နှစ်သစ် ဆယ့်သုံး

နှစ်ထောင့်ဆယ့်သုံး
အပြုံးလေးနဲ့ ကြိုရအောင်…

ထားခဲ့ကြစို့..
အရုံးတွေ…အမုန်းတွေ…
ချုံးပွဲချငိုဖူးတာတွေ
အဆုံးမဲ့ကြေကွဲမှုတွေ…

ပျိုမျစ်ခြင်းတွေ ရင့်ကျက်ချိန်
ခြေလှမ်းသစ်နဲ့ စတင်မယ်
အမှားတွေ နည်းမိသွားဖို့
ချစ်ခြင်းတွေ ဖြန့်ကျက်ထားဖို့…

ဘဝမြစ်က မရေရာဘူး
နှစ်သစ်နဲ့ ကြုံရပြန်ပြီ
ဆုံခွင့်ရတာ ကျေးဇူးပါ…

အတိတ်မှာ အများကြီးပဲ
အမှားတွေကို သင်ခန်းစာယူ
ယုံကြည်မှုအတူဆက်လို့
နှစ်သစ်ကို ချီတက်ကြမယ်..
Happy New Year…။ ။

***ရွာသူရွာသားအားလုံးကို နှစ်သစ်မှာပျော်ရွှင်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်… ကဗျာလေးကို မနန်းတော်ရာသူရဲ့လက်ရာ ပုံလေးတွေနဲ့ တွဲပြီး ခံစားပေးပါလို့..

ချစ်တဲ့
လုံမလေး..

+++++++++++++++++++++

မင်္ဂလာနှစ်သစ်ကို ကြိုဆိုပါ၏ …
နှစ်သစ်မှာ ပျော်ရွှင်ပါစေ …..။
Welcome 2013 !!!!!

 

*** မန်းဂဇက်မှ ရွာသူားအပေါင်း နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ***

21 comments

  • ခင်ခ

    December 31, 2012 at 9:26 am

    Happy New Year ၂၀၁၃ ပါ ခင်ဗျ။

  • ဗုံဗုံ

    December 31, 2012 at 9:36 am

    ့မမွန် နှစ်သစ်မှာ အချစ်သစ်တွေ့ပါစေ ရှင် :kwi:

  • ခိုင်ဇာ

    December 31, 2012 at 10:16 am

    မင်္ဂလာ နှစ်သစ်ပါ။ :hee:

  • MaMa

    December 31, 2012 at 1:37 pm

    လုံမလေးနဲ့ နန်းတော်ရာသူ နှစ်ယောက်ပေါင်းပြီးနှစ်သစ်ကို မင်္ဂလာရှိအောင် ကြိုကြပြီဆိုတော့…..
    နောက်လာမယ့် တစ်ဆယ့်သုံးဟာ ငြိမ်းချမ်းခြင်း စည်းလုံးညီညွတ်ခြင်းတွေအတွက် ဖြစ်မယ်။ :hee:

  • mamanoyar

    December 31, 2012 at 3:01 pm

    ဟုတ်ကဲ့ happy new year ပါရှင်

  • Mobile

    December 31, 2012 at 5:13 pm

    ထားခဲ့ကြစို့..
    အရုံးတွေ…အမုန်းတွေ…
    ချုံးပွဲချငိုဖူးတာတွေ
    အဆုံးမဲ့ကြေကွဲမှုတွေ…
    လုံမလေးရေမင်္ဂလာပါခင်ဗျ။ အထက်ကစာသားလေးတွေကို သဘောကျတယ်ခင်ဗျ။
    နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ အကောင်းဆုံး ပျော်ရွှင်မှုတွေ အောင်မြင်မှုတွေကို
    ရယူပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျ။
    +++++++++++++++++++++
    ကျနော်သည်လဲ နှစ်သစ်မှာ ဘဝသစ်တစ်ခု ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရ အုံးမှာပါခင်ဗျ။
    အတိတ်ကမကောင်းခဲ့တာတွေကို ပြန်လည်ချေပနိုင်ဖို့ ကြိုးစားရ အုံးမှာပါခင်ဗျ။
    ကဗျာလေးကို ကြိုတ်တယ်ဗျို့……………….

  • အတိတ်မှာ အများကြီးပဲ
    အမှားတွေကို သင်ခန်းစာယူ
    ယုံကြည်မှုအတူဆက်လို့
    နှစ်သစ်ကို ချီတက်ကြမယ်..
    Happy New Year…။ ။

    ***ရွာသူရွာသားအားလုံးကို နှစ်သစ်မှာပျော်ရွှင်ပါစေလို့ နှုတ်ခွန်းဆက်ပါတယ်
    :hee:

  • Mr. MarGa

    December 31, 2012 at 8:50 pm

    နှစ်သစ်မှာ ပျော်ရွှင်ကြပါစေဗျာ
    နောင်နှစ်မှာလဲ ဒီနှစ်ထက် ပိုမို အောင်မြင် တိုးတက်ကြပါစေ လို့ ဆုတောင်းပေးပါတယ်ကွယ်

  • မွန်မွန် ကဗျာလေးကလည်း ကောင်းပါလေ့ ….။
    ယောက်ခမ လက်ရာတွေကလည်း ကောင်းပါလေ့ ….။
    နှစ်သစ်မှာလည်း ကောင်းခြင်းများနဲ့ ပြည့်ကြပါလေ့ ….။
    ဟေ … ဟေ့ … (ကာရံ လိုက်ဒါ) :mrgreen:

    +++++++++++

    ဒါ့ထက် … အပေါ်က ဦးမာဃ လည်း …
    နှစ်သစ်မှာ မောင်အံကို ပိုကျောက်နိုင်ဘာစေ …….။

  • မောင်ပေ

    December 31, 2012 at 9:11 pm

    ပေးတဲ့ဆုနဲ ့အပြည့်အဝ ပြည့်ပါရစေဗျား
    နောက်ပြီး..
    မွန်လေးကိုလဲ ခြစ်ပြီနယူးရီးယားပါလို ့
    အဲဒါအဲဒါ

    • သားသား က ဒီဘက်ဆုံးက …
      ဟုတ်တယ်ဟုတ် … ခေါင်းပေါ်မှာ ဟိုဒင်းဂျီး ပါနေဒယ်လေ …
      ဟိုဘက်ဆုံးက မွန်မွန် …
      ဒါလည်း .. ဟုတ်တယ်ဟုတ် …
      အဟမ်းးး
      လူကြား သူကြားမို့ ထပ်ပြောဒေါ့ဘာဘူးလေ …. :mrgreen:

      (ဒါ့ထက် .. ယောက်ခမဂျီး အိုင်ဒီယာ အရမ်းးး အရမ်းးး ကောင်ဒယ်ဂျာ …
      အဟီးးး သားသားလည်း ခုမှ အိုက်ပုံကို သေချာကျည့်မိဒယ် … :mrgreen: )

  • အရီးခင်လတ်

    December 31, 2012 at 9:40 pm

    Same to you!!!
    ပါ လုံမရေ။
    သမီးရော ရွာသူ/သား၊ ပြည်သူ/သား၊ ကမ္ဘာသူ/သား၊ စင်္ကြဝဋ္ဌာသူ/သား အားလုံးပါ လိုရာဆန္ဒများ အားလုံးပြည့်ပြီး စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။
    :hee:

  • မင်းနန္ဓာ

    December 31, 2012 at 11:43 pm

    ချစ်တဲ့
    လုံမလေး..ရေ
    နှစ်ထောင့်ဆယ့်သုံးကို
    အပြုံးလေးနဲ့
    အတူ ကျွမ်းပစ်ဝင်ပြီး
    ဝမ်းပန်းတသာ
    ကြိုလိုက်ကြရအောင်…
    come on..

  • Silver Twig

    January 1, 2013 at 1:36 am

    A very happy, compliments of the season, a wonderful new year to you and your families,
    Thanks so much for your wishes.

  • အလင်းဆက်

    January 1, 2013 at 7:08 pm

    ထားခဲ့ကြစို့..
    အရုံးတွေ…အမုန်းတွေ…
    ချုံးပွဲချငိုဖူးတာတွေ
    အဆုံးမဲ့ကြေကွဲမှုတွေ…

    ပျိုမျစ်ခြင်းတွေ ရင့်ကျက်ချိန်
    ခြေလှမ်းသစ်နဲ့ စတင်မယ်

    ============
    ကောင်းလိုက်တဲ ့
    စကားလုံးလေးတွေ.

    လှ လိုက်တဲ ့
    ပုံရိပ်ကလေးတွေ

  • ဆုတောင်းပေးကြသူများအားလုံး၊ ကဗျာလေးကို ခံစားပေးကြသူများအားလုံးကို ကျေးဇူးအကြီးကြီး တင်ပါတယ်လို့….

    **ဒါနဲ့ ပုံလေးတွေ နဲ့ စာလေးတွေကို ပြင်ပေးထားတယ်ထင်တယ်..
    အဲဒီအတွက်လည်း ကျေးဇူးပါလို့…

    ချစ်တဲ့
    လုံမလေး မွန်မွန်

    • ကျနော် ပြင်လိုက်တာပါ ….
      ရှက်ဂျူးနဲ့ တင်တဲ့အကြောင်းကို ပြောလို့ ….
      သွားဖွင့်ကြည့်တော့ ပုံတွေက အတော်လေး သေးနေတာ တွေ့ရတယ် …
      ဒါကြောင့် ပုံတွေကို မူရင်းဆိုက် ဖြစ်အောင် ပြင်ပေးလိုက်ပါတယ် …
      အောက်ဆုံးပုံရဲ့ ဆိုက်ကတော့ 800 px အကျယ် ဖြစ်နေလို့မို့ ဆိုက်နဲ့ သင့်လျော်တဲ့ 600 px ကို ပြောင်းပေးလိုက်ပါတယ် ….
      စာတွေကတော့ သဂျီးကြော်ငြာတွေနဲ့ နည်းနည်းလေး လွတ်သွားအောင် အောက်ကို ဆင်းပေးတာနဲ့ ချစ်တဲ့ … လုံမလေး ဆိုတာကို အနက်ခြယ်လိုက်တာပဲ ရှိတာပါ …
      စာတွေ မပြောင်းပါဘူးနော့ ……။

      ဒါ့ထက် အဲ့ဒီလို ပြင်လိုက်လို့ ….
      ကျူးကျော်ရပါ့မလားဆိုပြီး စိတ်ဆိုးမလားလို့တောင် ထင်နေမိပါသေးတယ် ….
      စိတ်မဆိုးဘဲ .. ကျေးဇူး ပြောလို့ ဝမ်းသာရပါတယ် ခင်ဗျာ ….
      ကျုပ်ကလည်း ကျေးဇူးပါ …..

      • အဟဲ…ဂယ်တော့..အပေါင်းလေးတွေကို မြင်လိုက်ကတည်းက မရဲတရဲလေး ထင်မိသား…
        ပို့စ်လေးက ပိုလှသွားလို့ တကယ် ကျေးဇူးတင်ပါတယ်နော်… နောက်ခါလည်း အဲ့လိုလေး ကူညီပေးလို့ ရတယ်မို့လား… 🙂

Leave a Reply