မုံရွာကရတဲ့ ရပ်ကွက်သတင်းလေးပါ

MgMobileDecember 28, 20121min1239

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီသတင်းလေးကို မုံရွာမြို့ မြဝတီ ရပ်ကွက်အတွင်းမှ

ပြည်သူတစ်ဦးက တင်ခိုင်းလို့ တင်ပေးရခြင်းဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်း၊ ဒေသကြီး ၊ မုံရွာမြို့ မြဝတီရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက်

ဆယ်အိမ်မှူးများအားလုံး ရွေးချယ်ပြီး သိပါ၍   မြို့နယ်မှ ကြီးကြပ်ရန်အဖွဲ့ (၃)ဦး၊ ရပ်မိရပ်ဖ (၅) ဦတို့

ညှိနှိုင်းပြီး ယနေ့ (၂၈.၁၂.၂၀၁၂) နေ့ နေ့လည် (၁၂းဝ၀) နာရီတွင် အုပ်ချုပ်ရေးမှူးအားလုံး

ဖိတ်ကြားထားပြီးဖြစ်၍  မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရွေးချယ်ပွဲ ရပ်နားရန် အမိန့်စာကြောင့် အုပ်ချုပ်ရေးမှူး

ရွေးချယ်ပွဲ မကျင်းပဖြစ်ခဲ့ရပါ။ ထိုကိစ္စနှင့် ပတ်သတ်၍ ရွေးချယ်ပွဲ ရပ်နားခဲ့ရခြင်းကို ရပ်မိ၊ ရပ်ဖ များနှင့်

ရပ်ကွက်နေ ပြည်သူများက ကျေနပ်မှု မရှိကြောင်း သိရှိရပါသည်။

ဝင်ရောက်ဖတ်ရှု့သူ အပေါင်း အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း။

9 comments

  • mobile (mandalay)

    December 28, 2012 at 5:58 pm

    အမှားပြင်ဆင်ချက်။ ။
    ယနေ့ (၂၈.၁၂.၂၀၁၂) နေ့ နေ့လည် (၁၂းဝ၀) နာရီတွင် အုပ်ချုပ်ရေးမှူးအားလုံး
    ဖိတ်ကြားထားပြီးဖြစ်၍
    ++++++++++++++++++++++
    ယနေ့ (၂၈.၁၂.၂၀၁၂) နေ့ နေ့လည် (၁၂းဝ၀) နာရီတွင် အုပ်ချုပ်ရေးမှူးအားလုံးအစား
    ယနေ့ (၂၈.၁၂.၂၀၁၂) နေ့ နေ့လည် (၁၂းဝ၀) နာရီတွင် ဆယ်အိမ်မှူး အားလုံးဟု ပြင်ဆင်
    ဖတ်ရှု့ပေးကြပါရန် …………….
    :harr:

  • အရီးခင်လတ်

    December 28, 2012 at 6:31 pm

    ဂဇက်ရွာထဲ စီဂျေ တိုး လာလို့ ဝမ်းသာကြောင်း လဲ အသိပေးပါတယ်။

    ကြည့်ရတာ မင်းက လဲ အရီး လို ရှမ်းလူမျိုး ထင်ရဲ့။
    ဟေ့ – “အရီး” နော်။ စာလုံးပေါင်း မမှားနဲ့ဦး။ 😉

    • mobile (mandalay)

      December 28, 2012 at 8:41 pm

      ကျေးဇူးအထူးတင်ရှိပါကြောင်း “””””အရီးခင်လတ်”””””ခင်ဗျ။
      ကျုပ်က ရှမ်းလူမျိုး ဟုက်ပါဘူးခင်ဗျ။ စာလုံးပေါင်းမှားဆို
      ကျုပ်က ဘုန်းကြီးကျောင်းတောင် တက်ခဲ့ရဝူးရယ်။
      cj ဒေါ့ဟုက်ပါဘူးဗျ။ သူညားက တင်ခိုင်းလို့ပါ။

  • အိမ်း …
    မကျေနပ်ရင် အသေသာ သတ်သွားကွယ့် …
    နာဂဒေါ့ ဘာမှ တတ်နိုင်ဝူးးးး
    ဒါဗျဲကွယ့် … :mrgreen:

    • Mobile

      December 29, 2012 at 12:49 pm

      မဟာဘာဂျာကြီးရေ အခုဝင်ရောက် အားပေးစကားပြော သွားတဲ့အတွက်
      အထူးကျေးဇူးတင်ကြောင်းပါခင်ဗျ။

  • ရွှေ ကြည်

    December 29, 2012 at 2:10 pm

    ဘာဖြစ်လို့တဲ့တုန်း ရပ်ခိုင်းတာက။

  • cobra

    December 29, 2012 at 5:05 pm

    ဘာဖြစ်လို့ မလုပ်ခိုင်းတာလဲ အဲ့ဒါလေးပါပြောပြဦးလေ။

  • Mobile

    December 30, 2012 at 1:37 am

    မရွှေကြည် နဲ့ ကော်ဘရာ ရေအင်မတန်မှ ကောင်းတဲ့မေးခွန်းလေပါပဲခင်ဗျ။
    ဘာဖြစ်လို့ရပ်ခိုင်းလဲဆိုတော့ ကျနော်ကို သတင်းပေးလာတဲ့လူကလဲ ကျနော်ကို
    မပြောဘူးခင်ဗျ။ ဒီအတိုင်းလေးပဲ တင်ပေးပါဆိုလို့ ဒီလိုလေးပဲ တင်ပေးလိုက်တာပါခင်ဗျ။
    ဝင်ရောက်အားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်ခင့်ဗျ။

  • first last

    January 1, 2013 at 11:14 am

    pwint2 lin2 pyaw ya yin.

    A yay a thar ka Myanmar sar ko Myanmar nar ma le’ naing ag yay htar tal. Phat yin net kaung muu twar b.

    come on Mobile… you can write better than this.

Leave a Reply