ဟာသလေးများ

Yin Nyine NwayJuly 18, 20101min601

လူသုံးယောက်ကွယ်လွန်ပြီးနောက်ကောင်းကင်ဘုံကိုရောက်လာတယ်။
ဂိတ်ဝမှာစိန့်ပီတာ (ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။
ကောင်းပြီ အချက်အလက်ပြည့်စုံတယ်…မောင်မင်းတို့ို့ကောင်းကင်ဘုံကိုဝင်နိုင်ပြီ။
တစ်ခုတော့မှာချင်တယ် ဒီမှာ”ဘဲ”တွေသိပ်ပေါများတယ်…ဒါပေမယ့်…”ဘဲ”တွေကို
တက်မနင်းမိစေနဲ့လို့ စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်တံခါးဖွင့်ပေးလိုက်တယ်။
ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်”ဘဲ”တွေကိုဖွေးဖွေးလှုပ်မြင်ရတာ
အံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက တစ်ယောက် “ဘဲ”
တစ်ကောင်ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်လာတယ်။
အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး “ကဲ…ဘဲကိုတက်နင်းမိသူ
မောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က ဒီအမျိုးသမီးနဲ့သံသရာတိုင်အောင်ပေါင်းသင်းနေထိုင်
စေသတည်းတဲ့”။ ၁ဝမိနစ်လောက်ကြာပြန်တော့နောက်တစ်ယောက်က “ဘဲ”ကို
နင်းမိပြန်တာပေါ့။ မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာတယ် ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့
အမျိုးသမီးပါလာတယ်။ ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့ မကွဲမကွာအနှီအမျိုးသမီးနဲ့
ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့ အတော်သွေးပျက်နေတယ်။
ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။”ဘဲ”မနင်းမိအောင်အရမ်းကို
ဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။ သူကောင်းကင်ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့
ရောက်တော့ စိန့်ပီတာရောက်လာတယ်။ ညနေဆည်းဆာမှာသူ့ကိုသာယာလှပတဲ့ကမ်းစပ်ကို
ခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်တဲ့။
သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့စုံဖက်ပေးတော့မှာပါ။ စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကို
မေးလိုက်တယ်…”အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်မျိုးအနှီကောင်းချီးမင်္ဂလာနှင့်
ထိုက်တန်ရပါသလဲ”။ စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်…
“ရှင့်ကိစ္စကိုတော့မသိပါဘူး…ကျွန်မအပြစ်ကတော့တချက်ကလေး
သတိလက်လွတ်ဖြစ်ပြီး အဲဒီသောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ”
..လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။

သူ့နေရာသူပြန်သွား

” ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီ

လဲ ”
” ဪ ….. အဲဒါကျောက်တုံးလေးတွေလား၊
ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ခုနကပဲသောက်လိုက်မိပြီ ဆရာမ ”
” ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။
ရှင့်ဆီးအိမ်ထဲကခွဲထုတ်ထားတဲ့ဟာတွေရှင့် ”

မေးမှသိတယ်

” မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ
ဝမ်းသာတယ်ကွာ၊နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့
မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ ”
” ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ ”

ပြောချင်တာကဒီလိုပါ

” မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။
ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။
ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း …..
ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ ”
” ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။
အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ ”

ဘယ်သူမှမပြောနဲ့နော်

” ဓူဝံကြယ်ဆိုတာ ဘယ်ဟာလဲဟင်ဘိုးဘိုး ”
” ဟိုး ….. တောင်ဘက်က ကြယ်နီနီကြီးဟာ ဓူဝံကြယ်ပေါ့ မြေးရဲ့ ”
” ဟင် ….. ကျောင်းမှာ ဆရာမကပြောတော့ ဓူဝံကြယ်ဟာ မြောက်အရပ်မှာရှိတယ်ဆို ”
” ရှူး ….. ဘယ်သူမှ လျှောက်မပြောလေနဲ့ ၊
ဓူဝံကြယ်တောင်ဘက်ကိုပြောင်းသွားတာတစ်ပတ်လောက်ပဲရှိသေးတယ် မြေးရဲ့ ”

စနစ်တကျအသုံးပြုနည်း

” မနက်ကဝယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ
၊ဘယ်လိုဖြစ်တာရတာလဲ ”
” အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ယပ်တောင်ဟာ
လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို
ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား ”

နားလေးသူမို့ပါ

” ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား ”
” ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ ”
” ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ် ”

ဟိုတစ်မျိုး ဒီတစ်မျိုး

” မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ ”
” ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။
သူ့အခန်းထဲဝင်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့
သူ့အိမ်ထဲဝင်ခိုးတာသေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် ”

မေမေ့တာဝန်ထားလိုက်

” ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။
သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ ”
” လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့
မေမေ့တာဝန်ထားလိုက်စမ်းပါ ”

အမွေဆက်ခံမိလို့

” ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး ”
” ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။
ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား ”
” ဟင့်အင်း ….. ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ ”

မမြောက်ပါနဲ့ဗျာ

” မင်းခိုးတဲ့ပစ်စည်းတွေက အစုံပါပဲလားကွ ၊ တီဗွီရယ် ၊ အောက်စက်ရယ်
၊ရေခဲသေတ္တာရယ် ၊ ပန်ကာရယ် ၊ မီးခံသေတ္တာရယ် ၊
အိမ်သားတွေတစ်ယောက်မှမနိုးစေဘဲ အပြင်ကိုဒါတွေအကုန်သယ်ထုတ်နိုင်တာ
ချီးကျူးပါတယ်ကွာ ”
” ဟာ ….. တရားသူကြီးမင်းကလည်း ကျွန်တော့်ကို အနေခက်အောင်မြှောက်နေပြန်ပြီ ”

အထင်နဲ့အမြင်

” ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား ”
” ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ
၊ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး ”
” ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ ”

ထင်တာကတခြား

” တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး
လူရှင်းတဲ့နေရာရောက်မှပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား ”
” ဟုတ်ပါတယ် ၊ တရားသူကြီးမင်း ”
” ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ ”
” ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက
ဒီလိုလုပ်လိမ့်မယ်မထင်ခဲ့မိလို့ပါရှင် ”

သိချင်လို့

” ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ ”
” မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ ”
” ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ ”
” ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ဝယ်လာတာလေ ”

ပြင်ပအစားအစာ

” ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ်
မြန်မြန်သွားကယ်ကြရအောင် ”
” ဟင်း ….. တယ်ခက်တဲ့လူပဲ ၊
မိကျောင်းမွေးမြူရေးစခန်းမှာပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို
သူမသိလို့ထင်တယ် ”

သမ်းပြတာမဟုတ်ပါ

” ရှင် တော်တော်ရိုင်းပါလား ၊ ကျွန်မရှေ့မှာပါးစပ်ကို
လက်ဝါးနဲ့မကာဘဲသမ်းပြတာနှစ်ကြိမ်ရှိသွားပြီ ”
” အထင်မလွဲပါနဲ့ဗျာ ၊ ကျွန်တော်
တစ်ခုခုပြောဖို့ကြံတိုင်းခင်ဗျားကရေပတ်မဝင်အောင် ပြောနေတာကိုးဗျ ”

ယောက်ျားဆိုတာ

” ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ
၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် ”
” ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ ”

တလွဲမထင်ပါနဲ့

” ခင်ဗျားကြည့်ရတာ မုဆိုးဝါတော်တော်ရင့်နေပြီနဲ့တူတယ် ”
” ဘာဖြစ်လို့လဲဗျ ”
” ဒီတစ်နေ့လုံး ခြင်္သေ့တွေ ၊ ကျားတွေပဲလိုက်ပစ်နေတာ တွေ့လို့ပါ ”
” ဒါကဒီလိုပါ ၊ ဒီမနက်ထွက်လာတုန်းက စာကလေးတွေ ၊ ငှက်တွေဖမ်းဖို့ပါပဲ ၊
ဒါပေမဲ့ မျက်မှန်ကသစ်ကိုင်းနဲ့ငြိပြီး ကျပျောက်သွားလို့ ”

ဆရာ့ညွှန်ကြားချက်

” တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ ”
” ဟုတ်ကဲ့ဆရာ ”
” ဘယ်လိုနေလဲကွ ”
” ဘယ်လိုမှ မနေဘူးဆရာ ”
” အင်း ….. ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လို်လိမ့်မယ် ”

လိုချင်ရင်ပြောပါ

” ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ ”
” ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား

One comment

  • khinmintatthu

    August 15, 2010 at 7:15 pm

    ရယ်ရတယ်နော်…..ကလိထိုးပြီးတော့….

Leave a Reply