အကယ်ဒမီရသွားတဲ့ကားက တရုတ်ဇာတ်လမ်းကိုခိုးထားတာ

ဦးသုJanuary 2, 20131min21119

ကဲအဲလိုတွေ ကော်ပီကူးချထားတဲ့ ထာဝရအလင်းတန်းများဆိုတဲ့ ကားကို အကယ်ဒမီတွေပြွတ်သိပ်နေအောင်ပေးချလိုက်တော့ ကောင်းကြသေးရဲ့လား ။

ပေးတဲ့သူကလဲ ဘာမှမလေ့လာပဲပေး။ ဆုတက်ယူတဲ့သူကလဲ ခပ်ပြောင်ပြောင်ပဲ အရှက်မရှိတက်ယူ။  ဦးဇင်ဝိုင်း ကြီးလက်ထက်ကျမှပဲ ပိုဆိုးတော့တယ်။ ကျော်ဟိန်းတို့ ကျော်သူတို့ ခေတ်တုန်းက ဦးကျော်သူဆိုရင် အကယ်ဒမီကို ခက်ခက်ခဲခဲ ယူခဲ့ရတာ။ အဲဒီကားကို 5MOVIE မှာလဲပြပြီးသွားပြီ ။  ကဲနောက် နှစ်ကျရင် တော့ ကျွန်တော်လဲ အော်စကာမင်းသားကြီး TOM HANKS ရဲ့ FORREST GUMP ဆိုတဲ့ အော်စကာ ခုနှစ်ဆုရတဲ့ ဇာတ်ကားကို ကော်ပီလုပ်ပြီး ရိုက်ရင်ကောင်းမလားလို့စဉ်းစားရတော့မယ်။ ရွာထဲက သူတွေနဲ့ပဲရိုက်မယ်ဗျာ အဲဒီကားကြည့်ဖူးရင် ဘယ်သူ့နေရာကသရုပ်ဆောင်မလဲ အောက်မှာ စာရင်းပေးသွားကြ  အကယ်ဒမီရချင်ရမှာနော် ။

 

 

19 comments

  • Thu Wai

    January 2, 2013 at 2:00 pm

    https://www.facebook.com/photo.php?fbid=346518698788883&set=a.280950978678989.61517.100002922687677&type=1&theater
    ဇာတ်ကားနာမည်က The Road Home ပါ ဓာတ်ပုံတင်တယ်ဗျာ မပေါ်ဘူး ကွန်နက်ရှင်ကလဲ မကောင်းလို့ပါ အပေါ်က ဖေ့ဘွတ်ခ် လင့်မှာ ဝင်ကြည့်လိုက်ပါ။
    http://www.youtube.com/watch?v=48ivIU6Szok ဒါက You Tube ပါ

  • Thu Wai

    January 2, 2013 at 2:29 pm

    ကိုမာဂ ရေ ဒီနှစ်လဲ ဟာသကားတွေ များပြီး ဒရာမာ နဲ့ အဆင့်မှီ အက်ရှင်တွေ ကိုမျှောလို့မရသေးပါဘူး တစ်ကားတစ်လေထွက်လာတဲ့ ဒရာမာ အစုတ်ပြတ်တွေပဲ အကယ်ဒမီပေးရအုံးမှာပါ။
    ဝူး…………ကနဲသက်ပြင်းချရုံ
    တောက်တဲ့..တောက်တဲ့……နောက်တက်တဲ့ကောင် ပိုဆိုး

    • Mr. MarGa

      January 2, 2013 at 2:33 pm

      အဲဒါတော့ ဟုတ်သဗျ
      မကောင်းတာတွေထဲကမှ အကောင်းဆုံးကို ရှာပေးရသလို ဖြစ်နေသဗျ

  • ဘယ်လိုပဲ ရရ … ဘယ်လိုပဲ ယူယူ …
    အကယ်ဒမီတော့ ရယူသွားကြပြီ ….။
    ဒီဆုတွေကို ပြန်လည် ရုပ်သိမ်းမှာလည်း မဟုတ်ဘူး …။

    ပြီးတော့ … ကျုပ်တို့ မြန်မာ အများစုက ခိုးချတာ အတော်ဝါသနာ ပါကြတယ် ..
    ကျန်တဲ့ဘက်ကိုတော့ သိပ်မပြောတတ်ဘူး …
    ကွန်ပျူတာ နည်းပညာ ဘလော့ဂ်ပိုင်း ဆိုင်ရာမှာတော့ …
    သူများက ကြိုးစားပမ်းစား ရှာဖွေစုဆောင်းပြီး ရေးသားထားတာတွေကို
    ခပ်တည်တည်နဲ့ သူရေးသလိုလို ဘာလိုလို ခိုးထားတာတွေ အများကြီးပဲ …….။

    ရှင်းရှင်းပြောရရင် …
    မြန်မာလူမျိုး အများစုဟာ သောက်ခွက် တော်တော်ပြောင်တဲ့ တခိုးဒွေဘဲ …
    (အဲ့ဒီထဲမှာ မန်းဂဇက် ကလူတွေ မပါဘူးလို့ မှတ်ဘာ … ငွင်းး ငွင်းး)
    :mrgreen:

  • kai

    January 2, 2013 at 3:06 pm

    လူထုရဲ့.. စိတ်ဓါတ်ရေးရာပိုင်းတွေ ..အတွေးအခေါ်တွေ.. လူ့ကျင့်ဝတ်တွေ.. ယဉ်ကျေးမှုတွေမှာ.. (လူအများစုကိုးကွယ်ယုံကြည်ကြတဲ့..) ဘာသာရေးက..အင်မတန်လွှမ်းမိုးချုပ်ကိုင်ပါတယ်..

    ငါးပါးသီလကြီး ငုတ်တုတ်ရှိရဲ့နဲ့.. ခိုးရဲ…ဆိုးရဲ.. ခိုးသူ..မရိုးသူတွေအရမ်းများလာကြတာဟာ.. ဘယ်နေရာမှားသလည်း..
    စနစ်လား..ခေတ်လား..လူလား.. မူလား…

    ဆိုတော့…
    အဟမ်း…
    နှစ်၁၀၀ဝ ကျိန်စာ..။ :kwi:
    =
    မှတ်ချက်. . ။ ။.. ကိုယ်ဘာလုပ်ထားတယ်ဆိုတာကိုယ်သိကြမှာပါ..။ မရိုးမသားယူထားတဲ့ဆုကို.. ပြန်အပ်ပလိုက်ဟေ့…။ မြင့်မြတ်သူလို့..လူထုကအသိအမှတ်ပြုကြလိမ့်မယ်..။ :harr:

    • MaMa

      January 3, 2013 at 8:45 pm

      အမှားလုပ်မိရင် ဝန်ချတောင်းပန်တဲ့ ယဉ်ကျေးမှု ထွန်းကားအောင် စံနမူနာပြ လုပ်ဆောင်ကြဖို့ကောင်းတယ်။
      ကာလကြာရှည်လာတာနဲ့အမျှ လိပ်ပြာမသန့်တဲ့လုပ်ရပ်ကြီးက ဘဝတစ်လျှောက်လုံး အရိပ်မဲကြီးလို လိုက်နေတတ်တယ်။ :eee:

  • myanmarcitizen

    January 2, 2013 at 3:22 pm

    အကယ်ဒမီ ရသွားတဲ့ မင်းသား ကျွန်ုတော့တစ်ခါမှကိုမမြင်ဘူးဘူး။ အဲ့နေ့ကမှစမြင်ဘူးတာ။ 🙂

    • အကယ်ဒမီရသွားတဲ့မင်းသားကို ရုပ်မြင်ဖူးဖို့မပြောနဲ့ နာမည်တောင် အကယ်ဒမီပေးပွဲနေ့ကမှစကြားဖူးတာပါ။
      ထာဝရအလင်းတန်းများကောင်းမကောင်းကိုတော့ လုံးဝမသိပါ။
      မင်းသားကတော့ လုံးဝအသစ်ချတ်ချွတ်ဖြစ်နေတယ်နော်

  • နွေဦး

    January 2, 2013 at 4:33 pm

    လုပ်ခွင့်ရတာနဲ့ မဆင်မခြင် လုပ်တာကော အဂတိ လိုက်စားတာကော ….တပေါင်းထဲ လုပ်ချလိုက်တာ..။
    ကောင်းလာမလားလို့ နေရာပေးထားတာ ပြောစရာဖြစ်အောင် တနပ်စားလုပ်ချ လိုက်သလားဘဲ ။
    နောင် ဆင်ခြင်စရာတွေပေါ့ ။

  • saw oo

    January 2, 2013 at 6:34 pm

    FORREST GUMP ကို ကော်ပီ လုပ်မလို.လား….အနော် မင်းသားလုပ်မယ်ဗျာ။

  • Life Visitor

    January 2, 2013 at 7:09 pm

    ကော်ပီချို ဖမ်းလေဂျာ .. ဒါချို ကော်ပီ အကယ်ဒမီပေါ့နော်..:D

  • ကျွန်မတို့ဝတ္ထုတိုလေးတွေလည်းဘယ်လိုလုံခြုံအောင်သိမ်းထားရင်ကောင်းမလဲမသိဘူးနော်
    :kwi:

  • မောင်ပေ

    January 2, 2013 at 9:23 pm

    သုရှင် တဲ့

    အတိအကျ မသိရင်လဲ မရေးပါနဲ ့လားဗျာ

    :kwi:

    ဘာလို ့အဲဒီလို ပြောရလဲဆိုရင် ၊ ခင်ဗျားဟာက “““ တစ်ဘက်လူ ဂုဏ်သိက္ခာကို စော်ကားတိုက်ခိုက်တဲ့ အနေအထားပဲဗျ ”””

    *******
    နောက်ပြီး အဲဒီသတင်းဆိုတာ အရပ်ထဲက ပဲပြုတ်သည်တို ့ အကြော်သည်တို ့ပြောတဲ့ အသံမျိုး….

    *******
    ဒါရိုက်တာ ကိုထွန်းအောင်ဇော် ကို ကော်ပီဆိုတဲ့ ကိစ္စနဲ ့ပတ်သက်ပြီးမေးထားတာကတော့
    “ဒီဇာတ်ကားက ရုပ်ပြမိုးကြိုးရဲ့ဇာတ်လမ်းကို ရိုက်ကူးခဲ့တာပါ။ ရုပ်ပြမိုးကြိုးက လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက ရေးဆွဲခဲ့တဲ့ ဇာတ်လမ်းပါ။ အဲဒီတုန်းက ဒီတရုတ်ဇာတ်ကား မထွက်သေးဘူးထင်ပါတယ်။ အခုကျွန်တော်ရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးရာမှာတော့ တရုတ်ရုပ်ရှင်ဇာတ်ကားထဲမှာပါတဲ့ ကျောင်းဆရာလေးက ကျေးတောသူကို ကလစ်လက်ဆောင်ပေးတဲ့အခန်းလေးကိုတော့ သဘောကျတာနဲ့ ယူသုံးထားပါတယ်။ ကျန်တဲ့ဇာတ်ကျောရိုးကတော့ မတူပါဘူး။ ဘာပဲဖြစ်ဖြစ် ဇာတ်ကားတစ်ကားဖန်တီးတဲ့အပိုင်းမှာ ဒါရိုက်တာကပဲ စလယ်ဆုံးဖန်တီးတာဖြစ်တဲ့အတွက် ကျွန်တော့်မှာပဲ တာဝန်ရှိပါတယ်”
    *******
    အခုအောက်က စာကတော့ ““မောင်ပေ”” ဆိုတဲ့ ကျုပ်ရဲ ့ ကိုယ်ပိုင်စကားတွေပဲ
    ဖတ်ကြည့်ပါဦး
    အဟက် အဟက်

    နောက်ပြီး တစ်ခုရှိသေးတယ် ၊ ပိုက်ဆံပေးလို ့… လိုက်လို ့ရတယ် ဆိုတဲ့ ခလေးလောက်တောင် အသိမပြည့်ဝတဲ့ စကားတွေပြောနေကြသေးတယ် ။ ဒါဆိုရင် ၊ ဒီနေ ့ လူငယ်တွေတိုင်းလိုလို သိနေကြတဲ့
    အိန်အိန်း တို ့၊ နေရဲမာန် တို ့ကို အကယ်ဒမီ ပေးရမှာလားလို ့တောင် မေးရမလိုလို…..

    “““ ဒရမ်မာ ဆိုရင် ၊ ဝင်ငွေနဲလို ့ ၊ ရုံတင်ရင် ကြည့်မယ့်လူနဲ လို ့ ၊ ဟာသကားတွေနဲ ့ပဲ လုပ်စားနေတဲ့ ဒီနေ ့ခေတ်ထဲမှာ ၊ ငွေကြေးအရကော ၊ သရုပ်ဆောင်အရပါ ရင်းနှီးမြုပ်နှံမှု ကြီးကြီးနဲ ့ တည်ဆောက်ပြီး ပရိသတ်ကို ဖျော်ဖြေတဲ့ ဒရမ်မာ ကားကို အကယ်ဒမီပေးတာကို မကျေနပ်ကြရင်လဲ …. ”””

    • မောင်ပေ

      January 3, 2013 at 7:24 pm

      ရွာထဲမှာ ကိုသုရှင် နဲ ့သုဝေ ဆိုပြီး နာမည်၂မျိုးရှိတာကို သေချာမကြည့်ပဲ
      ကိုသုရှင် နာမည် ကို မှားပြောမိလို ့ ၊ ကိုသုရှင်ကို တောင်းပန်ပါတယ် ခင်ဗျား

  • Foreign Resident

    January 3, 2013 at 9:09 am

    မြန်မာကား ” ထာဝရ အလင်းတန်းများ ” ကော ၊
    တရုတ်ကား ” The Road Home (1999 film) ” ကော ၊
    မကြည့်ရသေးဘူး ။

    ရန်ကုန်ရောက်မှ နှစ်ကားလုံး ငှားပြီး ယှဉ်ကြည့်လိုက်ဦးမယ် ။

    ဘယ်သူ က ဘယ်သူ့ကို ၊ မှီး မမှီး တော့ မသိဘူး ။
    တရုတ်ကား ” The Road Home (1999 film) ” က Wiki မှာတောင် စာရင်းပေါက်တယ် ။
    ရထားတဲ့ ဆုတွေကလည်း မနဲ မနှောပဲ ၊
    နိုင်ငံတကာ ဆုတွေတောင် အများကြီး ရထားတာပဲ ။

    Awards

    2000 Golden Rooster Awards
    Best Picture
    Best Art Direction — Cao Juiping
    Best Director — Zhang Yimou

    2000 Hundred Flowers Awards
    Best Film
    Best Actress — Zhang Ziyi

    2000 Berlin International Film Festival
    Silver Bear — Jury Grand Prix
    Prize of the Ecumenical Jury
    Golden Bear (nominated)

    2000 Ljubljana International Film Festival
    Audience Award

    2001 Bodil Awards
    Best Non-American Film (nominated)

    2001 Sundance Film Festival
    Audience World Cinema Award

    2001 Chicago Film Critics Association Awards
    Best Foreign Language Film (nominated)

    2001 Fajr Film Festival
    Crystal Simorgh for Best Film, International Competition

    2001 Florida Film Festival
    Audience Award for Best International Feature Film

    • ဘဲဥ

      January 3, 2013 at 9:51 am

      ဒို့ အဘဖောက တရုတ်ကြီးအကြောင်း တော်တော်နောကြေနေအောင် လေ့လာထားတာပဲ၊
      လေးဇားဘာဒယ်ဗျာ

  • ဦးဦးပါလေရာ

    January 3, 2013 at 10:06 am

    ဇတ်လမ်းကျောရိုးတူတာသက်သက်ဆိုရင် အဲဒါ ခိုးချတယ်လို့ အပ်ချမတ်ချ စွပ်စွဲဖို့ခက်ပါတယ်။
    လောကမှာ ရုပ်ပြ၊ ကာတွန်း၊ ပုံပြင်၊ ဝတ္ထု၊ ပြဇတ်၊ ရုပ်ရှင်၊ ဗီဒီယို …
    စတဲ့ မီဒီယာပုံစံမျိုးစုံနဲ့ ဇတ်လမ်းပေါင်း သန်းပေါင်းများစွာချီ ရှိပါတယ်။
    ဖြစ်နိုင်တဲ့ဇတ်လမ်းကျောရိုးကတော့ သန်းချီမရှိပါဘူး
    သိန်းချီပြီးတောင်မရှိနိုင်ပါဘူး…
    သောင်းချီပြီးတောင် ရှိနိုင်ပါ့မလား မပြောတတ်ဘူး…..
    ဒါကြောင့် ဇတ်လမ်းကျောရိုးသက်သက်က အလွယ်တကူ တိုက်ဆိုင်နိုင်ပါတယ်။

    နောက်တခုက မှီးတာဆိုရင် အဲဒါ မှီးတာပဲဖြစ်ပါတယ်။
    ခိုးချတာမဟုတ်ပါဘူး…
    ဥပမာ ကိန္နရာမောင်နှံ လက်တွဲပျံနေတဲ့ပန်းချီကို ဆွဲရင်
    အဲဒါ အရင်ဆွဲဖူးတဲ့လူရဲ့အိုင်ဒီယာကို မှီးတာလို့ ပြောချင်ပြောလို့ရပါတယ်။
    အရင်ဆွဲဖူးတဲ့သူကို ခိုးချတာလို့တော့ မပြောထိုက်ပါဘူး…။
    ဘာကြောင့်လဲဆိုတော့ ကိန္နရာဆိုတာ ပုံပြင်ထဲမှာ ဟိုလူမဆွဲခင် နဂိုကတည်းကရှိတာ…..
    ဟိုလူက မွေးလို့ ဖြစ်လာတာမဟုတ်လို့ပဲ…။

    အနုပညာကို ပရိတ်သတ်လိုခံစားကြစေလိုကြောင်း……
    ဦးစံရှားမှန်ဘီလူးကြီးငှားပြီး ဆီလိုအပေါက်မရှာကြစေလိုကြောင်း……

  • ကိုသင်း

    January 6, 2013 at 8:18 pm

    ခိုးတဲ့ကိစ္မ ဘေးဖယ်ထားဥိး အကယ်ဒမိပေးရ
    လောက်အောင် တန်းမဝင်တာတော့ အမှန်ပဲ
    ခေတ်တွေပြောင်း လူတွေပြောင်းလို ့
    ဝမ်းသာနေတာ နောက်ဆုံးတော့လည်း
    ကျဉ်တောက်ကြိးက စွပ်လျက်ပါပဲ။

Leave a Reply