အိမ်မက်ထဲထိဝင်လာသူ

ရွှေ ကြည်March 2, 20131min30522

ပြောရဦးမယ် အရပ်ကတို့ရေ မိရွှေကြည်ကိုယ့်ကိုယ်ကိုစိတ်တိုမိနေလို့ နယူးရီးယားညမှာအိပ်မက်ဆိုးနဲ့

အိပ်ကောင်းခြင်းမအိပ်ခဲ့ရပါဘူး။ မနေနိုင်လို့ ရွာသူားတွေကိုပဲရင်ဖွင့်ရတော့မှာပဲ။

ဒီလိုပါ ရွှေကြည်တို့ အလုပ်ရှင်ဘော့စ်က နယူးရီးယားနေ့လည်စာလိုက်ကျွေးမယ်ဆိုပြီး သူ့ကားနဲ့ များလှစွာသောဝန်ထမ်း

သုံးယောက်ကိုတင်ဆောင်မောင်းနှင်လာပါတယ်။ ဆိုဒ် အင်ဂျင်နီယာ အိန္ဒိယလူမျိုး ကတော့

ဆိုဒ်ကနေသူ့စီးတော်ယာဉ် ဆိုင်ကယ်နဲ့လာမှာမို့ စင်းတရုတ် သုံးယောက်နဲ့ ( ဘော့စ်အပါအဝင်) ရွှေကြည်ကားစီးလာပါတယ်။

မိုးတွေလည်းရွာလိုက်တာသည်းလို့။

ရုံး ကအထွက် လမ်းကွေ့တခုအရောက်မှာ မိုးရေထဲမှာ လမ်းဘေး ဆိုက်ဝေါ့ ပေါ်မှာလူတယောက်ထိုင်နေပါတယ်

ခေါင်းခန်းက ဘော့စ်နဲ့ မာကက်တင်းတို့ ကပြူးပြဲကြည့်တော့ ဘာဖြစ်လဲဆိုပြီး လှမ်းကြည့်လိုက်ပါတယ်။

လား လား သူ့ခေါင်းမှာသွေးတွေနဲ့ ထိုင်နေတာရှင့်။

ကားကိုဖြည်းဖြည်းမောင်းရင် ဘော့စ်တို့ကကြည့်နေတော့ သူကလည်းအားကိုးတကြီးပြန်ကြည့်နေပါတယ်။

အဲဒိအချိန်မှာ ရွှေကြည်ထင်တာလည်း သူတို့တခုခုလုပ်ပေးတော့မယ် ထင်တာ ဆက်မောင်းသွားပါတယ်။

ကားတိုက်ခံရတာလား ချော်လဲပြီးခေါင်းထိသွားသလားတော့မသိပါဘူး။

မူးလို့ ထိုင်နေပုံရပါတယ် ဒါဏ်ရာကိုလက်နဲ့အုပ်ထားတယ်။

ရွှေကြည် ဆင်းနေခဲ့ရင်ကောင်းမလား ပိုက်ဆံအိတ်လည်းမပါ ကားစီးလို့ရတဲ့ ကဒ်လည်းမပါ။

ချည်တုံ ချတုံနဲ့ ကားပေါ်မှာပဲဆက်ထိုင်နေဖြစ်ပါတယ်။ ဘော့စ်ကိုလည်းမပြောရဲတာပါတယ် ကြောက်နေတယ်လေ။

အမှန်ကတော့စိတ်ထဲကနေကူညီပေးချင်နေတယ်။ ဒါပေ်မယ့် သတ္တိကလည်းကြောင်နေတယ်။ ဘယ်လိုလုပ်မလဲ။

သူ့ရဲ့အားကိုးတကြီးမျက်လုံးတွေ မျက်လုံးမှိတ်လိုက်တိုင်းပြန်မြင်နေတယ်။

ရွှေကြည်တို့အလုပ်ရုံးရှိတဲ့နေရာက ဆောက်လုပ်ရေးတွေနဲ့ ဆောက်လုပ်ဆဲ စက်မှုဇုံလိုနေရာပါရုံးဆင်းရုံးတက်ချိန်ကလွဲရင်

လူရှင်းပါတယ်။ မိုးသည်းနေတော့ ဆိုဒ်သမားတွေလည်းအပြင်မှာမရှိပါဘူး။

ဒါကြောင့်လည်း စားသောက်နေရင်းကိုသတိရနေမိတယ်။

စားသောက်ပြီးပြန်တော့ ဒရောသောပါးကြည့်မိတယ် လဲများနေတာတွေ့ရမလားပေါ့ တော်သေးတယ် မရှိတော့ဘူး။

တစုံတယောက်ကူညီလိုက်ပုံရပါတယ်။ ဒါပေမယ့် ညအိပ်တဲ့အထိသူ့နေရာမှာငါဆိုရင်ရောဆိုပြီးသူ့မျက်ဝန်းတွေကို

အိမ်မက်မက်နေတယ်။ ဘုရားစာရွတ်ရင်း စိတ်ကိုငြိမ်အောင်လုပ်ရတယ်။

ဘာမှလုပ်မပေးနိုင်တဲ့ သတ္တိနည်းတဲ့ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ်။

ဖြစ်ပုံကတော့ အဲ့လိုပါပဲ ရွာသူားတို့ရယ်။

ကဲ ဒီလောက်ပါပဲ နော် အစရေးထားတာကြာပေါ့ အခုမှအဆုံးသတ်ရတယ်

 

ကျေးဇူးအကြီးကြီးတင်ပါတယ်ရှင့်။

 

22 comments

  • Mr. MarGa

    March 2, 2013 at 6:14 pm

    ဖတ်ကြည့်ပြီး ဘာပြောရမယ်မှန်းမသိဘူး
    အခုအချိန်ထိ
    ကူညီချင်စိတ် ရှိပြီးတော့ မကူညီလိုက်ရတာတွေ များနေလို့
    ဒီအတိုင်းပဲ ဖတ်သွားပါတယ်ဗျာ
    ဘာမှ ထွေထွေထူးထူူူး မမန့်နိုင်တာ ခွင့်လွှတ်ပါ

  • ခိုင်ဇာ

    March 2, 2013 at 8:23 pm

    အဲလို ကိစ္စမျိုးနဲ့ ပတ်သက်ရင်
    အစ်မ စိတ်မှာ ထရောမာ လို စိတ်ဒဏ်ရာ ရှိခဲ့ဖူးတယ်။
    ခု ဒါကို ဖတ်ပြီး ပြန်ပေါ်လာတယ်။
    လွန်ခဲ့တဲ့ ၁၃ နှစ် ၂၀၀ဝ ပြည့်နှစ်က ပေါ့။
    အိမ်မက်ထဲတင်မက စိတ်ထဲမှာ စားစားသွားသွား ရောက်နေခဲ့တာ ကာလ အတန်ကြာ။

    :byae:

  • မောင် ပေ

    March 2, 2013 at 8:24 pm

    ကြည်လေးရေ ကူညီချင်စိတ်ရှိတယ် ဆိုရင်ကို
    တစ်ဖက်သား ကျေနပ်စရာပါပဲ
    လမ်းပေါ်က ဘဝတွေဟာ ကြမ်းတမ်းနာကျဉ်စရာတွေများတာမို ့
    လူတိုင်းကို ကူညီနိုင်ဖို ့ ဆိုတာ မသေချာကြောင်းပါ

  • ရွှေ ကြည်

    March 2, 2013 at 8:49 pm

    သိကြားမင်းရေ အခုလိုဖတ်ပေးမန့်ပေးရုံလေးကိုပဲကျေးဇူးတင်ပါကြောင်း။
    ———————————————
    မခိုင်ဇာရေ အဟောင်းကနေအသစ်ဖြစ်သွားပြီလားဟင် စိတ်မကောင်းပါဘူး။ အပန်းမကြီးဘူးဆိုရင်ပြောပြပါလားစိတ်ထဲပေါ့သွားအောင်။
    ——————————————–
    အူးပေရေ အူးပေပြောတာအရမ်းမှန်တယ် ရွှေကြည်အဲဒါကြောင့်ရန်ကုန်မှာအပြင်သိပ်မသွားတာ။
    မြင်သမျှကိုကိုယ်နဲ့ကိုယ်ချင်းစာပြီး တွေ့သမျှကိုလည်းပေးချင်ကမ်းချင်နေလို့လေ။

  • နေဝန်းနီ

    March 2, 2013 at 9:20 pm

    ဒီလိုပါပဲဗရွှကြည်ရယ် ကိုယ်က ကူညီချင်စိတ်သာရှိပြီး အခြေအနေအကြောင်းကြောင်းကြောင့် လက်မရောက်ဖြစ်တာတွေ အများကြီးပါဗျာ…။ အဘွားပြောခဲ့ဖူး သလိုပါပဲ ခေတ်ကြီးက ခေတ်ကြပ်ကြီးကိုးးးး …..။ တစ်ကိုယ်စာတောင်မှ တည့်တည့်မသွားနိုင်လို့ ဂဏန်းလို သွားနေရတဲ့ ဘဝတွေ ဆိုတော့ စိတ်ရှိတိုင်းလက်က မရောက်နိုင်ပါဘူးဗျာ….။ ရုပ်ရှင်ရိုက်နေတာဆိုလည်းကောင်းသားဗျ ….။ ဒီလို အကြပ်အတည်းမျိုးမှာ နောက်ငါးနှစ်ခန့်ကြာသောအခါဆိုတဲ့ စာတမ်းထိုးလိုက်ရင် ဆက်ဖြတ်သန်းစရာမလိုတော့ဘူးနော့

    • ရွှေ ကြည်

      March 2, 2013 at 9:35 pm

      ကိုနေဝန်းနီရေ မှန်လိုက်တာနော် နောက်ငါးနှစ်ခန့်ကြာသော် ဒန် ဟန် ဟန် ………… 😆

  • padonmar

    March 3, 2013 at 1:56 am

    ရွှေကြည်လေးရေ
    ဒီလိုပါပဲ၊ကူညီသင့်တယ်ထင်ပေမယ့် အကြောင်းကြောင်းကြောင့် လျစ်လျူပြုခဲ့ရတာတွေ များပေါ့။
    ဒို့များက လူသာမာန်တွေကိုး။
    တကယ့် သူတော်ကောင်းကြီးတွေကတော့ ဒုက္ခရောက်သူကိုတွေ့ရင် မကူညီပဲမနေနိုင်ကြဘူးတဲ့။
    ကို့ယ့်ကို ဒုက္ခပေးသွားကာမှပေးရောလေ။
    (အဲဒီထဲ ဒီခေတ်ကြီးမှာ လက်တွေ့တွေ့နေရတာ ဒေါ်စုလည်းပါတယ်)
    အဲတော့ ကိုယ်လည်း နောင်ကို သူများဒုက္ခရောက်တာတွေ့ရင် သူတော်ကောင်းတွေထုံးနှလုံးမူပြီး ကူညီမယ်လို့ သဘောထားလိုက်ပေါ့နော်။
    ကိုယ့်ရဲ့ စိတ်ဓာတ်မြင့်မြတ်လာတာ ကိုယ့်ဖာသာ တွေ့လာမှာပါ။

  • MaMa

    March 3, 2013 at 9:52 am

    နိုင်ငံရပ်ခြားမှာမို့ မကူညီနိုင်လိုက်တဲ့ ချစ်ရွှေကြည်ရေ….
    ကိုယ့်နိုင်ငံထဲ ကိုယ့်မျက်စေ့အောက်မှာ မတရားတဲ့ အဖြစ်တွေ၊ အကူအညီလိုနေသူတွေကို ဇဝေဇဝါနဲ့ စိတ်တေလေနဲ့ မျက်နှာလွှဲခဲ့ရတာတွေ အများကြီးပေ့ါ။
    :buu:

  • ရွှေ ကြည်

    March 3, 2013 at 12:39 pm

    အန်တီ ပဒုမ္မာရေ ရွှေကြည်ကြိုးစားပါ့မယ် အန်တီစုကိုနမူနာယူလို့ပေါ့။
    ——————————————————
    ချစ်မမရေ ဟုတ်တယ်နော် အဲဒါလည်းဟုတ်တာပါပဲ။
    —————————————————-
    ဖတ်ရှုအားပေးသူများအားလုံးကိုကျေးဇူးအကြီးကြီးတင်ပါကြောင်း မိရွှေကြည်မှထပ်လောင်းပြောကြားပါရစေ။

  • မရွှေကြည်
    အခုခေတ်လို လူလိမ်လူညာပေါတဲ့ခေတ်မှာ
    အကူညီကောင်းလို့ ပြဿနာတက်တဲ့လူကောင်းတွေအများကြီး ရှိနေပါပြီ
    ကိုယ်နေ နေကျ နေရာမဟုတ်သေးရင် ကူညီချင်လွန်းတဲ့ မြန်မာစိတ်ကလေးကို ခဏလောက်နှိမ်ထားလိုက်ပါ။

    • ရွှေ ကြည်

      March 3, 2013 at 6:38 pm

      ဟုတ်ကဲ့ပါလေးပေါက်ရေ ရွှေကြည်သတိထားပါ့မယ်နော်..။

  • အလင်းဆက်

    March 3, 2013 at 9:02 pm

    မမရွှေတို့များ..ဖြစ်လိုက်ရင်..အသည်းနဲ ့အသန်…
    :kwi:

  • ကူညီချင်တဲ့ စိတ်ကလေး ဖြစ်မိတာကိုက ကျေနပ်စရာပါပဲ …
    အဲ့ဒီလို ကိုယ့်ကိုယ်ကို ပြန်နှစ်သိမ့်ပေါ့ဗျာ …
    တစ်ခါတစ်ခါ ဒီလိုမျိုးတွေက ဖြစ်တတ်ပါတယ် …
    ဥပမာ တစ်ခု ပြောရရင်ဗျာ ….
    ကိုယ့်အိတ်ထဲ ပိုက်ဆံက ပါမလာ …
    လမ်းမှာ သူတောင်းစား အဘွားအို တစ်ယောက်နဲ့ တွေ့တယ်ဗျာ …
    ကိုယ်က သနားသွားပြီး လှူလိုက်ချင်တယ် …
    ကိုယ့် အိတ်ကို စမ်းကြည့်တော့ နတ္ထိရယ် ….
    ဒီလိုပေါ့ …. ဟိုလိုပေါ့ …..
    ဒါဘဲ ကြောဒတ်ဒယ် မမဂျီးရယ် …

  • ဦးကြောင်ကြီး

    March 4, 2013 at 10:33 am

    ရွှေကြည်ဂလေး တယောက်ထဲ အိပ်ရတာ ကြောက်နေရား… ဦးကြောင် ဘာကူညီပေးရမလဲ… ကြောက်တတ်ဖူးကွ ရွှေကြည်လေးအတွက်ဆို :kwi:

  • Wow

    March 4, 2013 at 5:35 pm

    အာ့မျိုးက ကိုယ်တွေ့ ရင်ထဲနစ်နေအောင်ခံစား အိပ်မက်တွေထဲလဲ မကြာခဏပါနေကျဆိုတော့… သိပ်မဆွေးနွေးချင်ပါဘူးရွေကြည်လေးရယ်… တစ်ခါတစ်လေ ဘယ်လောက်တွေးသလဲဆို ငါသေသွားလို့ အားလုံးပြေလည်သွားရင် သေပေးပါတယ်လို့ပေါ့.. :byae:

  • ရွှေ ကြည်

    March 5, 2013 at 6:31 pm

    ဟုတ်ပ အလက်ဆင်းရေ မမရွှေကတော့မပြောချင်တော့ဘူး။
    ————————————-
    ကျေးဇူးပါ ငါ့မောင်အံစာခြောက်မျက်နှာရေ။
    ————————————-
    အောင်ကြူး ရွှေကြည်ကတယောက်တည်းနေရတာမကြောက်ဘူး သူများနဲ့နေရမှာပဲကြောက်တယ် မလွတ်လပ်လို့
    :harr:
    ————————————–
    မဝိုးရေ (ခ) မဝါးရေ (ခ) မဝေါင်းရေ မငိုပါနဲ့နော် မဆွေးနွေးချင်တာကိုနားလည်ပါတယ် မေ့ထားလိုက်နော် ကိုယ်မှမတတ်နိုင်တာ။

    • ကျေနပ်ဘူးဂျာ … ကျေနပ်ဘူး …
      တကယ် .. တကယ် …
      ကျုပ်မှာဖြင့် ပေးလိုက်ရဒဲ့ ကွန်မန့်ဒွေ …
      Long Comment ဆိုဒဲ့ အတိုင်း အရှည်ဂျီးဘဲ (ကွန်မန့်) … :mrgreen:
      သူ့ဂျဒေါ့ … ရီပလိုင်း ပြန်ဒါ တစ်ဂျောင်းထဲရယ် …
      ဘာဒဲ့ …
      “”ကျေးဇူးပါ ငါ့မောင်အံစာခြောက်မျက်နှာရေ။”” ……. ဒဲ့ …။
      အတော် မတရားဒါ …။
      နောက်ခါ အဲ့လို တစ်ဂျောင်းထဲ ပြန်မယ်ဆို မန့်ဒေါ့ဘူး .. ဒါဗျဲ … :mrgreen:

      • ရွှေ ကြည်

        March 6, 2013 at 6:53 pm

        အဲ ငါ့မောင် စိတ်လျှော့ …။
        ………..
        ……….
        ……….
        ……….
        ………..
        ငါ့မောင်ပြောတာတွေ
        မှန်လိုက်တာကွယ်
        ကျေးဇူးပါငါ့မောင်အံစာခြောက်မျက်နှာ :harr:

  • Mon Kit

    March 6, 2013 at 12:00 pm

    ရွှေကြည်လေးရယ်..
    အဲဒီ ဒုတ်ခတွေ့နေသူက မြန်မာလူမျိုး တစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ရွှေကြည်လို့ ခံစားချက်တွေ ဖြစ်နေမယ်ထင်ပါတယ်…

    • ရွှေ ကြည်

      March 6, 2013 at 6:56 pm

      မမွန်ကစ်ရေ သူကမြန်မာမဟုတ်ပါဘူး စလုံးပါ။ 😆
      ဒါပေမယ့်လည်းသူ့ခမျာ တစုံတယောက်အကူအညီကိုလိုအပ်နေရှာတာ
      ဒါဏ်ရာကသွေးတွေကျနေတာရဲနေရော။ တော်ပါပြီလေ ပြန်တွေးရင်မြင်ယောင်နေမိလို့။
      မမွန်ကစ်လေးကျေးကျေး။

  • ကိုရင်စည်သူ

    March 6, 2013 at 7:06 pm

    ရွှေကြည်လေးကို လူမျိုးခြားတွေကြားထဲ
    စိတ်ပူလိုက်ရတာနော်… ကြည်လေးရဲ့ ကူညီလွန်းတတ်တဲ့ စိတ်လေးတွေကြောင့်
    စိုးမိတယ်.. စိုးထိတ်မိတယ်… စိုးမိလွန်းခဲ့တယ်.. :528:

    • ရွှေ ကြည်

      March 6, 2013 at 7:17 pm

      ကရင်စည် စိတ်မပူနဲ့ ကူညီချင်တာက စိတ်ကူးထဲမှာပဲ ပြီးသွားတယ်
      အကောင်အထည်မဖေါ်နိုင်လို့ စိတ်တိုနေတာ။

Leave a Reply