ကိုးရီးယားစကား သင်ကြရအောင်….(ဟီး… ကိုယ်ပိုင်တော့မဟုတ်ဘူး ကော်ပီထားတာ….အားလုံးလည်း တက်အောင်လို့လေ)

Yin Nyine NwayJuly 18, 20106min752

ကိုယ်တိုင်တတ်တာတော့ မဟုတ်ပါဘူး  တခြား blog က ကူးယူထားတာပါ……ဟိဟိ 

ကိုရီးယားဘာသာတွင် အခြေခံဗျည်း (၁၄)လုံးနဲ ့ပွားဗျည်း(၅)လုံး။ စုစုပေါင်းဗျည်း (၁၉) လုံးရှိပါတယ်။

အဲဒီဗျည်းတွေကတော့ …

ㄱ , ㄴ , ㄷ , ㄹ , ㅁ , ㅂ , ㅅ , ㅇ , ㅈ , ㅊ , ㅋ , ㅌ , ㅍ, ㅎ ,
ga , na , da , ra , ma , ba , sa , aa , ja , cha , kha , hta , fa , ha ,
(ဂ) (န) (ဒ) (ရ) (မ) (ဘ) (စ) (အ) (ဂျ) (ချ) (ခ) (ထ) (ဖ) (ဟ)
ဒါကတော့အခြေခံဗျည်း (၁၄)လုံးပါ။ (အသုံးများပါတယ်)

ㄲ ㄸ ㅃ ㅆ ㅉ
ka ta pa sa kya
(က) (တ) (ပ) (ဆ) (ကျ)
ဒါကတော့ပွားဗျည်း (၅) လုံးပါ။ (အသုံးနည်းပါတယ်)

ပြီးတော့ ထပ်သိသင့်တာက ဗျည်းနဲ ့တွဲရမည့်သရများ…


အခြေခံသရ (၁၀) လုံးရှိပါတယ်။အဲဒါတွေကတော့…

ㅏ ㅑ ㅓ ㅕ ㅗ ㅛ ㅜ ㅠ ㅡ ㅣ
(အာ) (ရာ) (အော) (ရော) (အို) (ယို) (အူ) (ယူ) (အု) (အီ)

ပွားသရ (၄)လုံးရှိပါတယ်.အဲဒါတွေကတော့…

ㅐ ㅒ ㅔ ㅖ
(အဲ) (ရဲ) (အယ်) (ယယ်)

ဗျည်းနဲ ့သရဟာ ဘာသာစကားတစ်ခုရဲ ့အဓိကအကျဆုံးအခြခံမို ့အရင်ဆုံးရေးတာပါ။


ဒါလေးတွေသိပြီဆိုရင်တော့ဗျည်းနဲ ့သရကို ပေါင်းပြီးဖတ်ကြည့်ကြတာပေါ့ဗျာ..

ㅂ ဆိုတဲ့ ဗျည်းလေးက … ဘ …. ဆိုတဲ့အသံလေးထွက်ပါတယ်။


ㅏ ဆိုတဲ့ သရလေးက… အာ … လို့အသံထွက်တယ်တဲ့..


ဒါဆို အဲဒီဗျည်းလေးနဲ့သရလေးကိုပေါင်းပြီး အသံထွက်ကြည့်ရအောင်…


ㅂㅏ ….. ဘ + အာ …. ဘာ….လို့ထွက်ပါတယ်


ㅂလေးကို တခြားသရတစ်ခုဖြစ်တဲ့ ㅗ (အို) ဆိုတာလေးနဲ့ပေါင်းပြီးအသံထွက်လိုက်မယ်ဆိုရင်

ㅂㅗ …… ဘ + အို ….. ဘို ……. လို့ထွက်ပါတယ်..

ဘာနဲ့ဘို ကိုပေါင်းတော့바보 ဘာဘိုပေါ့ —အဓိပါယ်ကတော့ crazy တဲ့


ㅇ …. အ လို့ အသံထွက်တဲ့ဗျည်းတစ်ခုပါ ….. အဲဒီဗျည်းလေးကို ㅗ အို လို့အသံထွက်တဲ့

သရလေးနဲ့ပေါင်းမယ်


ㅇㅗ …. 오 (ပေါင်းရေးလိုက်တာပါ)…… အ + အို ….. အို လို့အသံထွက်ပါတယ်

ㅃ …. ပ လို့ အသံထွက်တဲ့ဗျည်းပါ… ㅏ..အာ..ဆိုတဲ့သရလေးနဲ့ပေါင်းပါမယ်

ㅃ ㅏ …….. 빠 ……. ပ + အာ ….. ပါ / ပါး …….. လို့အသံထွက်ပါတယ်

.. အို …… နဲ့ …ပါး လေးကိုပေါင်းဖတ်လိုက်မယ်ဆိုရင်. ဆိုတဲ့ … အိုပါး

ဆိုတဲ့အခေါ်အဝေါ်လေးဖြစ်လာပါတယ်။ အစ်ကိုကြီးပေါ့ဗျာ

ဘာသာစကားတစ်ခုကို အရေးရောအဖက်ပါစာတွေ ့လေ့လာဖို ့ဆိုတာအရမ်းကိုကျယ်ပြန့်လွန်းပါတယ်

ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းလေ့လာနေဆဲမို ့ အခြေခံကျကျဝေမျှဖို

့ဆိုတာထင်သလောက်မလွယ်ပါဘူး။

လေ့လာသူတွေလဲအစမှာတင် စိတ်ပျက်သွားနိုင်ပါတယ်။အဲဒါကြောင့် လိုအပ်သလောက်လေးတွေကိုပဲ

အဆင့်ကျော်ပြီး ဝေမျှသွားပါ့မယ်။

နှုတ်ဆက်စကား

안 녕…………………(အန်ညောင်း) = hi

안녕하세요……… (အန်ညောဆဲယို) =မင်္ဂလာပါ။

안녕하십니까…..(အန်ညောင်းရှီမနီကာ) =မင်္ဂလာပါခင်မျာ။

안녕하세요! (အန်ညောင်းဟာဆဲယို) = မင်္ဂလာပါ။ ယဉ်ကျေးစွာဦးညွတ်နှုတ်ဆက်ရန်

ကိုရီးယားစာမှာ (ဟ) သည်အသံမဲ့ဖြစ်သောကြောင့်ရေးသောအခါမှာထည့်သုံးပြီး

ပြောတဲ့အခါမှာတော့ ပျောက်သွားပါတယ်။ (အန်ညောဆဲယို) လို ့ပြောရမှာပါ။

သူငယ်ချင်းချင်းတွေ ကိုယ့်ထက်ငယ်တဲ့သူတွေကိုတော့ 안녕! (အန်ညောင်း) လို ့ပဲပြောလို ့ရပါတယ်

အထက်လူကြီး၊သူဌေး၊လူကြီးမိဘတွေ ကိုတော့ 안녕하십니까 (အန်ညောင်းဟာရှီမနီကာ)

အယဉ်ကျေးဆုံးနှုတ်ဆက်စကားပါ။ မင်္ဂလာပါခင်မျာ လို ့သက်ရောက်ပါတယ်။

안녕히가세요 (အန်ညောင်း(ဟီ)ဂါဆယ်ယို) ။ငြိမ်းချမ်းစွာသွားပါ။ ထွက်ခွာသူကိုပြောရန်…

안녕히계세요 (အန်ညောင်း(ဟီ)ဂယ်ဆယ်ယိ်ု)ငြိမ်းချမ်းစွာနေခဲ့ပါ။ကျန်ရစ်သူကိုပြောရန်…

안 녕히주무세요 (အန်ညောင်း(ဟီ)ဂျူမူဆယ်ယို) ကောင်းသောညပါ(good night)

မှတ်ချက်… 히 (ဟီ) ကအသံပျော့ဖြစ်သောကြောင့် ဖျောက်ပြောလဲရပါတယ်။

——အခေါ်ဝေါ်များ——

친척 (ချင်း(န)ချောက့်(ဂ) ) = ဆွေမျိုး

부모 (ဘူမို) =မိဘ

아버지 (အာဘောဂျိ) = အဖေ

아빠 (အာပါး) =ဖေဖေ

어머니 (အောမောနီ) = အမေ (အောမောညီ လို ့လဲခေါ်ကြပါတယ်)

어마 (အော့မာ) = မေမေ

할아버지 (ဟာဒါဘောဂျိ) = အဖိုး (ဟာ(လ်)ရာဘောဂျိ လို ့ရေးပါတယ်)

할머니 (ဟား(လ်)မောနီ) = အဖွား (ဟားမောညီ လို ့လဲခေါ်ကြပါတယ်)

남평 (နမ့်(မ)ဖျောင်း) = ခင်ပွန်း
아내 (အာနဲ) =ဇနီး (wife = ဝိုက်ဖု လို ့လဲပြောကြပါတယ်)

아들 ( အားသူး) = သား (အားဒူးလ် လို ့ရေးပေမဲ ့ အားသူးလ်လို ့ပဲ ပြောကြပါတယ်)

딸 (သား(လ်)) = သမီး (တားလ် လို ့ရေးပေမဲ့ သားလ် လို ့ပဲ ပြောကြပါတယ်)

형 (ဟရောင်းင် ) = အစ်ကို (အမျိုးသားသုံး)

오빠 (အိုပါး ) = အစ်ကို (အမျိုးသမီးသုံး)

누나 (နူနာ) =အစ်မ (အမျိုးသားသုံး)

언니 (အော(န်) နီး) =အစ်မ (အမျိုးသမီးသုံး)

동생 (ဒုန်(င်)ဆန်းင်) = ညီ ၊ ညီမ

남동생 (နမ်(မ်)ဒုန်င်ဆန်းင်) = ညီ ၊မောင်။

여 동생 (ယော်ဒုန်င်ဆန်းင်) = ညီမ

남자 (နမ့်(မ်) ဂျာ ) = အမျိုးသား (အားလုံး)

여 자 (ယော်ဂျာ) = အမျိုးသမီး (အားလုံး)

아까씨 (အာကားရှိ) = ကောင်မလေး (မိန်းကလေး)

친구 (ချင်းန်ဂု) = သူငယ်ချင်း

남자친구 ( နမ့် (မ်) ဂျာ ချင်းန်ဂု) = boyfriend (၊ကောင်လေး၊ ဘဲ ) =ချစ်သူ၊ရည်းစာ၊

여자친구 (ယော်ဂျာချင်းန်ဂု) = girlfriend ( ကောင်မလေး၊ စော် ) =ချစ်သူ၊ရည်းစာ၊

형재 (ဟရောင်းင်ဂျဲ) = ညီအစ်ကို

자매 (ဂျာမဲ) = ညီအစ်မ

오누이 (အိုနူအီ) = မောင်နှမ

အရေးကြီးတာလေးတစ်ခု ကျန်နေခဲ့လို ့ကြားညှပ်ထည့်ပေးလိုက်တယ်။ သိချင်ကြမှာပါ

ဘာလဲ ဆိုတော့…

(사랑해 ) = ဆာဒမ်းငဲ = i love u ( အသုံးဝင်မယ်ထင်ပါတယ်၊)

မှတ်ချက် = အရေးနဲ ့အဖတ်မှာ အသံကွဲတာလေးတွေရှိပါတယ်။ထို ့အတူ စာတွေ ့နဲ ့လက်တွေ ့

ကွာတာလေးတွေလဲရှိပါတယ်။ ကျွန်တော်သိသလောက်လေးတွေပါ။ နောက်ထပ်သိတဲ့

အစ်ကိုအစ်မများလဲ ဒီနေရာလေးမှ ပညာဒါန အဖြစ် ဝင်ရောက်ဝေမျှပေးဖို ့

ခင်မင်လေးစားစွာ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ လေ့လာနေဆဲမို ့ချွင်းချက်လေးတွေရှိမှာပါ။

မှားတာရှိခဲ့ရင်ဝင်ပြီး ပြင်ပေးကြပါဦးဗျာ။ ကျွန်တော် မြန်မာပြည်မှာတုန်းကသင်ခဲ့ရတာတွေနဲ ့

ဒီမှာလက်တွေ ့ကျကျ ပြောတာတွေ ကွာခြားချက်တော်တော်များပါတယ်။ နောက်ပြီး တချို ့ စာတွေက

တူအောင်လိုက်ပြောလို ့ရပေမဲ့ မြန်မာလိုအသံထွက်ချရေးဖို ့ခက်တာတွေရှိပါတယ်။

ဥပမာ- (ㄹ) ဆိုတဲ့ ဗျည်း လိုပေါ့ ။ မြန်မာဗျည်းမရှိပါဘူး အနီးဆုံးရေးရရင် (ဝရ) အဲလိုမျိုးလေးတွေပါ။

လေတက်တဲ့အသံလိုမျိုးပေါ့ တော်တော်ရေးရခက်တာပါ။

အဲဒါကြောင့် လေ့လာလို ့လွယ်တောင် မရှင်းပြတော့ပဲ အနီးစပ်ဆုံးလေးတွေပဲ ရေးပေးတာပါ။

ကျေးဇူးတင်ပါတယ် ။ အားလုံးကိုခင်မင်လေးစားလျှက်…

2 comments

  • Gong Zhu

    September 14, 2010 at 9:10 pm

    ကိုရီးယားမင်းသား ဂူဂျွန်ဖြိုးကိုကြိုက်လို့ ကိုရီးယားစာ လာလေ့လာနေတာ . . .
    သူနဲ့တွေ့ရင်ပြောလို့ရအောင်လို့လေ . . . ဟီးဟီး 😛

Leave a Reply