မင်္ဂလာပါ ခင်ဗျား
၂၀၁၂ ရဲ့ နောက်ဆုံးပိတ် ပရီးမီးယားလိဂ်ပွဲစဉ်၂၀ထဲမှ ၈ ပွဲကို သည်ကနေ့  29.12.2012 စနေညချမ်းအခါသမယမှာ ကန်ကြမှာ ဖြစ်ပါတယ်
သည်ညပွဲတွေအတွက် ယေဘုယျအနေနဲ့ ပြောနိုင်တာကတော့ အိမ်ရှင်တွေ တော်တော်များများ ကာလာလှနိုင်ပါတယ်
ိအိုခေဗျာ
ပွဲစဉ်တွေ နဲ့ အချိန်တွေကတော့…….

7.15 ဆန်းဒါးလန်း(၁၃) – စပါး(၄)
9.30 အက်စတွန်ဗီလာ(၁၆) – ဝီဂန်(၁၈)
9.30 ဖူဟမ်(၁၄) – ဝီဂန်(၉)
9.30 မန်ယူ(၁) – ဝက်ဘရွန်း(၆)
9.30 နော့ဝစ်(၁၁) – မန်စီးတီး(၂)
9.30 ရီဒင်း(၁၉) – ဝက်ဟမ်း(၁၂)
9.30 စတုတ်(၈) – ဆောက်သင်ပတန်(၁၇)
12.00 အာဆင်နယ်(၇) နယူးကာဆယ်(၁၅)

*********************

စာဖတ်ရင် ပျော်ရမယ့်ပွဲ

ရီဒင်း (၁၉) – ဝက်ဟမ်း (၁၂)

ရီဒင်း ပရီးမီးယားလိဂ်ပွဲစဉ်၁၉ပွဲကန်အပြီး ၁ နိုင် ၊ ၇ သရေ ၊ ၁၁ ရှုံး ၊ ရဂိုး၂၁ ပေးဂိုး၃၇ ၊ ၁၀မှတ်
ဝက်ဟမ်း ပရီးမီးယားလိဂ်၁၈ပွဲကန်အပြီး ၆ နိုင် ၊ ၅ သရေ ၊ ၇ သရေ ၊ ရဂိုး၂၂ ပေးဂိုး၂၂ ၊ ၂၃မှတ်

ရီဒင်း အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
သရေ ၊ ရှုံး ၊ ရှုံး ၊ ရှုံး ၊ ရှုံး
ရီဒင်း ၀-၀ ဆွမ်စီး
မန်စီးတီး ၁-၀ ရီဒင်း
ရီဒင်း ၂-၅ အာဆင်နယ်
ဆန်းဒါးလန်း ၃-၀ ရီဒင်း
ဆောက်သင်ပတန် ၁-၀ ရီဒင်း

ဝက်ဟမ်း အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
ရှုံး ၊ သရေ ၊ ရှုံး ၊ နိုင် ၊ ရှုံး
ဝက်ဟမ်း ၁-၂ အဲဗာတန်
ဝက်ဘရွန်း ၀-၀ ဝက်ဟမ်း
ဝက်ဟမ်း ၂-၃ လီဗာပူး
ဝက်ဟမ်း ၃-၁ ချဲဆီး
မန်ယူ ၁-၀ ဝက်ဟမ်း

သည်နှစ်သင်း ပြီးခဲ့တဲ့နှစ်တုန်းက ပရီးမီးယားလိဂ်ထက် တစ်ဆင့်နိမ့်တဲ့ ချန်ပီယံရှစ် မှာ ဆုံခဲ့ဘူးတာ
10.12.2011 ရီဒင်း ၃-၀ ဝက်ဟမ်း

ရီဒင်း မှာ McCarthy တစ်ယောက်ထဲ ဒဏ်ရာရနေတာဖြစ်ပြီး
ဝက်ဟမ်း မှာတော့ အဓိက ကစားသမားတွေဖြစ်တဲ့ Benayoun ၊ Carroll ၊ Diame ၊ Demel ၊ McCartney ၊ နဲ့  Vaz Te တို့ ဒဏ်ရာ ရနေပါတယ်

ရီဒင်း ဟာ တန်းဆင်းဇုန်ထဲမှာ အဆင့်၂၀ ကျူပီအာ နဲ့ အမှတ်တူချင်း ၊ ဂိုးကွာခြားချက်ကြောင့် အဆင့်၁၉ ရနေတာမို့  ၊ အခုနောက်ပိုင်းပွဲတွေမှာ တော်တော်လေးရုန်းလာတာကို တွေ့ ရပါတယ်
ဝက်ဟမ်း အခုနောက်ပိုင်း အရှုံးများလာတာကတော့ ကစားသမားမစုံလို့ ပါ
သည်ပွဲမှာ ဈေးအနေအထားအရ ဒဲ့ဖွင့်လာပါတယ်
အဲဒါကို ရီဒင်းဘက်ကနေ ခပ်ပါးပါးအရှုံးဖွင့်လာမလား ၊ ဒါမှမဟုတ် ကန်ခါနီးကြမှ ရီဒင်း သရေ ဆိုရင် ငါးဆယ်အရှုံးဝန်းကျင် ဖွင့်လာမလား မသိရသေးပေမယ့်
မနှစ်တုန်းက ၁၂လပိုင်း သူတို့ တွေ့ ဆုံခဲ့တဲ့ အတိုင်း တစ်ပုံထဲမဖြစ်တောင်မှ
“““ ရီဒင်း ””” အနိုင်ကစားမှာ ၇၀% သေချာပါတယ်

*********************
ဘာဘာတော့ ရဲ့  သွင်းဂိုးတွေနဲ့ အတူ ၂၀၁၂ ကို ဂွတ်ဘိုင်ပြောရအောင်

ဖူဟမ် (၁၄) – ဆွမ်စီး (၉)

ဖူဟမ် ပရီးမီးယားလိဂ်ပွဲစဉ်၁၉အပြီး ၅ နိုင် ၊ ၇ သရေ ၊ ၇ ရှုံး ၊ ရဂိုး၂၀ ပေးဂိုး၂၄ ၊ ၂၂ မှတ်
ဆွမ်စီး ပရီးမီးယားလိဂ်ပွဲစဉ်၁၉အပြီး ၆ နိုင် ၊ ၇ သရေ ၊ ၆ သရေ ၊ ရဂိုး၂၇ ပေးဂိုး၂၃ ၊ ၂၅ မှတ်

ဖူဟမ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ ပွဲတွေကတော့
သရေ ၊ ရှုံး ၊ ရှုံး ၊ နိုင် ၊ ရှုံး
ဖူဟမ် ၁-၁ ဆောက်သင်ပတန်
လီဗာပူး ၄-၀ ဖူဟမ်
ကျူပီအာ ၂-၁ ဖူဟမ်
ဖူဟမ် ၂-၁ နယူးကာဆယ်
ဖူဟမ် ၀-၃ စပါး

ဆွမ်စီး အခုပွဲမကန်ခင်ကစားခဲ့တဲ့ပွဲတွေကတော့
သရေ ၊ သရေ ၊ ရှုံး ၊ နိုင် ၊ ရှုံး
ရီဒင်း ၀-၀ ဆွမ်စီး
ဆွမ်စီး ၁-၁ မန်ယူ
စပါး ၁-၀ ဆွမ်စီး
ဆွမ်စီး ၁-၀ မစ်ဒယ်ဘရော့ (ကပ်ပီတယ်ဝမ်း)
ဆွမ်စီး ၃-၄ နော့ဝစ်

သည်နှစ်သင်းတွေ့ ဆုံခဲ့မှုတွေကတော့
17.30.2012 ဖူဟမ် ၀-၃ ဆွမ်စီး
10.12.2011 ဆွမ်စီး ၂-၀ ဖူဟမ်
24.2.2009 ဖူဟမ် ၂-၁ ဆွမ်စီး (အက်ဖ်အေ)

ဖူဟမ် ဟာ ပြီးခဲ့တဲ့ပွဲမှာ ဆောက်သင်ပတန် ကို ဦးဆောင်ဂိုးနဲ့ ဒုတိယပိုင်းတစ်ဝက်လောက်ထိ ဦးဆောင် နိုင်ခဲ့ပေမယ့် ဂိုးပြန်ပေးခဲ့ရတာမို့  သရေပဲ ရခဲ့ပါတယ်
ဆွမ်စီး ကတော့ ပြီးခဲ့တဲ့ ရီဒင်းနဲ့ ပွဲမှာ ဂိုးမသွင်းနိုင်ပဲ သရေ ကျခဲ့ပါတယ်
ဆွမ်စီး တိုက်စစ်မှူး မီချူး ဟာ သွင်းဂိုး ၁၄ ဂိုး နဲ့  ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဖြစ်နေပါတယ်
ဖူဟမ်တိုက်စစ်မှူး ဘာဘာတော့ကတော့ ၊ ၃ပွဲကို အနဲဆုံး ၁ဂိုးလောက်တော့ ပုံမှန်သွင်းနေပါတယ်
ဈေးအနေအထားအရ ဖူဟမ် သရေ ဆိုရင် ငါးဆယ်အရှုံး ကို အဲဒီပတ်ချာလည်ပဲ ဖွင့်လာမှာပါ
သည်ပွဲမှာတော့ ၊ ၂၀၁၂ ကို အိမ်ကွင်းမှာ နှုတ်ဆက်မယ့်
“““ ဖူဟမ် ””” ကို အားပေးမယ်ဆိုရင် ဖူလဲဖူလုံရမယ် ၊ ဟန်လဲကျရပါမယ်

*********************

******* အားလုံး အောင်မြင် ပျော်ရွှင် စွာနဲ့ ၂၀၁၂ ကို ဘိုင်ဘိုင် ပြောနိုင်ပါစေ *******

About မောင် ပေ

မောင် ပေ has written 396 post in this Website..