ငါ နင့် အတွက်ဆို တကယ်အရှုပ်ထုတ်ဖြစ်နေလား။
နေပါအဆင်ပြေသလိုလေပဲ
နေနေလိုက်ပါ။

ဒီရင်ဘက်ကအလွမ်းသက်သက်ခံစားချက်တွေနဲ့
မတွေ့ရတိုင်း နင့် ကိုလွမ်းနေတာ
နင် တစ်ချက်လောက်တောင်
စောင်းငဲ့မကြည့်ဘူး။

အဆင်ပြေသလိုသာနေပါဟာ…..လို့
ပြောလိုက်ပေမဲ့ ဒီ ရင်ဘက်ကပင့်သက်တစ်ချက်
သွေးပျက်လုနီးပါး
ခံစားသွားခဲ့ရတာလဲ နင် နားလည်မပေးဘူးနော်

ငါ အဆင်ပြေပါ့မလား
မတွေးပေးခဲ့ပေမဲ့ ငါ့ ရဲ့မသိစိတ်က
ကိုယ့်အပေါ်မကောင်းပေးနိုင်တဲ့
ယောင်္ကျားတစ်ယောက်ကို သူအဆင်ပြေပါ့မလား။

သူသိပ့်ချစ်တဲ့ နောက်တစ်ယောက်ကရော
ငါ့ လို သူကိုနားလည်ပေးပါ့မလား
ငါ ခဏခဏတွေးနေဖူးတယ်။

ဟိုအရင်က ငါ တို့နှစ်ယောက် ဘယ်တော့မှမဝေးဘူးလို့
ပြောခဲ့ဖူးတဲ့စကားလေးတွေလဲ
ငါ ခဏခဏတမ်းတနေဖူးတယ်
နင့် ရဲ့ရက်စက်မူ့ကို ငါ အပြစ်မမြင်နိုင်တာ
ငါ ကိုယ်ငါတောင်အံသြော်သွားတယ်။

နင် ကတော့အချစ်ကိုအချစ်ကို ချစ်တက်ယုံးလေး
ချစ်ခဲ့တာပါ။..ငါ့ ကတော့အချစ်ကို
ကိုးကွယ်မိသူဖြစ်သွားတာပေါ့

ပထမနဲ့ဒုတိယ ယှဉ်လို့မရပေမဲ့
ငါ ဒုတိယ လူမဖြစ်ရလို့ကျေးဇူးတင်ပါတယ်။
556736_502866893079272_1637456721_n

အားလုံးသောချစ်သူငယ်ချင်းတွေ။..။နှစ်သစ်လေးမှာပျော်ရွှင်နိုင်ကြပါစေနော်….
ဒီနေ့ကစပြီး…။ မိုက်လေး..ကဗျာတွေပြန်ရေးပါတော့မယ်…အားလုံးကိုပဲခင်မင်လျက်ပါနော်.

About ခပ်မိုက်မိုက် ကောင်မလေး

ခပ်မိုက်မိုက် ကောင်မလေး has written 36 post in this Website..