အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

၂၀၁၂ ရဲ့နောက်ဆုံးနေ့ ဒီနေ့ ၃၁-၁၂-၂၀၁၂ မှာ အခြားသောရွာ သူားများအနေဖြင့်

နှစ်သစ်ကူး အမှတ်တရ ပို့စ်များရေး ကြပေမယ့်။ mobile ဆိုတဲ့လူတစ်ယောက်ကတော့ဖြင့်

စိတ်မကောင်းစွာဖြင့်ပဲ ရွာသူားများအားလုံးကို နှုတ်ဆက်ရပါတော့မယ်။

ကျနော် ဒီရွာရဲ့ ရွာသားဖြစ်ခဲ့တာ တစ်လကျော်ကျော် လောက်ပဲ ရှိပါသေးတယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး ဒီရွာထဲကို ရောက်ခဲ့ဖူးပါတယ်။ ရေးသားထားကြတဲ့

ပို့စ်များ ကွန်မန်းများကို ဖတ်ရှု့အားပေးခဲ့ပါတယ်။ ရွာသားတစ်ယောက်အဖြစ် မန်ဘာဝင်ဖို့

ဘယ်လိုဝင်ရမလဲ နားမလည်ခဲ့ဘူးဗျ။ ကျနော် အပေါင်းအသင်းထဲမှာလဲ ဒီရွာသား တစ်ယောက်မှ

မရှိတော့ ဘယ်သူ့ကိုမေးရမှန်းလဲမသိဘူးဗျ။ လွန်ခဲ့တဲ့ တစ်လလောက်ကမှစပြီ ဒီရွာထဲမှာ

လျှောက်ကလိရင်းနဲ့ မန်ဘာတစ်ယောက်ဖြစ်သွာခဲ့တယ်။ စာတွေဘာတွေတော့ ဟုက်တိပတ်တိ

မရေးနိုင်ခဲ့ပါဘူး။ လိုင်းပေါ်မှာ အချိန်ပြည့်နီးပါးရှိခဲ့ပြီး တက်လာတဲ့ ပို့စ်တွေကိုတော့ အတော်များများ

အားပေးခဲ့ပါတယ်။ ဗဟုသုတဖြစ်စရာတွေ အသိပညာယူစရာတွေ စဉ်းစားစရာတွေ အငြင်းပွားစရာတွေကို

တွေ့ခဲ့ရပါတယ်။ ဒီရွာထဲမှာ ရှိနေတဲ့ အခိုက်အတန့်မှာ ပျော်ပါတယ်။ ရွာသူားများ အားလုံးကိုလဲ ချစ်ပါတယ်။

ယခုလို ရွာသူားများအားလုံး နှင့်တွေ့ဆုံခွင့်ရခဲ့တာ ခင်မင်ခွင့်ရခဲ့တာ တွေအားလုံးကို အမြဲးတမ်း အမှတ်တရရှိနေမှာပါ။

အခြားသော သူငယ်ချင်းများ အသိမိတ်ဆွေများကိုလဲ ဒီရွာရဲ့ အကြောင်းလေးတွေကို ပြောပြဖြစ်နေမှာပါ။

အခု ကျနော်မှာ ကိုယ်ရေးကိုယ်တာအရ ဆက်သွယ်မှု ဧရိယာပြင်ပမှာ အနည်းဆုံး ၆ လလောက်သွားနေရဖို့ရှိပါတယ်။

အပြီးအပိုင် ရွာမှထွက်ခွာခြင်းမဟုက်ပါကြောင်း။ ဆက်သွယ်မှု ဧရိယာ အတွင်းကို ပြန်လည်ရောက်ရှိတဲ့ အချိန်မှာ

ဒီရွာထဲကို ပြန်လည်၍ ရွာသားတစ်ယောက်ဖြစ်ခွင့်ကို ခံယူမှာဖြစ်ပါကြောင်း။ အခုအချိန်ခါမှာတော့ နှစ်သစ်မှာ လူတိုင်း တစ်ကမ္ဘာလုံး

ပျော်နေကြတဲ့ အချိန်မှာ မောင်မိုဘိုင်း တစ်ယောက်တော့ မပျော်နိုင်ပါကြောင်း။ ဒီရွာနဲ့ ပတ်သတ်တဲ့ သူကြီးနှင့် တကွ

ရွာသူား အပေါင်းကို အထူးကျေးဇူးတင်ရှိပါကြောင်း။ မောင်မိုဘိုင်း ရင်ထဲမှာ ဘယ်တော့မှ မေ့မရနိုင်ပါကြောင်း။

အားလုံးရဲ့ အပေါ်မှာ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါက ခွင့်လွတ်ပေးကြစေလိုပါကြောင်း။

အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်  အချစ်သစ်တွေနှင့်အတူ အဆင်ပြေနိုင်ကြပါစေကြောင်း။

မောင်မိုဘိုင်းမှ ဆုမွန်ကောင်းတောင်းရင်း နှုတ်ဆက်လိုက်ရ ပါကြောင်း…………………………

mobilemobile130@gmail.com

 

About MgMobile

Mobile13 has written 39 post in this Website..

ไม่มีอะไรที่เป็นไปไม่ได้!