မိုင်၁၀၀ဝ ခရီးစဉ်(၁)

kaiJanuary 2, 20138min45139

၂၀၁၂ နှစ်ကုန်… အားရက်ရတုံး.. ကျုပ်သွားတဲ့ခရီးစဉ်က.. အောက်ကမြေပုံအတိုင်းပါပဲ..။


View Larger Map
ဒါပေမယ့်.. ခရီးသွားနေရင်းကပဲ.. လမ်းအခြေအနေဖုံးဆက်လှမ်းမေးပြီး.. ရီနိုမြို့ဖက်အခြမ်းခရီးစဉ်ကို ဖျက်လိုက်ရပါတယ်..။
နီဗားဒါပြည်နယ်ရဲ့မြောက်ဖက်ပိုင်းမြို့လေးဖြစ်တဲ့.. အဲဒီရီနိုမြို့မှာ.. အနှုတ်အောက်အအေးချိန်ဖြစ်နေပြီး.. ကားမှာနှင်းထဲသွားနိုင်တဲ့ချိန်းကြိုးမတတ်ထားလို့ပါ..။

လမ်းမှာ ဘယ်လိုဆောက်လုပ်ရေးရှိတယ်..။ ပိတ်ထား…ဖွင့်ထားတယ်ဆိုတာတွေကိုတော့.. အောက်ကလင်ခ့်မှာ.. စစ်ဆေးလို့ရပါတယ်.။
http://www.dot.ca.gov/cgi-bin/roads.cgi

ဆိုတော့..
ဒီနေ့ တင်ပေးမယ့်ခရီးစဉ်ထဲ.. လော့စ်အိန်ဂျလိစ်ကနေ ပစိဖိတ်သမုဒ္ဒရာကမ်းတလျှောက်ကနေ ဆန်ဖရမ်စစ္စကိုတက်လမ်းဖြစ်တဲ့ လမ်းတလျှောက်ကရှုခင်းတချို့ရယ်..။ ပထမရပ်နားရာဖြစ်တဲ့…Stanford university ထဲကရှုခင်းတချို့ရယ်နဲ့ စလိုက်ပါမယ်..။
ဓါတ်ပုံတွေအောက်မှာ စာတချို့ရေးပေးထားပါတယ်..။
ကျန်တာလေးတွေ.. ကော်မန့်နဲ့ပဲ..ရေးရင်းး မျက်စိထဲမြင်အောင် ပြပြော..ပြောမယ်ပေါ့..။

မေးချင်တာတွေ..မေးကြပါနော..
ဖြေချင်တာတွေဖြေပါ့မယ်..။

DSC_0011
Elephant Seals, Big Sur California
www.bigsurcalifornia.org/elephant-seals.html
Elephant seals on the beach at Piedras Blancas in southern Big Sur near San Simeon.
ဆင်ဖျံကြီးတွေ ပင်လယ်ကမ်းစပ်မှာတက်အိပ်နေပုံပါ။ ဘယ်သူမှခဲနဲ့မပေါက်.. အနှောက်အယှက်မပေးကြပဲ.. တိတ်တိတ်ဆိတ်ဆိတ် ဓါတ်ပုံရိုက်..ကားပေါ်ပြန်တက် ထွက်ခဲ့ကြပါတယ်..။
DSC_0030
Ragged Point Inn: San Simeon Hotel on Big Sur Coast
အင်မတန်မတ်စောက်တဲ့.. သမုဒ္ဒရာကမ်းမေးတင်ဆောက်ထားတဲ့ Inn ပါ..။
DSC_0033
Big Sur Coast မှာပဲ.. အောက်ကမ်းခြေကိုဆင်းတဲ့.. လမ်းကလေးပေါ့..။ အဲဒီမှာ ဆင်းနေတဲ့အမျိုးသမီးတယောက်ရဲ့ အပေါ်ပိုင်းလှမ်းမြင်နိုင်ပါတယ်..။ (ဓါတ်ပုံအလည်လောက်က.. အမဲအစက်ကလေးပါ) အဆင်းကတော်တော်လေးမတ်ပါတယ်..။
DSC_0034
အရှေ့ပုံရဲ့.. (သစ်ပင်အုပ်၂ခုကြား)ဟိုးအောက်ခြေကမ်းကို တယ်လီနဲ့ဆွဲရိုက်လိုက်တာပါ..။ ပထမပုံမှာ.. မြင်တောင်မမြင်ရပါဘူး..။ အောက်မှာခြေရာတွေရယ်.. လူတယောက်ရယ်ရှိနေပါတယ်..။
(ရွာသူားထဲက.. ဘယ်သူဆင်းကြည့်ရဲသလည်း ? )
DSC_0044
PCH 1 ဟိုက်ဝေးလမ်းမှာ.. မီးပွိုင့်နဲ့. .တလမ်းမောင်းထားပြီးတလှည့်စီပေးဖြတ်တဲ့ ၂နေရာတွေ့ခဲ့တယ်..။ လမ်းပြင်နေလို့ပါ..။ အဲဒါနဲ့.. မီးပွိုင့်စောင့်နေတုံးလာခဲ့တဲ့လမ်းကို.. ပြန်ရိုက်လိုက်တာ..။ တောင်ကြောတလျှောက်ရိုးတိုးရိပ်တိပ်..အစင်းကြောင်းလေးက..ကားလမ်းဖြစ်ပါတယ်..။
DSC_0061
Stanford University
www.stanford.edu/
Stanford University is one of the world’s leading research and teaching institutions. It is located in Stanford, California.
Stanford University ထဲကအရုပ်တွေ..
DSC_0065
Stanford University ကျောင်းဝင်းစင်္ကြန်တနေရာ
DSC_0067
Stanford University ကျောင်းဝင်းတနေရာ
DSC_0074
Stanford University ကျောင်းဝင်းလမ်းတနေရာ။ အဲဒီမှာ ကြော်ငြာBox ကလေးတွေ့တာနဲ့လှမ်းရိုက်လိုက်တာပါ..။
DSC_0075
Stanford University ကျောင်းဝင်းတနေရာ။ အဲဒီမှာ ကြော်ငြာBox အနီးကပ်..။ အဲဒါမျိုးတခုမက…တွေ့တယ်..။ အာအိုင်တီရဲ့ပာတွန်းဘောက်စ်လေး သတိရမိသား..
DSC_0084
Stanford University ကျောင်းဝင်းအမှတ်အသားတခု။ နောက်ကရိုးတိုးရိပ်တိတ်တွေက.. စက်ဘီးရပ်ဖို့.. တိုင်တွေပါ..။ စက်ဘီးကိုသော့ချိပ်ထားဖို့လုပ်ထားတယ်ပေါ့..။စက်ဘီးစတန်င်းတွေ တော်တော်များများတွေ့ရတယ်..။
DSC_0094
Stanford University ကျောင်းဝင်းထဲ..လာရောက်လေ့လာသူများ..
(ကျောင်းပိတ်ထားတာမို့ လာဓါတ်ပုံရိုက်သူတွေပဲတွေ့ရပါတယ်)
DSC_0095
Stanford University ကျောင်းဝင်းထဲကနာရီစင်။ စင်အောက်မှာ.. နာရီသံပါတ်စက်ကြီးကို မှန်အိမ်နဲ့ မြင်အောင်ဖွင့်ပြထားပါတယ်..။
DSC_0100
Stanford University ကျောင်းဝင်းထဲ..လာရောက်ဆော့ကစားနေသူများ
DSC_0106
Stanford University ကျောင်းဝင်းထဲက..မျှော်စင်..
DSC_0118
Stanford University ကျောင်းဝင်းထဲအဝင်.. University လမ်းမကြီးထိပ်တည့်တည့်က.အဆာက်အဦ
DSC_0123
Stanford University ကျောင်းဝင်းအဝင်.. University လမ်းဘေးက.. ဘတ်စ်ကားမှတ်တိုင်..
အထဲမှာ.. ချိုင်းနီးစ်လိုပါရေးထားတာမို့ ရိုက်လိုက်တာပါ..။
DSC_0124
Stanford University ကျောင်းဝင်းထဲက.. ကားပါ့ကင်။ မသန်စွမ်းသူများအတွက် နေရာပါ..။ သူတို့က ကျောင်းနဲ့အနီးဆုံးနေရာရတယ်ပေါ့..။
DSC_0125
Stanford University ကျောင်းဝင်းထဲက..အလည်လာသူတို့အတွက် ကားပါ့ကင်..၊ ၁ဒေါ်လာဆို..တနာရီလောက်ရပ်လို့ရပါတယ်..။ ကျောင်းသူားတွေကတော့.. ပါမစ်ကလေးကားမှာကပ်ထားရင်.. ပေးထားတဲ့ နေရာတွေမှာ ရပ်လို့ရပါတယ်..။

 

 

39 comments

  • kai

    January 2, 2013 at 4:27 pm

    Stanford University ကတော်တော်ကြီးပြီး.. ကျယ်ဝန်းတဲ့.. တက္ကသိုလ်ကြီးပါပဲ..
    အောက်မှာအင်တာနက်က နှိုက်ရှာလာတာတွေ…
    ဆီလီကွန်ဗဲလ်လီနဲ့ မနီးမဝေးမှာရှိပြီး.. အင်တာနက်ကို.. မွေးဖွားစေခဲ့ရာ တက္ကသိုလ်ဖြစ်ပါတယ်..။

    Stanford University
    The Leland Stanford Junior University, commonly referred to as Stanford University or Stanford, is an American private research university located in Stanford, California on an 8,180-acre campus near Palo Alto. Wikipedia
    Nickname: Cardinal
    Mascot: Stanford Tree
    Address: 450 Serra Mall, Stanford, CA 94305
    Acceptance rate: 6.6% (2012)
    Colors: Cardinal, White
    Motto: Die Luft der Freiheit weht, The wind of freedom blows

  • kai

    January 2, 2013 at 4:45 pm

    Snow Chain ဆိုတာ..အောက်ကပုံထဲကဟာကိုပြောတာဖြစ်ပါတယ်..။
    စနိုး(နှင်းပွင့်ဖတ်)လမ်းပေါ်ကျနေရင်.. သာမန်ကားဘီးနဲ့မောင်းရင်.. ကားက.. ချော်လဲတတ်ပါတယ်..။
    အထူးသဖြင့်.. နှင်းပွင့်ဖတ်တွေကြားထဲဆိုတာထက်.. အေးလွန်းလို့ရေခဲပြင်လို.. ကြည်ရောင်ထနေရင်.. ပိုဆိုးပါတယ်..။
    ကားက.. လေးဘီးလုံးရပ်နေရင်းကို.. ရွေ့နေတတ်တာပါ.။
    ဒါကြောင့်.. နှင်းပွင့်ဖတ်ကျတဲ့ဒေသတွေမှာ..ကားမောင်းရင်.. စနိုးချိန်း လိုပါတယ်..။

    • ဘဲဥ

      January 2, 2013 at 5:28 pm

      အဲ့ဒီလို ချိန်းမျိုး (အဲ့ဒီထက်နည်းနည်းပိုထူတယ်) မိုးတွင်းဆိုရင် ဖားကန့်သွားတဲ့လမ်းတွေပေါ် ၊ ရွှေတောသွားတဲ့လမ်းတွေပေါ်မှာ သုံးကြတာများတယ်။ လမ်းတွေကတော့ စပါယ်ရှယ် ပျက်တာပေါ့ဗျာ။

  • koaung

    January 2, 2013 at 4:49 pm

    စည်းကမ်းရှိတဲ့ လူတွေနေတဲ့နေရာ ဆိုုတော့ဘာပြောရမလဲဗျာ သန့် ့ရှင်းစွာနေတတ်ဖိုု ့ဘဲအတုုယူမိပါကြောင်း

  • koaung

    January 2, 2013 at 4:53 pm

    ဒီကနေ အခုု အဲဒီကိုုသွားရင် ပီစာမလိုုတော့ဘူး ခီည. :mrgreen:

    • kai

      January 3, 2013 at 4:37 am

      US grants Taiwan visa-waiver status – Taipei Times
      http://www.taipeitimes.com/News/front/archives/…/2003544238
      Oct 3, 2012 – The US last night announced Taiwan’s membership in its Visa Waiver Program (VWP), as the nation became the 37th country to receive the …

      လည်လည်လာလေ..
      ကလေးတွေလည်း.. ဒီကကျောင်းတွေမှာ.. ကျောင်းအပ်ပေါ့…။
      ထိုင်ဝမ်.. စင်္ကာပူ..ချိုင်းနားက.. ကျောင်းသားတွေချည်း..အများကြီးကျောင်းကောင်းတွေ..တက်ကြတာ…။

      • Foreign Resident

        January 3, 2013 at 5:56 am

        ” ထိုင်ဝမ်.. စင်္ကာပူ..ချိုင်းနားက.. ကျောင်းသားတွေချည်း..
        အများကြီးကျောင်းကောင်းတွေ..တက်ကြတာ ”

        သူကြီးပြောတာ မှန်ပုံရပါတယ် ။
        တရုတ် ကျောင်းသားတွေ များ မများကတော့ ၊
        ဆိုင်းဘုတ်တွေမှာ တရုတ်စာနှင့်ပါ ရေးထားတာက သက်သေပေါ့ဗျာ ။

      • koaung

        January 3, 2013 at 8:44 am

        ကျေးဇူးပါသူကြီးခင်ဗျား အကြီးမလေးကစာတော်သလိုု စာကြိုုးစားတယ် အစီအစဉ်တော့ရှိတယ်
        ဘယ်ကိုုရောက်ဖြစ်မယ် မသိသေးပါ

        • ဦးကြောင်ကြီး

          January 6, 2013 at 12:49 am

          စာတော်ရင် ကြောင်ကြီးဆီ ပို့လိုက်ပါ၊ မတော်လည်း ပို့လိုက်ပါ။ လုပ်ရပ်ခြင်းတူတောင် စေတဏှာပိုသန်ကြောင်း အာမခံသည်။
          ဒါနဲ့ သမီးဒေါ်ဂလေးရော ဒါ့ပုံထဲ မတွေ့ပါဂလား၊ သူ့တယောက်ထဲ ထားပြီး သဂျီးလင်မယား စုံတွဲခုတ်ကြတယ်ပေါ့၊ ဒီလိုမှန်းသိ လေယဉ်ပျံစီးသွားတွေ့ပါတယ်။ ခုတော့ ဝေး……ဝေးကြပြီလေ…

        • ဥကြောင်ရီးးဂို ကျောက်လို့
          သဂျီး တင်ရဲဘူးးး ဒဲ့ …
          ဒါနဲ့ .. စကားမစပ် ..
          သမီးဒေါ်ဂလေးက ဥကြောင်ရီးးကို လွမ်းလို့ ဆိုဒလားဘဲ ..
          အိုက်ဒါ .. သွားတွေ့လိုက်အုံးးး

  • Shwe Ei

    January 2, 2013 at 5:00 pm

    ဖျံကြီးတွေ ချစ်စရာကောင်းတယ်ဗျာ။ အနားကပ်ပြီး ကိုင်ကျိချင်တာ။
    သမုဒ္ဒရာဘက်ဆင်းတဲ့ လမ်းကတော့ ရင်ခုန်စရာဂျီးးး။
    ကားလေးတေ တန်းစီနေတာလဲ ညီလို့။ ဘဒူမှ ကျော်မတက်
    ခွမတက် ဖြတ်မတက်ကျဝူးပေါ့နော်။
    အမှိုက်မရှိ ကျယ်ဝန်း သန့်ရှင်း သဘောကျစရာတွေကြီးဘဲ။
    လူတွေတော့ဘယ်လိုနေမယ်မသိ။ လူနေမှုစနစ်ကတော့ အားကျ အထင်ကြီးစရာပါဗျာ။

    • kai

      January 29, 2013 at 4:56 pm

      ကားသတိထားမောင်းနေရတာမို့.. လမ်းမှာ.. လက်တဖက်နဲ့မောင်းရင်း..ရိုက်ထားတဲ့ပုံလေးတင်ပေးလိုက်တယ်..

  • တက္ကသိုလ်ကြီး သန့်ရှင်းသပ်ရပ်လွန်းနေဒယ် …..
    ကျုပ်တို့ဆီမှာလည်း ဒီလိုမျိုးဆို ဘယ်လောက် ကောင်းလိမ့်လေမလဲ ….
    စကားမစပ် …
    ကျောင်းဝင်းထဲက အရုပ်တွေက ပုံစံအမျိုးမျိုးနဲ့ပါလားဂျ …
    အိုက်ဒီ အဓိပ္ပါယ်လေးများ သိရင်ဖြင့် သိချင်ဘာဂျောင်းးးး

  • Crystalline

    January 2, 2013 at 5:16 pm

    စနိုးချိန်းဆိုလို့ တောင်ငူလိပ်သိုဖက်ကိုသွားတုန်းက တော်တော့ကိုဆိုးတဲ့ ကားမသွားသင့်တဲ့လမ်းမျိုးကို ဖိုးဝှီးနဲ့သွားခဲ့တယ်…မြေစေးချိုင့်ပြည့်အကွေ့အကောက်များ မတ်စောက်တဲ့တောင်တက်လမ်းပေါ့..ချောင်းနက်ကြီးထဲလည်းဆင်းရသေးတယ်..ဘီးကခြေကုတ်လွတ်ပြီး ေချောင်းပြန်အတက်မှာစက်ရပ်သေးတယ်.. အဲဒီလမ်းကို မိုးတွင်းမှာ ဘီးတွေကို ချိန်းကြိုးတွေပတ်ပြီးတက်တယ်ပြောတယ်.. မတွေးရဲစရာပဲ..

  • Shwe Ei

    January 2, 2013 at 5:19 pm

    မေးချင်တာမေးပါဆိုလို့ တခုလောက်မေးပရဇီ။
    ကွန်မန့်ထဲမှာ ဒါ့ပုံဘလိုတင်လဲခည။

  • Fall Guy

    January 2, 2013 at 6:59 pm

    သဂျီး
    ကားပါကင် က အကြွေစေ့ထည့်ရတာလားဗျ…..။
    ကျောင်းဝင်းထဲက ကြော်ငြာBoxနဲ့ အရည်းကြီးရုပ်တွေကိုကြိုက်တယ်

  • သမုဒ္ဒရာဆင်းတဲ့ မတ်စောက်တဲ့နေရာကြီးတွေက Westlife အဖွဲ့ရဲ့ Try Again သီချင်းထဲကနေရာတွေလား။
    အရမ်းလှတယ်။ပင်လယ်ဖျံကြီးတွေကတော့ သိပ်မလှဘူးနော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 2, 2013 at 8:43 pm

    ( ဆင်ဖျံကြီးတွေ ပင်လယ်ကမ်းစပ်မှာတက်အိပ်နေပုံပါ။ ဘယ်သူမှခဲနဲ့မပေါက်.. အနှောက်အယှက်မပေးကြပဲ.. တိတ်တိတ်ဆိတ်ဆိတ် ဓါတ်ပုံရိုက်..ကားပေါ်ပြန်တက် ထွက်ခဲ့ကြပါတယ်..။)
    ဆိုခြင်တာက ဗမာပျီမှာဆို ဂဲနဲ့ပေါက်မယ် ဖမ်းပြီးချက်စားမယ်
    အဆင့်တန်းမရှိဘူး ဒီလိုဆိုခြင်သလား သဂျီးမင်း
    နှိမ်တာလား ?????

    • အရီးခင်လတ်

      January 2, 2013 at 10:03 pm

      ကျွန်မ လဲ အဲဒီလိုဘဲ သဘောပေါက်လိုက်မိပါတယ်။ :kwi:

      • surmi

        January 2, 2013 at 11:53 pm

        ဘယ်ကမလဲ
        ဖျံသိုလ် ရှာတဲ ့ကောင်နဲ ့တွေ ့ရင် သဌေးတောင်ဖြစ်သွားနိုင်တယ် ပေါ ့ ….

    • kai

      January 3, 2013 at 2:04 am

      အဲဒီအောက်ကသတင်းဖတ်ပြီး.. ဖမ်းထားတဲ့သူတွေ..ထောင်ထဲဖမ်းထည့်ရမယ့်ဥပဒေရှိစေချင်စိတ်….ပေါက်နေလို့ဗျို့..။
      အမှန်က.. သတ္တဝါတွေ..ချစ်ရမယ်..စောင့်ရှောက်ရမယ်.. ဆိုတာ.. ဒီလိုနေရာသုံးရမှာကို..
      ဆိုတော့..
      ဆဲပဟေ့..
      ေ-ာက်တလွဲ..ရှေးရိုးစွဲတွေ..။ :kwi:

    • Mon Kit

      January 3, 2013 at 9:45 am

      မွန်ကစ်တော့ အဲ့ဆင်ဖျံကြီးတွေ အိပ်နေတာကို ကြည့်ရင်း အသဲယားလာတာနဲ့ ဗမာပီပီ ခဲနဲ့ ပေါက်ချင်စိတ် ပေါ်လာလို့ မနည်းထိန်းထားရတယ်တော်… ဂယ်ပေါဒါ..
      :kwi:

  • Mr. MarGa

    January 2, 2013 at 9:11 pm

    သဂျီး ရဲ့ ခရီးစဉ်ပေါ့လေ
    ဘယ်နှရက် ကြာသလဲဗျို့
    အဲဒီ တက္ကသိုလ်တော့ ဆိတ်ဝင်စားတယ်
    ဆက်တင်ပေးပါဦး တက္ကသိုလ်အကြောင်းလေး
    :hee:

  • အရီးခင်လတ်

    January 2, 2013 at 10:00 pm

    ကိုယ့်ရဲ့ ရန်ကုန်တက္ကသိုလ် (အရင်ကတော့ အရှေ့တောင်အာရှ မှာ နာမည်ကြီး) ကို အင်မတန် ခမ်းနားလှပြီ၊ ကျယ်ဝန်းလှပြီ ထင်ခဲ့တာ။
    ဒီလို တက္ကသိုလ်ကြီးတွေ နဲ့ ယှဉ်လိုက်တော့ ဘာမှမဆိုင်ဘူး ဖြစ်သွားတာနော်။

    ဝီကီ လိုက်တော့
    ရန်ကုန်တက္ကသိုလ် ကို တည်ထောင်တဲ့နှစ် ၁၈၇၈ –
    စတန်းဖို့တက္ကသိုလ် ကို တည်ထောင်တဲ့နှစ် ၁၈၉၁
    ရန်ကုန်တက္ကသိုလ်က ၁၃နှစ် စောပြီး ရှိခဲ့တာ။
    ဆက်တွေးမိတာ ပြောရရင်တော့ ကျွန်နံ့ မပျောက်ဘူးဖြစ်တော့မှာမို့ ဆက်မတွေးတော့ပါဘူး။ 😉

    ရန်ကုန်တက္ကသိုလ် ထဲမှာလဲ စတန်းဖို့ က ကျောင်းဝင်းစင်္ကြန် လို မျိုးတွေရှိတာဘဲ။
    တိုင်လုံးချင်းတော့ ကွာတာပေါ့။
    ပထမ ရန်ကုန် ကောလိပ် အဆင့်ကနေ ရန်ကုန်တက္ကသိုလ်လို့ အမည်ပြောင်းတာ ၁၉၂ဝ မှာမို့ အဆောက်အဦးက တစ်ခြား ကိုလိုနီ တက္ကသိုလ် (ဥပမာ – ကလကတ္တား တက္ကသိုလ်) လောက် သိပ်မခမ်းနားခဲ့တာထင်ရဲ့။

    ဆက်ကြည့်မိတော့
    အောက်စ်ဖို့ တက္ကသိုလ် ကို တည်ထောင်တဲ့နှစ် မသိ ဖြစ်နေပေမဲ့ စာစသင်တာ ၁၀၉၆ လို့ ဆိုတာဘဲ။
    ကိန်းဘရစ်ချ် ကို တည်ထောင်တဲ့နှစ် က ၁၂၀၉
    အဲဒါ မြန်မာပြည်မှာ အနော်ရထာတို့၊ ကျန်စစ်သားတို့ ခေတ် ထင်ပါရဲ့။ (ရမ်းတီး အထင်)
    (ကိုစံလှကြီး တော့ ပိုသိနိုင်မယ်)

    သူကြီးတို့ သွားခဲ့တဲ့ ဟိုက်ဝေးလမ်းမကြီး က အဲဒီ ကမ်းပါးတွေနဲ့ သမုဒ္ဒရာကြီးကို တောက်လျှောက် မြင်သွားရတာပေါ့နော်။
    နေဝင်ချိန် ပုံလေးများ မပါခဲ့ဘူးလား။

    တစ်ရွာလုံးကို ရောက်ဖူးအောင် ခေါ်သွားလို့ ကျေးဇူးပါ သူကြီးရေ။
    :hee:

  • မောင်ပေ

    January 2, 2013 at 10:05 pm

    သဂျီးပို ့စ်ကိုဖတ်အပြီး
    အားကျမိပါအိ
    ထိုကဲ့သို ့ အေးအေးလူလူ ခရီးထွက်ချင်သောကြောင့် ဖြစ်ပါအိ
    ကျန်တာတော့ ဘာမှမသိ ဘာမှမတတ်ပါသဖြင့် မပြောတတ်ပါကြောင်း
    အဲဒါ အဲဒါ

    • kai

      January 3, 2013 at 5:00 am

      တဖက်မှာ ပေ၁၀၀ဝလောက်ချောက်နဲ့..တဖက်မှာ.. ကျောက်တုံးကျတတ်သည်သတိပေးဆိုင်းဘုတ်တွေတင်ထားတဲ့.. ကျောက်နံရံနဲ့..
      ဒါကို..အေးအေးလူလူတဲ့..
      “သေဟဲ့ နနိ္ဒယ” ..အဲ..အဲ.
      “သေဟဲ့ ရှေးစွန်းစွဲ”။ :kwi:

      • မောင်ပေ

        January 3, 2013 at 9:26 pm

        သဂျီးကားရဲ ့ အော်တိုဒရိုက်ဘင်း စစ်စတမ်တွေ
        ဆေ့ဖတီးဖက်စ် နဲ ့ တည်ဆောက်ထားတဲ့ ကား
        ဂျီပီအက်စ်စစ်စတမ်တွေ
        လေအိတ်တွေ
        တာယာတွေက အာမခံတွေ
        အဲဒါတွေ ခဏထားပြီး
        ကျုပ်တို ့နိုင်ငံမှာလေ ၊ လွန်ခဲ့တဲ့ ၁ဝနှစ်လောက်ကကားတွေကို အကောင်းဆုံးထားသုံးနေရတာကလား

        • kai

          January 4, 2013 at 12:12 am

          “သေဟဲ့ ရှေးစွန်းစွဲ” ဆိုတာ.. ကိုရင်ပေနဲ့ဘာမှမဆိုင်ဘူးနော..။ တမင်တကာ ရှေးစကားဖေါက်ပြီး.. ထွင်ပြောတာ…။ :kwi:

          အမှန်က အပြန်လမ်းမှာ.. တနာရီ ၉ဝလောက် အော်တိုလုပ်ပြီး.. တောက်လျှောက်မောင်းချလာတာ.. တော်တော်သက်သာပါကြောင်း..:

  • ဦးဦးပါလေရာ

    January 2, 2013 at 11:35 pm

    သူတို့ဆီက ပညာရွာကြီးတွေက သန့်ရှင်း ကျယ်ဝန်း ခမ်းနားလိုက်တာနော်…

    ကျုပ်အမြင်တော့ တက္ကသိုလ်ဆိုတာ သိပ်ပြီးကျယ်ဝန်းရှုပ်ထွေးလွန်းရင်
    တနေရာနဲ့တနေရာ သွားရလာရတာ အချိန်ကုန် လူပန်းမို့ သိပ်မကောင်းဘူးထင်မိတယ်။
    လက်ရှိရန်ကုန်တက္ကသိုလ်ရဲ့ လေးဆလောက် / လှိုင်တက္ကသိုလ်လောက်ဆို အတော်ပဲထင်တာပဲ…။

    သူတို့တက္ကသိုလ်တွေက ရန်ကုန်တက္ကသိုလ်လို သံတိုင်ခြံစည်းရိုးတွေ အစိတ်စိတ်အမွှာမွှာကာပြီး
    မွေးမြူရေးခြံနဲ့တူအောင်လုပ်မထားတာကိုလဲ သတိပြုမိတယ်…။
    ကြည့်ရတာ သူတို့တက္ကသိုလ်တွေကိုစီမံခန့်ခွဲသူတွေဟာ
    ဝက်ချေးကျုံးတဲ့အဆင့်ထဲက မဟုတ်လို့ဖြစ်မယ်…။

  • ကြည်ဆောင်း

    January 3, 2013 at 8:52 am

    ဓာတ်ပုံတွေကြည့်ပြီးမမြင်ဘူးတာတွေမြင်ရ ဗဟုသုတတွေလဲရပါ့ ..
    ကြိုက်တဲ့ပုံတွေလဲကူးထားပါကြောင်းနဲ့ Standford University ထဲက အရုပ်တွေကိုကြည့်ပြီး ကကွက်တွေများ ထွင်ခဲ့ကြလေသလားလို့တွေးမိသွားပါကြောင်း ….

  • သကြားလုုံးကြော်

    January 3, 2013 at 10:30 am

    Stanford ထဲက ရုုပ်ထုုတွေက နာမည်ကြီး Bronze (ကြေး?) ပန်းပုုဆရာ Rodin ရဲ့ Burghers of Calais ဆိုုတဲ့ လူ၆ယောက် ရုုပ်ထုုပုုံပါ။ အင်္ဂလိပ်တွေကိုု စစ်ရှုံးတော့ ပြင်သစ် Calais မြို့က ခေါင်းဆောင် ၆ယောက်က အရှုံးပေးလမ်းလျှောက်ထွက်ရတဲ့ မြင်ကွင်းကိုု ထုုထားတာ။
    Stanford ပြတိုုက်မှာ Rodin ရဲ့ တခြား ကော်လက်ရှင်တော်တော်များများရှိတယ်။ Rodin ရဲ့ Thinker ဆိုု ရွာသူားတွေ သိလောက်ပါတယ်။

    • kai

      January 3, 2013 at 11:01 am

      သကြားလုံးတို့များ.. ကြော်အောင်.. တော်လိုက်တာ..
      ကျုပ်ကရိုက်သာလာတာ.. ဘာမှန်းမသိ..
      လူတယောက်များ.. သူ့ခွေးဆွဲတဲ့ကြိုးကို..အဲဒီလူအုပ်စု..ရုပ်ထုတခုလက်ထဲထည့်.. ဓါတ်ပုံဆင်ရိုက်နေတာတောင်.. စောင့်နေလိုက်ရသေးတယ်..

      အင်တာနက်ထဲမွှေတော့မှ.. အောက်ကလင့်ခ်တွေ့တာ..
      http://matthewfelixsun.blogspot.com/2010/05/auguste-rodin-at-cantor-arts-center.html

      တခြားရွာသူားတွေသိလွယ်အောင်.. သင်ခ့်ခါရုပ်ပါတင်ပေးလိုက်တယ်..။

  • ခင်ခ

    January 3, 2013 at 11:53 am

    သူကြီးရဲ့ခရီးမှာ Stanford University ထဲကအရုပ်တွေ ရုပ်ထုပုံတွေကိုတော့ စိတ်ဝင်စားမိတယ်။
    အဓိပ္ပါယ်တစ်ခုခုကို ကိုယ်စားပြုထုထားဟန်ဘဲဗျာ။
    ဆက်လက်တင်ပါအုံး လိုက်ပါအုံးမယ်။

  • MaMa

    January 3, 2013 at 2:08 pm

    Stanford University ထဲကအရုပ်တွေကို စိတ်ဝင်စားတယ်။
    ဘယ်သူ့ပုံတွေလဲ။
    ဘာအဓိပ္ပါယ်လဲ သိချင်တယ်။
    Stanford University ကျောင်းဝင်းစင်္ကြန်တနေရာကို တွေ့တော့ ကောလိပ်ဂျင် ရုပ်ရှင်ထဲက ကောလိပ်ဂျင်နေဝင်းနဲ့ မြင့်မြင့်ခင်ဇာတ်ဝင်ခန်းကို သတိရမိတယ်။

    • kai

      January 3, 2013 at 4:35 pm

      အပေါ်မှာ သကြားလုံးကြော်ပြောထားတယ်လေ…

      အင်္ဂလိပ်တွေကိုု စစ်ရှုံးတော့ ပြင်သစ် Calais မြို့က ခေါင်းဆောင် ၆ယောက်က အရှုံးပေးလမ်းလျှောက်ထွက်ရတဲ့ မြင်ကွင်းကိုု ထုုထားတာ။

      တဲ့..
      အသေးစိတ်တော့..အောက်က ဝိကီမှာဖတ်ပေတော့…

      http://en.wikipedia.org/wiki/The_Burghers_of_Calais
      History

      The story goes that England’s Edward III, after a victory in the Battle of Crécy, laid siege to Calais, while Philip VI of France ordered the city to hold out at all costs. Philip failed to lift the siege, and starvation eventually forced the city to parley for surrender.

      Edward offered to spare the people of the city if any six of its top leaders would surrender themselves to him, presumably to be executed. Edward demanded that they walk out almost naked, wearing nooses around their necks, and carrying the keys to the city and castle. One of the wealthiest of the town leaders, Eustache de Saint Pierre, volunteered first, and five other burghers soon followed suit, stripping down to their breeches. Saint Pierre led this envoy of emaciated volunteers to the city gates. It was this moment, and this poignant mix of defeat, heroic self-sacrifice, and willingness to face imminent death that Rodin captured in his sculpture, scaled somewhat larger than life.

      In history, though the burghers expected to be executed, their lives were spared by the intervention of England’s Queen, Philippa of Hainault, who persuaded her husband to exercise mercy by claiming that their deaths would be a bad omen for her unborn child.

      ကျောင်းဝင်းထဲက..နည်းနည်းကပ်ရိုက်ထားတဲ့..ပုံပါထပ်တင်ပေးလိုက်ပါကြောင်း..။

  • အလင်းဆက်

    January 3, 2013 at 8:47 pm

    တဂျီးမင်းနဲ ့အတူ..
    ခရီးတွေ.. အတူ ထွက်လိုက်ရသလို……လို……

  • မောင့်ကျက်သရေ ဂီ့

    January 7, 2013 at 1:55 pm

    စကားမစပ်
    လက်ရှိ ဂိုးလ်ဒင်း စတိတ်က နျူးဂျာစီ မဟုတ်လား
    ဂိုးလ်ဒင်းစတိတ် အဟောင်းအနွမ်းမှာ နေတဲ့ သဂျီးရဲ့ ….

    New Jersey
    Garden State (currently used on license plates)
    The Crossroads of the Revolution (previously used on license plates)
    The Tomato State

    ဟီဟိ…
    အကွက်ဝင်တုန်းလေး..

    :harr:

  • ဂန္ဓာရီ ဆြာအုပ်

    January 18, 2013 at 5:44 pm

    Snow Chain ကတော့ စိတ်ဝင်စားစရာပဲ..ခုမှကြားဖူးတယ်
    ဓာတ်ပုံတွေလဲလှပါတယ် တဂျီးရေ.. ဒါပေမယ်. ပုံတွေကကျပ်နေတယ်..
    နဲနဲချောင်ချောင်လေးရိုက်လိုက်ရင် ပိုကောင်းမှာပါ
    နောက် အရိပ်တွေထဲရောက်နေတယ်..
    အကြမ်းဖျဉ်းတော့ဂလောက်ပါပဲ.. အသေးစိတ်ကတော့
    အနော်လဲမတိပါ.. ဟိ

  • kyeemite

    January 30, 2013 at 3:21 pm

    သဂျီးမင်းရဲ့ ခရီးသွားဓါတ်ပုံတွေ ကြည့်သွားပါတယ်..
    အဲထဲကမှ..တခါမှမမြင်ဘူးသေးတဲ့ Snow Chain ပုံရယ်
    ရိုဒင်ရဲ့ သင်ကာပုံလေးတော့ကူးထားလိုက်တယ်ဗျို့..
    ကျေးကျေးပါနော..

    Stanford University ကျောင်းဝင်းတနေရာ။ အဲဒီမှာ ကြော်ငြာBox အနီးကပ်..။ အဲဒါမျိုးတခုမက…တွေ့တယ်..။ အာအိုင်တီရဲ့ပာတွန်းဘောက်စ်လေး သတိရမိသား..

    အင်း…သတိရဖေါ်ရလို့…ပြောရအုံးမယ်..ကာတွန်းဘောက်စ်ထဲရေးခဲ့သမျှထဲက
    စုလို့ရသလောက် စာအုပ်လုပ်ထားတာလေး ပြီးခဲ့တဲ့ဆရာကန်တော့ပွဲကဝယ်ခဲ့သေး…
    မမ ကတောင် သဂျီးအတွက်တစ်အုပ်ပိုဝယ်ခဲ့သေးတယ်…လူကြုံနဲ့ပို့ပေးပါလိမ့်မဗျား..

Leave a Reply