ကန့်လန့်ကာကို ဖွင့်လှစ်ခြင်း (နှစ်သစ်ကို ကြိုဆိုခြင်း)

တောက ကိုရင်December 31, 20121min864

ကန့်လန့်ကာကို ဖွင့်လှစ်ခြင်း

(နှစ်သစ်ကို ကြိုဆိုခြင်း)

HAPPY NEW YEAR!
http://vn247.net/flash/Relax/Happy-new-year.swf

နှစ်သစ်ကို ကြိုတော့မယ်

နှစ်ဟောင်းက ငိုစရာတွေ ချန်ခဲ့…

အရင်ရက်က အလွမ်းလက်ကျန်

မနက်ဖန်ကို သယ်မလာနဲ့…

နေခြည်ပျို့တဲ့ မနက်ခင်း

သူမကိုယ်တိုင် ထွန်းလင်းစေ…

အတိတ်တွေ စိတ်တွေ

ပိတ်နေတဲ့ အာရုံတွေကို ဖွင့်ချ

(ဇန်နဝါရီက စလို့)

ကဏ္ဍအသစ်တစ်ခုဆီသို့ လျှောက်လှမ်း

၃၆၅ ဇာတ်ဝင်ခန်းမှာ…

နာကြည်းစရာ မုန်းတီးစရာ

အငြိုးအာဃာတတွေကို တံခါးပိတ်

စိတ်ပျက်ခဲ့ရတာတွေကိုလည်း သော့ခတ်

တစ်မိုးသောက်လို့ အရုဏ်တက်ချိန်တိုင်း

ပန်းများစွာ ပွင့်ဝေ ရနံ့တွေ ထုံသင်း

လေပြင်းညှင်းက ညင်ညင်သာ…

ကြည်နူးချမ်းမြေ့နေပါသော စိတ်နဲ့

ငြိမ်ချမ်းသိမ်မွေ့စွာ နိုးထ

လောကကြီးကို အလှတွေနဲ့တန်ဆာဆင်

တစ်ဆံခြည်မျှ မလပ်

ခန္ဓာကိုယ်တစ်ခုလုံး ပီတိဓါတ်တွေ ဖုံးလွှမ်း

နွမ်းလျတဲ့အတွေးတွေ အဝေးကိုဖယ်

ဒီတစ်ကြိမ် ဆေးခြယ်တဲ့ ပန်းချီကားမှာ

လူသားအားလုံး အေးချမ်းစေ…

နူးညံ့တဲ့ ရင်ဘတ်တွေကို အသင့်ပြင်

ငိုချင်နေရင် ရယ်လိုက်ကြ…

ပြုံးချင်နေရင် ပျော်လိုက်ကြ…

စိတ်ညစ်ရတာ ခဏပါ

ဘဝမှာ…

တစ်ညတာ အိပ်မက်ကနှိုးရင်

အဆိုးတွေလည်း လွင့်ပါးကွယ်ပျောက်

ရွှေအိုရောင်အနာဂါတ်တွေ လင်းလက်တောက်ပ

ဒီနေ့ညမှသည် မနက်ဖန်ဆီ…

ဟိုမှာ အရုဏ်ကျင်းလို့

ရောင်နီလည်း လင်းလက်လာပြီ…

နှစ်သစ်ကို သူမ နွေးထွေးစွာ ကြိုတော့မယ်…

နှစ်ဟောင်းက ငိုစရာတွေ ကျန်နေရစ်ခဲ့ကြတော့…။ ။

တောက ကိုရင်

၃၁.၁၂.၂၀၁၁

(၂၀၁၂ နှစ်သစ်ကို ကြိုဆိုချင်သော သူငယ်ချင်းမလေးတစ်ယောက်အတွက်

၂၀၁၁ ရဲ့ နောက်ဆုံးညမှာ အမှတ်တရ ရေးဖွဲ့ပါသည်…

လူသားအားလုံး

စိတ်သစ် လူသစ်များဖြင့်

နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ…)

ကဗျာလည်း အသက်တစ်နှစ်ကြီးသွားပီ။ ။ ။

4 comments

  • mamanoyar

    December 31, 2012 at 3:34 pm

    နှစ်သစ်မှာ ပျော်ရွှင်ကြပါစေရှင်

  • Mobile

    December 31, 2012 at 6:08 pm

    နှစ်သစ်မှာ ပျော်ရွှင်ပါစေ တောက ကိုရင်ရေ
    ဝင်ရောက်အားပေးသွားပါကြောင်းးးးးးးးးးးးးးးး

  • မင်းနန္ဓာ

    December 31, 2012 at 11:39 pm

    ၂၀၁၃ ကို ကျွမ်းပစ်ပြီး ဝင်မကွ
    Happy New Year … ကျားးးးးစ်စ်စ်
    (လာထား နောက်ထပ် ၁၆ ကျပ်)

  • ဗုံဗုံ

    January 1, 2013 at 8:59 am

    ကိုရင် နှစ်သစ်မှာကဗျာတွေအများကြီးရေးနိုင်ပါစေရှင်

Leave a Reply