နှစ်သစ်မင်္ဂလာ၊ မင်္ဂလာနှစ်သစ်၊ ချစ်ခြင်းထပ်စေ..

kaiJanuary 1, 20131min37234

ခရီးက..အခုတင်.. ပြန်ရောက်ပြီဗျို့.. လော့စ်အိန်ဂျလိစ်မှာ..အခု.. ၁၁နာရီ ၄၅မိနစ်..။
ရွာသူားအပေါင်းနဲ့.. မြန်မာအပေါင်းကို… နှစ်ကူးရာသီရက်မှာရိုက်လာတဲ့.. ကမ္ဘာကျော်တက္ကသိုလ်ပုံ၂ခုနဲ့… ဘဝသစ်..ခေတ်သစ်..နှစ်သစ်မှာ.. ထူးကြပါစေရန်ရည်ရွယ်…နှုတ်ခွန်းဆက်ပါကြောင်း..။

University of California, Berkeley
University of California, Berkeley

 

Stanford University
Stanford University

 

34 comments

  • mamanoyar

    January 1, 2013 at 2:16 pm

    အပေါ်ဆုံးက ဓါတ်ပုံကြိုက်တယ်

  • koaung

    January 1, 2013 at 2:32 pm

    ၂၀၁၃ နှစ်သစ်မှာ မန်းတလေးဂဇက် မင်ဂလာအပေါင်းနဲ့ပြည့်စုံပါစေ

    ပျော်ပျော်ရွှင်ရွှင် နေကြစို့ ကာလတွေက တိုလွန်းလို့

    ဆရာမောင်ပန်းမွှေး

  • P chogyi

    January 1, 2013 at 2:40 pm

    နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေလို့ဆုတောင်းပေးပါတယ်။
    အဲဒီမှာ နှင်းမုန်တိုင်းကျတယ်ဆိုဟုတ်လား။

  • kai

    January 1, 2013 at 2:46 pm

    ဘာမုန်တိုင်းဝင်လဲတော့မသိ… ကယ်လီဖိုးနီးယားမြောက်ပိုင်းနဲ့.. နီဗားဒါးမြောက်ပိုင်းမြို့မှာ.. ၁ဖာရင်ဟို်က်အအေးချိန်.. နှင်းတွေနဲ့မို့.. အဲဒီသွားမယ့်ခရီးစဉ်ဖျက်လိုက်ပြီး.. လမ်းကနေလှည့်ပြန်ခဲ့ရတယ်..။
    ဟိုတယ်က.. တညစာ ဘွတ်ထားတဲ့.. ၈ဝဒေါ်လှစားသွားတယ်..။

    ဘယ်ရမလဲ..
    လမ်းက.. အသိအိမ်ဝင်တည်းတာပေါ့..။

    ဆိုတော့..
    အခုတင်ပြန်ရောက်ပြီး..တင်လိုက်တာဖြစ်ကြောင်း..
    နောက်ရက်မှာ.. ခရီးစဉ်ဓါတ်ပုံတွေတင်မယ်ဗျို့..။ :kwi:

  • weiwei

    January 1, 2013 at 3:08 pm

    မင်္ဂလာနှစ်သစ်ပါ …
    သူကြီးရိုက်ထားတဲ့ပုံတွေကြည့်လိုက်တော့ ရန်ကုန်တက္ကသိုလ်က ဂျက်ဆင်ကြီးနဲ့ တူတယ်နော် …
    ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်အတန်းလဲ မသေးကြောင်းနဲ့ …
    ၃ဝ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်ဆီ တစ်ခေါက်ပြန်ရောက်တုန်းကလဲ ရင်ထဲမှာ ဂုဏ်ယူတက်ကြွစိတ်တွေပေါ်ပေါက်ခဲ့ရပါသေးတယ် …

    ကျွန်မကတော့ ၂၀၁၃ မှာ ခရီးများများသွားမယ်လို့ စိတ်ကူးထားပါကြောင်း ..

    • kai

      January 1, 2013 at 3:52 pm

      တူလို့ရိုက်လာတာပါ..
      ရန်ကုန်တက္ကသိုလ်က.. ဂျက်ဆင်(ယုဒဿန်)က.. အမေရိကန်ဆိုတော့.. အဲဒါပဲပုံတူတွေးယူသလားတော့မသိ..
      ဒါမှမဟုတ်.. တက္ကသိုလ်များရဲ့..ဘိုးအေ.. အင်္ဂလန်ကကျောင်းတွေမှာရော..ရှိသလားမသိ..
      တွေးကြည့်စရာတွေပေါ့နော…။

      Adoniram Judson, Jr. (9 August 1788 – 12 April 1850) was an American Baptist missionary, who served in Burma for almost forty years. At the age of 25, Adoniram Judson[1] became the first Protestant missionary sent from North America[2] to preach in Burma. His mission and work led to the formation of the first Baptist association in America, inspired many Americans to become or support missionaries, translated the Bible into Burmese, and established a number of Baptist churches in Burma.

  • ဆူး

    January 1, 2013 at 3:30 pm

    မင်္ဂလာ နှစ်သစ်ပါ..
    အားလုံး ရွင်လန်း ချမ်းမြေ့ကြပါစေ။

  • နှစ်သစ် မင်္ဂလာ …
    မင်္ဂလာ နှစ်သစ်မှာ …
    အမောင် အံချာဒုံး .. အသင် ဘာလုပ်မတုံး …

    ဟက်ကဲ့ ….
    နှစ်သစ်မှာ ထူးစေဖို့ရာ …
    မိန်းမ သုံးယောက် တစ်ပြိုင်တည်း ယူဖို့ စဉ်းစားထားပါတယ် …
    ငွင်းး ငွင်းး :mrgreen:

    • Mr. MarGa

      January 1, 2013 at 8:51 pm

      ဦးမာဃကို အမီလိုက်နေတယ်ပေါ့လေ
      :kwi:

      • ကျုပ်ပြောတာ …
        နောက်ထပ် သုံးယောက်ကို ပြောတာ …
        အရင်က တစ်ဖက် တစ်သောင်းလောက် ချိပီးသား …
        ခညားရဲ့ တစ်ဖက်ငါးရာလောက်တော့ ပါမွှားဘဲ … ငွင်းး ငွင်းး
        :mrgreen:

  • Shwe Tike Soe

    January 1, 2013 at 3:49 pm

    မင်္ဂလာအပေါင်းနဲ.ခညောင်းတဲ့ နှစ်သစ်မင်္ဂလာအခါသမယပါ သူကြီးရေ..
    နှစ်သစ်မှာ ရွာသူားအပေါင်း ကျက်သရေမင်္ဂလာအဖြာဖြာနဲ.ပြည့်စုံပြီး မိသားစုနဲ. အိုးမကွာအိမ်မကွာ ဝင်ငွေထွက်ငွေမျှတပြီး ကျန်းမာချမ်းသာပါစေကြောင်းးးးးး တားတားလေး ရွှေတိုက်စိုးမှ ဆုတောင်းမေတ္တာပို.
    သလိုက်ပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးး

  • surmi

    January 1, 2013 at 3:51 pm

    နှစ်သစ်မှာ အားလုံးပဲရွှင်လန်းချမ်းမြေ ့ ့ကြပါစေ ဗျာ …….
    ထုံးစံမပျက် ဂဇက်ရွာလည်း ရှေ ့သို ့ ရှေ ့သို ့ချီတက်နိုင်ပါစေဗျာ …..။

  • ခင်ခ

    January 1, 2013 at 4:00 pm

    နှစ်သစ်မှာ အရင်နှစ်ထက်ပိုလို့ တိုးတက်ပြည့်စုံ ပျော်ရွှင်ကြပါစေဗျာ………။

  • MaMa

    January 1, 2013 at 4:25 pm

    သဂျီးရဲ့ လက်ရာကို အမြည်းကျွေးတာ ထင်ပါရဲ့။
    တိုးတက်လာတယ်။
    ကြိုးစားထားးးးး :kwi:

    • kai

      January 1, 2013 at 4:34 pm

      တင်လက်စနဲ့..ဦးပိန်တံတား(အတု) ပုံပါတင်လိုက်တယ်.. :harr:

      • MaMa

        January 1, 2013 at 4:43 pm

        သဂျီးကလည်း လှပါတယ်ဆိုမှ၊
        သနပ်ခါးမလိမ်းရသေးဘူးဖြစ်နေပြီ။
        ဦးပိန်တံတား (အတု) ပုံ ဆိုရင် မပြောရင် သဂျီးလက်ရာလို့ကို ထင်မှာ မဟုတ်ဘူး။ :harr:

      • ဆူး

        January 1, 2013 at 4:44 pm

        ကွင်းထဲမှာ အတု ဆိုတဲ့ စာလုံးပါလို့.. မပါလို့ကတော့ ရွာထဲက သက်တော်ရှည် ဘိုးတော်ပေါက် နဲ့ ပြသနာ တက်လိမ့်မယ်။ လက်ဆော့ မှတ်တမ်းပုံတွေ တထပ်ကြီး တင်ပြပြီး တရားစွဲခံရကိန်းက လွတ်သွားတယ် မှတ်ပါ.. 😀

  • ကိုရင်စည်သူ

    January 1, 2013 at 7:21 pm

    သဂျီးရိုက်ချက်ကလည်း ကင်မရာထဲက ဘာပညာလဲတော့မတိဖူး
    ရှေ့က ပြူးပြုးပြဲပြဲတွေက အရင်မြင်ရတယ်…။
    သဂျီးလည်း အပြင်မှာ ဓါတ်ပုံထဲကလို
    ပြူးပြူးကြီးနဲ့နေမယ်.. (နှစ်လုံးပြူးနဲ့ပြောဒါ.. :kwi:
    Happy New Year ~❤~

    • Foreign Resident

      January 2, 2013 at 4:44 am

      ” သဂျီးရိုက်ချက်ကလည်း ကင်မရာထဲက ဘာပညာလဲတော့ မတိဖူး
      ရှေ့က ပြူးပြုးပြဲပြဲတွေက အရင်မြင်ရတယ် ”

      ဟုတ်တယ် ၊ အဘလဲ အဲလိုပြောမလို့ ။
      ဘာ ပညာ လည်းတော့ မသိဘူး ။
      ရှေ့က Object တွေကို ( တမင် ) Focus ယူလိုက်ပြီး ၊
      နောက်က မျှော်စင် အဆောက်အဦး ကို ( တမင် ) ဝါးစေချင်လို့လား မသိ ။

      အင်း သူက ၊ သူကြီး ဆိုသတော့ကာ ၊
      ( ကိုယ့်ဖက်က မသေချာရင် ) ချီးကျူးလိုက်တာ အေးပါတယ်လေ ။

      ” တော်ပါပေတယ် သူကြီးရယ် ” 😛

  • မောင့်ကျက်သရေ ဂီ့

    January 1, 2013 at 8:41 pm

    အားနာလို့ဘာမှကျောလော့ပါပူးလေ

    ဟီဟိ
    ၂၀၁၃ အမှတ်တယ.

    :harr:

  • Mr. MarGa

    January 1, 2013 at 8:53 pm

    သဂျီး
    မကျေနပ်ဘူးဗျို့
    ပို့စ်မှာ ပုံနှစ်ပုံပဲပါတယ်
    ထပ်တင်ပေး
    :kwi:

  • မင်းနန္ဓာ

    January 1, 2013 at 10:04 pm

    စတန်းဖို့ဒ်က မည်းမည်းကြီးက ဘာပါလိမ့်
    မင်္ဂလာအပေါင်းနဲ.ခညောင်းတဲ့ နှစ်သစ်မင်္ဂလာအခါသမယပါ သူကြီးရေ..

  • aye.kk

    January 1, 2013 at 10:21 pm

    သူကြီးရေ..။
    နှစ်သစ်ရက်မြတ်နေ ့ထူးမှသည်…..
    တစ်နှစ်တာကာလပတ်လုံး…..
    မင်္ဂလာအပေါင်း၊ကောင်းခြင်းဖြာဝေလျှက်….
    ဘေးဘယာကင်းဝေးပါစေကြောင်းတောင်းဆုချွေအပ်ပါတယ်။

  • မှောင်ကြီး

    January 2, 2013 at 3:27 am

    သူကြီးနှင့်တကွ ရွာသူရွာသားအားလုံး
    မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။

    သူကြီး အဆင်ပြေရင်မိုဘိုင်းဗားရှင်းမှာ
    Login ဝင်ရအောင်လုပ်ပေးပါ။.

    • Mr. MarGa

      January 2, 2013 at 2:01 pm

      ဟုတ်တယ်ဗျ
      ဦးမာဃ မနေ့က မိုဘိုင်းမှာ လော့အင် လိုက်ရှာတာ
      တွေ့ဘူး

  • အရီးခင်လတ်

    January 2, 2013 at 4:26 am

    မင်္ဂလာနှစ်သစ်ပါ။

    ခေါင်းစဉ်ကြည့်ပြီး မဲ့ပြုံးလို့ ခေါ်မလား။ မချိပြုံး ခေါ်မလား။ ပြုံးမိပါရဲ့။
    “ချစ်ခြင်းထပ်မထပ်” တော့ မသိဘူး။
    မနက်ဖြန် အလုပ်ပြန်ဝင်ရချိန် “အလုပ်တွေ ထပ်” နေမှာတော့ သေချာတယ်။
    ၂၀၁၂ ကို ဘယ်လောက် နှုတ်ဆက်ဆက် အဲဒီက အလုပ်တွေ ဆက်ပြီး လိုက်လာနေတာပါဘဲ။

    Stanford ဆိုတော့ သွားလေသူကြီးကို အမှတ်တရ ရှိခဲ့မှာပေါ့နော်။
    တက္ကသိုလ်တွေ ကို မြင်ရဖို့ အရေး ချောင်းကြည့်သလို ကြည့်နေရတာပါကလား။
    ကင်မလာစွမ်း က ထက်ပါ့တော်။ 😆

    ဆက်လာမဲ့ ပုံတွေကို ဘယ်လို ပုံစံ နဲ့ ချောင်းရမလဲ တွေးရင်း မျှော်နေပါသဗျို့။
    :harr:

  • padonmar

    January 2, 2013 at 8:34 am

    ဒို့သူကြီးက ဈေးသည်နဲ့ ချစ်စရာ့အရွယ်မှာ ဖွက်ထားတဲ့ လက်တွေ ထုတ်ပြတာ။
    သူကြီး၊သူကြီးကတော်၊သူကြီးသမီး(ချာတူးမဟုတ်)၊သူကြီးသားမက်လောင်း(နေရာလုနေကြတဲ့ရွာသားအားလုံး)နဲ့ရွာသူအားလုံး မင်္ဂလာနှစ်သစ်မှာ ဒီမိုကရေစီကျကဖွံ့ဖြိုးတိုးတက်သော အမိနိုင်ငံတော်ကြီးကို မြင်နိုင်ကြပါစေသော်ဝ်။

  • Mon Kit

    January 2, 2013 at 8:50 am

    မင်္ဂလာအပေါင်းနဲ့ ပြည့်စုံခညောင်းတဲ့ မင်္ဂလာ နှစ်သစ်ပါ သူကြီးရေ..
    နှစ်သစ်မှာ သူကြီးက အပီလက်စွမ်းပြပြီး ပွဲထွက်လာတာ အပေါ်ဆုံးက ပုံလေးကြိုက်တယ်..
    အောက်က ကျောက်တုံးကြီးက ကြည့်ရတာ တစ်မျိုးဘဲနော်.. :hee:

  • ဦးကြောင်ကြီး

    January 2, 2013 at 9:04 am

    ချစ်ခြင်းထပ်စေ
    ငမြစ်ချင်းမှတ်လေ
    ဝပ်ဆင်းညက်ဖြေ
    စစ်တလင်းခက်ပွေ
    လစ်ဟင်းဖျက်နေ
    သစ်ကြွင်းနတ်ထွေ
    ရစ်တင်းလာဘ်ဆွေ
    ခေတ်ဝင်းဓာတ်ရွှေ။

  • Shwe Phyu

    January 2, 2013 at 11:56 am

    Happy New Year!!!
    ချစ်ခြင်းထပ်စေ
    ဦးခိုင်ကြီးနဲ့နွယ် (MG ရဲ့ဘယ်နွယ် ကို မှ မဆိုလိုပါ….ဦးခိုင်အတွက် ကာရန်လိုက်မလားလို့စပ်ကြည့်တာ…..း)

  • kai

    January 2, 2013 at 1:03 pm

    နှစ်သစ်မင်္ဂလာ၊
    မင်္ဂလာနှစ်သစ်၊
    ချစ်ခြင်းထပ်စေ၊
    မေတ္တာဝေ၍၊
    ကချင်ဗမာ၊
    ရခိုင်ကုလား၊
    မြန်မာဘားမား၊
    တရုတ်ချိုင်းနား၊
    တရားမျှတ၊
    လွတ်လပ်များသူ၊
    ငြိမ်းချမ်းယူလျှက်၊
    ခွင့်တူညီမျှ၊
    ဖြူလွတွေးထင်၊
    ဝါဒထွင်ညက်၊
    သက်ဆက်သွားရောက်၊
    နှစ်ထောင့်ဆယ့်သုံး၊
    ရုံးကြွလူ့ဘောင်၊
    သစ္စာထောင်တည်၊
    ပညာပြည့်မှီ၊
    လူထုလှုပ်ရှား၊
    အင်အားများပေါက်၊
    ထိရောက်ခေတ်သွင်၊
    တိုးတက်ဖြိုးမက်၊
    သိမ်းဒေါင်းယှက်လန်း၊
    ငြိမ်းချမ်းပါစေ၊
    မြန်မာပြေ…။ ။

  • ရွှေ ကြည်

    January 2, 2013 at 5:11 pm

    ိမျှော်လေလေဝေးရမှာလား အော်အချစ်ရယ် ပုဝါတကမ်းအလှမ်းမဝေးချင်ဘူးအသက်ရယ် မျက်ရည်တွေချောင်းစီးတာများပြောမပြောချင်ဘူး…။

    မြန်မာပြည်အတွက်မျှော်လင့်ရလွန်းလို့ ဒီသီချင်းလေးညည်းမိသွားတယ် 😆

    သူကြီးက ကွန်နက်ရှင်မကောင်းလို့လား ဟင် နှစ်ပုံတည်း :mrgreen:
    သူကြီးမျှော်မှန်းသမျှတွေဖြစ်လာမယ့် နှစ်သစ်ဖြစ်ပါစေလို့…။

Leave a Reply