mingalar per 2013

maung khinminDecember 31, 20121min16813

*** မင်္ဂလာပါ တွမ်တီး သာတင်း ( န်

) ****

နှစ်ထောင့်ဆယ့်နှစ်  သုံးဆယ့်တစ် ည

လ  ” ဒီဇင်ဘာ ”       တနင်္လာ ၌

အချိန် ဆယ့်နှစ်   သန်းခေါင် ညဉ့်လယ်

ကြယ်စုံ ညီလာ   ကောင်းကင်ပြာ လဲ့

အိုဘယ့် လမင်း   မြူနှင်း ကြားမှာ

လင်းအား မှုန်မှုန်   ချမ်းတုန် အေးခဲ

ညှဉ်းသည်းမြောက်လေ   တစ်နှစ်ကြွေပြီ

ငေးရီ နေသလား   ကောင်းကင်မှာ ။

သာစွ မြန်ပြည်      မြေညီ တောင်တန်း

ညီနောင် ကျွမ်းတို ့     ငြိမ်းချမ်းပါစ

ဒီလို ညထဲ      လောက အပူ

ထားခဲ့ လှူလိုက်    ညီတူ ခံစား

မေတ္တာပွါး ဝေ    ကောင်းမွေ ဆင့်ကမ်း

ညစ်နွမ်း ဆိုးပစ်      မျက်နှာ သစ်ပါ

မင်္ဂလာ ပါ  …   နှစ်ထောင့် ဆယ့်သုံး ။

မင်္ဂလာ ည     ကမ္ဘာ့ ရွာကြီး

စစ်မီး ငြိမ်းသတ်     အနာဂတ် အား

နှလုံးသား ဖြင့်     သီးပွင့်ဝေ ဆာ

မာလာ ထုံသင်း     ဥယျာဉ် ခင်းသို ့

ကျဆင်း နှင်းမြူ     ဟတ်ပီ ညူးယီးယား

လမင်းကြား လား   သူကား ချမ်းတုန်

နေမြဲ တည်း ။။။

လရောင်ရွှေ
၃၁း၁၂း၂၀၁၂

13 comments

  • မောင်ခင်မင် (ကျွန်းချောင်း) ကနေ ..
    လရောင်ရွှေ လို့ ကလောင် ပြောင်းလိုက်ပြီလားဗျ ….
    အကိုလည်း လာမယ့် နှစ်သစ်မှာ …
    ပျော်ရွှင် ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော့ …..

    ချစ်ခြင်းများနဲ့ …
    မောင်အံစာ

  • အရီးခင်လတ်

    December 31, 2012 at 9:43 pm

    Same to you, maung khinmin! Thanks.
    A Very Happy & Prosperous New Year!

  • မင်းနန္ဓာ

    December 31, 2012 at 11:38 pm

    ၂၀၁၃ ကို ကျွမ်းပစ်ပြီး ဝင်မကွ
    ဟတ်ပီး နယူးရီးယား… ကျားးးးးစ်စ်စ်

  • မှောင်ကြီး

    January 1, 2013 at 1:13 am

    အသင်ပို ့သ မေတ္တာရ၍
    ကြည်မြရွှင်သာ စိတ်သန္တာ၌
    ဝမ်းမြောက်ဝမ်းသာ ငြိမ်းချမ်းစွာနှင့်
    နှစ်သစ်ရောက်ခါ ဤချိန်ခါတွင်
    ကောင်းခြင်းမင်္ဂလာ အဖြာဖြာကို
    သင်လည်းထပ်တူ ရစိမ့်မည်။
    ဤကားမှောင်ကြီး စကားတည်း။ ။

  • Silver Twig

    January 1, 2013 at 1:32 am

    A very happy compliments of the season, a wonderful new year to you and your families,
    Thanks so much for your wishes.

  • ဗုံဗုံ

    January 1, 2013 at 9:00 am

    မင်္ဂလာနှစ်သစ်ပါရှင် ပျော်ရွင်မှုအပေါင်းနဲ့ ပြည့်စုံပါစေရှင် 🙂

  • Shwe Ei

    January 1, 2013 at 10:30 am

    ငြိမ်းချမ်းပါစေ ၂၀၁၃ရေ ……….

  • Nyein Nyein

    January 1, 2013 at 10:55 am

    မင်္ဂလာရှိပြီး အေးချမ်းသာယာတဲ့နှစ်ဖြစ်ပါစေ……………..

  • နွယ်ပင်

    January 1, 2013 at 11:33 am

    ပျော်ရွှင်အေးချမ်းသောနှစ်လေးဖြစ်ပါစေ 2013 ရေ …..

  • mamanoyar

    January 1, 2013 at 1:39 pm

    ့ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်

  • Mr. MarGa

    January 1, 2013 at 8:49 pm

    ချမ်းမြေ့ပျော်ရွှင်ကြပါစေဗျာ

Leave a Reply