလို့ သိလိုက်ရတော့၊
      ရင်မှာ ချိုမြိန်အဆိပ်တက်နေတုန်း…….

      ချစ်လွန်းခဲ့တော့ကွယ် အရှုံးပဲတွေ့ရတယ်…..
      ချစ်လွန်းခဲ့သမျှ အရှုံးများတုန့်ပြန်တယ်…..

      :kwi:

  • Green Rose

    December 28, 2012 at 5:06 pm

    ဘယ်တော့မဆို ကိုယ်နဲ့ယှဉ်ရင် အမြဲ ငယ်နေမဲ့ အသက်ကလေး ဘန်းပြပြီး ဒီလိုတွေ အနိုင်ယူတာတော့ မကောင်းဘူးကွယ်။
    ဟုတ်လား…….
    ဘယ်တော့မဆို ကိုယ့်ထက် အမြဲကြီးနေမယ့် အသက်ကို ညွှန်းညွှန်းပြီး ရိုသေဖို့၊ ပြောစကားနားထောင်ဖို့၊ အမြဲတမ်းချစ်တယ်ဆိုတာထက် ဆုံးမစကားတွေပဲပြောပြောနေတတ်တဲ့ အသက်ကြီးတဲ့ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ရတဲ့ ဒုက္ခတွေကိုရော… မသိလေလျော့သလားကွယ်….
    ချစ်သူချင်းချင်း စိတ်ဆိုး စိတ်ကောက်ဖို့တောင် အဲဒီ့အသက်ကြီးတာကို အားနာနာပြီး သူများရှက်သွားလေမလားလို့ ပြန်ပြန်မျိုချရတဲ့ ဒေါသတွေများ.. ပြန်အန်ပစ်လိုက်ရင် ကမ္ဘာကြီးပျောက်သွားမယ်…. ဟင်း.. :mrgreen:

    • ခိုင်ဇာ

      December 28, 2012 at 5:18 pm

      နှင်းဆီစိမ်းလေးသနားစရာ။
      ၁) အမြဲတမ်းကိုယ့်ကို သူလောက်တော်တယ်မထင်ပဲ ဆုံးမတတ်တဲ့သူ
      ၂) သူ့ ဆုံးဖြတ်ချက်ကပဲ အမှန်ထင်တဲ့သူ
      ၃) ကိုယ်က ကိုယ့်အမှားတွေကို ဟာသအဖြစ်ပြောမိရင် တကယ် အတည် အပြစ်တင်တတ်သူ
      ၄) သူများနဲ့ ရန်ဖြစ်လာပြီလို့ တိုင်တန်းမိရင် ကိုယ်ကို ဘာမှားတုန်းလို့ အရင်မေးတတ်သူ
      ၅) ငိုရင် စိတ်ဓာတ်ပျော့ညံ့တယ်လို့ မှတ်ချက်ပေးပြီး ချော့ဖို့မေ့တတ်သူ
      ၆) ရွယ်တူတွေနဲ့ ရီရီမောမော စကားပြောမိရင် မကြိုက်သူ
      ၇) သူလမ်းပြမှပဲ ကိုယ့်က လမ်းမှန်ကို ရောက်တော့မဲ့အတိုင်း ထင်မှတ်သူ
      ရပ်လိုက်ပြီ။ ဆက်ပြောရင် မျက်ရည်တွေ ဘူးသီးလုံးလောက်ကျလာနိုင်တယ်။
      အဲဒီလိုတွေရော ပါသေးသလားလို့ပါ။ ဟိဟိ :mrgreen: :mrgreen:

  • Silver Twig

    December 28, 2012 at 10:51 pm

    But you sound happy being bullied

    • ခိုင်ဇာ

      December 29, 2012 at 6:16 am

      ဟမ်။ ချစ်စနိုုးလေသံ ဖြစ်သွားလိုု့ လား။. :kwi:

    • ခိုင်ဇာ

      December 29, 2012 at 6:18 am

      ဆိုုးတတ်ရင်တော့ ဆိုုးလိုု့ ရသတဲ့ကွယ်။. :mrgreen:

  • ကိုရင်စည်သူ

    December 29, 2012 at 5:14 pm

    ကိုရင်လည်း အဲ့လိုမျိုးလေးဒွေ ဆိုးချင်လို့
    ကြီးတာ လိုက်ရှာတာ ခုထိတွေ့သေးပါဘူးရယ်.. :mrgreen:
    အူးစည်က ကိုယ့်ထက်ကြီးတဲ့ မိန်းမတွေကို ကြိုက်ဖူး..
    စာဆိုရှိတယ်.. ဒွေးချိုးလေးတိုးဆိုလား..။ :kwi:
    အခုမှ ကိုရင့်အသက်က ၂၂နှစ်နှစ် မပြည့်တပြည့်လေးဖြစ်နေတော့
    ဒွေးချိုး ၁၁နှစ်ကို ၄ တိုးလိုက်ရင် အသက် ၁၅နှစ် အမျိုးသမီးနဲ့မှ
    ကိုယ်နဲ့ အံကိုက်မယ်ထင်ရဲ့..။ :gee:

    • ခိုင်ဇာ

      December 29, 2012 at 5:20 pm

      အဲဒါဆို အသက်မပြည့်သေးဘူးပြောရမယ်။
      တစ်နှစ်လောက်စောင့်ပြီးမှ ချဉ်းကပ်ပါလေ။
      နောက်နှစ်နှစ်လောက် စောင့်ရှောက်ထားပြီးမှ ယူရင်ကောင်းမယ် ထင်၏။

      အဲလာဆို ဖျာရောင်း သွေးဆောင်မှုနဲ့ တရားစွဲခံရတော့ဘူး။ :kwi:

      • ကိုရင်စည်သူ

        December 29, 2012 at 5:27 pm

        ဒီလိုပါကျောင်းအစ်မရ…
        တကယ်သာ ကိုယ့်ထက်ငယ်မယ့်လူကို ချစ်မိရင်လည်း
        ယောက်ျားများ အဲ့လောက်အထိ တွက်ပီး ငယ်ဖို့သင့်ကြောင်းလေးနှင့်
        ကျောင်းအမ.. ကလေးကိုမုန့်ကျွေးကြိုက်လဲ..
        ကလေးဆိုတာ စားရလေဂျီကျတတ်လေဟု ထင်မိကြောင်းလေ.. :mrgreen:

        • ခိုင်ဇာ

          December 29, 2012 at 5:30 pm

          သေချာကြည့်ပါ ကိုရင်ရယ်။
          ဒါ ကျုပ် အကြောင်းမဟုတ်ဘူး ပြောထားပါ၏။
          ကျုပ်က ကျုပ်ထက် အသက်ငယ်ရင် မကြိုက်ပါ။ :harr:

        • မှတ်ထားလိုက်ပြီ …
          :kwi:

          ++++++++

          အဟမ်းးးး
          မကြားဖူးဘူးထင့် … (ခပ်တည်တည်နှင့်)
          ယောက်ကျားမှာ ပုဇင်း … မိန်းမ ပခက်ဒွင်း … ဒဲ့ ….။
          မှတ်ထားဂျကွဲ့ ….။

        • ကိုရင်စည်သူ

          December 29, 2012 at 5:42 pm

          မွှားသွားလို့ဘာ ဂျီးဒေါ်ရယ်..
          ဂျီးဒေါ် ဖီလင်တွေထင်လို့ဘာဗျာ..။ 😳
          စိတ်မချိုးနဲ့နော်..
          တော်ကြာ ကိုရင့်ကို ရေစက်ဆုံလို့တွေ့ရင် မုန့်မကျွေးပဲနေမှာ
          စိုးလို့ပါ… :kwi:

        • ခိုင်ဇာ

          December 29, 2012 at 6:02 pm

          ရေစက်ဆုံရင် တွေ့ကြတာပေါ့ ကိုရင်စည်။

          အံစာတုံး က ဦးပဇင်းကို ပုခက်ထဲက မိန်းမ နဲ့ ပေးစားနေတာလား။

          :harr:

  • မောင်ပေ

    December 29, 2012 at 8:47 pm

    အမှန်ပါပဲ
    မောင်ပေ့ အသက် ဟာ ခိုင်ကြီး ထက် ၂နှစ်လောက် ငယ်ပါတယ်ဗျို ့
    ဟီဟိ

    • ခိုင်ဇာ

      December 29, 2012 at 9:48 pm

      ဟင်။ ခုုမှ သိတယ် မောင်လေးပေ။. :kwi:

  • ဦးကြောင်ကြီး

    January 2, 2013 at 10:58 am

    ဒွတ်ခ
    စွတ်ပြ
    ချွတ်ရ
    ဂွတ်ထ
    ဗွတ်မှ
    သွပ်ကြွ
    မွတ်ရွ
    ဇွတ်ဖွ..။

Leave a Reply