ကျွန်တော်နှင် ့အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်/ပညာရေးကွန်ရက်( ၂ )နှစ်ပြည့် / အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေ ရှာဖွေရေး / ဂီတပွဲတော်

alinsettDecember 29, 20122min17216

444

03

သာမန် အားဖြင့်………….

တစ်ကိုယ်တည်း… အေးအေးလူလူ တွေးငေး နေလေ့ ရှိသော ကျွန်တော်…။

လူသူ ထူထပ်သော ပွဲ လမ်း သဘင် နေရာများကို.. သွားလေ့ မရှိသလောက် နီးပါး…

ရှောင်ရှားခဲ့ သော ကျွန်တော်…..

ဒီဇင်ဘာ 27 / 28 ညချမ်းများ မှာတော့….လူတော တစ်ခု တိုးဝင်ခဲ့မိသည့် အတွက်…နောင်တ မရမိပါ ။

ဂုဏ်ယူ ကျေနပ်စရာ ည တစ်ည အဖြစ်… ပင်..ကျွန်တော့် ဘဝ စာမျက်နှာများထက်မှာ… မှတ်သား ထား၊ရမည့် ညတစ်ည ဖြစ်ခဲ့သောကြောင့်

ကျွန်တော်..ကျေနပ်ပါသည် ။

666
+++++++++++++++++++++++++++++++++++++++++++++++++++++++

ပွဲတော်သည်…………..

ဂီတ ပွဲတော် တစ်ခု မျှသာဖြစ်သော်လည်း….. သာမန် ဂီတ ပွဲများထက် ထူးခြား နေသော.. အချက်များကြောင့်

ကျွန်တော့်ကို…. စိတ်ဝင်စားအောင် ဖန်ဆင်းနိုင်ပါသည် ။

အမျိုးသားဒီမိုကရေစီ အဖွဲ ့ချုပ် / ပညာရေးကွန်ရက် ( ၂ ) နှစ်ပြည့် / အခမဲ့ ပညာဒါန ကျောင်းများ ရန်ပုံငွေ ရှာဖွေရေး / ဂီတပွဲတော် တစ်ခု ဖြစ်နေခြင်း…

အမေစု ကိုယ်တိုင် ယက် လုပ် ထားသော…. အမှတ်တရ ပစ္စည်းများကို လေလံ ပစ် ခြင်းနှင့်….

မျိုးချစ်စိတ်ရှိသော… နိုင်ငံ့ကြယ်ပွင့် အဆိုတော် နှင့် ရုပ်ရှင်သရုပ်ဆောင် များ ၏ အားမာန် အပြည့်….. ဂီတ သံစဉ်များကြောင့်….

ကျွန်တော်..

အဲဒီ ပွဲတော် ကို….

ကြည့်ရှု ခံစားခဲ့ရသည့် …… အရသာကို ကျေနပ် နှစ်သက် ပါသည် ။

111
++++++++++++++++++++++++++++++++++++++++++++++++++++++++

ရန်ကုန်မြို ့…

ပြည်သူ ့ရင်ပြင် ထဲရှိ ပွဲတော် တည်နေရာ….

ပွဲဈေးတန်းတလျှောက်တွင်……

အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ….

ခွပ်ဒေါင်းအလံများ

အစားအသောက်ဆိုင်များ

ပင်နီ ဝတ်စုံ အရောင်းဆ်ိုင်များ…

မြန်မာ့ဝတ်စုံကို ကျကျနန ဝတ်ဆင် ထားသော… NLD အဖွဲ ့ဝင်များ…

ခွပ်ဒေါင်းပုံပါ… နီနီရဲရဲ လက်ပတ် ကလေးများ

ပါးပြင်ပေါ်မှာ ကပ်ထားသော ခွပ်ဒေါင်းအလံ ကလေးများ….

အားလုံး….အားလုံးသည်…..

ဝင့်ကြွား လှပ…. နေပါတော့သည် ။

222

333

000
+++++++++++++++++++++++++++++++++++++++++++++++++++

အကျီ င်္ အရောင်းဆု်င်များ….

အစားအသောက် အရောင်းဆိုင်များ နှင့် အမှတ်တရ ပစ္စည်း / စာအုပ် အရောင်းဆိုုင်များ..ရှိ…

ရောင်းသူများ အားလုံးလိုလိုက….

ဇာတိသွေး..ဇာတိမာန် တက်ကြွ စေသော…. တေးသံများကို….

သံ ပြိုင်..အော်ဟစ်…သီဆိုနေရင်း….. လက်ခုပ်သံများ.ညီညာဖြဖြ ဖြင့်…

ပွဲတော် လာသူကို…

ဆီးကြို ပါသည် ။

အမှတ်တရပစ္စည်း အရောင်းဆိုင် အများစု သည်….

အမျိုးသားဒီမိုကရေစီ အဖွဲ ့ချုပ် တံဆိပ်များဖြင့်… ပြုလုပ်ထားသော…. ပစ္စည်းများသာ ဖြစ်သည် ။

မြန်မာ့ ရိုးရာ ဝတ်စုံကလေးများသည်……

ဈေးနှုန်းလည်း..သင့်တော်..၍ ဝယ်ချင်စရာ အဆင်အသွေးကလေးများလည်း.ဖြစ်သောကြောင့်….

ကျွန်တော်… ချစ်မိပါသည် ။

01

02

ကြိတ်ကြိတ်တိုး..စည်ကားနေသော… ဈေးတန်းထဲ တလျှောက် ကျွန်တော်..ဖြတ်လျှောက်နေရင်း…..

တစ်နေရာ အရောက်မှာတော့……

……………………………..

ကျွန်တော့် ခြေလှမ်းတို ့ရပ်တန် ့

အကြည့် အတွေးတို ့…ငြိမ်သက်…..

ရင်ထဲမှာ…………..

ရင်ထဲမှာ…… ဆို ့…….နင့်….တုန် ….ခါ…သွားသည် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++=

နိုင်ငံရေး အကျဉ်းသားများကို… ချုပ်နှောင်ထားသော…

ထောင်တွင်းအကျဉ်းခန်းငယ်တစ်ခုကို..ပုံစံတူ ပြုလုပ် ၍ ပြသ ထားခြင်းဖြစ်သည် ။

သံတိုင်များ ကြားမှ…..အတွင်းသို ့…. ငေးမော ကြည့် ရင်း….

ကျွန်တော်… ရင် ဆို ့…မိပါသည် ။

အခန်းငယ်အတွင်းမှာ…အကျဉ်းသားတစ်ယောက် ဝတ်ရသည် ့… ထောင်တွင်း ဝတ်စုံ ကို ဖြန် ့ခင်း ပြသထားသည် ။

ထို ဝတ်စုံနှင့် တွဲလျက်သား…. မြင်ရတာကတော့……

သံထည် ခြေကျင်း၊ကြီးတစ်ခု….။

ကျွန်တော်…ကိုယ်တိုင်….. မွန်းကျပ် မောပန်းလာပါသည် ။

ကျဉ်းမြောင်း ၍ အလင်းရောင် ကောင်းစွာ မရနိုင်သော…

ဤ အခန်းငယ် ကလေးများထဲမှာ…..

ယုံကြည်ချက်ကြောင့်……..အကျဉ်းကျ ခံရ သူ မျိုးချစ် ပုဂိ္ဂုလ် များ…

ဒုက္ခ ဆင်းရဲ..ခံခဲ့ရဖူးသည် ။

လက်ရှိလည်း..ဒုက္ခ ဆင်း ရဲ ခံနေရသူများ ရှိသေးသည် ။

ဆက်လက်…. ရှိ မနေဖို ့ကိုတော့…..ကျွန်တော်..မျှော်လင့်မိပါသည် ။

နိုင်ငံ ရေး အကျဉ်းသားတစ်ယောက် ရှိနေရင်ကို ….

အတော် များနေပြီ …… တဲ ့ ။

ကြားဖူးခဲ့တဲ ့စကားလေးပါ ။

++++++++++++++++++++++++++++++++++++++++++++++++++==

အကျဉ်းခန်း… ပုံတူ သည်…..

တကယ့် အုတ်နံရံ များဖြင့်… ပြုလုပ်ထားသည် ။

တကယ့် သံတိုင်များကို ဆုပ်ကိုင်ပြိး…

အတွင်းဘက် ကို ငေးကြည့်သောအခါ…..

အတွင်းဘက် နံရံ များပေါ်မှာ………

စာသားတချို ့ ရေးခြစ် ထားပါသည် ။

နာမည်ကြီး..ဆရာတော်တစ်ပါး..၏ စာသား လေးလည်း.တွေ ့ရသည့်အပြင်…

ကို မင်းကိုနိုင် ၏ နိုင်ငံရေးအဆိုအမိန် ့ကလေးများကိုလည်း…. ဖတ်ရပါသည် ။

တောက် ခတ်သံများနှင့်… နာကြည်း မုန်းတီးစွာ.. ခံပြင်းဒေါသ များကိုလည်း…မြင်ရ /ကြားရ ပါသည် ။

ထိုစာသားများကိ်ု….. ဖတ်ရချိန်တွင်….

ကျွန်တော့် စိတ်ဓါတ်တို ့….. အုံကြွ ၍

ကျွန်တော့် သွေးတို ့…. ထ … ပွက်..သည် ။

++++++++++++++++++++++++++++++++++++++++++++

အခန်း ၏ အပြင်ဘက်.ဘေး ပတ်ပတ်လည်….နံရံ များတွင်လည်း….

အကျဉ်းသားတို ့ ၏ နေ မှု / စားမှု နှင့်…ထောင်တွင်း..စာပေလေ့လာမှု ဆိုသော… ပုံရိပ်များကိုလည်း..

သရုပ်ဖော်ပြ ထားပါသည် ။

နေ မှု နှင့် စားမှု ကို ကျွန်တော်… သိပ် ထူးထုူးခြားခြား မခံစားရသော်လည်း…..

ထောင်တွင်း စာပေ လေ့လာ မှု ဆိုသည့် သရုပ်ဖော် ပုံများကိုတော့..

တအံ ့တဩ ငေးကြည့်ခဲ့မိသည် ။

ဆေးပေါ့လိပ်တိုများထဲမှာ… ပါသမျှ စာတိုပေစ ကလေးများကို… မက်မက်မောမော ရှာဖွေ ဖဆက်ရှု နေရသည့် …. အဖြစ်ကို

ကြည့်ပြီး……

ကျွန်တော်… ရင် နာလှပါသည် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အကျဉ်းခန်း ပုံတူလေး ၏ အနောက်ဘက် အုတ်နံရံ မှာတော့…..

လာရောက်ကြည့်ရှု ကြသူများအတွက်……

အသိအမှတ်ပြုမှု ပေးသောနေရာကလေးတစ်ခု …..။

ရေးချင်သည့် စာသားကို….. ချရေးနိုင်ရန်… ရေးခွင့်ပေးထားသော…နေရာမှာ…..

လူမျိုးစုံက……

စာသားမျိုးစုံ ..

အတွေး မျိုးစုံကို…… ချ ရေးထားကြသည်ကို ဖတ်ရသည် ။

ရေးသွားကြသမျှ / ဖတ်ရသမျှ စာသားများ အားလုံးသည်…..

တိုင်းပြည်ကို ချစ်သော…..

တိုင်းပြည် ကောင်းကျိုးကို လိုလားသော….

နိုင်ငံရေးအကျဉ်းသားများ ၏ ဘဝ ကို စာနာ သော…..

နိုင်ငံ ့တာဝန် သိသူ…ပုဂိ္ဂုလ်များ ၏ အားမာန် အပြည့် ရှိသော စာသားများဖြစ်သည် ။

ထိုနေရာကလေးမှာ……………………..

ကျွန်တော်ကိုယ်တိုင်လည်း…..

စာသားတစ်ကြောင်း…

ဝင်ရေး လိုက်ပါသည် ။

ကျွန်တော့် နို်င်ငံ အရေးများနှင့် ပက်သက်လာ လျှင်….

ကျွန်တော် ပြောချင်တာတွေ../ ရေးချင်တာတွေ…အများကြီး….။

အဲဒီ အများကြီးထဲကမှ……..

လောလောဆယ် ကျွန်တော်..အပြောချင်ဆုံးစကားလေး.တစ်ခွန်းကို…… ချရေးပြီး….

စာသားအောက်မှာ….

အလင်းဆက် ဟု… လက်မှတ် ထိုးခဲ့ပါသည် ။

( ထိုကဲ ့သို ့ အမှတ်တရ စာသားများ..ကို.. ပြက္ခဒိန် ပြုလုပ် ထားသည်ကိုလည်း..ရန်ပုံငွေ အတွက် ရောင်းချနေသည်ကိုတွေ ့ခဲ ့ရပါသည် ။ )

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော်……………………….

ဤ တိုင်း …ဤ ပြည်ကို……..

ချစ် သည် ။

( ထိုနေရာမှာ ကျွန်တော်..ဘာစာသားလေး..ရေးခဲ့သလဲ..ဆိုတာတော့…
ဤ အက်ဆေးလေးထဲမှာ.ပြောပြ ထားမှာ မဟုတ်ပါ ။ )

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဂီတ ပွဲတော်သည်………

ဂီတ အမျိုးအစား စုံလင် / များပြားစွာ…ဖြင့်…

ကြည့်သူကို…. ဖမ်းစားနိုင်ခဲ့သည် ။

ကျွန်တော်… ချစ်သော….. သီချင်းများကို…ကြားရ သလို…..

ကျွန်တော်..လက်ခံ အားပေးသော..အဆိုတော် တချို ့ ကိုလည်း…အားရ ကျေနပ် စွာ.. အားပေး ခွင့် ရခဲ့ပါသည် ။.

Rock ဂီတ အလှည့် ရောက်သောအခါ……………………

ကျွန်တော်…

စိတ်အာရုံသည်…

ဂီတ သံစဉ် ခပ်ပြင်းပြင်းများနှင့်အတူ…….စီးမျော…. ပူးကပ် ပါ..သွား….

ကျွန်တော်… လူးလွန် ့ ဟစ်ကြွေး……။

Rock နှင့်အတူ….. အော်ဟစ်…ပေါက်ကွဲ..ထွက်…..

ကျွန်တော့် ဝိညာဉ်သည်… ကျွန်တော့် ကိုယ် မှ……. ခဏ ခွါ သွားပြီး…… ဂီတနှင့်အတူ…… ပျော်ဝင် သွားလျက်…..

ကျွန်တော်………………………………………..

ကျွန်တော်…………………………………………

555
+++++++++++++++++++++++++++++++++++++++++++++++++++++++++

ဟိုစဉ်တုန်းက…….

Rock ဂီတ သံစဉ် ခပ်ပြင်းပြင်းများကို… သိပ် မခံစားတတ်ခဲ့သော… ကျွန်တော်…….

“ ငါ… Rock ကို မကြိုက်ဘူး…ဆိုတာ သေချာ လို ့လား…. ” ဟု… ကိုယ့်ဘာသာ ပြန်မေးလိုက်ရပါသည် ။

ဂီတ ပွဲတော်မှ အပြန် တွင်………………………..

ကျွန်တော် ့ရင်ထဲမှာ…. ရှိနေခဲ့ဖူးသော……..

စိတ် အညစ်အကြေးများ……

ဒေါသ နှင့်….. နာကြည်း စိတ်များ…..

လောဘ နှင့်…. တွေဝေ မှု များ….

နောက်……….

————– များ…..

ဘာမှ….

မကျန် ရစ်တော့ပဲ…….. ရှင်း…ထွက်သွားသည် ။ လင်း..ထွက် သွားသည် ။

ထို့နောက်……..

အဖြူထည် သက်သက်…. ရင်ခုန်သံ တစ်ခုဖြင့်……

ကြည်လင်စွာ……

ကျွန်တော်..အိမ်ပြန်လာခဲ့ပါသည် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++=

မျှော်လင့်ချက်များနှင့်…..

ရှေ ့ဆက်… ဘာတွေ ရေး..လို ့…

ဘာတွေ.ပြောရမည် ကိုလည်း…

ကြိုတင် စဉ်းစား လာခဲ့ပါသည်

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော်..ချစ်သော……

အနုပညာဖြင့်………

နိုင်ငံ ့အရေးကို……

တစ်ထောင့်တစ်နေရာမှ….. ကုညီ ဆောင်ရွက် ပေးနိုင်သည် ။

ကျွန်တော်…ချစ်သော……………….အနုပညာ….

အနုပညာ အတွေးများဖြင့်…….

နိုင်ငံ့ အရေးကို……

အလှဆင်ပေးနိုင်သည် ။

ထို…အတွေးဖြင့်…….

မိုးချုပ် မှာ…..

ကျွန်တော်…

အိမ် ပြန်ခဲ့ပါသည် ။

++++++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာ…ဖြင့်

အလင်းဆက်

အမျိုးသားဒီမိုကရေစီ အဖွဲ ့ချုပ် /

ပညာရေးကွန်ရက် ( ၂ ) နှစ်ပြည့် /

အခမဲ့ ပညာဒါန ကျောင်းများ ရန်ပုံငွေ ရှာဖွေရေး…..

ဂီတ ပွဲတော် ရောက်

အမှတ်တရ အက်ဆေး ။

16 comments

  • Mobile

    December 29, 2012 at 10:16 pm

    ကမ္ဘာမကျေ မြန်မာပြေ တို့ဘိုးဘွားအမွေ အနှစ်မို့ ချစ်မြတ်နိုးပေ……
    ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ………
    ဒါဒို့ပြေ ဒါတို့မြေ ဒို့ပိုင်တဲ့မြေ………………………………….
    ဝင်ရောက်အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးး

  • Mr. MarGa

    December 30, 2012 at 10:25 am

    သွားချင်လိုက်တာနော်
    အဲဒီနေ့က ဦးမာဃ စာပေဟောပြောပွဲရောက်နေတယ်ကွယ့်

  • ဗုံဗုံ

    December 30, 2012 at 3:36 pm

    အဲ့လိုမျိုးပွဲတွေ သွားချင်တယ် ဦးလေးလင်းဆက်ရေးထားတာ တစ်ကယ့်ကို ပွဲထဲရောက်သွားတဲ့အတိုင်းပါဘဲ
    ဦးလေးဆက်နဲ့ ထပ်တူထပ်မျှ ခံစားလိုက်ရပါတယ်

  • အလင်းဆက်

    December 30, 2012 at 6:18 pm

    ဝင်ရောက် ဖတ်ရှု အားပေးသွားသော.
    ကိုကို မိုဘိုင်း

    အဲဒီ ပွဲကို သွားချင်လိုက်တာ ဆိုသော….
    သိကြားမင်းကြီး

    နှင့်………….

    ကျွန်ုပ်နှင့် ထပ်တူထပ်မျှ ခံစား လိုက်ရသော…. ဗုံ ဗုံ ….တို ့ အား အထုူး ကျေးဇုူးတင်ရှိပါကြောင်း။

    ထို့အပြင်… ကျွန်ုပ် ၏ စာအလှကို…
    ဖတ်ရှု ကြကုန်သော…
    ကွန်မန့်မပေးဖြစ်သော်လည်း… ခံစား ဖတ်ရှု သွားကြသော…
    စာဖတ်သူများ..အားလုံးကိုလည်း…ကျေးဇူးတင်ပါကြောင်း…..

    လေးစားစွာဖြင့်….
    အလက်ဆင်း

  • မောင်ပေ

    December 30, 2012 at 9:34 pm

    ညီငယ်အလင်းစက်ရေ
    ဖတ်နေရင်းနဲ ့ပွဲထဲ ကိုယ်တိုင်ရောက်သွားလိုက်သလိုပါကလား

  • မှောင်ကြီး

    December 31, 2012 at 4:13 am

    ကိုလင်းရေပွဲခင်းထဲမှာအနော်လည်းလုံခြုံရေးလုပ်နေတယ်ဗျ
    (စကားမစပ် mobile version မှာ login ဘယ်လိုဝင်ရလဲပြောပြကြပါ မှောင်ကြီးတိုင်ပတ်နေလို ့ပါ)

  • thureinmaung

    December 31, 2012 at 3:35 pm

    ကိုအလင်းဆက်..
    ပွဲခင်းဓါတ်ပုံတွေကိုကြည့်ရတာထက်ပိုပြီးကွက်ကွက်ကွင်းကွင်းမြင်ရတဲ့
    ခင်ဗျားအရေးအသားတွေကို အားပေးသွားပါတယ်….
    ကျေးဇူးပါ

  • လုံမလေးမွန်မွန်

    December 31, 2012 at 8:49 pm

    ကိုအလင်းဆက်ရေ…
    တကယ်ပဲ မျက်စိထဲမှာ ထင်းကနဲ လင်းကနဲ မြင်သွားသလိုပါပဲ..
    မွန်မွန်လည်း လူတွေအများကြီးဆို မသွားချင်လို့ မသွားမိခဲ့တာကိုပဲ နောင်တရသလို ဖြစ်သွားမိပါရဲ့…

  • အလင်းဆက်

    December 31, 2012 at 10:19 pm

    လေးလေးပေရေ

    ဖတ်နေရင်းနဲ ့ပွဲခင်းထဲ.ရောက်နေသလို ခံစားသွားရပြီ..ဆိုတော့…
    ကျွန်တော်..ကြိုးစားရေးရကျိုး နပ်ပြီဗျ ။
    ကျွန်တော်..စကားပြေ အရေးအသားနဲ ့ ဒီလို နိုင်ငံရေးရော..
    အနုပညာ ပါ..ပါအောင် မရေးတတ်ဘူး.။
    မရေးတတ်ရေးတတ်နဲ ့ ရေးချလိုက်တာ…

    ခံစား အားပေးလို့ကျေးဇူးပါနော့် ။
    ==================

    မှောင်မှောင်ကြီးရေ…
    ပွဲခင်းထဲမှာ..လုံခြုံရေး လုပ်နေတယ်..ဆိုတော့..
    သားသားကို မတွေ ့ဘူးလား ..ဟင် ။
    🙂
    mobile version မှာ login ဝင်ဖို ့…
    ဂဇက် စာမျက်နှာ ရဲ ့အောက်ဆုံးမှာ..mobile Themes / On / Off
    ဆိုတဲ ့ နေရာကို ကလစ်ကြည့်ပါလား .။
    အဲဒီနေရာမှာ Off ဖြစ်နေရင်.လည်း..ဝင်လို့မရဘူး ။
    On လိုက်ရင်တော့… ကွန်ပျူတာနဲ ့ ဂဇက် သုံးနေရသလို ဖြစ်သွားပါတယ် ။
    ကျွန်တော်ဆို … ကဗျာတိုလေးတစ်ပုဒ်တောင် …ဟန်းဆက် ကနေ တင် ဖူးတယ်ဗျ ။
    ဟန်းဆက် ချင်း. မတူရင် ရပါ့မလားလည်း.. မသိပါဘူး ။
    မှန်းပြီးအကြံပေးကြည့်တာပါ ။

    +++++++++++++++++++++
    thureinmaung ရေ

    အရေးအသားလေးကို အသိအမှတ်ပြု အားပေးလို ့..
    ဝမ်းသာ မိပါတယ် ။
    နောက်လည်း.လာ အားပေးရမယ်နော ့။
    :kwi:

    ========================
    လုံမလေးရေ..
    အဲဒီ ပွဲက တကယ်ပဲ.ကြည့်ရတာ တန်ပါတယ် ။
    ထိုင်ခုံတစ်လုံး 15000 ပေး ကြည့်ရလည်း..
    ပေးလိုက်ရတဲ ့ပိုက်ဆံက
    ပညာဒါန ကျောင်းတွေ..ဆီ ပဲ.ရောက်မှာဆိ်ုတော့.. လှူ ရာလည်း.ရောက်လို ့.
    ဝမ်းသာရပါတယ် ။

    ကျွန်တော်..တော့.. နောက်ဆို.လူတော တိုးအောင် ကြိုးစားကြည့်ဦးမယ်ဗျို ့ ။
    ဒီလို..ပွဲမျိုး..ဆို မလွတ်တမ်း….။

    လုံမလေး..ရေ…
    သားသား ရဲ ့ စာ အလှ / လူ အလှ တွေကို..
    မပြတ်တမ်း အားပေး လာလို ့.ကျေးဇူးမမေ့ဘူးနော် ။

    🙂

    ==================
    အားလုံးကို ခင်မင်လေးစားစွာ..
    ကျေးဇူးလည်း.တင်လျက်ပါ ။

    အားလုံး….
    ပျော်ရွှင်စရာ နှစ်သစ်လည်းဖြစ်ပါစေ..လို ့။

    • မှောင်ကြီး

      January 2, 2013 at 3:17 am

      ကျေးဇူးပဲဗျို ့

  • အရီးခင်လတ်

    December 31, 2012 at 10:22 pm

    သတင်းရော၊ ဓာတ်ပုံလေးတွေရော၊ ထင်မြင်ချက်ကလေး တွေကိုပါ နှစ်သက်စွာဖတ်သွားပါတယ်။
    နှစ်သစ်မှာ ပိုမိုပြီး အောင်မြင်ပါစေ အလင်းဆက်ရေ။

  • အလင်းဆက်

    December 31, 2012 at 10:46 pm

    နှစ်သက်စွာ…
    ဖတ်ရှု.ခံစားသွားတဲ ့..အရီးရေ

    ဆုတောင်ကားလေးအတွက်.ကျေးဇူးပါဗျ။
    ကြိုစားပါ့မယ်..။
    🙂
    ========
    အရီး..

    ပျောက်ချက်သား ကောင်းနေတယ်နော် ။
    စာတွေရေးပါဦး ။

    သူများသာပြောနေတာ ။
    သားလည်း..ပျောက်ချက်သား ကောင်းနေတာပါပဲ ။

    သားကတော့ စာရေးတဲ ့အချိန်ထက် ..စာဖတ်တဲ ့အချိန်က ပိုများနေ လို့ပါ ။
    ဂဇက် စာပေ ဆု အတွက်..ဖတ်ကူ..ကိုလည်း..
    ဒီလ ဆက်လုပ်ပေးနေမိလို့… စာရေးအားတော့..
    နည်းနည်းကျ သွားတယ်ဗျ .။

    အရင် ရေးထားပြီးသားလေးတွေ..တင်နေလို ့.. ရွာ့ စာမျက်နှာတွေမှာ.
    အလင်းဆက် ပျောက်မသွားသေးတာ…။

    အဟိ ။

  • Shwe Ei

    January 1, 2013 at 11:30 am

    ဒီလိုပွဲမျိုးမှာ ဘာတွေလုပ်ကျသလဲ ဘလောက်တောင်
    စိတ်ဝင်စားဖို့ကောင်းသလဲဆိုတာမျိုး မသွားနိုင်ပေမဲ့ သိချင်နေတဲ့လူတွေအများကြီးပါ
    အလင်းဆက်ရေ။ တကူးတကန့်တင်ပေးတာကို ကျေးးဇူးအထူးတင်ပါတယ်။
    ကိုယ်တိုင်လဲနောက်တကြိမ်ဆိုတာမျိုးကြုံလာရင်
    သွားဖြစ်အောင် သွားမယ်လို့စိတ်ကူးလိုက်မိပါတယ်။

  • အလင်းဆက်

    January 1, 2013 at 1:58 pm

    မမရျွှေအိရေ…
    ကျေးဇူးနော် ။

    နောက်တစ်ခါ.. ပွဲခင်းထဲမှာ ဆုံရင်..
    မုန့်ဝယ်ကျွေးနော် ။
    မမရွှေအိ ဝယ်မကျွေးရင်.လည်း.
    သားသား ဝယ်ကျွေးမယ် ။
    🙂

  • ဦးကြောင်ကြီး

    January 2, 2013 at 9:34 am

    ဂီတပွဲတော်
    ညီမဆွဲခေါ်
    ပီယရဲဖော်
    ဆီဝပဲလှော်
    ထီပြလွဲချော်
    သီဟချဲလျော်
    အီစွသဲကော်
    ဒီကဘဲအော်..။

  • အလင်းဆက်

    January 3, 2013 at 7:35 am

    မှောင်မှောင်ကြီးရေ…

    အဆင်ပြေပြီလားဗျ ။ 🙂

    ==================
    ဦးကြောင်ရယ်…

    ညီမတော့.. ဆွဲခေါ်ရဲပါဘူး ။
    ဘု ညီမ ကို ဆွဲခေါ်ရင် ကောင်းမလဲ.ဟင်….။

    ဟိဟိ ။
    ဟို… မကြီးစန်း ရဲ ့ င်္ညီမလေးတွေ..ကိုပဲ.သွားဆွဲခေါ် ရမလား.ပေါ့နော် ။
    ဟိဟိဟိ။
    :kwi:

Leave a Reply