ကဗျာ ခါးခါး

နိုင်နိုင်February 2, 20131min1727

ကဗျာက အဆိပ်သင့်လူ…
နှလုံးသားအဝမှာ ချိန်ကိုက်ဗုံးနဲ့
အချိန်တွေသက်မှတ် သူထွက်သွားတော့မယ်
ငါ့အနား တစ်သက်တာ…။
နှစ်တွေအကြာ အနေတွေဝေး…
အချိန်က စကားပြောလိုက်တာလား
လမ်းခွဲစကား…။
အတိတ်ရဲ့ နေ့တွေ သူမေ့လိုက်ပြီ
ကာရံမညီ ငါ့နှလုံးသားတွေ
တစ်စစီ…။
အမှတ်တရ ခါးသီးဆုံးည
နောက်ထပ်တစ်ကြိမ် နှစ်သစ်ကူးပြီ
ငါ့ရဲ့ စိတ်တွေ ဆောက်တည်ရာမဲ့
ယောက်ယက်ခက်လို့ နေလေပြီ..
အသဲကွဲတာ မဟုတ်ဘူး..
ဘဝကွဲတာ
တစ်ခြမ်းပဲ့ ဘဝ
ငါ ဘယ်ကို ဘယ်လမ်းကို
မျှော်လင့်ချက်တွေ သေကုန်ပြီ….။
မင်းပြောထွက်တဲ့ စကား
မုန်တိုင်းကို သနားသေးရဲ့
ငါ့ဘဝကို ခါးသက်စေခဲ့
မျှော်လင့်ခဲ့ ညတွေ
နေဝင်နေပြီ …. သူထားရစ်ခဲ့လေပြီ
အချစ်နဲ့ ဘဝခါးသီးသွား
ကော်ဖီခါးခါး ငါ့အတွက်ဆိုရင်
ဒီကဗျာဟာလည်း ကဗျာခါးခါးပေါ့
(ကျတော့်ဘလော့ဂ်မှ ကူးယူဖော်ပြသည်)

7 comments

  • ခပ်မိုက်မိုက် ကောင်မလေး

    January 2, 2013 at 8:27 pm

    အတိတ်ရဲ့ နေ့တွေ သူမေ့လိုက်ပြီ
    ကာရံမညီ ငါ့နှလုံးသားတွေ
    တစ်စစီ…။
    အမှတ်တရ ခါးသီးဆုံးည
    နောက်ထပ်တစ်ကြိမ် နှစ်သစ်ကူးပြီ
    ငါ့ရဲ့ စိတ်တွေ ဆောက်တည်ရာမဲ့
    ယောက်ယက်ခက်လို့ နေလေပြီ….။။
    စာသားလေးတွေအရမ်းကောင်းလို့ အားပေးသွားပါတယ်နော်……..။

  • Mobile

    February 2, 2013 at 8:15 pm

    ကိုချစ်ကောင်းရဲ့ ကော်ဖီခါးခါး
    ကိုအငဲရဲ့ အချစ်ခါးခါး
    ကိုနိုင်နိုင်ရဲ့ ကဗျားခါးခါး
    ကျုပ်လဲ မောင်မိုဘိုင်းရဲ့ တမာရွက်ခါးခါး ဆိုပြီး တမာရွက် ခါးတယ်ဆိုတဲ့ အကြောင်းလေး
    နောက်များမှရေးအုံးမယ်ဗျ။
    ကဗျာလေးက ဖတ်လို့ကောင်းပါ၏။

  • မောင်ပေ

    February 2, 2013 at 9:31 pm

    ကဗျာခါးခါး
    အသာထားသွား
    မသာသွားစား
    တဏှာများကား

  • ကဗျာက ခါးတယ် ၊၊၊၊
    ကောဖီလည်း ခါးတယ် ၊၊၊၊၊
    ဒါပေမယ့် ၊၊၊၊၊
    သကြား မကြိုက်ဘူး ၊၊၊၊၊

    • Mr. MarGa

      February 3, 2013 at 5:27 pm

      သကြားက ကဗျာ ခါးခါးကို ကြိုက်တယ်
      သို့သော်
      ကော်ဖီ ခါးခါးတော့ မကြိုက်
      ကဗျာ ခါးခါးကို ဆေးလိုမှတ်ကာ
      မကြိုက်သော ကော်ဖီ ခါးခါးနှင့် တွဲ သောက်သွားပါတယ်

      • နာ ပေါဒဲ့ …
        သကြား ဆိုဒါလေ …
        နှီကို ပေါဒါ ဟုတ်ဘာဘူး …. ဟီးးဟီးး
        ဟို … ဟို … သကြားကို
        ထုထောင် ပစ်လိုက်ချင်တယ်လို့ ပေါဒါ … ဟီးးဟီးး :mrgreen:

        • Mr. MarGa

          February 3, 2013 at 5:40 pm

          ပီးတာပါပဲ
          သိကြားကိုတော့ လာမစနဲ့နော်
          ဝရဇိန်က အဆင်သင့်ပဲ

Leave a Reply