တမူးမြို့က ဖြူစင်မေတ္တာမိတ်ဆွေများရဲ့စေတနာ

kkkDecember 31, 20121min793

တမူးမြို့က ဖြူစင်မေတ္တာမိတ်ဆွေများ ဆိုတာကျန်းမာရေး၊ပညာရေးစတဲ့ပရဟိတလုပ်ငန်းတွေကိုတတ်စွမ်းသရွှေ့

လု ပ်ဆောင်နိုင်ဖို့ ၁-၁-၂၀၁၁ရက်နေ့ကမိတ်ဆွေများစုပေါင်းဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်၊ပရဟိတလုပ်ငန်း တွေဆောင်ရွက်ရာမှာ ဦးစားပေးလုပ်ငန်းအဖြစ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအဖြစ် ဆေးရုံတက်ရောက်ကုသ

နေတဲ့ ဆင်းရဲနွမ်းပါးတဲ့လူနာတွေကိုဆေးဖိုးနဲ့အာဟာရထောက်ပံ့လှူဒါန်းဖို့ဖြစ်ပြီး ဒုတိယဦးစားပေးအဖြစ်ပညာရေး

ထောက်ပံ့မှုလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ဖြစ်ပါတယ်၊၁-၁-၂၀၁၁ရက်နေ့စတင်ဖွဲ့စည်းတော့အဖွဲ့ဝင်(၁၂)ဦးနဲ့တစ် ဦးလျှင်မတည်ငွေအပြင်တစ်လ(၂၀၀၀)ကျပ်နှုန်းစုဆောင်းခဲ့ပြီး ၂၀၁၁ဒီဇင်ဘာအထိအဖွဲ့ဝင်(၄၂)ဦးထိပါဝင်လာပါ တယ်။ကျန်းမာရေးအတွက်အခက်အခဲဖြစ်နေတဲ့သူတွေ၊ဆေးရုံတက်ရောက်ကုသမှုခံယူပြီးငွေကြေးအခက်အခဲဖြစ် နေတဲ့သူတွေကို ဦးစားပေးအနေနဲ့ငွေသားထောက်ပံ့ခြင်း၊ဆေးပစ္စည်းဆိုင်မှာငွေစာရင်းဖွင့်ပေးပြီးကူညီမှုတွေကိုလုပ်

ခဲ့ပါတယ်၊တမူးပြည်သူ့ဆေးရုံက ဆရာဝန်၊ဆရာမကြီးတွေကလည်း ပါဝင်ကူညီခဲ့ကြပါတယ် ။

၂၀၁၁ခုနှစ်က ဆေးရုံတက်ရောက်ကုသတဲ့လူနာပေါင်း(၁၃)ဦးကို ဆေးဖိုးအဖြစ် ကျပ်(၄)သိန်းကျော်ကူညီ ထောက်ပံ့နိုင်ခဲ့ပါတယ်။ဒါ့အပြင် မြို့မနဲ့အောင်နိမိတ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက(၁၀)တန်းဖြေဆိုမဲ့

ကျောင်းသား/ကျောင်းသူတွေအတွက်စာအုပ်နဲ့ဘောပင်တွေကိုကူညီထောက်ပံ့ခဲ့ပါတယ် ။

၂၀၁၂ဒီဇင်ဘာလအထိအဖွဲ့ဝင်(၆၀)ကျော်ထိတိုးတက်လာပြီး ကျန်းမာရေးထောက်ပံ့ကူညီမှုပေါင်း(၂၀) ကျော်နဲ့ ကျပ်(၁၀)သိန်းကျော်ဖိုးအထိကူညီထောက်ပံ့နိုင်ခဲ့ပါတယ်။၂၀၁၂ခုနှစ်ရဲ့နှစ်ပတ်လည်အစည်းအဝေးနဲ့ငွေ စာရင်းရှင်းလင်းပွဲကို တမူးမြို့မှာပဲ ဒီဇင်ဘာ(၃၀)ရက်နေ့ကပြုလုပ်ခဲ့ပြီး ၂၀၁၃ခုနှစ်အတွက်မိတ်ဆွေများအဖွဲ့က

ဆောင်ရွက်မဲ့ ကျန်းမာရေး၊ပညာရေးထောက်ပံ့မှုလုပ်ငန်းစဉ်တွေကိုစုပေါင်းဆုံးဖြတ်ခဲ့ကြတယ်။ပြီးတော့ မြို့မနဲ့ အောင်နိမိတ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ကျောင်းသားကျောင်းသူတွေအတွက်စာအုပ်နဲ့ ဘောပင်တေ ွလှူဒါန်းခဲ့ကြတယ် ။

ဖြူစင်မေတ္တာမိတ်ဆွေများအဖွဲ့ဟာအသင်းဝင်ဦးရေများပြားလာတာနဲ့အညီ ကူညီထောက်ပံ့မှုတွေကိုပိုမို

လုပ်ဆောင်တော့မှာဖြစ်ပါတယ်။၂၀၁၃ခုနှစ်မှာလည်း မိတ်ဆွေများအနေနဲ့ကူညီထောက်ပံ့မှုတွေပိုမိုဆောင်ရွက်နိုင်

ပါစေ လို့ဆန္ဒပြုလိုက်ပါတယ် ။

psmt-3PSMT(1)

 

3 comments

  • အရီးခင်လတ်

    December 31, 2012 at 10:46 pm

    သာဓု၊ သာဓု၊ သာဓု ပါ။
    ဆက်ပြီး ကုသိုလ်ကောင်းမှု များပိုမို ပြုနိုင်ပါစေ လို့လဲ ဆုတောင်းပါတယ်။
    နှစ်သစ်မှာ ရွှင်လန်းပါစေ။ :hee:

  • Nyein Nyein

    January 1, 2013 at 11:53 am

    ကျန်းမာရေး နဲ့ ပညာရေးသာမက၊ အခြားသော ပရဟိတလုပ်ငန်းများပါ သယ်ပိုးဆောင်ရွက် ကုသိုလ်ပြုနိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းရင်း သာဓု၊ သာဓု၊ သာဓု ခေါ်သွားပါတယ်နော်။

  • သာဓုပါရှင်..အတ္တဟိတတွေ များလာတဲ့ ဒီခေတ်ထဲမှာ ပရဟိတလုပ်ငန်းတွေကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်လို့…

    နောင်လည်း ဒီထက်မက ဆက်လက်လုပ်ဆောင်သွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်…

Leave a Reply