မောင်အံစာ ခရီးသွား မှတ်တမ်း … လေး (အဆုံးသတ်)

++++++++++++++++++++++++++++++

မောင်အံစာ ခရီးသွား မှတ်တမ်း … ၁

မောင်အံစာ ခရီးသွား မှတ်တမ်း … ၂

မောင်အံစာ ခရီးသွား မှတ်တမ်း … ၃

++++++++++++++++++++++++++++++

++++++++++++++++++++++++++++++

အေးသာယာ စပျစ် စိုက်ခင်းကနေ တောင်ကြီး ဆီကို ခရီးဆက်ခဲ့ပါတယ် ….။

တောင်ကြီးကို ရောက်တော့ မနားသေးဘဲနဲ့ ထမ်းဆမ်းဂူဆီကို ထွက်လာခဲ့ပါတယ် …။

ထမ်းဆမ်းဂူ က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ ရှိတာဖြစ်ပြီး တိုးရစ်တွေ သွားရောက်လို့ မရဘူးလို့ ဆိုပါတယ် …။

ကျနော် သွားတုန်းကလည်း တိုးရစ် တစ်ယောက်မှ မတွေ့ခဲ့ပါဘူး ….။

 

ထမ်းဆမ်းဂူကို ရောက်တော့ ဂူအဝမှာ ဘာနဲ့ လုပ်ထားမှန်း မသိတဲ့ အရုပ်ကြီး နှစ်ရုပ်ကို တွေ့ရပါတယ် ….။

ခပ်လှမ်းလှမ်းမှာလည်း စမ်းချောင်းလေးနဲ့ပေါ့ ….။

ပြီးတော့ ထူးထူးခြားခြား ငှက်ပျောပင် လိုလို ဘာလိုလို အပင်မျိုးကိုလည်း တွေ့ခဲ့ရပါသေးတယ် ….။

++++++++++++++++++++++++++++++

ဂူပေါက်ဝ အထက်နားဆီက အရုပ်ကြီး တစ်ရုပ်
ဂူပေါက်ဝ အထက်နားဆီက အရုပ်ကြီး တစ်ရုပ်
အထက်က အရုပ်နဲ့ ခပ်လှမ်းလှမ်းဆီမှာ တွေ့ရတဲ့ အရုပ်တစ်ရုပ် (တိုးနယားလို့ ဆိုနိုင်လေမလား မသိဘူး)
အထက်က အရုပ်နဲ့ ခပ်လှမ်းလှမ်းဆီမှာ တွေ့ရတဲ့ အရုပ်တစ်ရုပ် (တိုးနယားလို့ ဆိုနိုင်လေမလား မသိဘူး)

++++++++++++++++++++++++++++++

ထမ်းဆမ်းဂူ အပြင်ဘက်မှာလည်း လက်နက်ကိုင်ဆောင်ထားတဲ့ သူပုန်လို့ ခေါ်မလားပဲ ….

အဲ့ဒီလူတွေကိုလည်း တွေ့ရပါတယ် ….။

သူတို့ထဲက တစ်ယောက်ဆိုရင် တစ်တောင့်ထိုး သေနတ်ကြီးနဲ့ အတော်လေးကို မိုက်ပါတယ် …။

သူတို့နဲ့တောင် ဒါ့ပုံ တွဲရိုက်ခဲ့ပါသေးတယ် …။ (ခဲနဲ့ ထုခံရမှာစိုးလို့ တင်ဒေါ့ဘူး :mrgreen: )

 

ပြီးတော့လည်း ထမ်းဆမ်းဂူကို တွေ့ရပုံအရ …

ဂူထဲက ဘုရားရုပ်တု အပါအဝင် ရုပ်တုတွေဟာ တည်ထားတာ သိပ်ပြီး ကြာသေးပုံ မရပါဘူး ….။

ဂူကလည်း အရင်က စခန်းချရာ နေရာတစ်ခုလို ဖြစ်နေပါသေးတယ် …။

ဂူရဲ့ အဆုံးမှာလည်း ရေပြင်နဲ့ ပိတ်နေတာကို တွေ့ရပြီး ရေတွေ တဝေါဝေါ စီးကျနေသံကိုလည်း ကြားရပါတယ် …။

မှောင်မဲနေလို့ ဘယ်ဆီ ဘယ်က ဆိုတာတော့ မသိရပါဘူး ….။

ဂူထဲမှာ ထွင်းထုထားတဲ့ ရုပ်တုတွေကတော့ အမိုက်စားပါပဲ ….။

++++++++++++++++++++++++++++++

ဂူထဲက ဘီလူး ရုပ်တုကြီး
ဂူထဲက ဘီလူး ရုပ်တုကြီး
ထမ်းဆမ်းဂူရဲ့ ဘုန်းဘုန်းပါတဲ့ ....။
ထမ်းဆမ်းဂူရဲ့ ဘုန်းဘုန်းပါတဲ့ ….။

++++++++++++++++++++++++++++++

ထမ်းစမ်းဂူ တစ်ဝိုက် ဟိုကြည့်ဒီကြည့် လျောက်ကြည့် အပြီးမှာတော့ …

ပြန်လည် ထွက်ခွာဖို့အတွက် ယာဉ်ဆီကို လာခဲ့ပါတယ် …။

ယာဉ်နားမှာတော့ ဝါးဒီး အလကား ကျွေးနေပါတယ် …။

ဟိုဂူနားက လက်နက်ကိုင်ထဲက တစ်ယောက်ကတောင် ထမင်း မစားရသေးရင် စားသွားဖို့

တိုင်းရင်းသားသံ ဝဲဝဲနဲ့ ပြောလိုက်ပါသေးတယ် ….။

 

ဒီလိုနဲ့ပေါ့ဗျာ ….။

တောင်ကြီးဆီကို ပြန်လည် ထွက်ခွာလာခဲ့ပါတယ် ….။

အပြန်လမ်းဆီမှာလည်း ဝါးဒီး မဖွင့်ရသေးတဲ့လူတွေ ဖွင့်နိုင်အောင်လို့ ရပ်နားခဲ့ပါသေးတယ် ….။

အဲ့ဒီမှာ ကြက်ဥကြော် တစ်လုံးကို တစ်ထောင်ကျပ် ပါတဲ့ ……..။

++++++++++++++++++++++++++++++

++++++++++++++++++++++++++++++

တောင်ကြီးကို ရောက်တော့ အနားယူကြပါတယ် ….။

ခဏနေတော့ လက်ဆောင် ပစ္စည်းတွေ ဝယ်ဖို့အတွက် တောင်ကြီး မြို့မ ဈေးကို ထွက်ခဲ့ပါသေးတယ် …။

ကျနော်ကတော့ ဟိုဟာကြည့်၊ ဒီဟာကြည့်ပေါ့ဗျာ ….။ :mrgreen:

လက်ဖက်ခြောက်နဲ့ ခေါပုတ်ကတော့ ပေါပါတယ် ….။

 

ရှမ်းဘောင်းဘီ တစ်ထည်ကို ပေါင်းပြီးသား ၄၅၀ဝ ဝန်းကျင်၊ ရှမ်းထမီတွေကတော့ အရောင်အသွေး အလိုက် …

၂၀၀ဝ ကနေ ၅၀၀ဝ အတွင်း ဈေးရှိပါတယ် ….။

ခေါပုတ်ကတော့ အစိတ်သားကို တစ်ထောင်ဆိုလား၊ ငါးရာ ဆိုလားပဲ ….။

ဘရိန်းက ကောင်းလွန်းတော့ မှတ်မိတော့ဝူးးး

တောင်ကြီး အကြောင်း ပြန်တွေးရင် ရှမ်းမချောချောလေးတွေပဲ မျက်လုံးထဲ ပေါ်ပေါ်လာတယ် … အဟီးးး :mrgreen:

++++++++++++++++++++++++++++++

++++++++++++++++++++++++++++++

ဒီလိုနဲ့ ….. နောက်တစ်နေ့ မနက်မှာတော့ …

မွေတော် ကက္ကူဆီကို ထွက်လာခဲ့ပါတယ် ……..။

မွေတော် ကက္ကူကို သွားတဲ့ လမ်းကတော့ သိပ်ပြီး မသာယာလှပါဘူး ….။

 

ဘုရားပေါင်း အစီအရီ မြောက်မြားစွာနဲ့ မွေးတော်ကက္ကူရဲ့ မြင်ကွင်းကတော့ …

တစ်မျိုးတစ်ဖုံ ထူးခြားနေတာတော့ အမှန်ပါပဲ ….။

ဘေးနားဆီက သစ်ပင်ကြီးများကလည်း အေးမြစေတာ အမှန်ပါပဲ …….။

++++++++++++++++++++++++++++++

အဝေးက ဖူးတွေ့ရတဲ့ မွေတော်ကက္ကူ ဘုရားစေတီများ
အဝေးက ဖူးတွေ့ရတဲ့ မွေတော်ကက္ကူ ဘုရားစေတီများ
ဒါကတော့ဖြင့် အနီးကပ် ဖူးတွေ့ရတာပေါ့ ခင်ဗျာ။
ဒါကတော့ဖြင့် အနီးကပ် ဖူးတွေ့ရတာပေါ့ ခင်ဗျာ။

++++++++++++++++++++++++++++++

မွေတော် ကက္ကူ ဘုရားစေတီများဟာလည်း ….

အဟောင်းနဲ့ အသစ်များ ပေါ့ဗျာ …။

သတိထားမိတာတော့ ဘုရားစေတီ တစ်ဆူနဲ့ တစ်ဆူကြားမှာ ပင့်ကူများ အိမ်ဖွဲ့နေတာကိုလည်း တွေ့ရပါတယ် …။

အမြင်အားဖြင့် ထူးခြားတဲ့ ပင့်ကူများပါပဲ ….။

ဘုရားစေတီတွေမှာ ထုလုပ်ထားတဲ့ ပန်းပုလို့ ဆိုနိုင်မလား …

အဲ့ဒီ ပန်းပုရုပ်တုများကိုလည်း ရောက်တုန်းရောက်ခိုက် ဒါ့ပုံ ရိုက်ဖြစ်ခဲ့ပါသေးတယ် ….။

++++++++++++++++++++++++++++++

ဒေါင်းပုံ လက်ရာတစ်ခု
ဒေါင်းပုံ လက်ရာတစ်ခု
အရုပ် လက်ရာပေါင်း များစွာနဲ့
အရုပ် လက်ရာပေါင်း များစွာနဲ့

 

ဒါကလည်း လက်ရာ တစ်ခုပေါ့ ခင်ဗျာ။
ဒါကလည်း လက်ရာ တစ်ခုပေါ့ ခင်ဗျာ။

++++++++++++++++++++++++++++++

အဲ့ဒီ မွေတော်ကက္ကူမှာ ဟိုရိုက်ဒီရိုက် လျောက်ပြီး ရိုက်ဖြစ်ခဲ့တယ် ….။

ဘုရား ဖူးပြီး ပြန်ထွက်လာတော့လည်း ရိုက်ကြသေးတယ် …။

အဲ့ဒီမှာ ပေါ့ဗျာ ………။

 

ရှက်ရှက်နဲ့ပဲ လူသိရှင်ကြား ဝန်ခံရဦးမယ် ….။

ကျုပ် ရင်ခုန်သံတွေ ခဏတာ ရပ်တန့်နိုင်စေသူလေးကိုလည်း အမှတ်တမဲ့ တွေ့ခဲ့ရသေးတယ် …။

နိုင်ငံခြား သူကြီးတွေရဲ့ ဘေးနားမှာ ပအို့တိုင်းရင်းသား ဝတ်စုံလေးနဲ့ ဂိုက် ဖြစ်လေမလားပဲ …

အဲ့ဒီ ကောင်မလေးတစ်ယောက်ပေါ့ဗျာ ….။ ဘုရားတွေ ဖူးလို့ ကံထူးပြီး တွေ့လိုက်လေသလားပဲ … :mrgreen:

“မြင်မြင်ချင်း ဟိုဒင်းဖြစ်မိသွားသလို” ….. ဆိုသလိုများ ဖြစ်သွားလေသလားပေါ့ ….။

ဒါကတော့ …. လိပ်ဥ တူးတာ မဟုတ်ပါဘူးနော့ ….။

ခဏတာ တွေ့မြင်ခဲ့ကြောင်းကို ပေါချာချာ လူတစ်ယောက်ပီပီ ထုတ်ဖော် ပြောပြလိုက်တာပါလို့ ….။

++++++++++++++++++++++++++++++

ဘယ်သူတွေ ဘာမှ မဖြစ်လဲ ကျုပ် ရင်ခုန်သံကိုတော့ ရပ်တန့်စေခဲ့ သူလေ .... :mrgreen:
ဘယ်သူတွေ ဘာမှ မဖြစ်လဲ ကျုပ် ရင်ခုန်သံကိုတော့ ရပ်တန့်စေခဲ့ သူလေ …. :mrgreen:

++++++++++++++++++++++++++++++

မွေတော် ကက္ကူမှတစ်ဆင့် အောင်ပန်း၊ ကလော အပြန်လမ်းဆီကို လှည့်ခဲ့ကြပါတယ် ….။

ကလောကို ရောက်တော့ အတန်ငယ် မှောင်နေပါပြီ ….။

နှီးဘုရားကိုလည်း တက်ရောက် ဖူးမြော်ဖြစ်ခဲ့ပါတယ် …….။

ပြီးနောက်မှာတော့ ကျနော်တို့ဟာ ရန်ကုန် ကို ပြန်လှည့်ခဲ့ကြသည်ပေါ့ ခင်ဗျာ ….။

ကျုပ် ခရီးသွားပို့စ်လည်း ပြီးသွားပြီပေါ့ ……..။

ဝေးးးးး ပျောက်ရိုက်ဒါ … ခပ်မြန်မြန် ခရီးဆက်လိုက်တာ ပြီးသွားပြီ …..။ :mrgreen:

 

အားလုံးပဲ ….

အစမှ အဆုံးတိုင် အားပေး ကြည့်ရှု သွားကြသူ အပေါင်းကို ကျေးဇူး အထူးပါ ခင်ဗျာ ……။

++++++++++++++++++++++++++++++

ကျနော်ကတော့ ခပ်မြန်မြန် ခရီးဆန့်လိုက်လို့ ဒီလောက်ပါပဲ …။

စာကလည်း သိပ်ပြီး ရေးတတ်တာ မဟုတ်တော့ သေချာ မရေးပြနိုင်ဘူး ဖြစ်နေလို့ ခွင့်လွတ်ကြပါလို့ …။

သို့ပေသိ … ဒီရွာထဲက အမ WeROne တို့ကတော့ဖြင့် သေသေချာချာ ပုံတွေနဲ့တကွ ဝေဝေဆာဆာ တင်ပြနိုင်ပါလိမ့်မယ်။

အမရေ … ရေးပြီး တင်ပါဦးလို့ ….။

++++++++++++++++++++++++++++++

ချစ်ခြင်းများနဲ့ …

မောင်အံစာ

++++++++++++++++++++++++++++++

17 comments

  • Mobile

    December 29, 2012 at 10:38 am

    ကိုဘာဂျာဂျီးရေ မင်္ဂလာပါ။
    တစ်ခါမှ မမြင်ဖူးတဲ့ ပုံလေးတွေကို ကူးယူထားလိုက်ပါကြောင်းခင့်ဗျ။
    ခေါပုတ် စားချင်လိုက်တာဗျာ။ ကျုပ်အင်မတန်ကြိုတ်တာဗျ။ ခင်ဗျားဘာလို့မ ဝယ်ခဲ့တာလဲ။
    ကျုပ်ဥကြော် တစ်လုံး တစ်ထောင်ပေးရဒါဆိုတော့ ပရိုမိုးရှင်း လုပ်တဲ့သဘောနေမှာပါ။
    အားပေးသွားပါဂျောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ခင်ခ

    December 29, 2012 at 10:40 am

    (တောင်ကြီး အကြောင်း ပြန်တွေးရင် ရှမ်းမချောချောလေးတွေပဲ မျက်လုံးထဲ ပေါ်ပေါ်လာတယ် … အဟီးးး)
    ကြွားဘဲကြွားနေပြီး အနော်တို့ကိုတော့ ပုံလေးတွေတောင် တင်မပေးဘဲနဲ့။
    တောင်ကြီးခရီးစဉ် မှတ်တမ်းဓာတ်ပုံတင်တာလည်း အဆုံးသတ်ပြီဆိုတော့—-။
    နောက်လာပြီး ဖွင့်မကြည့်တော့ဘူး ဒါဘဲ။

  • မောင်ပေ

    December 29, 2012 at 12:41 pm

    မောင်ပြီးတော့အမ
    ကြောင်ကြီးဆော့မဝ
    ပြောင်ဖြီးလျှော့ခန
    တောင်ကြီးမော့တစ်ဝ

  • ဗုံဗုံ

    December 29, 2012 at 2:51 pm

    ဇာတ်လမ်းပြီးဆုံးသွားတာတောင်မှ အံချာတုံးတို့ မစွံ ရေးချမစွံဘဲ ရှမ်းမလေးကိုတော့ ရန်ကုန်မပြေးလာတာမဟုတ်ဘူး အလိုက်ထှာနော် :harr:

  • MaMa

    December 29, 2012 at 3:31 pm

    ဦးဏှောက်မကောင်းလို့ သိပ်မမှတ်မိဘူးပြောပြီး….
    ရှမ်းမချောချောလေးတွေကျတော့ မှတ်မိနေသား။
    မမှတ်မိတဲ့ လူကိုတော့ အပြစ်တင်လို့ မရဘူး။
    သူ့ဖာသာ မှတ်မိချင်ရာ မှတ်မိနေတဲ့ ဦးဏှောက်ကိုပဲ အပြစ်တင်ရမယ်ထင်တယ်။ :kwi:

  • koaung

    December 29, 2012 at 5:01 pm

    ဓါတ်ပုုံအယူအဆတွေကောင်းပါပေ့ ခရီးတောင်သွားချင်လာပြီ

  • Mr. MarGa

    December 30, 2012 at 10:23 am

    အဲဒီ ရင်ခုန်သံရပ်တန့်သွားစေသူလေးကို
    ဦးမာဃ သိမ်းပိုက်မယ်
    ဦးမာဃအတွက် ရှမ်းမလေး ပါမလာလို့ :kwi:

      • Mr. MarGa

        December 30, 2012 at 11:14 am

        မထိစေချင်ရင်
        ရှမ်းမလေးတစ်ယောက် ပို့ပေးလိုက်

        • မဟာရာဇာ အံစာတုံး

          December 30, 2012 at 11:45 am

          ဟေ့လူ …
          ကျုပ် လက်ဆောင်ပို့စ်မှာ
          ရှမ်းမတွေ အားဂျီးဘဲ ပါတယ်လေ …
          အိုက်ဒါ စိတ်ကျိုက်ယူဘော့လို့ …
          ခုတောင်မလေးဂိုဒေါ့ …
          မျက်စောင်းနဲ့တောင် မကြည့်နဲ့ … သေတွားမယ် ..

        • Mr. MarGa

          December 30, 2012 at 12:00 pm

          မျက်စောင်းနဲ့တော့ မကြည့်ပါဘူး
          မျက်လုံးကို ပြူးပြဲပြီး ကြည့်မှာ
          နင့် ရှမ်းမ သော့ချိတ်တွေကို ငါကဘာလုပ်ရမှာလဲ
          အဲဒီထဲက လေးခွတွေ အကုန်ယူပြီး နင့်ကို ထုချင်သဟဲ့

  • ကြည်ဆောင်း

    December 31, 2012 at 9:28 am

    တောင်ကြီးသွားခဲ့တုန်းကမွေတော်ကက္ကူသွားချင်ခဲ့တာ တောင်ကြီးက သူငယ်ချင်းက အညိုရောင်နယ်မြေတဲ့လေ … မသွားခဲ့ရဘူး
    ထန်စမ်းဂူကတော့ 2001 လောက်တုန်းကမရှိသေးဘူးထင်ပါရဲ့ ပြောသံမကြားမိဘူး
    နောက်ပိုင်းမှ ထန်စမ်းဂူက ကိုရင်ဆိုပြီးနာမည်ထွက်လာသလားလို့ ….
    မြင်တွေ့ရတဲ့ ဓာတ်ပုံများအတွက်ကျေးကျေးပါ..

  • Mon Kit

    December 31, 2012 at 9:28 am

    ပေါ်ပီ..ပေါ်ပီ.. မောင်အံဇာတို့ လျှိုခဲ့သမျှ…
    နောက်ဆုံးမှ အိတ်သွန်ဖာမှောက် ရှမ်းမလေးပုံနဲ့ အဆုံးသတ်ပေးသွားဒယ်..
    ချစ်ချာရေးနော်… :kwi:

  • မင်းနန္ဓာ

    December 31, 2012 at 9:44 am

    ဘိလပ်ရေ အမြှုပ်ထ နာ ယူမှာက ဓနုမ.. ဓနုမဟေ့ ဓနုမ…
    ဘိလပ်ရေ ချိုချိုလေး နာယူမှာက အပျိုလေး.. အပျိုလေးဟေ့ .. အပျိုလေး..
    သီချင်းဆိုတာနော် :harr:
    ကော့ ဖော် လှန် ကား လုပ်မှရယ်မဟုတ်ဘူး
    အောက်ဆုံးကပုံလို မခို့တရို့ မျက်နှာလွှဲသလို၊ အဝေးကိုငေးသလိုလေး လုပ်နေတာကမှ တကယ့်အလှ..
    အိုဗျာ.. မျက်နှာလေး အတည့်မမြင်ရတာ အားမလိုအားမရ
    အံစာနော် အံစာ ဟင်းးး

  • Shwe Phyu

    December 31, 2012 at 10:21 am

    ပုံတွေအရမ်းလှတယ်မောင်အံစာရေ…
    ကောင်းကင်ပြာပြာနဲ့ဆိုတော့မောင်အံစာခရီးသွားခဲ့တဲ့နေ့တွေက Beautiful days တွေဆိုတာပြောနေစရာတောင်မလိုဘူး..
    ဟုတ်ပ.. ပအို့မလေးကချစ်စရာလေး…Beautiful pose…မောင်အံစာ ကောင်မလေးကို pose လုပ်ခိုင်းပြီးရိုက်တာ မဟုတ်လို့ရှိရင်တော့ အဲဒီပုံကတော်တော်ကောင်းတယ်၊သဘာဝကျတယ်..

  • panpan

    December 31, 2012 at 10:37 am

    ကိုအံဇာနဲ့တူတဲ့ ကို့အံဇာ့ဘော်ဘော့်ပုံ ဒီတခါပါတော့ဘူးလားဗျ (မပါလို့တော်သေး အဟေးဟေး)
    ဒါနဲ့ အောက်ဆုံးကပုံလေးက ချစ်စရာလေးနော် (ကိုအံဇာနဲ့ တခြားဇီ) :kwi:
    ဘယ်များငေးနေတယ်သိဘူး….

  • may flowers

    December 31, 2012 at 1:59 pm

    အပိုင်း ၄၊ ၃၊ ၂၊ ၁ အစဆုံးအားပေးသွားပါတယ်။ မရောက်ဖူးတဲ့အရပ်ဒေသကပုံလေးတွေအတွက်

    ကျေးဇူးပါကိုအံဇာရေ။

Leave a Reply