သံယောဇဉ်ကိုဖြတ်မဲ့ ဓါး

ချစ်သူ နင် တစ်ခါလောက်
ငါ့အတွက်ဆိုပြီး စဉ်းစားပေးကြည့်ဖူးလား
တစ်ခါတလေ နင် မကျူးလွန်ပါဘူးပြောနေပေမဲ့
ငါ့ရင်နာလောက်တဲ့စကားလုံးတွေ
ထွက်ကျဖူးတာရော
နင် သတိမထားမိဘူးလား ဟာ

့နင် ထင်သလိုဖြစ်ပြီးပျက်
အခုတွေ့အခုချစ်ဇတ်လမ်းမျိုးမဟုတ်ဘူးနော်
ဒီရင်ဘက်နဲ့ရင်းပြီး
နှလုံးသားတစ်စုံကြောင့် ချစ်ခဲ့မိတာပါ။

နင့် ကို ချစ်မိလို့ဒီလောက်ခံစားရမယ်သိခဲ့ရင်
ငါ့ နှလုံးသားကတိုးထွက်လာတဲ့
ဒီသံယောဇဉ်ကို
ငါ့ မာန နဲ့ရအောင်စတေးပြစ်ပါတယ်။
ဖြစ်ပြီးရင်ပျက်တက်တဲ့ အချစ်ဆိုရင်
အသည်းကွဲဇတ်လမ်းတောင်
ငါ မကြည့်ခဲ့ဖူး..။

ငါ တို့နှစ်ယောက် အနာဂတ် ဘယ်လိုဖြတ်သန်းရမယ်
ဘယ်လိုရှေ့ဆက်ရမယ်
ငါ နင့် အပေါ်ဘယ်လိုဂရုစိုက်ရမယ်
အဲ့လိုပဲ ငါ တစ်ယောက်ထဲတွေးနေတက်တာပါ။

့ဒါပေမဲ့ အချစ်က ငါ ထင်သလိုမချိုမြိန်ဘူး
အဝင်ချိုးပြီး ရောက်ရှိလာတာနဲ့ မူးဝေ တက်စေတဲ့
ဝိုင်.တစ်ခွက်လိုပဲ
သောက်နေတဲ့အချိန်လေးသာအဆင်ပြေနေပြိး
ထ.သွားချိန်မှာ ပြစ်လဲ ကျမလောက်ခံစားရတယ်

ငါ တို့နှစ်ယောက်ချစ်ခြင်လဲ အဲ့လိုပဲ
ချစ်နေကြစဉ် လေးဘဲ အဆင်ပြေနေတာပါ
နင် ရဲ့အပြုအမူတွေပြောင်းလွဲလာတဲ့အချိန်မှာတော့
မူးဝေ နေပြီးရှေ့ဆက်ရမဲ့အနာဂတ်တွေပါ ပျောက်ရှကုန်ပြီလေ..။

ချစ်သူ ငါ စိတ်ဆိုးအောင်ပြောပါ
ဒါပေမဲ့ စိတ်ကုန်အောင်တော့မပြောပါနဲ့
ငါ အရမ်းမုန်အောင်ပြောပါ
ဒါပေမဲ့ ငါ အရမ်းစိတ်နာအောင်တော့ မလုပ်မိပါစေနဲ့
တစ်ခါတလေ ဥပေက္ခာ အပြုခံရတာတွေ
များလာတဲ့အခါ
အဲ့ဒိလူကစိတ်နာလာတက်တယ်
အဲ့ဒိစိတ်နာမူနောက်ကွယ်မှာ
မာန.ဆိုတဲ့အရာက ဓါး ကောင်းကောင်းတစ်ချောင်းကို
ကိုင်ပြီးစောင့်နေတက်တယ်

အဲ့ဒိ မာန ဆိုတဲ့ ဓါး ကသံယောဇဉ် ဆိုတဲ့
ကြိုးကိုဖြတ်တောက်ဖို့ အတွက်
ဝန်လေးနေမှာမဟုတ်ဘူး…….ချစ်သူ..

သူငယ်ချင်းအားလုံးကိုထာဝရခင်မင်လျက်ပါ..။ ။ မိုက်လေး

0462512403542_403822912997355_213662028_n

10 comments

  • Mr. MarGa

    January 2, 2013 at 9:18 pm

    ဪ မာန မာန
    မာနက လူကို အမြင့်ဆုံးရောက်အောင် လဲ ပို့ပေးနိုင်သလို
    အနိမ့်ဆုံးကိုလဲ ဆွဲခေါ်တတ်သကွဲ့
    သတိထားဖို့ပါ

  • ခပ်မိုက်မိုက် ကောင်မလေး

    January 2, 2013 at 9:36 pm

    ဟုတ်ကဲ့ပါ..။
    အားပေးသွားလို့ကျေးဇူးပါနော်….။

  • ခင်ခ

    January 3, 2013 at 11:36 am

    စိတ်ဆိုးရင် ပြေနိုင်ဖို့ လွယ်ပေမဲ့
    စိတ်နာရင် ပြေနိုင်ဖို့ ခက်တယ်ကွယ်။
    ဒါကြောင့် တစ်ဦးနဲ့တစ်ဦး စိတ်နာအောင်တော့
    မပြောကြ မလုပ်ကြ ဖို့လိုမယ်လေ။

  • ခိုင်ဇာ

    January 3, 2013 at 12:43 pm

    သံယောဇဉ်ကို ဖြတ်နိုင်တဲ့ “ဓား” ဆို၊ လိုချင်လို့ ဝင်ကြည့်တာ။
    “မာန” ဆိုတာကို ပြောတာကိုး။
    တကယ်တော့ အဲဒီ “မာန” ဆိုတာ ဟိုဘက်က အချစ်စိတ်ကို လျော့စေတဲ့ အကြောင်းတရားဖြစ်သွားပြီး ဒီဘက်က သံယောဇဉ်ကို ဖြတ်တဲ့ “ဓား” တော့ မဖြစ်ခဲ့ပါဘူး ခပ်မိုက်မိုက်ကောင်မလေးရယ်။ :mrgreen: :mrgreen:

  • ကိုရင်စည်သူ

    January 3, 2013 at 2:19 pm

    ဦးစည်မှာတော့ မာနဆိုတာ လုံးဝရှိဘူး.. မိုက်မိုက်လေးရဲ့

    ဂျစ်အကြွေးတွေပဲချိလို့.. တူတူလာဆပ်လိုက်ပါရား.. ကွိကွိ.. :kwi:

  • အလင်းဆက်

    January 3, 2013 at 8:41 pm

    မိုက်လေး..ကတော့…
    စာသားလေးတွွှေလည်း…မိုက်တယ်..ဗျာ ။

  • athwe lay

    January 3, 2013 at 9:51 pm

    မာနဆိုတာ ထားသင့်တဲ့အရာမဟုတ်လို့ ။မရှိတာကောင်းမယ်ထင်တယ်နော်။အားပေးသွားပါတယ်။မာနဆိုတာဓါးတစ်လက်လိုထက်တယ်ဆိုတာကိုတော့လက်ခံတယ်ဗျာ။

  • ခပ်မိုက်မိုက် ကောင်မလေး

    January 3, 2013 at 10:02 pm

    အားပေးဖတ်ရှူကြလို့ ပြေနေကြစကားလေးတစ်ခွန်းပြောရဥိးမယ်..။ ကျေးဇူးတင်ပါတယ်…..(အော်ပြောမည်)
    ကျေးဇူးအထူးတင်ပါသည်.။..ခိခိ

  • မောင်ပေ

    January 4, 2013 at 9:45 pm

    သီချင်းတစ်ပုဒ် နားထောင်လိုက်ရသလိုပါပဲကလား
    :kwi:

  • ခပ်မိုက်မိုက် ကောင်မလေး

    January 6, 2013 at 8:18 pm

    အင်းဖြစ်နိုင်တယ်……။
    မိုက်လေး..အပြီကြွေပြလိုက်တာလေ….
    ဦးပေ….ရဲ့…..ေိေိ

Leave a Reply