သံတွဲမြို့နယ်၊ ဂေါကျေးရွာအုပ်စု့တွင် ရပ်မိရပ်ဖနှင့် ကျေးရွာအုပ်ချုပ်ရေးမှုးအား ဘက်လိုက်ရွေးချယ်

Nu ThanJanuary 1, 20131min862

နိုင်ငံတော်သမ္မတကြီး၏မိန့်မှာချက်နှင့်ဆန်ကျင်နေသောဂေါကျးရွာတွင်ရပ်မိရပ်ဖနှင့်ကျေးရွာအုပ်ချုပ်ရေးမှူး
ရွေးချယ်ပွဲကျင့်းပ-
၊သံတွဲမြို့နယ်၊ဂေါကျေးရွာအုပ်စု့တွင်ကျေးရွာအုပ်ချုပ်ရေးမှုးအားဘက်လိုက်ရွေးချယ်မှုကို၁၈-၁၂-၂၀၁၂ ရက်နေ့ကရပ်မိရပ်ဖများရွေးချယ်တင်မြောက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးရုံးမှစာရေးကြီးဦးလှရွှေနှင့်အဖွဲ့
သည် လူထုထောက်ခံချက်ရယူမှုမရှိဘဲ တဖက်သပ်မျက်နှာလိုက်ကာရွေးချယ်တင်မြောက်သွားပါသည်။
ရွေးချယ်ခံရသောရပ်မိရပ်ဖများမှာကိုယ်ကျင့်သိက္ခာအလွန်ပျက်ပျားနေပြီးနာမည်ဆိုးရှိသူများဖြစ်ကာအုပ်စု့
လိုက် လူမှုရေးဘာသာရေးကိစ္စများတွင် အနိုင်ကျင့်စိုးမိုးချယ်လှယ်နေသူများဖြစ်ကြပါသည်။
အဆိုပါလူများသည် မရွေးချယ်ခင်ကလည်း မိမိဘာသာလက်မထောင်ပြီးရပ်မိရပ်ဖခံ
ယူထားသူများသာဖြစ်ပြီးရပ်ကွက်မှလူများနှင့်မသင့်တင့်ကြပါ။နိုင်ငံတော်သမ္မတကြီးမှစည်းကမ်းချက်(၁၁)ချက်
ဖြင့် လမ်းညွန်ထားသော်လည်း ထိုသူများမှာ ထိုစည်းကမ်းနှင့်မကိုက်ညီဘဲ ဦးလှရွှေအလို့ကျကြိုး
ကိုင်ချယ်လှဲရမည်သူကိုသာ အုပ်ချုပ်ရေးမှုးအဖြစ် မဲဖြင့်မပြုလုပ်ဘဲလက်တမ်းရွေးချယ်သွားပါသည်။
တကယ်အရည်အချင်းပြည်ဝသူများ၊နိုင်ငံတာဝန်ထမ်းဆောင်နိုင်သူများရှိပါသော်လည်း
နည်းအမျိုးမျိုးနှငသ့်ဘေးဖယ်ထားကာမမမှန်မကန်ရွေးချယ်သွားပါသည်။ထို့ကဲ့သို့အကျင့်သိက္ခာနှင့်မိကိုက်
ညီသူများကို ဂေါကျေးရွာအုပ်စု့အတွင်း ဆက်လက်ထားရှိပါက ကျေးရွာအနေဖြင့်အေးဆေးတည်းငြိမ်မည်
မဟုတ်ဘဲ အလွန်ဆုတ်ယုတ်နစ်နာပါတော့မည်ကိုတွေမြင်ရပါသဖြင့် နိုင်ငံတော်သမ္မတကြီးနှင့်အကြီးအကဲ
များမှ လိုအပ်သလို့ ဆောင်ရွက်နိုင်ပါရန်တင်ပြအပ်ပါသည်။

2 comments

  • မှောင်ကြီး

    January 2, 2013 at 3:47 am

    ဒါမျိုးတွေရှိသေးတယ်ပေါ့

  • myanmarcitizen

    January 2, 2013 at 3:11 pm

    ရပ်ရွာ (သို့)ရပ်ကွက်အုပ်ရေးမှူးတင်မြှောက်တဲ့နေရာမှာ ရပ်မိရပ်ဖ ၅ ဦးကအရေးအကြီးဆုံးပဲ။ အဲ့ဒီ
    ငါးယောက်ကို သေချာရွေးဖို့လိုတယ်။ မသင့်တော်တဲ့သူပါရင်လဲ ကန့်ကွက်ရမယ် အစထဲက။ အဲ့ဒီလူတွေက
    သောက်တလွဲတွေဆိုရင်တော့ တက်လာမဲ့ အုပ်ချုပ်ရေးမှူးကလဲ သောက်တလွဲပဲနေမှာ။ အရင်အဟောင်းက
    လဲပြန်လုပ်ချင်တယ် စားရတာကိုးလုုပ်ချင်မှာပေါ့။ သူ့အရင်ကအဖွဲ့တွေနဲ့ (ရာအိမ်မှူးများ)ပေါင်းပြီး ကလိမ်
    ကကျစ်လုပ်တယ်။ ဆယ်အိမ်စုကိုယ်စားလှယ်ကို သေချာမရွေးဘူး သူ့လူနဲ့သူတော့ဟုတ်နေတာပဲ။ အဲ့တော့
    ရပ်မိရပ်ဖ ၅ ဦးက လက်ရှိ အုပ်ချုပ်ရေးမှူးနဲ့ ပနာသင့်တဲ့ သူတွေဆိုရင်တော့ ခံပေအုန်းတော့ပေါ့။ တစ်ရွာလုံး
    စည်းရုံးပြီး ကန့်ကွက်ပေါ့ ဘာခက်တာများမှတ်လို့။
    နောက်တစ်ခုက ဒီမှာလာတင်ပြနေလို့ သမတကြီးနားကိုရောက်မှာမှမဟုတ်တာ။သဂျီးနားထဲပဲရောက်
    တော့မှာပေါ့။ ဒီမှာသွားတင် လိုက်
    http://www.president-office.gov.mm/contact

Leave a Reply