ဘဝမှာ နတ္ထိ တရား နဲ ့ heart ထိထားခဲ့လိုက်ကြ

maung khinminDecember 28, 20121min1164

### အပေါင်း အနှုတ် အမြှောက် အစား နဲ ့
အလျော်အစား များတဲ့ ကစားဝိုင်း တစ်ခုမှာ
ကျောမွဲတွေရဲ ့ ဘဝအဓိပ္ပါယ် ကို
ဒိုင် စား လိုက်. ……..

### မသိတာက မရှိတာ လောက် အာရုံမနောက်
ငွေခေါင်းလောင်းသံ ကြားရာ မျက်နှာမူ
လူ ့ဝါဒ တံခါးပိတ် နိုးကြားခြင်းနဲ ့ စောင်ခြုံအိပ်
ဘဝ ကို ဂေါ်လီလို လှှိမ့်လိုက် ……..

### အတ္တ သရုပ်မှန် ပြဇာတ်နဖူးစီးမှာ
“ဘီလူးစီးသသည်စာတန်းထိုးထားတဲ့
လောကပါလ တရားရေ. ……..
ဘယ်အမှန်တရားကို ဝှက်ထားပေးရမလဲ
ဘယ်အခွင့်အရေးကြောင့် ကိုယ်ရောင်ဖျောက်
ဒူးထောက် လို ့ မျက်လုံးဒေါက်ထောက် နေရမလဲ
နောက်ကျောက ထိုးမယ့်ဓါးဆီက
ကျောချမ်းမှု ရသ. ရလိုက် ……….

### ဘဝမှာ နတ္ထိ တရား နဲ ့ heart ထိထားခဲ့လိုက်ကြ

4 comments

  • ခိုင်ဇာ

    December 28, 2012 at 4:48 pm

    ခေါင်းစဉ်မပါဘူး ခင်ဗျ :hee:

    • နာ့မမဂျီးလည်း အသက်ဂျီးဗီ …
      ခေါင်းစဉ် ပါဘာဒယ် ခညာ …
      နောက်ဒါနော် မမဂျီး မခိုင်ဇာ …

      သဂျီး ထည့်ပေးလိုက်တာ ထင်ဒယ် …. :mrgreen:

      ကိုခင်မင်ရေ …
      ကဗျာလေးကို လာရောက် အားပေးသွားပါတယ်ဗျို့ …။

  • mobile (mandalay)

    December 28, 2012 at 9:23 pm

    အားပေးသွားပါတယ် ကိုခင်မင်းကျွန်းချောင်းရေ

Leave a Reply