အသဲကွဲ နှစ်သစ်

နိုင်နိုင်January 2, 20131min1197

ကိုယ်ပေါင်ကိုယ်လှန်ထောင်းလိုက်ဦးမယ်ဗျာ.. ကျွန်တော်ရည်ရွယ်ထားတဲ့ ကျတော့်ချစ်သူ သက္ကသိုလ်ကတည်းကတွဲလာခဲ့တာ လေးနှစ်လောက်ပေါ့ ကျောင်းပြီး တစ်ခါလောက်ပဲတွေ့ဖြစ်တယ် အဲဒီနောက်ပိုင်း ဝေးသွားခဲ့ကြတယ်ပေါ့။ အခုဆို ငါးနှစ်နီးနီးရှိသွားပြီး ဒီကြားထဲမှာ တစ်လ တစ်ခါလောက်တော့ ဖုန်းဆက်လာပါသေးတယ် နှစ်သစ်မကူးခင်ရက်အနည်းငယ်မှာတော့ ဖုန်းဆက်လာတယ် ကျတော်ပျော်တယ်။ ကျတော် အသဲကွဲသွားတယ်ဗျာ ဘဝပါမျောပါသွားသလားပဲ ခါတိုင်းကြားရတဲ့ ဖုန်းထဲက သူ့အသံက ကျတော့်ဘဝကို လင်းလတ်စေတယ် အားအင်တွေဖြည့်ပေးနေသလိုပေါ့ အခုကျတော်ကြားလိုက်ရတာ မင်းနားမှာ မီးတောင်ပေါက်ကွဲတော့မယ်ဆိုသလို ကျတော့်ကိုလမ်းခွဲစကားပြောလိုက်ပါပြီ သူအသစ်တွေ့ပြီ သုံးနှစ်လောက်နေရင်ယူမယ်ဆိုပြီးပြောပါတယ် ကျတော့်ကို ကြည်ဖြူစွာ လမ်းခွဲပေးပါတဲ့ ဒါမှသူစိတ်ချမ်းသာမှာတဲ့လေ သူစိတ်ချမ်းသာဖို့အတွက် စွန့်လွတ်ပေးရမှာက ကျတော့်ချစ်သူကို သူများရင်ခွင်မှာ ခိုလှုံခိုင်းရမှာ ကျတော်သိထားတာ အချစ်က နှစ်မျိုးရှိတယ် စွန်းလွတ်ခြင်း၊ရယူလိုခြင်းပါပဲ အခုကျတော်ပိုင်ဆိုင်ရမှာ စွန့်လွတ်ခြင်းပါပဲ အိပ်မက်နဲ့ မျော်လင့်ချက်တွေကို စုပ်ဖြဲပစ်လိုက်တဲ့ သူ့ရဲ့စကားလုံးတွေက ဆောင်းအိပ်မက်လို ကယောက်ကယက်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲနော်.. ကျတော် မျှောက်လင့်ခဲ့တယ် အိပ်မက်တွေ မက်ခဲ့ဘူးတယ် သူ့အတွက်ကြိုးစားခဲ့တယ် အခုဘာလုပ်ရမှာလည်း ဘာပြောရမှာလည်းဖြစ်နေပြီလေ။ တက္ကသိုလ်မှာ နှစ်တွေအကြာ နေ့ပေါင်းများစွာ အတူရှိခဲ့ဘူးကြတယ် ဘယ်သူမှမသိတဲ့ အချစ်တွေနဲ့ ချစ်ခဲ့ဘူးကြတယ် ဖန်တီးခဲ့ကြဘူးတယ် သူပြောလိုက်တဲ့ လမ်းခွဲစကားအပြီးမှာ ကျတော် သတိတစ်ခုရလိုက်တာက ကျောင်းတုန်းက သူငိုခဲ့တဲ့ နေ့လေးတစ်ခုကိုပေါ့ ကျတော်က သူ့အဆောင်ကိုနေ့တိုင်းသွားတယ် နေ့လည်ဆို ထမင်းအတူစားခဲ့ကြတယ် တစ်နေ့တော့ ကျတော်ကသူ့ကိုဘာမှမပြောပဲ သူ့အဆောင်ကို ညနေသွားနေကြ (6)နာရီလောက်မှာ မသွားခဲ့ဘူး သူမျှော်နေခဲ့တယ် သူကျွန်တော်မလာလို့ ထမင်းအတူစားဖို့စောင့်နေခဲ့တယ် မလာနိုင်တဲ့အကြောင်းကို သူ့ကိုမပြောမိလိုက်ဘူး အဲဒီနေ့မှာ သူငိုခဲ့တယ် ကျတော်မလာလို့တဲ့ လာနေကြအချိန်သူသတိရနေတက်ခဲ့တာပေါ့ အခုအဲဒီလို ခံစားမှုမျိုးတွေက တစ်ခြားသောသူစီမှအပ်နှံလိုက်လေပြီလား ကျတော်မေးကြည့်လိုက်ပါတယ် အတိတ်ကိုမေ့လိုက်ပြီတဲ့ မေ့လို့ရအောင်မေ့ပြီး ရင်ခွင်သစ်မှာ သူပျော်မယ်တဲ့ အရင်အချိန်တွေက သူ့အတွက် အတိတ်တစ်ခု အိပ်မက်တစ်ခုတောင်မဟုတ်တော့ဘူးလား သူအတိတ်ကို အဆိပ်ခက်လိုက်ပြီလား အဲဒီအချိန်တွေက သူပေါ်ကျတော် အရမ်းကောင်းခဲ့လွန်းလို့ အတိုင်းထက်လွန် လိုက်လျောပေးခဲ့ခြင်းပါတဲ့ အဲဒါအချစ်မဟုတ်ပါဘူးဆိုတဲ့ စကားလုံးလေးနဲ့ ကျတော့်ရင်ဘက်ပေါ်ကို မီးလောင်ဗုံးများစွာပစ်တင်ခဲ့တာပါပဲ  ကြာမြင့်တဲ့အချိန်ကာလတစ်ခုက စကားပြောသွားတာလား နှစ်သစ်ကူးညတစ်ညမှာ နှစ်ယောက်အတူရှိခဲ့ဘူးတယ် ယခုနှစ်သစ်ကူးမှာ သူကျတော့်ကိုပြစ်သွားခဲ့တယ် နှစ်သစ်ညက အသဲကွဲခဲ့ရတာပေါ့ဗျာ။

7 comments

  • Mr. MarGa

    January 2, 2013 at 9:15 pm

    ကွဲတဲ့အသည်းကို နှစ်သစ်မှာ ပြန်ကုစားပေါ့ကွယ်
    နှစ်သစ်အတွက်
    လူသစ် စိတ်သစ် ရည်မှန်းချက်သစ် နှလုံးသား အသစ်နဲ့ ဆက်လျှောက်ပေါ့ကွယ်

  • မောင်ပေ

    January 2, 2013 at 9:35 pm

    နေတတ်သလို နေပါတော့….
    နေတတ်သလို နေပါတော့ကွယ်လဟယ်ဟယ်….
    ( ခရက်ဒစ်တူ လင်းလင်း တေးရေး ၊ တေးဆို )

  • P chogyi

    January 3, 2013 at 9:11 am

    နှစ်သစ်မှာ အချစ်သစ်နဲ့ လန်းလိုက်ပါ။
    ချစ်သူဆိုတာ ခဏပါ၊ အိမ်ထောင်တစ်ခုတည်ဆောက်ပြီးမှ
    မပြိုကွဲဖို့ပဲအရေးကြီးတာပါ။

  • Mon Kit

    January 3, 2013 at 10:45 am

    နှစ်ဦးသားက အနေဝေးတော့ နီးရာလူနဲ့ ပါသွားတာပေါ့ကွယ်..

  • Shwe Tike Soe

    January 3, 2013 at 12:43 pm

    အသည်းကွဲတာတော့ ချစ်သူပစ်သွားလို.အသည်းကွဲပေါ့ဗျာ..
    ဒါပေမယ့် ယောင်္ကျားလေးပဲ.. မာမာနေလိုက်ပါ ကိုကို ..
    ချစ်တတ်ကြင်နာတတ်တဲ့ နှလုံးသားတစ်စုံနဲ. သေချာတဲ့ဘဝတစ်ခုနဲ. ရပ်သာစောင့်နေလိုက်..
    အဲလိုကိုယ့်ဘဝထဲကို ဝင်လာရဲတဲ့ မိန်းကလေး ကို ချစ်ပစ်လိုက် ကြင်နာပစ်လိုက်..
    မဝင်လာရဲတဲ့သူကို ဝင်လာအောင်ဇွတ်လုပ်နေရင်တော့ အသည်းက ဆက်ကာဆက်ကာကွဲနေအုံးမှာပဲဗျို.

  • surmi

    January 3, 2013 at 2:10 pm

    အချစ်ဆိုတာ ရီးစားဘဝမှာပဲ အသုံးဝင်တာ
    အိမ်ထောင်သည်ဖြစ်ရင် မြောင်းထဲရောက်သွားပါရောလား
    ဒီတော ့….. အဆင်ပြေမဲ ့ မိန်းမတစ်ယောက်သာ ကောက်ယူလိုက်
    ဒါဆို ….. ချုပ်လို ့မရတဲ ့အသည်း နောက်တစ်ခါမကွဲတော ့ဘူး

    ပုံ/
    ကလေးနှစ်ယောက်အဖေ

Leave a Reply