အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁၅ ) ( D – 21 – ROME – VATICAN )

Foreign ResidentDecember 30, 201220min16723

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၁၅ )

( D – 21 – ROME –

VATICAN )

 

အောက်တိုဘာ ၁ ရက်နေ့

 

ဒီနေ့ တော့ Vatican နိုင်ငံ ၊

Gladiator တွေရဲ့ ပြိုင်ပွဲကွင်း ၊

The Colosseum နှင့် ၊

အချစ် ရေပန်း Trevi Fountain

တို့ ကို သွားကြပါမယ် ။

 

RC ခရစ်ယာန် ဂိုဏ်းချုပ် ပုပ်ရဟန်းမင်းကြီး အုပ်ချုပ်တဲ့ Vatican နိုင်ငံ ဟာ အဓိက အပိုင်း ( ၃ ) ပိုင်း ရှိပါတယ် ။

Saint Peter’s Basilica, Vatican Museums နှင့် The Vatican Gardens တို့ပါပဲ ။

အဘတို့ က Vatican Museums နှင့် Saint Peter’s Basilica ကိုပဲ ဝင်ကြည့်ဖြစ်ပါတယ် ။

The Vatican Gardens ကိုတော့ လှမ်းမြင်ရုံသာ မြင်ခဲ့ပြီး ဝင်မကြည့်ဖြစ်ခဲ့ ပါဘူး ။

အဘတို့ က မြောက်ဖက် Viale Vaticano လမ်းဘေး ဝင်ပေါက် ( 22 ) ကနေ ဝင်ကြပါတယ် ။

ပြန်ထွက်တာတော့ တောင်ဖက် Saint Peter’s Basilica ( 2 ) ကနေ ပြန်ထွက် ကြပါတယ် ။

နာမည်ကျော် Sistine Chapel က နံပါတ် ( 9 ) ပါ ။

အောက် / အပေါ်မှာပြထားတဲ့ Vatican နိုင်ငံ မြေပုံလေးနှင့် တွဲကြည့်ရင် ပိုရှင်းမှာပါ ။

 

Vatican နိုင်ငံ မြေပုံ ။ မြောက်ဖက် ဝင်ပေါက် ( 22 ) ကနေ ဝင်ပြီး Saint Peter's Basilica ( 2 ) က ပြန်ထွက်ကြတယ် ။
Vatican နိုင်ငံ မြေပုံ ။ မြောက်ဖက် ဝင်ပေါက် ( 22 ) ကနေ ဝင်ပြီး Saint Peter’s Basilica ( 2 ) က ပြန်ထွက်ကြတယ် ။
အစောင့် တပ်သား Guard တွေကတော့ Swiss Mercenary ဆွစ်ဇာလန် ကြေးစား စစ်သား တွေပါ ။
အစောင့် တပ်သား Guard တွေကတော့ Swiss Mercenary ဆွစ်ဇာလန် ကြေးစား စစ်သား တွေပါ ။
Cortile Della Pigna ဆိုတဲ့ အလယ်မှာ ကြေးရောင် အလုံးကြီး ရှိတဲ့ ကွင်းထဲ ရောက်သွားတယ် ။
Cortile Della Pigna ဆိုတဲ့ အလယ်မှာ ကြေးရောင် အလုံးကြီး ရှိတဲ့ ကွင်းထဲ ရောက်သွားတယ် ။

 

 

အဘ က Vatican နိုင်ငံ လို့သုံးတာကို သတိထားကြည့်ပါကွယ် ။

Vatican နိုင်ငံ မှာ အီတလီ နိုင်ငံသား ကိုတောင် Foreigner  နိုင်ငံခြားသားလို့ သတ်မှတ်ပြီး ၊

အစောင့် တပ်သား Guard တွေကတော့ Swiss Mercenary ဆွစ်ဇာလန် ကြေးစား စစ်သား တွေပါ ။

 

ကြုံတုံး ၊ ဟာသပြောရအုံးမယ် ၊ မနေ့က ညနေပိုင်း မိုးရွာတယ်လေ ။

အဲဒါ ရောမမြို့ထဲ လည်ကြတော့ အဘတို့ လင်မယားက ခေါက်ထီး အတိုနှင့်ပေါ့ ။

အဲဒီမှာ အဘတို့အဖွဲ့ထဲက တစ်ချို့က ထီးအရှည် အကြီး အကောင်းစားတွေနှင့်တွေ့ရတယ် ။

ခရီးဖေါ်တွေဆိုတော့ သူတို့ အရင်က ဒီလို ထီးမျိုး မရှိခဲ့ / မပါခဲ့တာ သိနေတယ်လေ ။

အဲဒါနှင့် မေးကြည့်တာပေါ့ ထီးအသစ် ဝယ်လိုက်တာလားလို့ ။

မဟုတ်ဘူးတဲ့ ၊ မိုးရွာနေတော့ ဟော်တယ်က ထီး ငှားလာတာတဲ့ ။

 

ဒါနှင့် ဟုတ်ပြီပေါ့ ဆိုပြီး ၊ ဒီနေ့ မနက်မှာ ဟိုတယ် Reception မှာ ထီးသွားငှားတယ် ။

သူတို့က ဟိုတယ် ဝင်ပေါက်ဝနားက ပုံးထဲမှာ ကြိုက်တာ ယူသွားပါတဲ့ ။

သွားကြည့်တော့ စတီးပုံးထဲမှာ အများကြီး ၊ ခပ်ကြီးကြီး တစ်ခု ရွေးယူလာခဲ့တယ် ။

” Can I have an umbrella ” ဆိုပြီးမေးတာဆိုတော့ ၊ အပိုင်ရတာလား မသိပါဘူး ၊ ဟီဟိ ။

 

Vatican မြောက်ပိုင်းက Museum လဲဝင်ရော ဝင်ပေါက်ဝ မှာ ထီးထားခဲ့ရတယ် ။

Ticket လေးတစ်ခု ပြန်ပေးပြီး ၊ အပြန်ကျမှ ပြန်ရွေးယူပါတဲ့ ။

ဖြစ်ချင်တော့ ၊ အပြန်မှာ တောင်ဖက် Saint Peter’s Basilica က ပြန်ထွက်ရတယ် ။

အဲဒီမှာ ဟိုတယ် က ငှားလာတဲ့ ထီး လည်း ဆုံးတာပါပဲ ။

အဘတို့ပဲ မဟုတ်ဘူး အဖွဲ့က တော်တော်များများ ဆုံးတယ် ။

အဘတို့လဲ ဟော်တယ် ပြန်အဝင်မှာ မျက်နှာ တော်တော် ပူတာပေါ့နော် ။

ဒါပေမယ့် ဟော်တယ် ကလည်း အဲဒါမျိုးတွေ ရိုးနေပြီထင်တယ် ၊ ဂရုတောင် မစိုက်ဘူး ။ တော်ပါသေးရဲ့ ။

 

အဘ တို့ ဝင်ပေါက် ( 22 ) ကနေ ဝင်ပြီးတော့မှာ ပထမဆုံး ရောက်သွားတာက ၊

Cortile Della Pigna ဆိုတဲ့ အလယ်မှာ ကြေးရောင် အလုံးကြီး ရှိတဲ့ ကွင်းထဲ ရောက်သွားတယ် ။

အဲဒီ ကွင်းဘေးမှာ Vatican မြေပုံ နှင့် ထင်ရှားတဲ့ အနုပညာ လက်ရာတွေရဲ့ ပုံအသေးတွေ ပြထားတယ် ။

အဲဒီနေရာမှာ အဘတို့ရဲ့ Local Guide အဖွားကြီးက Vatican အကြောင်း ရှင်းပြတယ် ။

 

ပြီးတဲ့အခါမှာတော့ အဘတို့ Vatican Museums ကို စ ဝင်ကြပါတယ် ။

 

The Vatican Museums ဆိုတဲ့ နာမည် တစ်ခုတည်း ရဲ့အောက်မှာတင် ၊

Sistine Chapel ၊ Pinacoteca ၊ Raphael’s Rooms ၊ Egyptian Museum ၊ Etruscan Museum ၊

The Immaculate Conception and Sobieski Rooms ၊ Gregorian Profane Museum ၊

Chiaramonti Museum – Braccio Nuovo Gallery ၊ Gallery of the Candelabra ၊

Missionary Ethnological Museum ၊ Pio-Christian Museum ၊ Chariot Room ၊

Gallery of Tapestries ၊ Gallery of Maps ၊ Pius-Clementine Museum ၊ Apartment of Pius V ၊

Borgia Apartment ၊ Historical Museum – Carriage Pavilion ၊ Vatican Courtyards ၊ ဆိုပြီး ၊

အဆောင်ပေါင်း ၊ အခန်းပေါင်း ၊ Corridor ပေါင်း များစွာ ရှိပါတယ်ကွယ် ။

The Vatican Museums ထဲက မျက်နှာကျက်တွေရဲ့ အလှ  အနုပညာ - 1 ။
The Vatican Museums ထဲက မျက်နှာကျက်တွေရဲ့ အလှ အနုပညာ – 1 ။
The Vatican Museums ထဲက မျက်နှာကျက်တွေရဲ့ အလှ  အနုပညာ - 2 ။
The Vatican Museums ထဲက မျက်နှာကျက်တွေရဲ့ အလှ အနုပညာ – 2 ။

 

 

Gallery of Tapestries 1
Gallery of Tapestries 1
Gallery of Tapestries 2
Gallery of Tapestries 2
Gallery of Tapestries 3
Gallery of Tapestries 3

 

 

 

 

အဘ အထင် ၊ အဘတို့ အနဲဆုံး ၁ဝ ခန်းလာက်တော့ ဝင် ကြည့်ခဲ့ကြတယ်ကွယ့် ။

အဘ တို့ Local Guide ကလည်း ကြည့်သမျှ အခန်းတွေကို နာမည် နှင့် တကွ သေသေချာချာ ရှင်းပြခဲ့ပါတယ် ။

သို့ပေမယ့် ၊ သူတို့ နာမည်တွေကလည်း မှတ်ရခက် ၊ အဘ မှာလည်း ဓါတ်ပုံ ပြေးပြေး ရိုက်နေရတာနှင့် ၊

တစ်ချို့ ဓါတ်ပုံတွေကိုတော့ ဘယ်အခန်းမှာ ရိုက်ခဲ့မှန်း မသေချာတော့ ပါဘူး ။ ရောကုန်ပါပြီ ။

 

အဘ သေချာလောက်တဲ့ အခန်း ၂ ခန်းလောက်ကိုတော့ နာမည်တပ်ပေးလိုက်ပါတယ် ။

Gallery of Tapestries နှင့် Gallery of Maps ။ ဟဲ ဟဲ ၊ သူတို့က ခွဲရလွယ်တာကိုး ။

 

Gallery of Maps 1
Gallery of Maps 1
Gallery of Maps 2
Gallery of Maps 2
Gallery of Maps 3
Gallery of Maps 3
ပန်းပုရုပ်တွေ နှင့် အခန်း တစ်ခန်း ( နာမည်တော့ မမှတ်မိတော့ဘူး ) 1
ပန်းပုရုပ်တွေ နှင့် အခန်း တစ်ခန်း ( နာမည်တော့ မမှတ်မိတော့ဘူး ) 1
ပန်းပုရုပ်တွေ နှင့် အခန်း တစ်ခန်း ( နာမည်တော့ မမှတ်မိတော့ဘူး ) 2
ပန်းပုရုပ်တွေ နှင့် အခန်း တစ်ခန်း ( နာမည်တော့ မမှတ်မိတော့ဘူး ) 2

 

ပန်းပုရုပ်တွေ နှင့် အခန်း တစ်ခန်း ( နာမည်တော့ မမှတ်မိတော့ဘူး ) 3
ပန်းပုရုပ်တွေ နှင့် အခန်း တစ်ခန်း ( နာမည်တော့ မမှတ်မိတော့ဘူး ) 3

 

 

 

 

 

 

The Vatican Museums ထဲက နောက်ဆုံး ဝင်ဖြစ်ခဲ့တဲ့အခန်းကတော့ နာမည်ကျော် Sistine Chapel ပါပဲ ။

Sistine Chapel ထဲက Michelangelo ရဲ့ နာမည်ကျော် မျက်နှာကျက် ပန်းချီကား The creation of Adam နှင့်

တခြား အနုပညာ လက်ရာတွေကို အေးအေး ဆေးဆေး ငြိမ်ငြိမ်သက်သက် ခံစားနေကြတာ ၊

အဲဒီ အခန်း Hall ထဲမှာ လူ ၅၀ဝ လောက်ရှိမယ် ၊ အများကြီးပဲ ။

Sistine Chapel ထဲမှာ ဓါတ်ပုံ ရိုက်ခွင့်မပြုလို့ အဲဒီ Michelangelo ရဲ့

The creation of Adam ပန်းချီကား ကို အင်တာနက်ပေါ်ကပဲ ရှာတင်ပေးလိုက်ပါတယ်ကွယ် ။

Sistine Chapel ထဲက Michelangelo ရဲ့ နာမည်ကျော် မျက်နှာကျက် ပန်းချီကား  The creation of Adam
Sistine Chapel ထဲက Michelangelo ရဲ့ နာမည်ကျော် မျက်နှာကျက် ပန်းချီကား The creation of Adam

 

The Vatican Museums ရဲ့ နောက်ဆုံး Sistine Chapel ထဲကနေ ထွက်လာပြီးတော့ ၊

Saint Peter’s Basilica ဘက်ကို ကူးဝင်လာခဲ့ပါတယ် ။

တကယ့် အနုပညာလက်ရာတွေ စုပြုံရှိနေတဲ့ ၊ ကြီးကျယ်ခမ်းနားလှတဲ့ ဘုရားကျောင်းကြီး ပါပဲ ။

Saint Peter's Basilica အဝင် မြင်ကွင်း ။
Saint Peter’s Basilica အဝင် မြင်ကွင်း ။
Saint Peter's Basilica အဓိက ဝတ်ပြုရာ နေရာ မြင်ကွင်း ။
Saint Peter’s Basilica အဓိက ဝတ်ပြုရာ နေရာ မြင်ကွင်း ။
Saint Peter's Basilica ထဲက အနုပညာလက်ရာတွေ - 1 ။
Saint Peter’s Basilica ထဲက အနုပညာလက်ရာတွေ – 1 ။
Saint Peter's Basilica ထဲက အနုပညာလက်ရာတွေ - 2 ။
Saint Peter’s Basilica ထဲက အနုပညာလက်ရာတွေ – 2 ။
Saint Peter's Basilica ထဲက အနုပညာလက်ရာတွေ - 3 ။
Saint Peter’s Basilica ထဲက အနုပညာလက်ရာတွေ – 3 ။
Saint Peter's Basilica ထဲက အနုပညာလက်ရာတွေ - 4 ။
Saint Peter’s Basilica ထဲက အနုပညာလက်ရာတွေ – 4 ။

 

 

 

 

 

 

အဲဒီ ဘုရားကျောင်းထဲမှာ Michelangelo ရဲ့ နာမည်ကျော် Pietà ဆိုတဲ့ ၊

ကားစင်တင်ခံရပြီးတဲ့ ယေရှုခရစ် နှင့် မယ်တော်မာရီ ရဲ့ ရုပ်ထု လည်းရှိပါတယ် ။

မယ်တော်မာရီ ရဲ့ ရုပ်ထု က ၊ သူတို့အယူ အရ ၊ ရှိရမယ့် ၁၆ နှစ်သမီး အရွယ်နှင့် မလိုက် လို့ ၊

အချိုးမကျဘူးလို့ ဝေဖန်ခံရပေမယ့် ၊ လက်ရာကတော့ ပြောင်မြောက်လှပါတယ် ။

 

နောက်ထပ် ထူးခြားတာတစ်ခုက အဲဒီအထဲမှာ ကွယ်လွန်ပြီးသွားတဲ့ ပုပ်ရဟန်းမင်း တွေရဲ့ ၊

ဆေးစိမ်ထားတဲ့ ရုပ်အလောင်းတွေကို လည်း ပြသထားပါတယ် ။

ဆေးစိမ်တဲ့ အတတ်ပညာမြင့်မားလှတဲ့အတွက် ရုပ်အလောင်းတွေဟာ ၊

လက်ရှိအချိန်ထိ အသားအရေတွေ ဝင်းဝါ စိုပြည် ပြည့်တင်းနေတာ တွေ့ရပါတယ် ။

ဓါတ်ပုံထဲမှာ ဖေါ်ပြထားတဲ့ ရုပ်အလောင်းကတော့ ၁၉၆၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ၊

ပုပ်ရဟန်းမင်းကြီး Pope John XXIII ( Latin: Ioannes XXIII ) ရဲ့ ရုပ်အလောင်း ပါ ။

Michelangelo ရဲ့ နာမည်ကျော် Pietà ဆိုတဲ့ ကားစင်တင်ခံရပြီးတဲ့ ယေရှုခရစ် နှင့် မယ်တော်မာရီ ရဲ့ ရုပ်ထု ။
Michelangelo ရဲ့ နာမည်ကျော် Pietà ဆိုတဲ့ ကားစင်တင်ခံရပြီးတဲ့ ယေရှုခရစ် နှင့် မယ်တော်မာရီ ရဲ့ ရုပ်ထု ။
၁၉၆၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Pope John XXIII ( Latin Ioannes XXIII ) ရဲ့ ရုပ်အလောင်း ပါ ။
၁၉၆၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Pope John XXIII ( Latin Ioannes XXIII ) ရဲ့ ရုပ်အလောင်း ပါ ။
Saint Peter's Basilica အပြင် ရှေ့ဖက်မှ အမြင် ။
Saint Peter’s Basilica အပြင် ရှေ့ဖက်မှ အမြင် ။

 

 

 

တကယ့် အနုပညာလက်ရာတွေ စုပြုံရှိနေတဲ့ Saint Peter’s Basilica မှာ အချိန်တော်တော်ပေးခဲ့ရပါတယ် ။

ပြီးတဲ့အခါမှာတော့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်မှာ ခဏ အချိန်ပေးပါတယ် ။

ခရစ်ယာန်တွေကတော့ တော်တော်လေး ဝယ်ကြပြီး ၊

အဘတို့ကတော့ အအားရတဲ့အချိန်လေးမှာ နေ့လည်စာ အမြန်စားလိုက်ပါတယ် ။

 

အဲဒါပြီးတဲ့ အခါမှာတော့ ၊ Gladiator တွေရဲ့ The Colosseum ပြိုင်ပွဲ ကွင်းကြီးကို သွားကြပါတယ် ။

အဲဒီ ရောမခေတ်မှာ ကတည်းက ဒီလောက် အထပ်မြင့် အဆောက်အအုံတွေ ဆောက်ခဲ့တာ အံဩစရာပါပဲ ။

ပိုပြီး အံဩစရာကတော့ အဲဒီ Colosseum ပြိုင်ပွဲ ကွင်းကြီးကို ရေဖြည့်ပြီး ၊

Navy Battle ရေတပ် တိုက်ပွဲတွေပါ လုပ်ခဲ့ကြတယ် ဆိုတာပါပဲ ။

The Colosseum ပြိုင်ပွဲ ကွင်းကြီး အပြီးမှာတော့ ဟော်တယ်ကို ပြန်ပြီး အနားယူကြပါတယ် ။

The Colosseum အတွင်း ပါတ်လမ်း တစ်လျောက် ။
The Colosseum အတွင်း ပါတ်လမ်း တစ်လျောက် ။
The Colosseum - အဲဒီ ထဲမှာ ရေဖြည့်ပြီး Navy Battle ရေတပ် တိုက်ပွဲတွေပါ လုပ်ခဲ့ကြတယ် ။
The Colosseum – အဲဒီ ထဲမှာ ရေဖြည့်ပြီး Navy Battle ရေတပ် တိုက်ပွဲတွေပါ လုပ်ခဲ့ကြတယ် ။
The Colosseum ရှေ့မှာ ၊ အဘတို့ရဲ့ Local Guide အီတလီ အဖွားကြီးနှင့် ။
The Colosseum ရှေ့မှာ ၊ အဘတို့ရဲ့ Local Guide အီတလီ အဖွားကြီးနှင့် ။

 

 

 

ညနေ ၅ နာရီလောက်မှ ဟော်တယ်ကနေ ပြန်ထွက်ပြီး အချစ် ရေပန်း Trevi Fountain ကိုသွားကြည့်ပါတယ် ။

အချစ် ရေပန်း Trevi Fountain ထဲကို with Right Hand, over the Left Shoulder နှင့် Coin ပစ်ထည့်ရင် ၊

တစ်ချို့က ရောမ ကို ပြန်ရောက်ကြမယ် ပြောကြပါတယ် ။

တစ်ချို့ကတော့လည်း အဲဒီ Coin ပစ်ထည့်တဲ့ အချိန် ဆုတောင်းရင် ဆုတောင်း ပြည့်တယ် ပြောကြတာပဲ ။

 

အဲဒီ Trevi Fountain ပြီးတဲ့အခါကျတော့ ညနေစာကို ၊

အီတလီ ရိုးရာ စားသောက်ဆိုင် တစ်ခုမှာ သွားစားကြပြီး ၊ ဒီနေ့ကို အဆုံးသတ်လိုက်ကြပါတယ် ။

 

အင်း ၊ ဒီ Post မှာ ရွာသူားတွေကို တောင်းပန်ချင်တာကတော့ ၊

၁ ။ အဟီး ဟီး ၊ အဘ ရဲ့ အင်္ကျ ီ ဘောင်းဘီတွေ တော်တော် ထပ်နေတာ ရွာသူားတွေ သိလောက်ပါပြီ ။

၂ ။ နောက်ပြီး ဒီ Post မှာ အဘ ကြိုးစားပြီး လျှော့သော်ငြားလည်း ၊

မဖယ်ရက်စရာ ဓါတ်ပုံတွေက တော်တော် များသွားတယ်ကွယ် ။

အဲဒီတော့ မြန်မာပြည် ရဲ့ လိပ် connection နှင့် ကြည့်ရတဲ့ ရွာသူားတွေ ၊

စိတ်အနှောက်အယှက်ဖြစ်မှာကို စိုးလို့ တောင်းပန်ချင်တာပါ ။

Server လေးသွားမယ့်အတွက် သူကြီးကိုလည်း ထပ်ဆင့်တောင်းပန်ပါတယ် ။

အဘ နောက်တစ်ခါ ဒီလို မဆိုးတော့ပါဘူး ။ နော် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

အချစ် ရေပန်း Trevi Fountain ရဲ့ ညနေပိုင်း ရှုခင်း ။
အချစ် ရေပန်း Trevi Fountain ရဲ့ ညနေပိုင်း ရှုခင်း ။
ရောမမြို့ တစ်လွှားက တူးဖေါ်ဆဲ ရှေးဟောင်း သမိုင်းဝင် အဆောက် အဦးတွေ ။
ရောမမြို့ တစ်လွှားက တူးဖေါ်ဆဲ ရှေးဟောင်း သမိုင်းဝင် အဆောက် အဦးတွေ ။

 

 

23 comments

  • Mr. MarGa

    December 30, 2012 at 1:35 pm

    အဘ အဘ
    ဦးမာဃကိုလဲ တောင်းပန်ဦး
    ဒါ့ပုံတွေကို မနည်း လေဘယ်တပ်နေရတယ် :mrgreen:
    လိပ် connection ကိုတော့ စိတ်ရှည်သည်းခံပြီး ဒေါင်းနေပါတယ်ဗျ
    ဒါနဲ့
    အခု ရိုက်ထားတဲ့ ဖိုင်တွေရှိရင် ထပ်ပို့ပေးပါဦး
    နော်
    ကောင်းကောင်း လိုုက်လာပါတယ် အဘရေ

    • Foreign Resident

      December 31, 2012 at 6:52 am

      ” ဦးမာဃ ကိုလဲ တောင်းပန်ဦး ”

      ဓါတ်ပုံတွေ အများကြီး တင်မိတဲ့အတွက် ၊ တောင်းပန် ပါတယ် ဦးမာဃ ရယ် ။
      နောက်ဆုံး ရိုက်ထားတဲ့ ဖိုင်တွေကို ထပ်ပို့ပေးလိုက်ပါ့မယ် ။

      ဦးမာဃ နောက်ဆုံး PDF လုပ်ပြီးတဲ့အထိကိုလဲ ကျနော့်ဆီပို့ပေးပါအုံးနော် ။
      ဦးမာဃ လုပ်ပေးတဲ့ PDF ကို အရမ်း သဘောကျပါတယ် ။ ကျေးဇူးတင်ပါတယ် ။

      • Mr. MarGa

        December 31, 2012 at 8:54 pm

        ပို့မယ် အဘရေ
        လုပ်လက်စလေး ပို့ပေးလိုက်မယ်
        ကောင်းတယ်ပြောလို့ ကျေးဇူးပါ
        ဦးမာဃက ဘာမှ ပြန်မပြောလို့ မကြိုက်ဘူးထင်နေတာဗျ

  • ကိုရင်စည်သူ

    December 30, 2012 at 2:06 pm

    အဝတ်အစားထပ်နေတာများ အဘရယ် တောင်းပန်စရာလိုပါဖူး..
    ရူပဖြောင့်နေတဲ့လူတွေက ဘာဝတ်ဝတ်ကြည့်ကောင်းပြီးသားပါဗျာ.. 🙂
    (တချို့နိုင်ငံခြားမင်းသားတွေတောင် ဇာတ်ကားတစ်ခုလုံးကို အကျီတစ်ထည်တည်း ဝတ်သွားတာပဲဟာ)
    ခရီးသွားသမျှကို အစီအစဉ်တကျနဲ့ စိတ်ရှည်ရှည်ဝေမျှ တာကို အမြဲဖတ်ရှူအားပေးနေပါတယ်။
    တချိန် ကိုရင်အဲ့လိုသွားနိုင်ရင်လည်း ရေးနိုင်အောင် အတုယူသွားပါတယ်.. အဘ.. 🙄

  • pazflor

    December 30, 2012 at 3:02 pm

    Saint Peter’s Basilica အပေါ်က dome ပေါ်မရောက်ခဲ့ဘူးထင်တယ်နော်။
    အဲ့ အပေါ်ကနေကြည့်ရင် လည်း view တော်တော်လှတယ်ခင်ဗျ။
    အပေါ်ကို ခြေလျင်တက်ရတာတော့မစားသာဘူးခင်ဗျ။
    ပုံတွေအားလုံးလှပါတယ်အဘ။

    • Foreign Resident

      December 31, 2012 at 6:45 am

      ဟုတ်တယ် ၊ pazflor ရေ ။

      Saint Peter’s Basilica အပေါ်က Dome ပေါ်မရောက်ခဲ့ဘူးကွယ့် ။
      ဟုတ်တယ် ။ အပေါ်ကို ခြေလျင်တက်ရင် မစားသာဘူး ။
      အဘ ၊ အင်္ဂလန် တုန်းက St. Paul’s Cathedral ရဲ့ Dome ပေါ်ထိတက်လိုက်တာ ၊
      အရမ်းပင်ပန်းခဲ့တယ် ။ ရှုခင်းကတော့ လှတာပေါ့လေ ။
      အဲဒီ တောလား ( ၄ ) ထဲမှာပြထားတဲ့ ” လန်ဒန်ရဲ့ Skyline ရှုခင်း ” ဓါတ်ပုံက ၊
      Dome ပေါ်ကနေ ရိုက်ထားတာလေ ။

  • မောင်ပေ

    December 30, 2012 at 8:31 pm

    ရေငံပိုင်ဦးဖောကြီး ခန် ့မှန်းတဲ့အတိုင်းပါပဲ
    ကွန်နင်ရှင်က စုတ်ပြတ်လွန်းသဖြင့်
    ပို ့စ်ပါ ပုံအားလုံးကို မမြင်ရပါကြောင်း
    ရှူခင်းများနဲ ့ဓါတ်ပုံရိုက်ထားတာတွေကတော့ ပထမတန်းစား ဟု မပြောကြရင်တောင် ပထမတန်းစားထက် မညံ့ကြောင်း
    ထို ့အပြင် ကွန်နက်ရှင်ကြောင့် အကုန်မမြင်ရသော်လဲ ၊ မြင်ရသော ဓါတ်ပုံထဲပါ ပန်းချီကားများအိ အဓိတ်ပယ်များကိုလဲ သိလို ပါကြောင်း
    အဲဒါအဲဒါ

    • Foreign Resident

      December 31, 2012 at 6:37 am

      ” မြင်ရသော ဓါတ်ပုံထဲပါ ပန်းချီကားများအိ အဓိတ်ပယ်များကိုလဲ သိလို ပါကြောင်း ”

      ပန်းချီကား ပေါင်း ထောင်ချီ တယ်ကွယ့် ။
      ပန်းချီကား အောက်တွေမှာတော့ ဆိုင်းဘုတ်လေးတွေနှင့် ရေးထားပါတယ် ။
      သို့သော် အချိန်သိပ်မရှိတာနှင့် မဖတ်နိုင်ပါဘူးကွယ် ။
      နို့မို့ဆို တစ်နေ့လုံးနေမှ ၊ တစ်ခန်းလောက်ပဲ ကြည့်ပြီး လိမ့်မယ် ။

      • ကိုရင်စည်သူ

        December 31, 2012 at 5:34 pm

        ဘာရယ်မသိပေမဲ့.. အဲ့ ပန်ချီကားတွေတော့ ကျနော် တော်တော်အကြိုက်တွေ့မိတယ်..
        ဒါမျိုးပန်ချီကားတွေ ဝယ်စုချင်ပေမဲ့.. အိပ်မက်ထဲမှာပဲ ခဏထည့်ထားတယ်။။။
        အဲ့ခေတ်က လူတွေရဲ့ ဟန်ပန်က တမျိုးစွဲဆောင်မှုရှိတယ်..။
        (Sistine Chapel ထဲက Michelangelo ရဲ့ နာမည်ကျော် မျက်နှာကျက် ပန်းချီကား The creation of Adam)
        ပန်းချီကားအကြိုက်ဆုံးပဲ.. ကောင်းကင်ဘုံနဲ့ လူသားတွေကြားဖန်တီးမှု ရသကို
        ပေါ်လွင်စေတယ်.. စွမ်းအားတစ်ခုရှိနေသလို ကြည့်ရင်းခံစားရတယ်ဗျ..
        မဝယ်နိုင်မယ့်အတူတူ အဲ့ဒီကားကို ပရင့်ထုတ်ပြီး ဘောင်ကွပ်ပြီး
        အိမ်ခန်းမှာတောင် အလှထားမလားလို့.. :kwi:

      • Foreign Resident

        January 1, 2013 at 2:47 am

        ကိုရင် ရေ ။

        ဒါတောင် ကိုရင်က အဲဒီ ပန်းချီကားတွေရဲ့ဘေးမှာ Tour Guide အကောင်းစားတွေရဲ့
        သေချာရှင်းပြတာကို မခံရသေးလို့ ။ ကိုရင် ပို ကြိုက်သွားမှာ သေချာတယ် ။
        သူတို့က သေချာရှင်းပြလိုက်ရင် အနုပညာ လက်ရာတွေက ပိုအသက်ဝင်လာတယ် ။

        အလင်းအမှောင် နှင့် အရောင်တွေရဲ့ အဓိပ္ပါယ် နှင့် သုံးရတဲ့ အကြောင်းရင်း ။
        လက်အနေအထား ၊ ကိုယ်ဟန် အနေအထား နှင့် မျက်နှာပေး ။
        ပန်းချီ / ပန်းပု ဆရာကြီးတွေရဲ့ သီးခြား ကိုယ်ပိုင် စတိုင်လေးတွေ ။
        ပန်းချီ / ပန်းပု ထုလုပ်တဲ့ ခေတ် နောက်ခံသမိုင်းကြောင်း နှင့် ခံစားချက် တွေပေါ်မူတည်ပြီး ၊
        အဲဒီ ဆရာကြီးတွေရဲ့ လက်ရာတွေ တဖြေးဖြေး ပြောင်းလာပုံ အတက် အကျ ။

        အဘ ကြုံခဲ့တဲ့ အထဲမှာ Madrid မှာ Prado Museum က Guide နှင့် ၊
        အခု Vatican က Guide နှစ်ယောက်ကတော့ ၊
        တကယ့်ကို ပညာ ရော ၊ စေတနာ ပါ ပြည့်ဝ ပါပေတယ် ။

  • Mobile

    December 31, 2012 at 5:55 pm

    ဘဂျီဖော ရေ ဝင်ရောက်အားပေးသွားပါကြောင်းဗျာ
    ပုံတွေကမိုက်တယ်ဗျို့ ပန်ချီတွေ ရုပ်လုံး ရုပ်ကြွပုံတွေကလဲမိုက်တယ်ဗျို့
    အကုန်လုံးကို အားကျမခံ ကူးယူထားလိုက်ပါကြောင်းးးးးးးးးးးးးးးးးးး

  • အရီးခင်လတ်

    January 1, 2013 at 3:43 am

    ကိုယ်တိုင်သွားရင်တောင် ခရီးပန်း ခေါင်းမူးနေမှာမို့ ဒီလောက် အသေးစိတ်မြင်နိုင်ပါ့မလားဘဲ။
    မရောက်ဘူးတဲ့နေရာတွေမြင်ရတာမို့ ရောက်ဖူးသွားသလို ခံစားရပါတယ်။
    ဆွစ်ဇာလန် ကြေးစား စစ်သား ယူနီဖောင်းက ဆပ်က တွေထဲက လူပျက်ဝတ်စုံ တွေလိုဘဲ။
    ပန်းပုရုပ်တွေကတော့ မြို့နေရာ အနှံ့မှာဘဲလား ထင်ရရဲ့။
    ပုပ်ရဟန်းမင်းကြီး က ဆေးစိမ်ထားတာပေါ့နော်။
    အချိန်ပေးပြီး အသေးစိတ် ရှင်းပြထားပေးလို့ ကျေးဇူးပါ ကိုအဘဖောရေ။

  • မင်းနန္ဓာ

    January 1, 2013 at 9:11 am

    Pope John XXIII ( Latin Ioannes XXIII ) ရဲ့ ရုပ်အလောင်းက ရုပ်တုကြီးလား
    ဆေးစိမ် ရုပ်ကြွင်းပါလား အူးဖောရေ..

    • Foreign Resident

      January 2, 2013 at 3:39 am

      မင်းနန္ဓာ ရေ ။

      Pope John XXIII ( Latin Ioannes XXIII ) ရဲ့ ရုပ်အလောင်းက
      ရုပ်တု / အရုပ် မဟုတ်ပါဘူး ။
      အလောင်း အစစ်ကို ဆေးစိမ် ထားတာပါ ။

  • ပုံတွေကတအားလှပြီးကောင်းတယ်။ဖိုင်ဆိုဒ်လဲကြီးပုံရတယ် တော်တော်ကြီးကြာအောင်စောင့်ရတယ်အဘရေ
    နဲနဲစီခွဲတင်ပေးပါလားနောက်ခါဆို မန့်နေတုန်းပဲ စုံအောင်မတက်သေးဘူး။

    • Foreign Resident

      January 2, 2013 at 3:36 am

      နန်းတော်ရာသူ ရေ ။

      ဓါတ်ပုံ size တွေက ပိုကြီး မထားပါဘူးကွယ် ။
      ဓါတ်ပုံ တွေ ဘေးဘောင်ကို မကျော်တာ သတိထားမိမှာပါ ။
      ဖြစ်ဖို့များတာက Connection ကျနေလို့ ဖြစ်မယ် ။
      အဘ တို့ ဖက်မှာတော့ အခုဖွင့် အခုတက်ပါပဲ ။

  • မောင့်ကျက်သရေ ဂီ့

    January 1, 2013 at 9:06 pm

    မိုက်ခလန်းဂလိုး. က ရီနေဆန်း နံရံဆေးရေးပန်းချီ ကို တတ်တဲ့သူမဟုတ်ဘူးခည.
    စစ်စင်ချာပယ်လ် မှာ သူ့ကိုရေးခိုင်းတာ. ပုပ်ရဟန်းမင်းကြီး က သည်ပန်းပုဆြာ
    သူ့ထက်ပိုကျော်ဇော ရကောင်းလားဆိုပီး အရှက်ခွဲချင်လို့ သက်သက် ချောက်တွန်းလိုက်တာ.
    ငြင်းရင် ပြစ်မှုမြောက်ပီး သေဒဏ်ချလို့ရမယ်. လက်ခံပီးရေးရင် မတတ်တဲ့အရာမို့
    အပြစ်ပြောစရာတွေ မသေမသပ်တွေ ပေါ်လာပီး နာမည်သေမယ်.

    အခင်းအကျင်းက ရက်စက်တယ်နော.
    မိုက်ခလန်းဂျလိုး လုပ်သွားတာကရှင်းတယ်.
    လက်ခံတယ်
    နှစ်နဲ့ချီပီး သူတောင်ချိနဲ့သွားသလိုဖြစ်အောင် ကြိုးစားရေးပေးခဲ့တယ်. အဲ့သည့်မျက်နာကျက်တွေမှာလင့်စင်ထိုးပီး.
    လက်ရှိ စတန်းဒတ် တက္ကနစ်တွေကို သူမတတ်တော့ စတန်းဒတ် အသစ် တက္ကနစ်အသစ်တွေကို
    အသစ်ရှာဖွေ ဖော်ထုတ်ပြီး တော့ ဆိုပါတော့.

    သေစေနိုင်လောက်တဲ့ စိန်ခေါ်မှုကို. ကမာ္ဘ့အဆင့် တိုးတက်ဖြစ်ထွန်းမှု ရီနေဆန်း စတန်းဒတ် တခုအဖြစ်
    လေ့လာရှာဖွေဖော်ထုတ်သွားသူပါဗျာ. အင်မတန်လေးစားဖို့ ကောင်းသူပါ
    ဒါ့ပုံတွေ အတွက်ကျေးကျေးပါအဘရေ့

    • Foreign Resident

      January 2, 2013 at 3:45 am

      ဂီဂီ ရှင်းပြလိုက်တော့မှ ၊
      အခင်းအကျင်းတွေကို ပိုမြင်လာပါတယ် ။
      ကျေးကျေးပါ ၊ ဂီဂီ ။

  • MaMa

    January 1, 2013 at 9:40 pm

    နံရံဆေးရေးပန်းချီတွေ ပန်းပုတွေကြည့်ပြီး ဘုရားတန်ဆောင်းတွေက ဗုဒ္ဓဝင် ပန်းချီတွေနဲ့ တောင် တူသယောင်။
    သူတို့မှာလည်း ငရဲခန်းရှိပုံပဲ။
    နောက်ပြီး နတ်သမီးလေးတွေ တစ်ဖက်လေးငါးရာလည်း ပါရဲ့။
    သနားစရာကောင်းတာက သူတို့နတ်သမီးတွေမှာ အဝတ်အစား ရှားပါးသလို……
    သကြားမင်းခမျာလည်း နွမ်းပါးရှာတယ်။
    ငါတို့ရွာက ဦးမာဃလို မတောက်ပြောင်ဘူး။ :harr:

  • kai

    January 2, 2013 at 3:12 am

    နည်းနည်းနောနောမဟုတ်တဲ့.. ယဉ်ကျေးမှုတွေပေါ့..
    အင်မတန်ကြွယ်ဝပါပေတယ်..။

    ဆိုတော့…
    အဲဒီဘိုးဘွားအမွေအနှစ်တွေကနေ.. နောင်သားသမီးမြေးမြစ်တွေ.. တနှစ်မီလီယန်ဘယ်လောက်ဝင်ငွေရနေကြသလည်း…သိချင်ကြသလား..။
    အောက်မှာ..

    Tourism is one of the principal sources of revenue in the economy of Vatican City. Although less than a quarter of a square mile in area,[2] in 2007, about 4.3 million people visited the Vatican Museums alone.[3]

    — The Holy See, which depends largely on investments for its annual income, had income of about $326 million and expenses of about $313 million. The number of Holy See employees in 2010 was 2,806, up slightly from 2009.

    — Vatican City State had income of about $340 million and expenses of about $312 million. The Vatican said a major factor in the surplus was a boom in visitors to the Vatican Museums, which occurred despite a general crisis in the tourism industry.

    • Foreign Resident

      January 2, 2013 at 4:03 am

      ” နည်းနည်းနောနောမဟုတ်တဲ့.. ယဉ်ကျေးမှုတွေပေါ့..
      အင်မတန်ကြွယ်ဝပါပေတယ် ”

      ဟုတ်ပါတယ် ၊ ရင်ထဲမှာ အဲလိုပဲ ခံစားမိပါတယ် ။
      အမှန်တကယ် မျက်ဝါးထင်ထင် တွေ့ခဲ့ရတော့ ၊
      မှန်တာပြောရရင် ၊ သူတို့ကို အထင်ကြီးမိစေတယ် ။

      စကားမစပ် ပြောရရင် ၊
      မနေ့က James Bond ရုပ်ရှင် ” Sky fall ” သွားကြည့်တယ် ။
      အဲဒီ James Bond ရုပ်ရှင် ထဲက Shanghai မြို့ရဲ့ View တွေ မြင်ရတော့ ၊
      ( ၅ ထပ် ၆ထပ် မိုးပျံ ကားလမ်း တွေလည်း ပါတယ်လေ )
      အဘ ရဲ့ တရုတ်ပြည် ခရီးစဉ်ကို သတိရမိတယ် ။

      ဩဇီ အဖြူတွေ ခမျာ တောသား မြို့ရောက် ဆိုရအောင်ကို ၊ ရင်သပ် ရှုမေါခဲ့ရတဲ့ မြို့ပါပဲ ။
      Shanghai တစ် မြို့ထဲမှာရှိတဲ့ မိုးမျှော် အဆောက်အဦးကြီးတွေဟာ ၊
      ဩဇီ တစ် နိုင်ငံလုံးမှာရှိတဲ့ မိုးမျှော် အဆောက်အဦးတွေထက် ပိုများလိမ့်မယ် ။
      မျက်ဝါးထင်ထင် မြင်ရမှပဲ ကမာ္ဘ့ရဲ့ စီးပွားရေး နံပါတ် ၂ ဆိုတာကို ခံစားမိတော့တယ် ။

      ရွာသူားတွေကိုလည်း ခရီးများများ ထွက်စေချင်မိတယ် ။
      အမြင်တွေကို တကယ့်ကို ပွင့်လင်း / ပြောင်းလဲစေတယ် ။

      • အရီးခင်လတ်

        January 2, 2013 at 4:35 am

        မြို့တွေကို ရှေးဟောင်းပုံမပျက်လုပ်ထားတဲ့ နေရာကသူတွေက မိုးပျံခေတ်မှီတိုက်ကြီးတွေ ဆီသွားကြည့်ရင်း သဘောကျ။
        မိုးပျံခေတ်မှီတိုက်ကြီးတွေ ရှိတဲ့ နေရာကသူတွေကလဲ ရှေးမြို့ဟောင်း တွေကို သွား ကြည့်ရင်း သဘောကျ။
        ဒါကြောင့်လဲ လုံးနေတဲ့ ကမ္ဘာပေါ် မှာ ကျွန်မတို့ Balance လုပ်ထားနိုင်ကြတာ ထင်ရဲ့။
        :kwi:

  • ဦးကြောင်ကြီး

    January 2, 2013 at 10:21 am

    ဗာတီကန်
    ရာသီမှန်
    ဝါဇီအဆံ
    အာဖျီကွံ
    ပါစီခြံ
    နှာချည်ရန်
    ဘာလီသံ
    ရွာပြည်တန်..။

Leave a Reply