မြန်မာ-တရုတ် ချစ်ကြည်ရေး ယဉ်ကျေးမှုကပွဲ၊ နေပြည်တော် (30-12-2012)

မနေ့ညက သူများတွေ တီဗွီရှေ့ထိုင် အကယ်ဒမီ ရင်ခုန်သံတွေ တဒိုင်းဒိုင်းမည်နေချိန်မှာ ကျနော်က ပေါက်ဖော်ကြီးတို့နဲ့ ချစ်ကြည်ရေးတိုးမြှင့်ဖို့ လုပ်တဲ့ ကပွဲထဲ ရောက်နေတာ.. တရုတ်စည်သံ၊ ဗမာစည်သံတွေ တဒုန်းဒုန်းကြားထဲ ဆွဲလာတဲ့ ဝါးတားတား ပုံလေးတွေ ကြည့်ကြပါအုံး

ပေါက်ဖော်ကြီးတို့က သူတို့ပြည် ရိုးရာ အဆို အကတွေ၊ အတီးအမှုတ်တွေနဲ့ တင်ဆက်သွားသလို မြန်မာမှုအနေနဲ့ အိုးစည်ဒိုးပတ်ဝိုင်း၊ စည်တိုအက၊ ရုပ်သေးနဲ့လူ အပြိုင်ကတဲ့ ကကွက်တွေနဲ့ ဖျော်ဖြေခဲ့ကြလေရဲ့..

ထူးခြားတာက ရွှေပွဲလာတွေက ပေါက်ဖော်ကြီးတို့ အဆိုအကတွေက အိန္ဒိယကားထဲက ဟန်တွေနဲ့ အတော်ဆင်တယ် ပြောကြတာပါပဲ။ နိုင်ငံ ဘယ်ဒေသက လာတယ်တော့မသိ.. ဘင်္ဂလား၊ ပါကစ္စတန် နယ်စပ်နား ကျေးလက်ကများလား စိတ်ထဲမှတ်တယ်။ ဘေကျင်း အိုလံပစ်တုန်းက ကပြ ဖျော်ဖြေခဲ့တဲ့အကတွေ ကမာ္ဘ့ရိုးရာအကပွဲတွေမှာ ဆုရခဲ့တဲ့ အကတွေလို့တော့ ကြေငြာသွားတယ်။

မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ရှေ့ ဝိုးတိုးဝါးတား မြင်ကွင်း
မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ရှေ့ ဝိုးတိုးဝါးတား မြင်ကွင်း
အထဲ ရောက်ရောက်ချင်း
-၂- အထဲ ရောက်ရောက်ချင်း
-၃- ခန်းမ အတွင်း မြင်ကွင်းကျယ်
-၃- ခန်းမ အတွင်း မြင်ကွင်းကျယ်
-၄- ပရိတ်သတ်
-၄- ပရိတ်သတ်
-၅- စပြီ
-၅- စပြီ

 

-၇- အမျိုးသမီး ဒိုးပတ်ဝိုင်းနဲ့ အက
-၆- အမျိုးသမီး ဒိုးပတ်ဝိုင်းနဲ့ အက
-၇- နောက်တစ်ဖွဲ့
-၇- နောက်တစ်ဖွဲ့
-၈- အရုပ်နဲ့ လူတွေ ပြိုင်ကမလေ
-၈- အရုပ်နဲ့ လူတွေ ပြိုင်ကမလေ
-၉- ကမာ္ဘ့ ပြိုင်ပွဲဆုရ ပန်းကန်အက
-၉- ကမာ္ဘ့ ပြိုင်ပွဲဆုရ ပန်းကန်အက

အဲဒီအက စထွက်လာပြီး ကနေတော့ ပန်းကန်လုံးလေးတွေ ခေါင်းပေါ်တင်၊ ပန်ကန်ပြား နှစ်ချပ် လက်ကကိုင်ပြီး ကနေကြတာ ကြည့်ပြီး သိပ်ထူးဆန်းတယ်မထင်။ ဘေးကလည်း ပြောသံကြားရ ခေါင်းမှာ ပြုတ်မကျအောင် ကြိုးနဲ့ချည်ထားမှာပေါ့၊ ကော်ကပ်ထားမှာပေါ့တို့။

အက အဆုံးသပ်ခါနီးတော့ ခေါင်းပေါ်က ပန်းကန်လုံးလေးတွေ တခုချင်း ပန်းကန်ပြားတွေပေါ် ယူချ၊ အင်း ဟုတ်သား..။ နောက်ဆုံး ပန်ကန်လုံးလေး ကိုင်ပြီး ဖြေးဖြေးချင်း စောင်းကာ လောင်းချ.. ရေတွေပါလားဟ.. အဲဒီမှာ အားလုံး လက်ခုပ်တွေတီးကြ။

အင်း ကျနော်တို့ ငယ်ငယ်က အလှူအောင်ပွဲတွေမှာလည်း မင်းသမီးတွေ ရေအိုးရွက်ပြီး စွမ်းရည်ပြ ကသွားတာတွေ ကြည့်ဖူးသားပါဗျာ။ တချို့ ပန်းစပ်နဲ့ အိုးနားခမ်းကိုက်ကတာတောင် ရှိသေးတာ..။

-၁၀- မင်းသားလေးတွေရဲ့ စည်တိုအက
-၁၀- မင်းသားလေးတွေရဲ့ စည်တိုအက
-၁၁- နောက်ဆုံးအဖွဲ့
-၁၁- နောက်ဆုံးအဖွဲ့

တစ်ဦးချင်း ဆိုကတာတွေ တူရိယာလက်စွမ်းပြတာတွေ ပါပါသေးတယ်။ ပေါက်ဖော်နှစ်ယောက် လက်လှည့်အစွမ်းပြတာရော။ ပေါက်ဖော် တစ်ယောက်က နေ့လည်ထမင်းစားပြီးတော့ သင်လိုက်တာဆိုပြီး အငဲရဲ့ မျှော်လင့်ခြင်းကွင်းပြင် သီချင်းတောင် ဟစ်ပြသွားတယ်။

-၁၂- ဒုသမ္မတနဲ့ တရုတ်သံအမတ်ကြီးတို့မှ အမှတ်တရ ပန်းခြင်း ပေးအပ်
-၁၂- ဒုသမ္မတနဲ့ တရုတ်သံအမတ်ကြီးတို့မှ အမှတ်တရ ပန်းခြင်း ပေးအပ်

 

 

 

 

 

 

 

 

 

16 comments

  • တရုတ်တွေ ကတော့ရော …
    မြန်မာတွေ ဆိုင်းတီးသေးလားဗျ …..။
    ရောမသမွှေသလိုလားလို့ မေးကြည့်တာပါ ….။
    ပုံထဲကြည့်ရတာတော့ မတီးလောက်ဘူးလားပဲ ….။
    ဟိုလူတွေ ငြိမ်နေသလားလို့ပါ ….။
    အားပေးသွားပါတယ်ဗျာ ….။

    • မင်းနန္ဓာ

      January 1, 2013 at 12:48 am

      မြန်မာအကတွေကျမှ ဆိုင်းဝိုင်ကတီးတာပါ..
      အတီးသမား ပေါက်ဖော်တစ်ယောက်က ရိုးရာပတ်ကားရှင်းပြောပါတော့ လင်းဗန်းသေးသေးလောက်ရှိတဲ့ဟာလေးနဲ့ စွမ်းရည်ပြတီးတော့ ကျုပ်တော့ဆိုင်းဝိုင်းရှေ့သွားပြီး မေးငေါ့တာပေါ့.. ဆိုင်းစရာတွေကလည်း ပေါက်ဖော်ကြီး နောက်က ခပ်မြိုင်မြိုင်လေး အလိုက်သင့်လိုက်တီးပြတာ အားလုံးကို သဘောကျလို့
      ဆိုင်းကြိုက်တဲ့မောင် ဆိုတဲ့ remix အသွားအတိုင်းပဲ တီးသွားကြတာ..
      🙂

  • အရီးခင်လတ်

    January 1, 2013 at 2:46 am

    အဆောက်အဦကြီးက အတော်ခမ်းနားတာဘဲနော်။
    ဒါမျိုး ယဉ်ကျေးမှုဖလှယ်ပွဲ တွေကို ကြည့်ရတာ အတော်လေး တန်ဖိုး ရှိပါတယ်။
    ရှေ့တန်းမှာ ထိုင်ခုံတွေ လွတ်နေတာ နှမြောစရာ။
    အဘတို့ က အကယ်ဒမီကို ပိုကြိုက်တယ် ထင်ပါ့။
    သတင်း နဲ့ ပုံလေးတွေ အတွက် ကျေးဇူးပါ မင်းနန္ဒာရေ။
    ရှင်မွေးလွန်း နဲ့ သားလေးကိုလဲ နှုတ်ဆက်ပေးပါဦး။
    :hee:

    • မင်းနန္ဓာ

      January 1, 2013 at 8:18 am

      ပေါက်ဖော်ကြီးတို့ ဆောက်ပေးတဲ့ လက်ဆောင် အဆောက်အဦပါ..
      ဘဘကြီးတို့ မရောက်ခင် ရိုက်ထားလို့ ရှေ့တန်း၊ အောက်ထပ်မှာ နေရာလွတ်နေတာပါ
      ရှင်မွေးလွန်းနဲ့ သားလေးလည်း ကျန်းမာလန်းဖြာကြပါကြောင်း
      ကျေးကျေး အရီး

  • MaMa

    January 1, 2013 at 7:56 am

    ကြီးကျယ်ခမ်းနားလိုက်တာ။
    အော်… နေပြည်တော်ပေကိုးးးးး။
    ကြည့်ရတာ မင်းနန္ဓာလည်း Fish Eye များ သုံးပြီး ရိုက်ထားသလား။ :hee:

    • မင်းနန္ဓာ

      January 1, 2013 at 8:09 am

      ပါနိုရားမား နဲ့ရိုက်ထားတာပါ မမရေ
      “အမေ့လျော့ခံ..အများပြည်သူပိုင်နေရာများ” ပို့စ်ကို မေ့သွားပြီလား မမ
      🙄

      • MaMa

        January 1, 2013 at 8:32 am

        ပြောမှပဲ ယှဉ်ကြည့်မိလိုက်ပြီ။ :eee:

  • ဗုံဗုံ

    January 1, 2013 at 9:01 am

    ဦးလေးလည်း ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ ဇာတ်လမ်းလေးနဲ့ မဖျော်ဖြေခဲ့ဘူးလား :kwi:

    • မင်းနန္ဓာ

      January 1, 2013 at 9:17 am

      ရှင်မွေးလွန်းက ဗိုက်ဖေါင်းကြီးဖြစ်နေလို့ မကနိုင်သေးဝူးးလေ.. ဟီး
      :harr:

  • Nyein Nyein

    January 1, 2013 at 11:39 am

    မြန်မာတစ်လှည့်၊ တရုတ်တစ်လှည့် ကတာပေါ့နော်။ နောက်ဆုံးမှာ နှစ်ဘက်ပေါင်းပြီး ကတာမျိုးကော မပါဘူးလား။ အဆောက်အဦးကြီးကိုတော့ သဘောကျတယ်။ ဒါပေမယ့် သုံးထပ်ကနေ ကြည့်တဲ့လူတွေကကော သေချာမြင်ရပါ့မလားဟင်။ အရမ်းမြင့်ပြီး ဝေးနေသလိုပဲ။

    • မင်းနန္ဓာ

      January 1, 2013 at 1:10 pm

      တလှည့်စီပဲ က သွားကြပါတယ်.. နှစ်ဘက်ပေါင်းကဖို့က ဇာတ်တိုက် အချိန်ယူရမှာဆိုတော့..
      နှစ်ထပ်ပေါ်ကနေကို ပေါက်ဖော်မတွေ အလှ သေချာမြင်ရဘူးဗျ

  • မောင်ပေ

    January 1, 2013 at 10:00 pm

    ရွာစားတို ့မိသားစု အပျင်းပြေပွဲတစ်ပွဲကြည့်ခဲ့ရတာကလား

    • မင်းနန္ဓာ

      January 1, 2013 at 10:10 pm

      မိသားစုနဲ့ သွားပါဘူးဗျာ
      ရုံးကအဖွဲ့မှာလုပ် ဗော်လင်တီယာ သါွးခဲ့တာပါ

  • ဦးကြောင်ကြီး

    January 2, 2013 at 9:11 am

    ကြေးမုံဂျီး ရိုးမတောထဲမှာ မဟုတ်တရုတ် သစ်ခုတ်အက ကနေပုံ ပါဘူးလား…။ :kwi:

    • မင်းနန္ဓာ

      January 2, 2013 at 2:08 pm

      ဦးကြောင်ချစ်ချစ် ကြေးမုံကြီးက
      အားလပ်ရက် ခွင့်ရက်ရှည်ယူသွားတယ်တဲ့
      အဖွဲ့ထဲ ပါမလာဘူး
      :kwi:

  • Mr. MarGa

    January 2, 2013 at 2:05 pm

    ပေါက်ဖော် တစ်ယောက်က နေ့လည်ထမင်းစားပြီးတော့ သင်လိုက်တာဆိုပြီး အငဲရဲ့ မျှော်လင့်ခြင်းကွင်းပြင် သီချင်းတောင် ဟစ်ပြသွားတယ်။

    အသံ ဘယ်လိုနေလဲဗျ

Leave a Reply