ပထမနဲ့ဒုတိယ

ငါ နင့် အတွက်ဆို တကယ်အရှုပ်ထုတ်ဖြစ်နေလား။
နေပါအဆင်ပြေသလိုလေပဲ
နေနေလိုက်ပါ။

ဒီရင်ဘက်ကအလွမ်းသက်သက်ခံစားချက်တွေနဲ့
မတွေ့ရတိုင်း နင့် ကိုလွမ်းနေတာ
နင် တစ်ချက်လောက်တောင်
စောင်းငဲ့မကြည့်ဘူး။

အဆင်ပြေသလိုသာနေပါဟာ…..လို့
ပြောလိုက်ပေမဲ့ ဒီ ရင်ဘက်ကပင့်သက်တစ်ချက်
သွေးပျက်လုနီးပါး
ခံစားသွားခဲ့ရတာလဲ နင် နားလည်မပေးဘူးနော်

ငါ အဆင်ပြေပါ့မလား
မတွေးပေးခဲ့ပေမဲ့ ငါ့ ရဲ့မသိစိတ်က
ကိုယ့်အပေါ်မကောင်းပေးနိုင်တဲ့
ယောကျင်္ားတစ်ယောက်ကို သူအဆင်ပြေပါ့မလား။

သူသိပ့်ချစ်တဲ့ နောက်တစ်ယောက်ကရော
ငါ့ လို သူကိုနားလည်ပေးပါ့မလား
ငါ ခဏခဏတွေးနေဖူးတယ်။

ဟိုအရင်က ငါ တို့နှစ်ယောက် ဘယ်တော့မှမဝေးဘူးလို့
ပြောခဲ့ဖူးတဲ့စကားလေးတွေလဲ
ငါ ခဏခဏတမ်းတနေဖူးတယ်
နင့် ရဲ့ရက်စက်မူ့ကို ငါ အပြစ်မမြင်နိုင်တာ
ငါ ကိုယ်ငါတောင်အံဪသွားတယ်။

နင် ကတော့အချစ်ကိုအချစ်ကို ချစ်တက်ယုံးလေး
ချစ်ခဲ့တာပါ။..ငါ့ ကတော့အချစ်ကို
ကိုးကွယ်မိသူဖြစ်သွားတာပေါ့

ပထမနဲ့ဒုတိယ ယှဉ်လို့မရပေမဲ့
ငါ ဒုတိယ လူမဖြစ်ရလို့ကျေးဇူးတင်ပါတယ်။
556736_502866893079272_1637456721_n

အားလုံးသောချစ်သူငယ်ချင်းတွေ။..။နှစ်သစ်လေးမှာပျော်ရွှင်နိုင်ကြပါစေနော်….
ဒီနေ့ကစပြီး…။ မိုက်လေး..ကဗျာတွေပြန်ရေးပါတော့မယ်…အားလုံးကိုပဲခင်မင်လျက်ပါနော်.

13 comments

  • ရေးဘာ .. ရေးဘာ ..
    အားပေးနေဘာမယ် …..။
    ပျောက်ချက်လည်း ကောင်းလှသကွယ် ….။
    ခုလည်း အားပေးသွားတယ် ခပ်မိုက်မိုက် တောင်မလေးရယ် …။

  • ခပ်မိုက်မိုက် ကောင်မလေး

    January 1, 2013 at 8:56 pm

    သူငယ်ချင်းတို့ကျေးဇူးပါနော်….နှစ်သစ်လေးမှာလဲပျော်ရွှင်နိုင်ကြပါစေနော်….

  • Mr. MarGa

    January 1, 2013 at 9:02 pm

    အားပေး ဖတ်ရှုသွားပါတယ်
    ကဗျာက ဦးမာဃနဲ့ နည်းနည်း ဝေးလို့ မှတ်ချက်မပေးတော့ဘူးကွယ်

  • မင်းနန္ဓာ

    January 1, 2013 at 10:17 pm

    ပထမ
    ဒုတိယ
    တတိယ..
    သေချာပြောမယ်..
    သေချာနားထောင်..
    မိုက်လေး
    နှစ်သစ်မှာပျော်ရွှင်ပါစေ…

  • မှောင်ကြီး

    January 2, 2013 at 3:45 am

    ရေးပါဗျို ့ကောင်းတယ်

  • ခင်ခ

    January 2, 2013 at 9:28 am

    မိုက်လေး ကဗျာတွေပြန်ရေးတာ ဖတ်ရလို့ ဝမ်းသာပါတယ်။
    မိုက်လေးလည်းနှစ်သစ်မင်္ဂလာနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။

  • ဦးကြောင်ကြီး

    January 2, 2013 at 9:37 am

    ဒုတိယ
    ဥပြ
    ငုစွ
    တုပ
    ခုမှ
    ဆုရ
    ဘုမ
    သူ့အလှ..။

  • mamanoyar

    January 2, 2013 at 9:42 am

    ကဗျာလေးလာဖတ်သွားတယ်နော်

  • ညလေး

    January 2, 2013 at 1:10 pm

    မိုက်လေးရယ်…..ကဗျာလေးကောင်းလိုက်တာ….
    အမိအရ ဖတ်သွားပါတယ်နော်..
    နှစ်သစ်မှာ ပျော်ရွင်ပါစမိုက်လေး…..

  • ခပ်မိုက်မိုက် ကောင်မလေး

    January 2, 2013 at 9:00 pm

    ကျေးဇူးပါနော်..။အားလုံးပဲနှစ်သစ်မှာ..။မိုက်လေးနဲ့ထပ်တူထပ်မျှ ပျော်ရွှင်နိုင်ကြပါစေ…..လို့…….။

  • မောင်ပေ

    January 2, 2013 at 9:38 pm

    ပထမ ဒုတိယ တတိယ
    တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်
    သေချာပြောမယ် သေချာနားထောင်
    ( ခရက်ဒစ်တူ ဒီအန် ့+ မျိုးကြီး )

  • ခပ်မိုက်မိုက် ကောင်မလေး

    January 2, 2013 at 9:43 pm

    ဦးပေ ကလဲ..။ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ်
    သုံးကြိမ်မြောက်အောင်မပြောပေမဲ့……။
    နှစ်သစ်လေးမှာ..ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်…..။

Leave a Reply