ရွာသူ ရွာသား များအားလုံး နှုတ်ခွန်း ဆက်သပါ၏

MgMobileDecember 31, 20121min17221

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

၂၀၁၂ ရဲ့နောက်ဆုံးနေ့ ဒီနေ့ ၃၁-၁၂-၂၀၁၂ မှာ အခြားသောရွာ သူားများအနေဖြင့်

နှစ်သစ်ကူး အမှတ်တရ ပို့စ်များရေး ကြပေမယ့်။ mobile ဆိုတဲ့လူတစ်ယောက်ကတော့ဖြင့်

စိတ်မကောင်းစွာဖြင့်ပဲ ရွာသူားများအားလုံးကို နှုတ်ဆက်ရပါတော့မယ်။

ကျနော် ဒီရွာရဲ့ ရွာသားဖြစ်ခဲ့တာ တစ်လကျော်ကျော် လောက်ပဲ ရှိပါသေးတယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီး ဒီရွာထဲကို ရောက်ခဲ့ဖူးပါတယ်။ ရေးသားထားကြတဲ့

ပို့စ်များ ကွန်မန်းများကို ဖတ်ရှု့အားပေးခဲ့ပါတယ်။ ရွာသားတစ်ယောက်အဖြစ် မန်ဘာဝင်ဖို့

ဘယ်လိုဝင်ရမလဲ နားမလည်ခဲ့ဘူးဗျ။ ကျနော် အပေါင်းအသင်းထဲမှာလဲ ဒီရွာသား တစ်ယောက်မှ

မရှိတော့ ဘယ်သူ့ကိုမေးရမှန်းလဲမသိဘူးဗျ။ လွန်ခဲ့တဲ့ တစ်လလောက်ကမှစပြီ ဒီရွာထဲမှာ

လျှောက်ကလိရင်းနဲ့ မန်ဘာတစ်ယောက်ဖြစ်သွာခဲ့တယ်။ စာတွေဘာတွေတော့ ဟုက်တိပတ်တိ

မရေးနိုင်ခဲ့ပါဘူး။ လိုင်းပေါ်မှာ အချိန်ပြည့်နီးပါးရှိခဲ့ပြီး တက်လာတဲ့ ပို့စ်တွေကိုတော့ အတော်များများ

အားပေးခဲ့ပါတယ်။ ဗဟုသုတဖြစ်စရာတွေ အသိပညာယူစရာတွေ စဉ်းစားစရာတွေ အငြင်းပွားစရာတွေကို

တွေ့ခဲ့ရပါတယ်။ ဒီရွာထဲမှာ ရှိနေတဲ့ အခိုက်အတန့်မှာ ပျော်ပါတယ်။ ရွာသူားများ အားလုံးကိုလဲ ချစ်ပါတယ်။

ယခုလို ရွာသူားများအားလုံး နှင့်တွေ့ဆုံခွင့်ရခဲ့တာ ခင်မင်ခွင့်ရခဲ့တာ တွေအားလုံးကို အမြဲးတမ်း အမှတ်တရရှိနေမှာပါ။

အခြားသော သူငယ်ချင်းများ အသိမိတ်ဆွေများကိုလဲ ဒီရွာရဲ့ အကြောင်းလေးတွေကို ပြောပြဖြစ်နေမှာပါ။

အခု ကျနော်မှာ ကိုယ်ရေးကိုယ်တာအရ ဆက်သွယ်မှု ဧရိယာပြင်ပမှာ အနည်းဆုံး ၆ လလောက်သွားနေရဖို့ရှိပါတယ်။

အပြီးအပိုင် ရွာမှထွက်ခွာခြင်းမဟုက်ပါကြောင်း။ ဆက်သွယ်မှု ဧရိယာ အတွင်းကို ပြန်လည်ရောက်ရှိတဲ့ အချိန်မှာ

ဒီရွာထဲကို ပြန်လည်၍ ရွာသားတစ်ယောက်ဖြစ်ခွင့်ကို ခံယူမှာဖြစ်ပါကြောင်း။ အခုအချိန်ခါမှာတော့ နှစ်သစ်မှာ လူတိုင်း တစ်ကမ္ဘာလုံး

ပျော်နေကြတဲ့ အချိန်မှာ မောင်မိုဘိုင်း တစ်ယောက်တော့ မပျော်နိုင်ပါကြောင်း။ ဒီရွာနဲ့ ပတ်သတ်တဲ့ သူကြီးနှင့် တကွ

ရွာသူား အပေါင်းကို အထူးကျေးဇူးတင်ရှိပါကြောင်း။ မောင်မိုဘိုင်း ရင်ထဲမှာ ဘယ်တော့မှ မေ့မရနိုင်ပါကြောင်း။

အားလုံးရဲ့ အပေါ်မှာ အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါက ခွင့်လွတ်ပေးကြစေလိုပါကြောင်း။

အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်  အချစ်သစ်တွေနှင့်အတူ အဆင်ပြေနိုင်ကြပါစေကြောင်း။

မောင်မိုဘိုင်းမှ ဆုမွန်ကောင်းတောင်းရင်း နှုတ်ဆက်လိုက်ရ ပါကြောင်း…………………………

mobilemobile130@gmail.com

 

21 comments

  • ခင်ခ

    December 31, 2012 at 4:21 pm

    ရွာထဲပြန်လည်ရောက်လာတဲ့နေ့မှာ ပြန်လည်တွေ့ဆုံကြတာပေါ့ဗျာ။
    ခရီးသွားမှု့ အစစအရာရာ အဆင်ပြေကာ ဘေးရန်ကင်းပါစေလို့။

    • Mobile

      December 31, 2012 at 7:54 pm

      မင်္ဂလာပါ ကိုခင်ခရေ အခုလို ဦးဆုံးကွန်မန်းလေးအတွက် အထူးပဲကျေးဇူးပါခင်ဗျ။
      ဆုတောင်းလေးအတွက်လဲ ကျေးဇူးပါ။ ကိုခင်ခလဲ နှစ်သစ်မှာ ပျော်ရွှင်ပါစေခင်ဗျ…..

  • ဗုံဗုံ

    December 31, 2012 at 4:30 pm

    အားလုးံအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ဦးလေးမိုဘိုင်း

    • Mobile

      December 31, 2012 at 7:58 pm

      မင်ဂါဘာ တူမဂျီး ဗုံဗုံရေ ဦးလေးအတွက် မီးလေး တောင်းတဲ့ဆုနဲ့ ပြည့်ဝရပါစေဗျာ။
      မီးလေးလဲ နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပါစေကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး


  • အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်
    အချစ်သစ်တွေနှင့်အတူ အဆင်ပြေနိုင်ကြပါစေကြောင်း။

    ဘာပဲပြောပြော ..
    ဒီဆုတောင်းကို အနှစ်သက်ဆုံးဘဲ … :mrgreen:
    ဘာပဲပြောပြော …
    ခညားလည်း ၂၀၁၃ မှာ လက်ကီးတွေနဲ့ ပြည့်နိုင်ပါစေ ….
    ကျုပ်ကတော့ ဒါဘဲ ပြောတတ်တယ်လေ ..

    • Mobile

      December 31, 2012 at 8:06 pm

      ကိုအံချာဂျီး ဘာရဲဗျ ခီညားရဲ့ ကျောက်စာ ပို့ထဲမှာကျဒေါ့ ကျုပ်ကို အနိုင်ကျင့်ပြီးရေးခိုင်းဒယ်
      အခုကျုပ်ရေးတဲ့ ပို့စ်ကျဒေါ့ ခီညားဂ ဒါပဲပြောတတ် ဆိုပီလုပ်ထားဒယ် မီရဘူးဂျာ
      ပြန်ရေးပေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      မင်္ဂလာပါ မဟာဘာဂျာ ကိုအံစာကြီးရေ ကိုအံကြီးပေးတဲ့ ဆုနဲ့ ပြည့်ဝရပါစေသားဗျာ။
      ကိုအံကြီးလဲ ကျုပ်ရွာထဲ ပြန်ရောက်တဲ့ အချိန်မှာ အခုလို ဂေါ်မစွန်ကြီးဒေါ့ ကျုပ်
      မြင်ချင်တော့ဘူးနော်……………
      အားပေးသွား တဲ့အတွက် ကျေးဇူးပါခင်ဗျ

  • koaung

    December 31, 2012 at 4:44 pm

    ကံကောင်းပါစေဗျား good luck ခင်မင်လျှက်

  • Mobile

    December 31, 2012 at 8:08 pm

    good luck ပါကိုအောင်ရေ
    အခုလို ဝင်ရောက်အားပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်းးးးးးးးးးး
    ကိုအောင် အနေဖြင့်လဲ နှစ်သစ်မှာ ကံကောင်းခြင်းများစွာကို အကြိမ်အခါပေါင်းများစွာ
    ပိုင်ဆိုင်နိုင်ပါစေကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • လုံမလေးမွန်မွန်

    December 31, 2012 at 8:51 pm

    တွေ့ဆုံကြုံကွဲ..ဖြစ်မြဲဘွမှာ..ပျော်ရာမနေ တော်ရာနေဆိုတဲ့ စကားအတိုင်း တော်ရာမှာပျော်အောင်နေနိုင်ပါစေအေ..
    ချစ်သူနဲ့လည်း အဆင်ပြေပါစေ… ရွာထဲကိုလည်း မြန်မြန်ပြန်လာနိုင်ပါစေ..
    နှစ်သစ်မှာလည်း ပျော်ရွှင်ပါစေလို့…

    ခင်တဲ့
    လုံမလေး

  • Mr. MarGa

    December 31, 2012 at 8:54 pm

    နှစ်သစ်မှာ
    စိတ်သစ် လူသစ် အဖော်သစ် အောင်မြင်မှု အသစ်တွေနဲ့
    ပြည့်စုံပါစေ

  • မောင်ပေ

    December 31, 2012 at 9:15 pm

    မောင်ရင်မိုပိုင်း ရွာသား ပြန်ခံမယ့် အချိန်ကို ဖိုးဖိုးပေက ရင်ခုန်စွာဖြင့် စောင့်မျှော်နေမယ်ဆိုတဲ့အကြောင်း
    အဲဒါ အဲဒါ

    • ဟေ့လူ …
      အဲဒါ .. အဲဒါ … ဆိုတာကြီး မပါဘဲနဲ့
      ခင်ဗျား မပြောတတ်ဘူးလား …
      ငါ .. တယ် .. နဖူးကြီးကို တွယ်လိုက်ရ …..

  • အရီးခင်လတ်

    December 31, 2012 at 9:48 pm

    နှစ်သစ်မှာ အောင်မြင်မှု၊ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တွေ နဲ့ အတူ ရွာထဲ ကို အမြန်ဆုံးပြန်ဝင်လာနိုင်ပါစေလို့ အရီး ကလဲ ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ် သားရေ။

  • မင်းနန္ဓာ

    December 31, 2012 at 9:48 pm

    ဘယ်ကို လိမ့်မလို့ပါလဲ မောင်ရွေ့လျားရယ်…
    ၂၀၁၃ မှာ မောင်ရင့် ရည်ရွယ်ချက်တွေ ပြည့်အောင် စွမ်းဆောင်နိုင်တဲ့ ကံကောင်းတဲ့နှစ်တစ်နှစ် ဖြစ်ပါစေကွာ

  • အလင်းဆက်

    December 31, 2012 at 10:49 pm

    ပြန်လာချိန်ကို..
    မျှော်နေမယ်…ဗျို ့ ။

    ပျော်ရွှင်ပါစေ…နှစ်သစ်မှာ..။

  • မှောင်ကြီး

    January 1, 2013 at 12:59 am

    မျှော်နေမယ်နော် သွားလမ်း
    သာလို ့ပြန်လမ်းဖြောင့်ပါစေဗျာ

  • padonmar

    January 1, 2013 at 3:18 am

    Active member ဖြစ်တဲ့ Mobile မရှိရင် ရွာစည်ကားမှုနည်းနည်းလျော့သွားမှာစိုးပါတယ်။
    မြန်မြန် ပြန်လာနော်။မုန့်တွေလည်းဝယ်ခဲ့။

  • MaMa

    January 1, 2013 at 7:53 am

    လက်ပြတယ်ဆိုတာ နှုတ်ဆက်ထွက်ခွာခြင်းရဲ့ သင်္ကေတဖြစ်သလို ….
    ပြန်လည်ဆုံစည်းခြင်းရဲ့ သင်္ကေတလည်း ဖြစ်တာမို့…..
    အခုလက်ပြလိုက်မယ်။
    နောက်တစ်ခါ လက်ပြဖို့ စောင့်နေမယ်။ :hee:

  • mamanoyar

    January 1, 2013 at 1:44 pm

    ပြန်လည်ဆုံဆည်းတဲ့အခါ အပြုံးတွေ
    ပျော်ရွှင်ခြင်းများနဲ့အတူ ရွာထဲကလူအားလုံးနှင့် ပြန်လည်ဆုံဆည်းရပါစေရှင်

  • aye.kk

    January 1, 2013 at 1:55 pm

    မိုဘိုင်းရေ။
    နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ။
    ပြန်လာမဲ့ရက်တွေအတွက်ကို
    ရေတွက်လို ့စောင့်မျှော်နေမယ်နော်။။(အန်တီအေး)

Leave a Reply