ငါ တို့နှစ်ယောက်ရဲ့ နူတ်ဆက်ချိန်လေး

ကောင်မလေး.။ ။ နင့် ရည်းစားအသစ်က အရမ်းချောတယ်နော်…..
(သူ ကတကယ်ပဲ ငါ့ ထက်ချောလို့လား………?)

ကောင်လေး..။ ။ အင်း…ဒါပေါ့…..။
(ဒါပေမဲ့ နင် ကငါ့ အတွက် အလှဆုံးမိန်းကလေးပါပဲဟာ…)

ကောင်မလေး.။ ။သူ ကပျော်ပေျာ်နေတက်ပြီး ခင် ဖို့လဲကောင်းတယ်ဆို……?
(ငါ လည်းအဲ့လိုအရည်အချင်းတွေရှိခဲ့တာပဲလေ……။)

ကောင်လေး..။ ။အင်း..ဟုတ်တယ်..။
(ဒါပေမဲ့ သူက နင့် ကိုတော့မယှဉ်နိုင်ပါဘူးဟာ..။)

ကောင်မလေး.။ ။ကောင်းပါတယ်..။နင်တို့နျှစ်ယောက်ရိုမြေကျပေါင်းရပါစေလို့ ငါ ဆုတောင်းပေးပါတယ်…။
(ငါ တို့ကတော့အဲ့လိုမဖြစ်နိုင်တော့ဘူးလေ……။)

ကောင်လေး..။ ။အင်း…နင် လဲနင်ချစ်ရတဲ့သူနဲ့ ရိုးမြေကျပေါင်းရပါစေ…….။
(နင် နဲ့ ငါ ကျတော့ဘာလို့များဝေးသွားရတာလဲ……?)

ကောင်မလေး.။ ။ငါ သွားစရာလေးရှိသေးလို့ သွားတော့မယ်နော်..။
(ငါ့ မျက်ရည်တွေထွက်မကျလာခင်လေး သွားပါရစေ..)

ကောင်လေး..။ ။အင်း…ငါ ခဏနေမှသွားတော့မယ်လေ………။
(ကျေားခိုင်းသွားရမဲ့ ချစ်သူ ရဲ့ကျောပြင်ကိုငေးရင် ငါ မျက်ရည်တွေကြပါရစေဥိီး…)

ကောင်မလေး.။ ။Bye..နော်..။
(ငါ နင့် ကိုဒီအချိန်ထိ ချစ်နေသေးတယ်ဆိုတာ နင် မသိနိုင်တော့ပါဘူးဟာ……။)

ကောင်လေး..။ ။Bye…ပါ..။
( နင် ငို မနေပါနဲ့နော် နင့် ရဲ့မျက်ရည်တွေသုတ်ပေးခွင့် ငါ့ မှာမရှိတော့ဘူးလေ…)

မှတ်ချက်..။ ။ ဘလော့လ်တစ်ခုလိုပဲသဘောထားပါနော်..။
ချစ်သူတွေအားလုံးပဲ နှစ်သစ်လေးမှာပျော်ရွှင်နိုင်ကြပါစေနော်…။

ထာဝရထက်တစ်ရက်ပိုခင်နေမဲ့..။ ။ မိုက်လေး…….196065_507724129260215_896795426_n

6 comments

  • ကောင်လေး ။ ။ ငါ နင့်ကို အရမ်းဂျစ်ဒယ်ဂွာ ..
    (ဘာမှ မီဟုတ်ဘူး ကြားကောင်းအောင် လျောက်ပေါဒါ)

    ကောင်မလေး ။ ။ ငါလည်း နင့်လိုပါပဲဟာ …
    (ထူးဘာဘူး .. သူဂတောင် ပေါနေဒါဘဲ၊ ဟုတ်ဟုတ် မဟုတ်ဟုတ် နာလည်း လျောက်ပေါအုံးမှ)
    :mrgreen: :mrgreen:

    နောက်တာပါကွယ် …..။
    ချစ်ခြင်းတို့နဲ့ လမ်းခွဲချိန်လေးကို အားပေးသွားပါတယ် ……..။

  • မှောင်ကြီး

    January 2, 2013 at 3:31 am

    ဟင်း……..
    (သက်ပြင်းချသံ)

  • ခင်ခ

    January 2, 2013 at 8:54 am

    နုတ်ဆက်ကျောခိုင်း လက်ဝှေ့မရမ်းပေမယ့်
    ငါတို့ခုတော့ ဝေးပြီပေါ့။
    ကျန်သူအဖြစ် လွမ်းနေရစ်မို့
    ခံစားရင်မှာ မမျှသာ။

  • mamanoyar

    January 2, 2013 at 9:37 am

    တစ်ယောက်နဲ့တစ်ယောက် ချစ်ရက်နဲ့
    လမ်းခွဲရတယ်ဆိုတဲ့ သဘောပေါ့

  • Shwe Tike Soe

    January 2, 2013 at 11:06 am

    အော်ချစ်လျှက်နဲ.ဘာလို.များဝေးကွာသွားကြပါလိမ့်…
    အင်းအဲဒါ ဝေးအောင်လုပ်နေကြလို.ပေါ့……ကွယ်……….
    ကိုယ်အတ္တ နဲ. သူ.အတ္တနှစ်ခုပေါင်းမှ အချစ်ဖြစ်လာတယ် ကွယ့်…. :hee:

  • ခပ်မိုက်မိုက် ကောင်မလေး

    January 2, 2013 at 8:49 pm

    အားပေးကြတဲ့သူငယ်ချင်းတွေအားလုံးကိုပဲကျေးဇူး(အထူး)တင်ပါတယ်နော်..။
    Shwe Tike Soe ….ရေ ကဗျာ သာရေးတာ အဲ့လိုပေါင်းရင် အဲ့လိုရတာတော့…….သိဝူး……ခိခိ

Leave a Reply