မအားမလပ် – ပြင်ဦးလွင် သို့

Mလုလင္January 1, 20132min19024

ကျန်ခဲ့တဲ့ 2012 ရဲ့ တန်ဆောင်မုန်း လပြည့်မတိုင်ခင် တစ်ည မှာပေါ့ဗျာ ………..
မန်းလေးက ရွာသားကြီးတွေ နဲ့ chatting လုပ်နေရင်း ….
ပြင်ဦးလွင် မီးပုံးပျံပွဲ ရှိတာလေး သိရတာ နဲ့ ….
ချက်ချင်း ကင်မရာအိတ်လေးဆွဲ၊ ကားလတ်မှတ် လှမ်းဝယ် ပြီးတာနဲ့ တာ့တာ ရန်ကုန် ရေ ပေါ့ ….။
မန်းလေးကို မနက် ၅ နာရီ လောက်ရောက်ပြီး ရွာထဲက လက်ဆော့တဲ့ အဘ နဲ့ တွေ့ …
တောင်သမန် ရောက် အဲ့ဒီကနေ .. နေ့ခင်းထိ ရိုက် နေဆောင်းတော့ ပြင်ဦးလွင် ကိုတက် …..
ပြင်ဦးလွင် မှာ senior (ရွာ့ senior) နဲ့ တစ်ညလုံး ရိုက် .. ညဉ့်နက် တော့ ဘုန်းကြီးကျေင်း ပြန်အိပ် ….
မနက် စောစောထ နေ့ပွဲ အတွက်ပြင်ဆင် … နေ့ပွဲ ရိုက် နေ့လည် မန်းလေး ပြန်ဆင်း …
ညနေ .. လက်ဖက်ရည်ဆိုင်ထိုင် .. ည ပြန်လာ .. တာ့တာ မန်းလေး ပေါ့ …….။

ကံကောင်းတာ လား .. ရေစက်လားတော့ မသိ !!!!!
အပြန်ခရီး မှာ … မန်းလေး အသွားလက်မှတ်တစ်စောင် ကံစမ်းမဲ ပေါက် ခဲ့တယ်ဗျို ့ ……………..။

ဘယ်တော့ သွားသွား မရိုးတဲ့ အထဲမှာ မန်းလေး လဲ ပါတယ် ..ဒါပေသိ …
ဆိုင်ကယ် မစီးတတ်တဲ့ ရန်ကုန် သား အတွက်တော့ မန်းလေး ရဲ့ သွားလာရေး စံနစ် က အနည်းငယ် စိတ်ကသိကအောက် ဖြစ်စေတယ် …..။
Taxi တွေ ပေါပေါများများ ဖြစ်နေမယ်ဆို ကောင်းမယ်ဗျာ .. အဲ ဈေးမှန် အလေးမှန် ပေါ့နော့ ..။

အခု ပုံလေးတွေက တော့ နှစ်သစ် ရဲ့ ပထမဆုံး ပိုစ့် ပေါ့ …။
ဒီနှစ်ထဲ မှာတော့… လူ အလှပုံ တွေအရိုက်များမယ် ထင်ပါ့ …….။

မင်းလားကွ !!!
မင်းလားကွ !!!
ဝမ်းရေးမို့ပါ - ၁
ဝမ်းရေးမို့ပါ။
ဝမ်းရေးမို့ပါ - ၂
ဝမ်းရေးမို့ပါ – ၂
ပြင်ဦးလွင် မီးပုံးပျံ ပွဲတော် အမှတ်တရ - ၁
ပြင်ဦးလွင် မီးပုံးပျံ ပွဲတော် အမှတ်တရ
ဝါသနာ
ဝါသနာ
ပြင်ဦးလွင် မီးပုံးပျံ ပွဲအမှတ်တရ - ၂
ပြင်ဦးလွင် မီးပုံးပျံ ပွဲအမှတ်တရ
လေးစားစွာဖြင့်
Mလုလင်

24 comments

    • Mလုလင်

      January 2, 2013 at 4:41 pm

      ဒီးဒုတ် မလိုက်ဖြစ်တာ .. နာတယ်ဗျာ …….

  • uncle gyi

    January 2, 2013 at 9:15 am

    ဝါသနာကိုမတားနဲ့ရှင်
    ဝါသနာပါတာကိုလုပ်နေရတာလည်းနည်းတဲ့ဘဝပေးမဟုတ်ဖူးနော်လုလင်ရေ

  • mamanoyar

    January 2, 2013 at 9:34 am

    ပြင်ဦးလွင် မီးပုံးပျံပွဲအရမ်းစည်တယ်
    ပျော်စရာကောင်းတယ်

    • Mလုလင်

      January 3, 2013 at 1:27 am

      uncle gyi နဲ့ mamanoyar ရေ ကျေးဇူးပါဗျာ … ဝါသနာ ပါတာလေး လုပ်နေရတော့လဲ ….ပင်ပန်းပေမယ့် ကျေနပ် နေတာပါဗျာ … ပြင်ဦးလွင် စည်တာတော့ ပြောမနေ နဲ့ … တည်းခိုခန်း ဟော်တယ် မလွယ်လို့ . ဘုန်းကြီးကျောင်းမှာ တည်းရပါကြောင်း . .. . ။

  • ဘဲဥ

    January 2, 2013 at 9:51 am

    ပုံလေးတွေကို အလွန်ကြိုက်တယ်ဗျို့
    အခါအခွင့်သင့်ရင် ကိုလုလင်ဆီကနေ ပညာသင်အုံးမယ်နော်

    • Mလုလင်

      January 3, 2013 at 1:54 am

      ကြုံချင်ပါသေး တယ် ဗျာ . . . ပညာသင်ချင်တာများ မန်းက အဘ တွေ စီမှာ မေးဗျ . . .

  • ခင်ခ

    January 2, 2013 at 11:37 am

    ကိုလုလင်ရဲ့ ပုံလေးတွေကိုကြိုက်လို့ ကူးယူထားလိုက်တယ်ဗျာ။
    ရတယ်ဟုတ်။

    • Mလုလင်

      January 3, 2013 at 1:59 am

      ကြိုက်တယ် ဆိုတဲ့အတွက် ကော . ကူးထားတဲ့အတွက် ကော .. ကျေးကျေး ပါ ဦးခင်ခ ရေ ….။

  • မင်းနန္ဓာ

    January 2, 2013 at 1:48 pm

    ဓာတ်ပုံလေးတွေ လှလိုက်တာ
    ပြင်ဦးလွင်ကလည်း တောင်ကြီးလို မီးပုံးပျံပွဲတွေ လုပ်တော့မယ်ထင်တယ်

    • Mလုလင်

      January 6, 2013 at 12:32 am

      ပြင်ဦးလွင် မှာလဲ … အကြီးအကျယ် လုပ်တာဗျ .. ဒါပေသိ .. တောင်ကြီးက ပိုစည်ပြီး မီးပုံးတွေ ပိုလှ တယ်လို့ ပြောသံကြားတယ် . အစ်ကို ရေ …။

  • MaMa

    January 2, 2013 at 2:10 pm

    မောင်လုလင်ရဲ့ ပုံလေးတွေ ကြည့်ရတာ သဘာဝရဲ့ အရသာကို ခံစားရတယ်။
    ၂၀၁၃မှာ ချစ်စရာ့အရွယ်လိုမျိုး မော်ဒယ်သီးသန့်ရှာစရာ မလိုတော့လို့….
    နောင်ဆိုရင် ချစ်စရာ့အရွယ်ပုံလေးတွေ အများကြီး ကြည့်ဖို့ မျှော်လင့်နေပါတယ်။ :hee:

    • Mလုလင်

      January 8, 2013 at 6:01 pm

      မော်ဒယ် သီးသန့် ရှာစရာ မလိုတော့ သလို အရင် လို လတ်လျားလတ်လျား ပေါ့ပေါ့ပါးပါး လဲ ခရီးထွက် လို့ မဖြစ်တော့ပါကြောင်း ….

  • အရီးခင်လတ်

    January 2, 2013 at 5:16 pm

    ပြင်ဦးလွင် ကို သူငယ်ချင်းတွေနဲ့ ရောက်ဘူးတယ်။
    တစ်ခြားရှုခင်းလေးတွေ ရောမတင်ပေးတော့ဘူးလား။
    ပုံလေးတွေအားလုံး က အသက်ပါပြီး ဝမ်းရေးမို့ပါ ၂ပုံလုံးကို ပို ကြိုက်တယ်။
    ချစ်စရာ့အရွယ် လေးကို အဆင့်လိုက် ကြည့်သွားဖို့ မျှော်နေပါပြီ မောင်လုလင်ရေ။
    :hee:

    • Mလုလင်

      January 9, 2013 at 12:39 am

      ဘယ်လို ဖြစ်တယ် မသိဘူး .. ပြင်ဦးလွင် မှာ ရှုခင်း ပုံ တစ်ပုံ မှ မရိုက် ခဲ့ဘူး အရီး ရေ … 🙂

      • pooch

        January 9, 2013 at 1:01 am

        ကျမလည်း ရှုခင်းပုံမှတ်လို့ ခုပုံလေးတွေလည်း ကြိုက်ပါတယ်

        စကားစပ်လို့ ပြောရရ င် ဝယ်ဖြစ်သွားကြောင်းပါ ဟိုတခါ ကင်မရာ။ ဝယ်ပြီးမှ သိတယ် မွဲဆေး ဖော်မိတယ်ဆိုတာ ။ အိတ်ကတင် ၂ သိန်းလောက်ရှိတယ် ပြောတယ်။ ခုတော့ လက်ဆောင်အိတ်နဲ့ နှစ်သိမ့်နေရတယ်။ ပြောင်းကလည်း ဈေးကမပြောချင်တော့ပါဘူး။
        မျေက်အုန်းသီးရသလို ဖြစ်နေတယ်။

        ကောင်းကောင်းလည်း မသုံးတတ်ဖူး။ ညဘက် နယူးရီးယားကို တိုက်မြင့်ပေါ်က တမြို့လုံး ဖောက်တဲ့ မီးပန်းကောင်းကင်ကို မရလိုက်ပြန်ဘူး။ ဆက်တင် မချိန်းတတ်လို့ ရောက်ခဲလှတဲ့ နေရာမို့ လွမ်းပြီးရင်းကို လွမ်းရပြန်တယ်။ 🙁

        လှချက်ကတော့ ရက်စက်တယ် မျက်လုံးနဲ့ ကြည့်ပြီး နှလုံးသားနဲ့ ပဲ ခံစားခဲ့လိုက်ရတယ်။ ISO မြင့်ရတယ်လို့ တခါက ကိုစိန်သော့ ပြောဖူးတာ သတိတော့ ရတယ် မလုပ်တတ်လို့ ။

        အားတဲ့ အခါ အချိန်လေးများ ရရင် အဲ့ဒီ မော်ဒယ်လေး နည်းနည်းရေးတင်ပါအုန်းရှင် မျှော်နေပါတယ်

        ဆြာအုပ်တို့ လုလင်တို့ ပုံတွေ မြင်တော့ အားကျလိုက်တာ ။

        • Mလုလင်

          February 19, 2013 at 6:50 pm

          ဒီတစ်ခါ မန်းလေး ရောက်ရင် . . ဖုန်းဆက် လိုက်ပါ့မယ် ဗျ . .။

  • အပေါ်စီး သုံးပုံ ….
    အောက်စီး သုံးပုံပေါ့နော် ….။
    ကိုလုရေ ….
    ဝမ်းရေးမို့ပါ .. ဆိုတဲ့ ပုံလေးတွေနဲ့ ကင်မရာကြီး ကိုင်ထားတဲ့ပုံကို
    ကျနော် သဘောကျမိတယ်ဗျာ …..။
    အရိပ်လေးတွေ ပါတယ်ဗျို့ …..။
    ဒါ့ပုံဆရာရဲ့ အမြင်ကိုတော့ ချီးကျူးမိသဗျို့ …..။

    • Mလုလင်

      January 9, 2013 at 12:40 am

      ကိုအံစာတုံး … ကျေးဇူးပါဗျာ ..။

  • San Hla Gyi

    January 2, 2013 at 5:57 pm

    ကို M လုလင်ရေ
    ကြည့်တော့ ကြည့်ပေမယ့် ဓတ်ပုံပညာနဲ့ ပက်သက်လို့ ကျွမ်းကျင်မှု နည်းတာကြောင်း လှပါတယ်လို့သာ ပြောနိုင်ပါကြောင်း။

    • Mလုလင်

      January 9, 2013 at 12:42 am

      ကျွန်တော့ ဓာတ်ပုံ ပိုစ့် မှာ ကို San Hla Gyi ရဲ့ ပထမဆုံး comment ဗျ …. လှတယ် ပြောလို့ ကျေးကျေးဗျာ ….

  • မောင်ပေ

    January 2, 2013 at 9:49 pm

    ကင်မလာထဲကပုံကိုကြည့်တုန်းက အားမရဘူး
    အခုလို မော်နီတာပေါ်မှာ မြင်ရတော့မှ စပါယ်ရှယ်ဝမ်းတွေချည်းပဲလို ့ကောက်ချက်ချမိပါကြောင်း
    အဲဒါ…အဲဒါ

    • Mလုလင်

      January 10, 2013 at 12:48 pm

      ကိုပေ ရေ .. ကျေးဇူး အထူးပါဗျာ ..။

Leave a Reply