*** တသသ …. ဆောင်း ***

maung khinminJanuary 17, 20131min824

+++ ဟေမာန်ဆောင်းမို ့ လွမ်းလို ့ပါမောင်
မျှော်တော်ယောင် ည. …..
စိတ္တဇ နှင့် ကုတ်ခြစ်အိပ်ယာ
ဘေး ဘယ် ညာ လှိမ့် ဖြေသိမ့် ဆန္ဒ
သက်မ ရှိုက်ငင် မောင် မြင်ပါစ
မျက်ရည်စ ကြွေ စီးရစ်ခွေ ပေါ့ ……..။

+++ ချစ်မီး အပူ သွေးသား ဆူပွက်
ရမ္မက် အလို ငိုလိုက်ချင်ရဲ ့
ဖော်မဲ့ ကိုယ်တည်း ကြိတ်ပြီးဖြေလဲ
စိတ်ထဲမှာ မောင် ယောင် လို ့အော်မိ
မောင် သိရဲ့လား မိန်းမသား မို့
နှူတ်ဖျားမဝံ့ ရှက်ရွံ့လို ့နေ. ။

### အိပ်မရပါ မောင်ဘယ်မှာလဲ
နှင်းသည်း မြောက်လေ. အိပ်ယာကြေမွ
သတိရလျက် စိတ်ပျက်အားငယ်
တမ်းတလွယ်သူ ဖေးကူမဲ့ကင်း
ပူပြင်းဆန္ဒ. မီးတစ်စ လို
ရင်လှိုက်ဖို မော အလွမ်းတောမှာ
ပန်းသဘော က. နွမ်း စောကြွေ ။

### ဖွဖွအနမ်း တသ လွမ်းဆဲ
ဆောင်းချမ်း ဝတ်စုံ ခြေရင်း ပုံလျက်
တုန်ရင်ကိုယ်လုုံး ချွေးလုံးစေးကပ်
တင်းကြပ် ဖက်ထား ဖားလျား ကေသာ
ပြေလျော လာကြ. တစ်ညခရီး
ချစ်မီး ရမ္မက် ဖြတ်သန်း ချိုမြိန်
အိမ်ပြန်ချိန်မေ့ အတွေ့မှာ နွမ်း
ညှာလွယ် ပန်းလေ. မောင့် လက်ခြွေပေါ့ ။

+++ ပြန်လာပါမောင် စောင်ခြုံ မနွေး
အအေး ကဲလွန် ည ကိုလွန်ဖို ့
အကျွန်စိတ်ပျက် သိပ်ခက်လို ့ပါ
နှိပ်စက် ညစဉ် စိတ်ကူးယဉ်မိ
သခင် သိလား မြင်ကြည့် ခဏ
ဒီလို ည မှ. ……,
ဆောင်းက ဘာကြောင့်…… ချမ်းရတယ် ။။။။

 

လရောင်ရွှေ

၁ရး၁းဝ၂၁၃

 

4 comments

  • Mon Kit

    January 17, 2013 at 4:17 pm

    ဆောင်းအမှီxxxxx ရောက်အောင်သာ ပြန်ခဲ့ ခင့်ဆီxxx
    အလွန်အေးတဲ့ရာသီxxx အလွန်ချမ်းတဲ့ရာသီxxxx
    မောင်တစ်ရွာ မယ်တစ်မြို့တော့ နေလို့လဲ မဖြစ်နိုင်ပါပြီxxxxx
    xxxxxxxxxxxxxxxxxxx
    ဖတ်ရှုသွားတယ်နော်……. :hee:

  • ကဗျာက ပီပြင်ပါပေ့ဗျာ …
    ဆောင်းတည အိပ်ယာထက်မှာ
    ယူချင်တာ ယူပြီး
    ပစ်ခွာ သွားခဲ့တဲ့ ချစ်သူကို လွမ်းနေတဲ့
    ကောင်မလေး တစ်ယောက်ရဲ့ ဇာတ်ရုပ်ပေါ့နော် ……။

  • မောင်ပေ

    January 17, 2013 at 8:13 pm

    အလွန်အေးတဲ့ ရာသီ … ဒန်တန်တန်
    အလွန်ချမ်းတဲ့ ရာသီ… ဒန်တန်တန်
    အိုဘာတဲ့
    ဆြာခင်ရေ ကြိတ်ထား…

  • ဦးကြောင်ကြီး

    January 18, 2013 at 9:48 am

    တသသဆောင်း
    ခဏခဏထောင်း
    ညအလှဖောင်း
    ထကြွသောင်း
    ဓမြအဘညောင်း
    ဗလကကောင်း
    ဘစချောင်း
    ရသကောင်း..။

Leave a Reply