“ ယနေ့ မွေးနေ့ရှင်အတွက် ရည်ရွယ်လို့ – – – – – ´´

ခင္ခJanuary 2, 20131min22044

“ ယနေ့ မွေးနေ့ရှင်အတွက် ရည်ရွယ်လို့ – – – – – ´´

 

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့

ဒီနေ့ဟာ ရွာသူတစ်ယောက်ရဲ့ မွေးနေ့မြတ်မင်္ဂလာနေ့ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရွာသူကတော့ – – – – – –

သူဟာ အပြောလည်းကောင်းသူတစ်ဦး၊

သူဟာ အရေးလည်းကောင်းသူတစ်ဦး၊

သူဟာ ကွန်မန့်တွေရေးရင်လည်း သေချာစွာခံစားရေးတတ်သူတစ်ဦး၊

သူဟာ ရွာသူရွာသားတွေ တွေ့ဆုံမှု့တွေမှာလည်း ရင်းနှီးဖော်ရွေစွာ တွေ့ဆုံတတ်သူတစ်ဦး၊

သူဟာ မိဘမဲ့ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေကိုလှုတဲ့ ဒါဇင်ပလပ်မှာလည်း တက်ကြွစွာပါဝင်သူတစ်ဦး၊

သူဟာ ဒီရွာရဲ့ ရွာသူသက်တမ်းလည်း နှစ်နှင့်ချီကြာမြင့်စွာ ရပ်တည်နေခဲ့သူတစ်ဦး၊

သူဟာ ချောမောလှပသော ရုပ်အဆင်းရှိသူတစ်ဦး၊

အဲဒီ သူဟာ –

“ လည်လည်ထွက်ရင်း ငါးစာကျွေးခဲ့သူ ´´

(  https://myanmargazette.net/160432/creative-writing/my-dear-diary )

“ ရွှေတိဂုံဘုရားပေါ်က ရယ် ပြုံး မဲ့ ငိုင် မျက်နှာတွေရဲ့ပုံတွေရှာရှာဖွေဖွေတင်ခဲ့သူ ´´

(https://myanmargazette.net/153279/travel/photography-pictures-galleries-wallpapers-photo-tips )

“ ချစ်တယ်ပြောဖို့မမေ့ပါနဲ့ ´´

( https://myanmargazette.net/149819/society-lifestyle/relationships-family )

ဆိုပြီး မိမိ မိသားစုတွေနဲ့ နွေးထွေးရင်းနှီးစွာ နေသင့်ကြောင်း စသည်ဖြင့် အကြောင်းအရာ၊ အရေးကောင်းလေး တွေ ရေးခဲ့သူပါ။

သမီးရဲ့မွေးနေ့ကို “ Happy Birthday ´´ ပါလို့ နုတ်ခွန်းဆက်ရင်း “ ယနေ့ကျရောက်သော မွေးနေ့ မှ သည် နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာဖြင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြည့်စုံသော ဘဝတွေနှင့် ဖြတ်သန်း နိုင်ပါစေလို့ ဆန္ဒမွန်ဖြင့် ဆုတောင်းပေးလိုက်ပါတယ်´´ မအိတုန် ခင်ဗျ။

 

 

ခင်မင်မှု့များစွာဖြင့်

ခင်ခ။

44 comments

  • ဘဲဥ

    January 2, 2013 at 9:22 am

    မမအီးဒုံး ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ
    စကားမစပ်…. ဘယ်တော့ စားရမှာလဲဟင် :mrgreen:

    • ကျုပ် .. ဘဲဥ နောက်ကနေ ကပ်လျက် အနေအထားနဲ့ မွေးနေ့ ဆုတောင်းပေးပါတယ် …
      ဒေါ်အိတုံကြီးတစ်ယောက် ယနေ့မွေးနေ့မှစ လာမည့် နှစ်ပေါင်း များစွာတိုင်အောင် ဆော်ကြည် .. အဲလေ .. ဘဲကြည် ထီပေါက် … နတ်ပြည် မြန်မြန်ရောက်လို့ .. နတ်သား တစ်ဖက်ငါးရာနဲ့ စံမြန်းနိုင်ဘာစေဂျာ ..
      :mrgreen: :mrgreen:

      • etone

        January 2, 2013 at 3:33 pm

        မင်္ဂလာပါ တိုခြောက်ညက်နှာနဲ့ တိုဘဲဥချင့် ….
        မွေးနေ့ ဆုတောင်းလေးတွေအတွက် ကျေးဇူးပါ …. ။

        တိုဘဲဥရယ်စားဖို့ အချိန်စောင့်ဇယာမလိုပါဘူးနော် … စားမယ်ဆို … တရေးနိုးတောင် စေတနာ ပရပွနဲ့ ဘဲဥထကြော်ကျွေးဖို့ … အဆင်သင့်ပါပဲ … ခိခိ :harr:

        တိုခြောက်ညက်နာပေးတဲ့ ဆုနဲ့ … မချွင်းမချန်ပြည့်ပါရစေလားချင့် .. အဟိ … ။
        နတ်တား တဖက်ငါးရာရလို့ကတော့ .. တနတ်မှ ချန်မထားပဲ …လူကုန်ကူး .. အဲ နတ်ကုန်ကူးတဲ့ ဂိုဏ်းထောင်စားပစ်ပလိုက်မယ် … ခွစ်ခွစ်ခွစ် … :mrgreen:

  • mamanoyar

    January 2, 2013 at 9:29 am

    မမအိတုန် မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာ
    စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံပါစေရှင်

  • Mon Kit

    January 2, 2013 at 9:32 am

    “Happy Birthday & Happy New Year” Ei Tone.
    :hee:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    January 2, 2013 at 9:52 am

    သမီးရေ…
    အခုလို အသက် (၄၅)နှစ်ပြည့်မွေးနေ့မှာသည် နောင်လာမည့် နှစ်ပေါင်း (၁၂၀)တိုင်…
    ချစ်သောသူများနှင့် တစ်လုံးတစ်ဝတည်းပြည့်စုံပြီး… အဲ… လိုအပ်သောဆုများ တစ်လုံးတစ်ဝတည်းပြည့်စုံပြီး… ချစ်သောသူများနှင့် တစ်သက်လုံး ပျော်ရွှင်သွာနေထိုင်သွားနိုင်သောသူ
    ဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းလျက်…

    အစ်ကိုကြီး..
    ကြောင်ဝတုတ်

    • etone

      January 2, 2013 at 4:43 pm

      မင်္ဂလာပါ … မမနိုရာ ၊ အစ်မ မွန်ကစ်နဲ့ ချစ်ကိုကြီးကြောင်ဝတုတ်ရေ ။

      မွေးနေ့ ဆုတောင်းလေးတွေအတွက် ကျေးဇူးပါ …. မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေနော် ။

      ချစ်ကိုကြီး ဖွတ်တီးကတ်ကတော့ ….ဇာတိလေးက ပြပြလာတယ် .. နေ့ခင်းကြောင်တောင်တောင် … စကားမမှန်တော့ဘူး .. စမုတ်တုံးတော့မယ်နော် … ခစ်ခစ်ခစ် 😆

  • Crystalline

    January 2, 2013 at 10:14 am

    Etone ရဲ့ ဘယ်နှစ်မြောက်မှန်းမသိသောမွေးနေ့မှသည် လူ့သက်တမ်းစေ့ စိတ်သွားတိုင်းကိုယ်ပါပြီး အောင်မြင်ပျော်ရွှင်သောဘဝကိုရရှိပိုင်ဆိုင်ပါစေ..

    • ခင်ခ

      January 2, 2013 at 10:43 am

      အသက်အရွယ်ကိုတော့ ကာယကံရှင်မူပိုင်အခွင့်အရေးကို လေးစားသောအားဖြင့်
      ထဲ့ပြီးမရေးခဲ့ပေမယ့် သမီးရဲ့မွေးနေ့လို့ ထဲ့သွင်းရေးပေးထားလို့ ခင်ခ အသက်အရွယ်သိရင် ခန့်မှန်းလို့
      ရနိုင်လောက်မယ်ထင်မိပါတယ် Crystalline ရေ။ ဝင်ရောက်ဆုတောင်းပေးခြင်းအတွက်ကျေးဇူးပါ။

      • Crystalline

        January 2, 2013 at 10:52 am

        အသက်ကိုသိချင်လို့မဟုတ်ပါဘူး ဦးခင်ခရှင့် ဒီလိုပဲ …စာကြောင်းရှည်အောင်..နာမဝိသေသနထည့်လိုက်မိတာပါ… ခန့်မှန်းရရင်တော့ Etone.. 27/28 yrs…. ဦးခင်ခက ၅ဝ ဝန်းကျင်ပေါ့.. :kwi:

  • နွယ်ပင်

    January 2, 2013 at 10:54 am

    မွေးနေ့မှာပျော်ရွှင်ပါစေ အိတုန်းရေ ….
    ချစ်တဲ့ သူနဲ့လည်း အမြန်ဆုံး ပေါင်းစပ်နိုင်ပါစေနော် …

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      January 2, 2013 at 10:58 am

      မပေါင်းချင်လို့ ဖင်လှည့်ခေါင်းလှည့် အမြီးမြှောက်လိုက် အီးပေါက်လိုက်လုပ်နေတာကို
      အတင်းတွန်းပို့နေပြန်ပါပြီ… ခိခိ

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • Shwe Ei

    January 2, 2013 at 11:24 am

    38နှစ်မြောက်မွေးနေ့မှသည် 68နှစ်မြောက်မွေးနေ့တိုင် အပျိုရီးဘွနဲ့ အရိုးထုတ်ရပါဇီ။
    နာတျောက်ထဲပျင်းလို့ အဖော်ရအောင် ဆုတောင်းပေးတာပါအေ ခိခိ။ :harr:

    • etone

      January 3, 2013 at 9:04 am

      ဟွင်းဟွင်းဟွင်း … ဂျီးဒေါ် ပြာစိန် … J ဝင်နေတယ် တူညားအရွယ်တင် နုပျိုနေတာကို … ခစ်ခစ်ခစ် 😉
      ယူမယ့်လူမချိလို့ … အပိုရီးက … ဖြစ်ပါစေဆိုတာတောင် မဖြစ်ဘူး …. ဒါတော့စိတ်ချ .. အဟဲ … မင်းမှ မခြစ်ရင် ဘွပျက်တွားနိုင်ဒယ်ဆိုတဲ့ ကြောင်ကုတ်ခံချင်တဲ့လူတွေ တပုံဂျီးပဲ…… ။ ခိခိခိ …… :harr:

  • ဦးကြောင်ကြီး

    January 2, 2013 at 11:36 am

    ကြေးမုံဂျီးများ ဖြစ်လေမလား… ဘယ်သူဖြစ်ဖြစ် ဟက်ပီးဘက်သ့်ဒေးပါဗျာ… သိပ်သပ်ခြစ်တဲ့ကြောင်ကြီး

  • မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာတိုင် ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေလို့…

    ခင်တဲ့
    မွန်မွန်

  • P chogyi

    January 2, 2013 at 12:10 pm

    ညီမလေး အိတုန်ရေ
    မွေးနေ့မှသည် နောင်နှစ်ပေါင်းရာကျော်တိုင်အောင်
    ပျှော်ရွှင်ချမ်းမြေ့ခြင်းများနဲ့ပြည့်စုံပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ်။
    ရပ်ထဲရွာထဲ လူမှုရေးလုပ်ငန်းတွေ
    အမြဲတမ်းတက်တက်ကြွကြွနဲ့ လုပ်နိုင်ပါစေ။

  • ညလေး

    January 2, 2013 at 1:02 pm

    မမ အိတုန်
    ယနေ.မွေးနေ. မှစ နောင်နှစ်ပေါင်းများစွာထိ တိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ခြင်းတွေနဲ.ပြီးပြည်.စုံတဲ့
    ပျော်ရွှင်ဖွယ်နေ.ရက် များကို အေးချမ်းစွာ လျောက်လှမ်းနိုင်ပါစေလို. …..ရွှာသူလေး တစ်ယောက်က ဆုတောင်းပေးပါတယ်ရှင့်..
    ..

  • Mr. MarGa

    January 2, 2013 at 1:28 pm

    မွေးနေ့မှာ ပျော်ရွှင်ပါစေကွယ်
    ဦးမာဃက သိပ်မပြောတတ်လို့ ခွင့်လွှတ်ပါ လို့

  • မအိတုန်မွေးနေ့မှန်းမသိခဲ့ပေမယ့်
    အခုသိပြီး ဆုမွန်ကောင်းတောင်းပေးသွားပါတယ်
    အခုလို ဂရုတစိုက် မွေးနေ့ဆုတောင်းတင်ပေးတဲ့ ဦးခင်ခကိုလည်း ကျေးဇူးပါ။
    Happy Birthday to you. 🙂 <3
    :hee:

  • MaMa

    January 2, 2013 at 2:02 pm

    တိုက်တိုက်ဆိုင်ဆိုင် တူမလေးမွေးနေ့နဲ့ တူနေတယ်။
    ဒီနေ့မွေးတဲ့သူတွေ ထက်တယ် သွက်တယ် ထင်ပါရဲ့။ :kwi:

    ယနေ့မွေးနေ့မှသည် နှစ်ပေါင်း၁၀ဝတိုင်အောင် လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝပြီး ကောင်းကျိုးချမ်းသာအဖြာဖြာနဲ့ ပြည့်စုံနိုင်ပါစေ။ :hee:

    • etone

      January 2, 2013 at 3:14 pm

      မင်္ဂလာပါ အန်တီမမရေ …

      ကျောင်းတက်တုန်းက မွေးနေ့ ၊ မွေးလ ၊ မွေးရက် တူသူ တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းဖြစ်ခဲ့ဖူးတယ် ။ ခုတော့ အဆက်သွယ်မရှိတော့ပဲ …ဘယ်ရောက်သွားပြီလဲ မသိတော့ဘူး ။ နာမည်အစ စာလုံးနဲ့ အဆုံး စာလုံးပါ တူခဲ့ပါတယ် … အဲ့လောက်ကို တိုက်ဆိုင်ခဲ့တယ် … ။ ဒါပေမယ့် အန်တီရေ စိတ်ကျတော့ သူက တည်ငြိမ်အေးဆေးပြီး၊ မြုံစိစိဖြစ်နေခဲ့တယ် …. ။
      မွေးနေ့ ဆုတောင်းအတွက်ကျေးဇူးပါ အန်တီ ။
      အန်တီမမလည်း မင်္ဂလာရှိသောနှစ်သစ်မှ စပြီး .. စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ …လာဘ်လာဘတွေလည်း ဒီရေအလားတိုးတက်ပါစေနော် … ။
      :gee:

  • aye.kk

    January 2, 2013 at 2:04 pm

    အိတုံလေးရေ…
    စန္ဒာလမင်း ဂဏန်းပိုင်ရှင်ပါ။
    လဟာလူသားတွေကိုအေးမြမှုပေးစွမ်းတယ်။
    ဘဝဟာ စိတ်တက်ကြွခြင်းနဲ ့အတူ ရံဖန်ရံခါ တော့ စိတ်အားပျော့မှုတွေဖြစ်တတ်တယ်။
    ဒါပေမယ့် တက်ကြွခြင်းတွေနဲ အတူကိုယ့်ဘဝကို
    အရာရာဖြတ်သန်းနိုင် အောင်မြင်ကျော်လွှားနိုင်ခဲ့တာတွေကို ။
    အမြဲဆုတ်ကိုင်ထားနိုင်ခဲ့တာ။သတိချပ်စေချင်ပါတယ်။။
    မွေးနေ ့မှနောင်နှစ်ပေါင်းများစွာတိုင်အောင် ။ အောင်မြင်မှုများစွာ ဆွတ်ခူးနိုင်ပါစေ ။။

    • etone

      January 2, 2013 at 2:59 pm

      မင်္ဂလာပါ အန်တီအေးရေ …. ။
      အန်တီအေးရဲ့ ဟောကိန်းလေးကို အကြွင်းမရှိထောက်ခံလိုက်ပါတယ် … ။ ကွက်တိကို မှန်ကန်နေတာကြောင့်ပါ ။
      ကိုယ့်ကိုယ်ကို ဦးဆောင်နေတာလည်း ဒီစိတ်တစ်ခုတည်းနဲ့ပါ ….အသိဉာဏ်ရင့်သန်မှုထက် ၊ စိတ်ခံစားမှူဘက် ပိုအားသန်တဲ့ လူအမျိုးစားထဲကပါ ။ အမြဲ active ဖြစ်အောင်နေလေ့ရှိပေမယ့်လည်း … တခါတလေ စိတ်ဓါတ်ကျတာတွေ ၊ စိတ်လျော့စိတ်ပျော့သွားတာမျိုးတွေနဲ့ ကြုံရလေ့ရှိပါတယ် ။ မွေးနေ့ ဆုတောင်းလေးအတွက်လည်းကျေးဇူးပါ ။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်ဖြစ်ပါစေရှင့် ။

  • မင်းနန္ဓာ

    January 2, 2013 at 2:06 pm

    မအိတုန်
    မွေးနေ့မှသည် နောင်နှစ်ပေါင်းရာကျော်တိုင်အောင်
    ပျှော်ရွှင်ချမ်းမြေ့ခြင်းများနဲ့ပြည့်စုံပါစေလို့
    AKKO ကြေးအိုး အမြန်သောက်ရပါစေ
    ဆုတောင်းပေးလိုက်ပါတယ်။

  • မိုချို

    January 2, 2013 at 2:10 pm

    အိတုန်းညီမ ဒီမွေးနေ့ မှသည် နောင် နှစ်ပါင်း များစွာတိုင် ပျော်ရွှင်ချမ်း မြေ့ သောမွေးနေ့ ပေါင်း များစွာကို ချစ်သောသူများ နဲ့အတူ တကွ ပျော် ရွှင်စွာဖြတ်သန်း နိုင်ပါစေ။
    ဦးခင်ခ ရဲ့ အညွှန်းတွေ ဖတ်နေရင်း ဘယ်သူ ပါလိမ့် တွေး ရင်း မျက်စိထဲ အိတုန်း ကို ပဲ ပြေး မြင် နေမိတာ ၊ ဆက်ဖတ် ကြည့် တော့ လည်း ဟုတ်နေတယ်။
    အိတုန်း က သမီး အရွယ် ဆိုတော့ ဦးခင်ခ အသက် လည်း မငယ်ဘူး ပဲ။

  • kai

    January 2, 2013 at 3:12 pm

    မွေးနေ့ရှင်ရေ..
    နောက်နှစ်မှာ.. မျက်နှာမြင်တာ..မြင်ချင်တယ်ဟေ့…။
    ဒီလောက်ပဲ..။ :kwi:

    • etone

      January 2, 2013 at 3:19 pm

      မင်္ဂလာပါ သဂျီး …
      အပိုရီးမျက်နှာ မြင်ချင်တာများ … စကန်ဖတ် … အဲ .. ဒါ့ပုံရိုက်ပြီး ပို့လိုက်မယ် … ။
      အရပ်ပြော ဟိုလို .. မျက်နှာမြင်တာကတော့ …… ဝေးးးးးးးးးးး ပါသေးကြောင်း …. ။ တစ်နှစ် .. နှစ်နှစ် .. သုံးနှစ် … + + + :kwi: မထင် …. ခိခိ … ။

  • မောင် ဓုဝ

    January 2, 2013 at 4:45 pm

    သူတော်ကောင်တို့၏ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာကြီးခြင် ခွန်အားကြီးခြင်း ဉာဏ်ပညာကြီး
    ခြင်းတို့နှင့် ပြည့်စုံပါစေလို့ မွေးနေ့ဆုမွန်ကောင်းပေးလိုက်ပါတယ်။

  • myanmarcitizen

    January 2, 2013 at 4:51 pm

    အိတုန် ရေမွေးနေ့မှာပျော်ရွှင်ပါစေဗျာ။ ရင်ထဲကဆန္ဒတွေပြည့်ပါစေဗျား

  • အရီးခင်လတ်

    January 2, 2013 at 5:07 pm

    တုံ ကလေး

    Zodiac signs အရဆိုရင် Capricorn ပေါ့။
    မြန်မာလို တောင်ဆိတ် ခေါ်မလားဘဲ။

    Traditional Capricorn Traits တွေကတော့

    Practical and prudent
    Ambitious and disciplined
    Patient and careful
    Humorous and reserved

    လို့ ဆိုတာဘဲ။
    Patient and careful ကြောင့် မောင်ကြေးအိုး ခမျာ လူပျိုကြီး ဖြစ်နေရတာ နေမှာ။ 😉

    မွေးနေ့ မှသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စွာ နဲ့ အောင်မြင်သော ဘဝ လမ်း မှာ အများအကျိုး သယ်ပိုး ဆောင်ရွက်နိုင်သာသူ ဖြစ်ပါစေ။
    လိုအပ်သောဆု များ အားလုံး ပြည့်ဝပါစေ။

    ချစ်ခင်စွာဖြင့်
    အရီး ( Avatar မှာ Capricorn ပုံလေး ပြောင်းထားတယ်။)

    ကိုခင်ခ ကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ :hee:

    • etone

      January 3, 2013 at 8:57 am

      မင်္ဂလာပါ အရီးလတ်…

      Capricorn ရဲ့ Zodiac signs ကိုပြောပြပေးတဲ့အတွက်ရော၊ birthday wish လုပ်တဲ့အတွက်ပါ ကျေးဇူးပါ
      Practical and prudent
      Ambitious and disciplined
      Patient and careful
      Humorous and reserved တွေထဲက ….. disciplined ဆိုတာကတော့ .. တသတ်မတ်တည်း မရှိပဲ … အခြေနေအချိန်ခါကို လိုက်ပြီးပြောင်းလဲတတ်ပါတယ် .. အဟီး :mrgreen:

  • ရွှေ ကြည်

    January 2, 2013 at 5:22 pm

    အုံတိရေ ဟိုဘက်ကဆုတောင်းအတိုင်းပါပဲရှင့် :harr:

  • မောင်ပေ

    January 2, 2013 at 9:52 pm

    ကဲကဲကဲကဲ
    အိတုံ နဲ ့ ကျုပ်နဲ ့ဟာ
    လူချင်းမတွေ ့ဖူးခင်ကတဲက
    ဟိုးတုန်းက ရွာထဲမှာ တစ်ဖက်ထဲအတူတူ
    စစ်ပွဲတွေ အတူဆင်နွှဲဖူးခဲ့တယ်ဗျ
    ကိုခင်ခ ရေးမှ သူ ့မွေးနေ ့ဆိုတာသိရတာကလား
    ဆိုတော့က
    မွေးနေ ့မွေးရက်မှ စရွေ ့
    ဘုန်းကြီးပါစေ သက်ရှည်ပါစေ
    ချစ်သော ဒေါက်တာကိုကို နဲ ့အမြန်ဆုံး ညားပါစေ
    အားလုံးအားလုံးအားလုံး အဆင်ပြေပါစေ
    ဗျာ

  • ခပ်မိုက်မိုက် ကောင်မလေး

    January 2, 2013 at 9:52 pm

    မမ အိတုန်…။ မိုက်လေး..မွေးနေ့ကိုနောက်ကြမှရောက်ဖြစ်လို့ခွင့်လွှတ်ပါနော်……။
    မွေးနေ့လေးမှာ လိုသမျှဆုတွေတောင်းလို့ တောင်းသမျှဆုတွေလည်း..
    ပြည့်နိုင်ပါစေလို့..။မိုက်လေး..ဆုတောင်းပေးပါတယ်နော်……။
    ပျော်ရွှင်ပါစေ……….happy birthday….။

  • surmi

    January 3, 2013 at 12:42 am

    မွေးနေ ့မှစပြီး သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ ့ပါစေဗျာ …။

    လိုသောဘဝ
    လို တ ရနှင် ့
    ပြည် ့ဝလိုအင်
    ပျော်ရွှင်စေကြောင်း
    နှစ်ဟောင်းလွန်မြောက်
    နှစ်သစ်ရောက်စ
    မွေးနေ့မှသည်
    ကမ္ဘာတည်သ၍ ပြည် ့စေသော်ဝ် …..။

  • အလင်းဆက်

    January 3, 2013 at 7:24 am

    မမအိတုံ ရေ..
    ဤ မွေးနေ ့ကလေးမှ ….စပြီး..
    နောက် နှစ်ပေါင်းများစွာ…
    ကိုယ်စိတ် နှစ်ဖြာ ချမ်းသာ စွာနဲ ့
    ဘဝခရီးလမ်း ဖြောင့်ဖြူး.သာယာ နိုင်ပါစေ..နော် ။
    အေးချမ်းစွာ ပြည့်စုံဘဝ ထဲမှာ..ရည်မှန်းထားသမျှ..အရာရာ ..
    ရရှိနိုင်ပါစေ..လို ့…လည်း.ဆုတောင်းပေးလိုက်ပါတယ် ။

    =============

    မမတုံ ရဲ ့ မွေးနေ ့ လေးကို သတိတရ နဲ ့ ဝေမျှ အသိပေး လက်ဆောင် ရေးပေးတဲ ့
    လေးလေးခ ကိုလည်း..
    ကျေးဇူးတင်ပါဒယ်.ဂျ ။

  • Foreign Resident

    January 3, 2013 at 7:51 am

    Happy Birthday ပါ E tone ရေ ။

  • etone

    January 3, 2013 at 8:20 am

    မင်္ဂလာပါ … အန်ကယ်ခင်ခ ၊ အစ်မ Crystalline ၊မနွယ်ပင်၊ ဦးကြောင် ၊ မွန်မွန်၊ ကို ချိုကြီး ၊ ညလေး၊ အူးမာဃ၊နန်းတော်ရာသူလေး ၊ကိုရွာစားကျော်၊ အစ်မ မိုချို ၊ ကိုဓုဝေ ၊ ကိုmyanmarcitizen ၊ မရွှေကြည် ၊ ကိုပေ ၊ မိုက်လေး ၊ ယောက္ခမကိုဆာမိ ၊ အလင်းဆက် နဲ့ အဘဖောတို့ရေ ….နွေးထွေးစွာနဲ့ birthday wishes လုပ်ပေးကြတာ ကျေးဇူးအများကြီးတင်ပါတယ် ။
    အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်မှ စပြီး ကံကောင်းခြင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေ ။ လာဘ်ပွင့်လို့ စီးပွားဥစ္စာတိုးကြပါစေနော် ။

    တကူးတက surprise လုပ်ပြီး လက်ဆောင်တွေပို့ လို့ …သတိတရနဲ့ မက်စေ့ချ်တွေပို့ SMS တွေပို့လို့ wish လုပ်ခဲ့သူ အန်ကယ်ခင်ခနဲ့ အစ်မ မဒမ်ခင်ခကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ။ ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ကြပါစေနော် ။

    • ခင်ခ

      January 3, 2013 at 8:53 am

      မအိတုန်အတွက် မွေးနေ့ဆုတောင်းပိုစ့်လေးမှာ ဝင်ရောက်အားပေးဆုတောင်းပေးကြသော၊
      မွေးနေ့နုတ်ခွန်းဆက်ကြသော ရွာသူရွာသားအပေါင်းကို ခင်ခ မှ လှိုက်လှဲစွာကျေးဇူးတင်ရှိပါတယ်ခင်ဗျ၊
      မွေးနေ့ဆုတောင်းပေးကြသော မွေးနေ့နုတ်ခွန်းဆက်ကြသော ရွာသူရွာသားများအား
      ပြန်လည်ပြီး အသိအမှတ်ပြု welcome လုပ်ပေးသော သမီး အိတုန် ကိုလည်း ခင်ခ မှ ကျေးဇူးပါနော်။
      အားလုံး ၂၀၁၃ ခုနှစ်မှာ တိုးတက်ပြည့်စုံသော ဘဝတွေနဲ့ ဆုံတွေ့ကြပါအုံးစို့….. ဗျာ။

  • ဦးဦးပါလေရာ

    January 3, 2013 at 10:15 am

    ရွာထဲ အဝင်နောက်ကျလို့ အခုမှ ဖတ်ဖြစ်တယ်…။

    မွေးနေ့မှသည် ရာသက်ပန် ချမ်းမြေ့ပျော်ရွင်ပါစေကွယ်…။

    ဦးပါ

  • weiwei

    January 3, 2013 at 10:35 am

    ဒီတစ်ခါလဲ နောက်ကျသွားပြန်ပြီ …
    အပေါ်က ဆုတောင်းခဲ့ကြတဲ့ ရွာသူ ရွာသားအားလုံးနဲ့ ခရက်ဒစ်တူ …
    မွေးနေ့ မင်္ဂလာအပြင် တခြား တခြားသော မင်္ဂလာသတင်းများလဲ ကြားချင်ပါကြောင်း …..

  • Novy

    January 3, 2013 at 12:08 pm

    ညီမလေးအိတုံရေ.
    ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေကွယ်
    ချစ်ရသူနဲ့လည်း မကြာခဏ စိတ်ကောက်နိုင်ပါစေ
    စိတ်ကောက်တိုင်းလည်း အနိုင်ရပါစေလို့ဆုတောင်းပေးလိုက်တယ်နော် :harr:

    • ခင်ခ

      January 3, 2013 at 12:34 pm

      ထပ်မံလို့ ဝင်ရောက်ပြီး မွေးနေ့ဆုတောင်းနုတ်ဆက်ကြသော ဦးပါ၊ မမဝေ နဲ့ မနိုဗွီ တို့ကိုလည်း ကျေးဇူးနော်။

Leave a Reply