“ ယနေ့ မွေးနေ့ရှင်အတွက် ရည်ရွယ်လို့ – – – – – ´´

 

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့

ဒီနေ့ဟာ ရွာသူတစ်ယောက်ရဲ့ မွေးနေ့မြတ်မင်္ဂလာနေ့ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရွာသူကတော့ – – – – – –

သူဟာ အပြောလည်းကောင်းသူတစ်ဦး၊

သူဟာ အရေးလည်းကောင်းသူတစ်ဦး၊

သူဟာ ကွန်မန့်တွေရေးရင်လည်း သေချာစွာခံစားရေးတတ်သူတစ်ဦး၊

သူဟာ ရွာသူရွာသားတွေ တွေ့ဆုံမှု့တွေမှာလည်း ရင်းနှီးဖော်ရွေစွာ တွေ့ဆုံတတ်သူတစ်ဦး၊

သူဟာ မိဘမဲ့ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေကိုလှုတဲ့ ဒါဇင်ပလပ်မှာလည်း တက်ကြွစွာပါဝင်သူတစ်ဦး၊

သူဟာ ဒီရွာရဲ့ ရွာသူသက်တမ်းလည်း နှစ်နှင့်ချီကြာမြင့်စွာ ရပ်တည်နေခဲ့သူတစ်ဦး၊

သူဟာ ချောမောလှပသော ရုပ်အဆင်းရှိသူတစ်ဦး၊

အဲဒီ သူဟာ –

“ လည်လည်ထွက်ရင်း ငါးစာကျွေးခဲ့သူ ´´

(  http://myanmargazette.net/160432/creative-writing/my-dear-diary )

“ ရွှေတိဂုံဘုရားပေါ်က ရယ် ပြုံး မဲ့ ငိုင် မျက်နှာတွေရဲ့ပုံတွေရှာရှာဖွေဖွေတင်ခဲ့သူ ´´

(http://myanmargazette.net/153279/travel/photography-pictures-galleries-wallpapers-photo-tips )

“ ချစ်တယ်ပြောဖို့မမေ့ပါနဲ့ ´´

( http://myanmargazette.net/149819/society-lifestyle/relationships-family )

ဆိုပြီး မိမိ မိသားစုတွေနဲ့ နွေးထွေးရင်းနှီးစွာ နေသင့်ကြောင်း စသည်ဖြင့် အကြောင်းအရာ၊ အရေးကောင်းလေး တွေ ရေးခဲ့သူပါ။

သမီးရဲ့မွေးနေ့ကို “ Happy Birthday ´´ ပါလို့ နုတ်ခွန်းဆက်ရင်း “ ယနေ့ကျရောက်သော မွေးနေ့ မှ သည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာဖြင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြည့်စုံသော ဘ၀တွေနှင့် ဖြတ်သန်း နိုင်ပါစေလို့ ဆန္ဒမွန်ဖြင့် ဆုတောင်းပေးလိုက်ပါတယ်´´ မအိတုန် ခင်ဗျ။

 

 

ခင်မင်မှု့များစွာဖြင့်

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..