သတိမရဘူး

ဇီဇီDecember 28, 20121min34633

– ကိုယ့်ကို မြင်တိုင်း နှစ်နှစ်ကာကာ ပြုံးတဲ့ မျက်နှာတစ်ခုကို သတိမရဘူး။

– ကိုယ့် အတွက်ဆိုထားတဲ့သီချင်း တစ်ပုဒ်တည်းပါတဲ့ စီဒီလေးကို သတိမရဘူး။

– သူများကို ပြန်ပေးပစ်လိုက်တဲ့ မွေးနေ့လက်ဆောင် ဝက်ဝံရုပ်လေး ကို သတိမရဘူး။

– ငါးနှစ်ခြားပြီးမှ သောက်ခဲ့ဖူးတဲ့ လက်ဖျော်ကော်ဖီနှစ်ခွက်ကို သတိမရဘူး။

– ကိုယ့် ကို ပထမဆုံး ချက်ကျွေးတာပါဆိုတဲ့ ထမင်းဝိုင်းလေးကို သတိမရဘူး။

– သုံးနှစ်ခြားပြီး လက်ဆောင်ရတဲ့ အင်္ကျီနှစ်ထည်ကို သတိမရဘူး။ (မတော်တော့ဘူးကိုး။ ခွိ)

– ဖုန်းမကိုင်လို့ ကိုယ့်နာမည်တွေ ချည်း ဆက်တိုက်ရိုက်ပို့ဖူးတဲ့ မက်ဆေ့ ၈၄ ခုကိုလည်း သတိမရဘူး။

– ကိုယ့်စကားတွေကြောင့် ကျလာတဲ့ မျက်ရည်တွေကိုလည်း သတိမရဘူး။

– ကျားပေါက်ရဲ့ “နီးနီးလေးနဲ့ဝေး” သီချင်းက သူ ဆိုပြနေကျ ဆိုတာလည်း သတိမရဘူး။

– သူ့ ညီ အဆိုတော်လေး သီချင်းတွေ ကြည့်မိတိုင်း သူ့ကို သတိမရဘူး။

 

– ဒီ ဒီဇင်ဘာဟာ စတွေ့တာ ၁ဝ နှစ်ရှိပြီ ဆိုတာလည်း သတိမရဘူး။

– နောက်လထဲ သူ့မွေးနေ့ရှိတယ် ဆိုတာလည်း သတိမရဘူး။

33 comments

  • Nyo Win

    December 28, 2012 at 12:16 pm

    သားရေ..ထတော့..ကျောင်းတက်ဖို့ပြင်တော့ (ဒါပဲ..သတိရတယ်…) ခွိ ခွိ..

  • Mon Kit

    December 28, 2012 at 1:21 pm

    သူသတိယ ရ.. မရ ရပေါ့.. ကိုယ်ကတော့ မေ့လို့မပါဘူး..
    လွှမ်းမိုး သီချင်းလေး ညည်းမိတွားဒယ်… :harr:

    • ခိုင်ဇာ

      December 28, 2012 at 2:53 pm

      ~~~~~အတိတ်တွေက မှုန်ဝါးပေမဲ့
      ငါတို့နှစ်ဦး ဇာတ်လမ်းမှာ တစ်ချို့ နေရာက အကောင်းအတိုင်း ရှိနေဆဲပါပဲ~~~~

      ခုတလော ကိုလေး သီချင်း ဆိုမိနေတယ်။ :harr:

  • ခင်ခ

    December 28, 2012 at 2:26 pm

    ဒီ ဒီဇင်ဘာဟာ စတွေ့တာ ၁ဝ နှစ်ရှိပြီ ဆိုတာလည်း သတိမရဘူး။
    နောက်လထဲ သူ့မွေးနေ့ရှိတယ် ဆိုတာလည်း သတိမရဘူး။

    မညာနဲ့နော် သတိမရတာလား? မရချင်တာလား? ဗျာ။

    • ခိုင်ဇာ

      December 28, 2012 at 2:47 pm

      သတိမရချင်တာတော့ ဟုတ်ပါဘူးလေ။
      သတိရနေတတ်လွန်းလို့ ရွဲ့ ရေးထားတာပါ။ :kwi:

  • မောင့်ကျက်သရေ ဂီ့

    December 28, 2012 at 3:12 pm

    သတိမရဘူး
    ဟိုစဉ်နေ့များ
    မလွမ်းသေးဘူး
    နှစ်ကိုယ်တူညတွေ
    ငါ့အားမင်း
    ဒီတခါလျော့မတွက်နဲ့တော့ကွာ ငါ
    ရင့်ကျက်လာခဲ့တာ.
    မလွမ်းဘူး. သင်ချာဂျီးးးးးးးး

    :kwi:

    • ခိုင်ဇာ

      December 28, 2012 at 3:28 pm

      ဟဲ့!! သွားရမဲ့ ခရီးအတွက် ကွကိုယ် ဖလန်းဖလန်းထနေတာ အားမရပဲ ကျုပ် ပို့(စ) ထဲ လာပြီး သင်ချာကြီးမလွမ်းကြောင်း သီချင်းဆိုနိုင်သေးတယ်နော်။ :kwi:

  • မင်းနန္ဓာ

    December 28, 2012 at 3:14 pm

    သတိရပေးပါ ချစ်သူရာ.. သတိရပေးပါ….
    ဆိုးတူ ကောင်းတူ တို့နှစ်ယောက်ရဲ့ နေ့များ….
    .. …
    အနာဂတ်ထဲမှာ လွမ်းကို လွမ်းပေးစမ်းပါကွာ.. ….

    • ခိုင်ဇာ

      December 28, 2012 at 3:31 pm

      ၁၉ ၁၈
      ၁၉ ၁၈

      :harr:

      • မောင့်ကျက်သရေ ဂီ့

        December 28, 2012 at 4:02 pm

        သူသတိရရ မရရပေါ့.
        ကျနော်ကတော့ မေ့လို့မရပါဝူးး
        တလောကလုံးကပြောနေပီ. ကိုယ့်ကိုလေ
        ကိုယ်ဘယ်လို ရင်ဆိုင်ရမှာဒုံးးးးး
        ……

        ဟီဟိ.

        :kwi:

        • ခိုင်ဇာ

          December 28, 2012 at 4:14 pm

          အမလေး။ အမြင်ကပ်စရာ!!

        • Mon Kit

          December 28, 2012 at 4:39 pm

          မိဂီ ဘယ်လိုရင်ဆိုင်ရမလဲ? ဆိုတော့
          နောက်ကျောပေးပီး ရင်ဆိုင်လိုက်ပေါ့ကွယ်.. ဟိ.ဟိ..
          :harr:

  • myanmarcitizen

    December 28, 2012 at 4:41 pm

    ဘာတဲ့ … ကြီးရင်မှီ … ငယ်ရင်ချီ … ဆိုတော့ … ချီသာထားလိုက် .. အဆင်ပြေသွားမယ်ထင်တယ်

    • ခိုင်ဇာ

      December 28, 2012 at 4:50 pm

      မွှားပြီ။ ဟိုဘက်က ကျနော့ကိုယ်ပိုင်ခံစားချက် ဟုတ်ဘူး။
      ဒီဟာက မှ ကိုယ်ပိုင်။
      ဒါပေမဲ့ ကိုယ်ပိုင်က ကျနော့ထက် အငယ်မဟုတ်ဘူး။ သူငယ်ချင်း။
      :mrgreen: :mrgreen: :mrgreen:

      • myanmarcitizen

        December 28, 2012 at 5:13 pm

        ဟီး … မှားတဲ့အခါလဲ မှားပေမပေါ့

  • koaung

    December 28, 2012 at 6:09 pm

    သတိရတိုင်း အလွမ်းပြေ ဟိုရခင်ချစ်ခဲ့စဉ်က မင်းချီးခဲ့ပိုက်ဆံတွေ (အဲလေ) မင်းပေးခဲ့တဲ့ ဓတ်ပုံတွေ ပုလင်းပြောင်တဲ့ မင်းအောင်ရဲ့ သီချင်းပါ ခီဗျ

    • ခိုင်ဇာ

      December 28, 2012 at 6:12 pm

      ရွာထဲမှာ အဆိုကျော်တွေ အများကြီးပဲနော်။ :harr:

  • အရီးခင်လတ်

    December 28, 2012 at 6:18 pm

    “သတိရတယ်” ဆိုတာရဲ့ နောက်မှာ ” မေ့နေတတ်တယ်” ဆိုတဲ့ သဘောရှိတယ်။
    “သတိမရဘူး” ဆိုတာကတော့ သတိရစရာမလိုအောင် “အသိရှိနေတာ” (သတိဆွဲထားတာ) ကို ဆိုလိုတာပေါ့။
    ဟုတ်လား သမီး။
    အဖွားကြီးလဲ ဝင်ပွါးကြည့်တာ။ 😆

    • ခိုင်ဇာ

      December 28, 2012 at 6:21 pm

      အရီးရယ်။
      အရီးကို ညာလို့မရပါလားနော်။. 🙂

  • သတိမရဘူးတာ ဆိုတယ် ….
    အရေအတွက်နဲ့တကွ မှတ်မိနေတာပဲ …
    အေးလေ …
    မှတ်မိတာ က သတိရတာ မှ မဟုတ်တာပဲ …
    “တာ” ဆိုတာလေးပဲ တူတာကိုးးး :mrgreen:

  • Mobile

    December 28, 2012 at 10:38 pm

    ကျားပေါက်ရဲ့ “နီးနီးလေးနဲ့ဝေး” သီချင်းက သူ ဆိုပြနေကျ ဆိုတာလည်း သတိမရဘူး။
    ဒီသီချင်းလေးကို ကြိုတ်တယ်ဗျ ဝင်ပွားလိုက်အုံးမယ်
    ကျနော် ငယ်ရည်းစား အိမ်ရှေ့မှာ ညဆိုရင်သွားပြီး အရင်ဂ
    ဒီသီချင်းလေးကို ဆိုနေကျဗျ။

    • ခိုင်ဇာ

      December 29, 2012 at 3:34 pm

      ဂစ်တာလေးနဲ့ ပေါ့လေ။ :harr:

  • ချစ်မမရေ သတိရစရာတွေကို သတိရလို့ သတိတရနဲ့ }သတိမရဘူး}လို့ရေးထားတဲ့ အလွမ်းရသလေးကို
    ခံစားအားပေးခဲ့ပါတယ်ရှင်။

    • ခိုင်ဇာ

      December 29, 2012 at 9:51 pm

      ကျေးဇူးပါ သော်လေး။ :mrgreen:

  • မောင်ပေ

    December 29, 2012 at 8:33 pm

    သိပ်ရှေရှေဝေးဝေး မပြောတော့ဘူး
    ခိုင်ကြီး ကို မောင်ပေ ခြစ်တယ်
    ဒါကြောင့် သတိရတယ်ကွဲ ့
    :kwi:

    • ခိုင်ဇာ

      December 29, 2012 at 9:53 pm

      မောင်လေးပေ၊ စိတ်ထိန်းပါကွယ်။. :harr:

  • Mr. MarGa

    December 30, 2012 at 11:56 am

    သတိမရဘူး
    သတိမရဘူး
    သတိမရချင်ဘူး
    သတိမရချင်ဘူး
    မေ့ပစ်မယ်
    မေ့ချင်တယ်
    :hee:

    • ခိုင်ဇာ

      December 31, 2012 at 7:52 am

      ကိုကြီးပေါက်၊

      “အားလုံးကို စွန့်လွှတ်ရရင်တောင် သတိရခြင်းကို ငါ ပိုင်တယ်”

      ……………………………………………………………………လို့ တာရာမင်းဝေ ရေးဘူးတယ်။
      :kwi:

  • Silver Twig

    December 31, 2012 at 12:47 am

    I don’t remember the last coffee you made for me. It was just a cup of coffee why should I remember. You just made a hot coffee but you didn’t put it in front of me right away. I really wanted to have it but you just held a cup in your hand. I wonder why you touched the cup by your tender fingers while we were talking. I realized you were sensing the temperature of the cup if it was warm enough to have it. I realized your kindness that you didn’t want me to have a hot coffee that would burn me. It was the best coffee I have ever had. It have been over 20 years, I don’t remember the last coffee you made for me.

    • ခိုင်ဇာ

      December 31, 2012 at 7:53 am

      ဪ။ သူလည်းပဲ အသေးစိတ်လေးတွေ သတိမရရှာဘူးကိုး။
      :harr:

Leave a Reply