သင် ဆိုရင်ဘယ်လိုဖြေမလည်း

အိမ်မှာ ကျွန်တော်ကအငယ်ဆုံးပါ မေမေ ကတော့အဆိုးဆုံးလို့လဲပြောပါတယ်။
ကျွန်တော်..၈..နှစ်သားအရွယ်လောက်က
ဖြစ်ရက်လေးတစ်ခုပါ..။
ကျွန်တော်က ၈ နှစ်သားအရွယ်ဆိုတော့ ကျောင်းတက်နေစဉ်တုန်းကပေါ့နော်.။
အကိုတွေအစ်မတွေက အရွယ်ရလာတော့ အလုပ်တွေလုပ်ကိုင်နေကြပြီပေါ့.။
သူတို့တွေအလုပ်သွားတဲ့အချိန် အိမ်မှာ ဖေဖေ ရယ် မေမေ ရယ် ကျွန်တော်ရယ်
သုံးယောက်ပဲကျန်ခဲ့ရပါတယ်…အကိုတွေ အစ်မတွေက အလုပ်လုပ်နေကြလို့
၁၂ နာရီထိုးမှ ထမင်းစားကြပါတယ်.။
ဖေဖေနဲ့ မေမေ ရယ် ကျွန်တော်ရယ်ကတော့ ထမင်းစားနည်းနည်းစေားသွားတဲ့နေ့တွေလည်း
ရှိပါတယ်..။တနေ့ ကျွန်တော် တို့အိမ်မှာ ဘဲသားဟင်းချက်တယ်ဗျ..။
သားမိသားဖ သုံးယောက် ထမင်းစားနေရင် ဖေဖေ ကကျွန်တော် ထမင်း ပန်ကန်ထဲကို
ဘဲသားဟင်းလေးတစ်ဖတ်ထည့်ပေးရင်း.။ မေးပါတယ် “သား အဖေနဲ့အမေ ဘယ်သူ့ကိုပိုချစ်လဲတဲ့..”
ကျွန်တော် မေမေ ကိုတစ်ချက်မော့ကြည့်လိုက်ပါတယ်..။ မေမေ ကခေါင်းငုံးလိုက်ပြီး ထမင်းဆက်စားနေပါတယ်.။
အဲ့ဒိအချိန်မှာ ကျွန်တော် ပြန်ဖြေလိုက်ပါတယ်.။ အမေ့ ကိုပဲပိုချစ်တယ်လို့…။
ဖေဖေ ကဘာမှ မပြောပါဘူး နောက်ထပ်တစ်ခါ ဟင်းတစ်ဖက် ထပ်ထည့်ပေးရင်း မေးပြန်တယ်..။
“သား အခုနေချိန် အဖေနဲ့အမေ နှစ်ယောက်ထဲက တစ်ယောက်သေပေးရမယ်ဆိုရင် သား ဘယ်သူကိုသေးခိုင်းမလဲ” တဲ့
ဒီတစ်ခါတော့ ကျွန်တော် ထမင်းစားမပျက်ပဲ ပြန်ဖြေလိုက်မိတယ်..။ “သား ကအမေ့ ကိုပဲချစ်တာ သေမဲ့သေ အဖေ့ ဘဲသေခိုင်းမှာပေါ့”
ကျွန်တော် အဲ့လိုဖြေလိုက်မိပါတယ်.။ ဖေဖေ ကတော့ဘာမှမပြောပါဘူး ။ ဒါပေမဲ့ စားနေတဲ့ထမင်းကိုတော့ ဆက်မစားတော့ပါဘူး။
လက်ဆေးပြီး.ထ.သွားပါတယ်..။ အဲ့လိုနဲ့ ထမင်းစားပြီး လို့ ညအိပ့်ယာဝင်တော့ မေမေ ကကျွန်တော် ခေါင်းလေးကို
လက်ဖြင့် ပွတ်သက်ရင် ပြောပါတယ်..။ ” သား နေ့လည်ခင်းက မင်း ဖေဖေ ဘာဖြစ်လို့ထမင်းစားရက်သွားတာလဲသိလား”
ကျွန်တော်ကတော့ ကလေးအတွေးနဲ့ “ဗိုက်ပြည့် နေလို့ပြောတယ်လေ အမေကလဲ” အမေက “မဟုတ်ဘူး သား မင်းဖြေလိုက်တဲ့
အဖြေကြောင့်ထမင်းဆက်မစားနိုင်တော့တာ နောက်ကို အဲ့လိုမပြောရဘူးနော် မင်း အဖေ မင်း ရှေ့မှာမျက်ရည်ကျပြပေမဲ့
သူ့ ရင်ထဲမှာဘယ်လောက်ထိ ငို ကြွေးသွားမလဲ မင်း တနေ့ကြရင် သိလား လိုက်မယ်သ သား” မေမေ ကအဲ့လိုပြောပါတယ်
မေမေ ကိုပိုချစ်တယ်ပြောလိုက်မိလို့ ကျွန်တော့် မေမေ ဝမ်းသာနေမယ် ထင်ခဲ့မိပါတယ်.။
ကျွန်တော် ထင်သလို မေမေ ဝမ်းသားမနေပါဘူး.။ငယ်ရွယ်စဉ်မှာ ကျွန်တော်မှာ မှားခဲ့ဖူးတဲ့ အဖြေတစ်ခုကြောင့်
ကျွန်တော် သိတက်နားလည်လာတဲ့အချိန်မှာ အရမ်းကိုခံစားရပါတယ်.။
ကျွန်တော် ကငယ်ငယ်မို့ လိမ်ညာမပြောတက် လို့ရင်ထဲရှိတာပြောလိုက်မိတာ.။
ဖေဖေ ခွင့်လွှတ်ပေးသွားခဲ့ပေမဲ့ ကျွန်တော် အခုချိန်ထိ တွေးမိတိုင် မျက်ရည်ကြမိပါတယ်။
ကျွန်တော် အဖေ ၁၃၆၃ ခုနှစ်က ကွယ်လွန်သွားခဲ့ပါပြိး
ကျွန်တော် မှားတဲ့အမှားတစ်ခုကို ပြင်ဆင်ခြင်ပေမဲ့ အရမ်းနောက်ကြ သွားတယ်ထင်မိပါတယ်။
ဟိုအရင် ငါ ဖေဖေ ကိုဖြေခဲ့ဖူးသလို နောင်တချိန် ငါ မွေးလာတဲ့သားသမီး အဲ့လိုများဖြေခဲ့ရင် ငါ ကိုတိုင်ခံနိုင်ရည်ပါ့မလား။
ကျွန်တော် တွေးကြည့်မိတိုင် အဖေ့ အတွက် ဝမ်းနည်းရပါတယ်။
တမလွန်မှ ဖေဖေ ကိုဦးညွှတ်ကန်တော့ရင်း ကျွန်တော် ဒီ ပို့ဒ်လေးကို တင်ပေးလိုက်ပါတယ်နော်.။
ဘယ်သူဖြစ်နေပါစေ။ကျွန်တော့် လိုအဖြေမမှားစေခြင်လို့ပါ.။
လိမ်မပြောတက်ဖူးဆိုရင်တောင် ကျွန်တော် အဲ့ဒိအချိန် ဖြေသင့်တဲ့စကားက ဖေဖေနဲ့မေမေ နှစ်ယောက်စလုံးအသေမခံနိုင်ဘူးပြောရမှာပါ
ဒိ ပို့ဒ် လေးကိုဖတ်ပြီး ကျွန်တော့် ကိုမေတ္တာ ပို့ရင်လဲ ကျွန်တော်ခံပါ့မယ်.။
ဒီလောက်နဲ့မကျေနိုင်ဘူးလို့လဲ ကိုယ့်ကိုကိုယ် သတ်မှတ်ထားပါတယ်.။

ချစ်သူငယ်ချင်းအားလုံး အဖေနဲ့အမေ့ အပေါ်စာနာ နားလည်ပေးတက်ပြိး.။
လိမ္မာယဉ်ကျေးတဲ့ သားသမီး ကောင်းလေးတွေဖြစ်နိုင်ကြပါစေလို့..ကျွန်တော်ဆုတောင်းပေးပါတယ်.။
တမလွန်မှ ကျွန်တော် ဖေဖေ လည်းကောင်းရာသုကတိလားပါစေလို့
ကျွန်တော် ဆုတောင်းပါတယ်…။

မှတ်ချက်.။ ။ ဒီ ပိုဒ့် လေးကိုဖတ်ပြီးသင်ခန်းစားရသွားစေခြင်လို့ပါ
မိုက်လေး…ရဲ့ကိုပိုင် ပို့ဒ် တော့မဟုတ်ပါဘူး သူငယ်ချင်းကောင်လေးတစ်ယောက်ရဲ့
တကယ့် အဖြစ်ပျက်လေးတစ်ခုပါ.။ မန်ဂေဇတ် ကရွာသူရွာသားတွေ ဖတ်စေချင်လို့ တင်ပြလိုက်ရတာပါ.။
အားလုံးပဲထာဝရပျော်ရွှင်နိုင်ကြပါစေနော်…….။36613_378214522255907_822649316_n

601451_121248701359471_725508744_n

25 comments

  • တကယ်က ….
    အဲ့ဒီလို မေးခွန်းမျိုးကို ရှောင်ရှားသင့်ပါတယ် ….။
    ကျနော့်ကိုလည်း ငယ်ငယ်က မေးခဲ့ဖူးပါတယ် …
    ဒါပေမယ့် အပြင်က လူတွေက စသလိုလို နောက်သလိုလိုနဲ့ မေးခဲ့တာပါ ….
    အချို့ ကလေးတွေ အတွက် အတော် အဖြေရကျပ်စေတဲ့ မေးခွန်းမျိုးပါပဲ …
    ခုချိန် လာမေးလို့ကတော့ ….
    တူတူ ချစ်တယ်လို့ ဖြေမှာပါ ……။
    သူငယ်ချင်း ကောင်လေးကိုလည်း ဖြစ်ပြီးသား အတိတ်ကို
    မေ့ပစ်နိုင်အောင်ပဲ ကြိုးစားလိုက်ပါလို့ တိုက်တွန်းလိုက်ပါကြောင်း …..။
    ဒီပို့စ်လေးကိုလည်း အားပေးဖတ်ရှုသွားပါတယ် ခပ်မိုက်မိုက် ကောင်မလေးရေ …..။

  • အရီးခင်လတ်

    January 3, 2013 at 3:43 am

    ကလေးဆိုတာကတော့ လက်သာရာ အလိုလိုက်သူကို ပိုချစ်တယ်လို့ ထင်ရတာပါဘဲ။
    မိဘ နှစ်ယောက် ထဲက တစ်ယောက်ယောက်ကို ပိုချစ်တာ ဘာဖြစ်လဲ လို့။
    “ဘယ်သူ့ကို သေခိုင်းမလဲ” ဆိုတာက တော့ မမေးသင့်တဲ့ မေးခွန်းပါဘဲ။

    တကယ်တော့ မိဘ ဆိုတာကလဲ သားသမီးလေးတွေ အတွက် တစ်သွေး တစ်သား ထဲ အတူတူ ဖြစ်နေရမှာပါ။
    ဒီတော့ အမေ့ကို ပိုချစ်တယ်ဆိုလဲ အဖေက ဝမ်းမြောက်၊ အဖေ့ကို ပိုချစ်တယ် ဆိုလဲ အမေက ဝမ်းမြောက်ပေါ့။
    သူ့ဟာသူ အဖေ့ကိုပိုချစ်ချစ်၊ အမေ့ကို ပိုချစ်ချစ် ကိုယ်က သူ့ကို အကြွင်းမဲ့၊ အနှိုင်းမဲ့ ချစ်ဖို့ ဘဲလိုတာမဟုတ်လား။
    သားသမီး အတွက် တကယ်ဘဲ ပေးဆပ်နေသူတွေ ဆိုရင် သူတို့ဆီက ဘာ မျှော်လင့်စရာတွေ ထားဦးမှာလဲ။

    တစ်ခုတော့ရှိတယ်။
    ကိုယ့်မေတ္တာမှန်ရင်/စစ်ရင် အဲဒီ မေတ္တာကို မှန်မှန်ကန်ကန် ပြတတ်ဖို့တော့လိုမယ်။
    ကိုယ့်ကို ပိုမချစ်ရင် ဘာကြောင့်လဲဆိုတာ ပြန်တော့ သုံးသပ်ကြည့်ပေါ့။
    ကိုယ့်ကို ချစ်ဖို့အမြဲအလိုလိုက်နေစရာ မလိုသလို ကိုယ့်ကို ကြောက်ဖို့အမြဲတင်းကြပ်နေစရာလဲ မလိုပါဘူး။

    အရီးသာ ဆိုရင် ကလေးကို သူ့စိတ်ထဲရှိရာ အမှန်ကိုဘဲ အဖြေပေးစေချင်ပါတယ်။
    အရီးရဲ့ မတူသောအမြင်ပေါ့ သမီးရေ။
    :hee:

  • kai

    January 3, 2013 at 4:29 am

    ကလေးဆိုတာက.. ဦးနှောက်အသိညဏ်မှ..မဖွံ့ဖြိုးသေးတာပဲ..
    ဦးနှောက်ဖွံ့ဖြီုးအောင်.. ကြွေးရမယ့်.. အသားဓါတ်မပြည့်မှီအောင်.. အူကြောင်ကြောင်လုပ်ခံထားရတဲ့.. … ရှေးစွန်းစွဲနေသူတို့တိုင်းပြည်.. သက်သတ်လွတ်..အမဲသားမစားရပြည်ဆို.. သာဆိုးသေး..(ကြုံတွယ် စကားချပ်) :kwi:
    အဲလို..တိုင်းပြည်က.. ကလေးကို.. အသိညဏ်ပြည့်တဲ့..လူကြီး(အဖေ) က..အဲလိုမေးခွန်းမေးတယ်ဆိုကတည်းက…
    ဖြေရတဲ့ကလေးမှာ.. အပြစ်ဆိုလို့.. စိုးစဉ်းမျှမရှိ…
    ကလေးအဖေနဲ့.. အဖေရဲ့..အဖေ(အဖိုး)အပေါ်မှာသာ.. အပြစ်ပုံချလိုကြောင်းရယ်.. :harr:

  • မောင့်ကျက်သရေ ဂီ့

    January 3, 2013 at 5:04 am

    ဟီဟိ
    အမဲသား အမဲသား.
    ကတ်စတမ်မာ နဲ့ဒင်နာတိုင်းမှာ.
    သူရို့လုပ်တဲ့ထမင်းကို သူရို့အသားနဲ့ စားတာဟာ
    အင်မတန်ရက်စက်လှ တာမို့ရှောင်ကျဉ်တယ် ဆိုတဲ့
    လူယဉ်ကျေး ဘာမန် စတိုင်ချိုးပြကြတဲ့ မမတွေ သွားသတိရတယ်.

    ချဉ်ထှာ.
    ဟတ်ကောင်မတွေရေ့.
    ဒီကနွားတေက အလုပ်မလုပ်ဘူး.
    ဘီယာတိုက် မာဆာ့ဂျီ ပေးပီးမွေးထားတာ စားစား.
    စားကောင်းတယ်ကွယ့်.

    အကုသိုလ်မကြီးအောင် အမဲသားစားကြဟဲ့.
    ဟုတ်တယ်လေကွယ် ညည်း တို့နွားမစားတော့.
    ကြက်တွေ ဝက်တွေ ပိုသေပေးနေရတာပေါ့.

    ဒက်ဂလောက် ဒက်ဂလောက်

  • အလင်းဆက်

    January 3, 2013 at 7:37 am

    မေးခွန်းကလည်း..ကြောက်ချာကြီး ။
    အဖြေကလည်းကြောက်ချာကြီး ။

    ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    လို့ပဲ.သက်ပြင်းကြီး.ချ သွားပါကြောင်း……

    ===========

  • တကယ်အားမနာတမ်းပြောရရင်
    မမေးသင့်တဲ့မေးခွန်းကို မေးတာကိုးဗျ.
    နောက်တစ်ချက် ဘဲသားဖတ်ကလေးထည့်ပေးပြီးမေးတာက လည်း ကလေးအဖြေကို အမှန်မထွက်အောင်
    လာဘ်ထိုးပြီးမှ မေးသလိုဘဲ။
    လူကြီးမှားတာဗျာ

    • နွေဦး

      January 5, 2013 at 1:05 pm

      အမေ့ကို ချစ်လို့ အဖေ့ကို သေးခိုင်းလိုက်တာ အဓိပ္ပါယ်ရှိပါတယ်….။

      • ဘဲဥ

        January 5, 2013 at 4:28 pm

        ဟုတ်တယ်နော် …. အဟီးးးးးးးးး
        အဖေက မသေးဘဲနဲ့ ဆန့်ကြင်ဖက်သာဖစ်နေမယ်ဆို
        အမေဒေ့ါ နာဘီ….
        သေဘီချာဘဲ :harr:

  • Thu Wai

    January 3, 2013 at 10:22 am

    တော်တော်မြင်တတ်တဲ့ ကိုဘဲဥ စာစစ်အဖွဲ့မှာထားရမယ်

  • ဦးဦးပါလေရာ

    January 3, 2013 at 10:28 am

    ကိုယ့်ကိုချစ်သလားမချစ်သလားဆိုတာ မေးကြည့်ရတာမျိုးမှမဟုတ်တာ…
    လိမ်ပြောတာကြားချင်တယ်ဆိုရင်လဲ ကိုယ့်သားသမီးကိုလိမ်ခိုင်းရသလား…..
    မိဘတယောက်အနေနဲ့ သားသမီးက ကိုယ့်ကို ချစ်စေချင်တယ်ဆိုတာကိုက မမှန်တာ
    ကိုယ်ကသာနည်းမှန်လမ်းမှန်နဲ့ချစ်ရမှာ

    ကျုပ်ကတော့ မိဘတယောက်အနေနဲ့ ရဲရဲပြောရဲတယ်…..
    ကျုပ်သားသမီးတွေက (ငယ်တုန်းမှာ) ကျုပ်ကို သိပ်ချစ်မှာမဟုတ်ဘူး….
    ဒါပေမယ့် အဲဒါကိုပဲ ကျေကျေနပ်နပ်နဲ့ရွေးချယ်တယ်…။
    ကျုပ်စိတ်ထဲမှာ သိပ်သေချာတာတခုက ကျုပ်ကတော့ ကိုယ့်သားသမီးတွေကို
    အကျိုးလိုလားတဲ့မေတ္တာစိတ်နဲ့ တကယ်ချစ်တယ်..
    ဒါဆိုပြီးတာပဲ…….။

  • ခင်ခ

    January 3, 2013 at 11:33 am

    အင်း ဖတ်လိုက်ရပြီး အတွေးတွေ အတွေးတွေ ဖြစ်လာပေါ့ မိုက်လေး ရေ။
    မေးသူအပြစ် ဖြေသူအမှား စိတ်မကောင်းစရာများပါဘဲ။
    လူတွေမှာ သေချင်ကြသူနဲ့ နေချင်ကြသူ နိုင်းယှဉ်ရင် ရာခိုင်နှုန်းနီးပါး နေချင်တဲ့သူများမှာဘဲလေ
    အဲဒီတော့ သေစေချင်တဲ့အမေးကို မေးချင်ရင် ကိုယ်သေဖို့ အသင့်ရှိပြီလား အရင်စဉ်းစားပြီ မေးသင့်တယ်၊
    ပိုစ့်ခေါင်းစဉ်အရ သင် ဆိုရင်ဘယ်လိုဖြေမလဲ အခုအချိန်မှာဖြေရရင်တော့ ကျွန်တော် အရင်သေမယ်လို့ ဖေနဲ့မေ ကိုဖြေလိုက်ချင်ပါရဲ့။

  • ပန်းစံပါယ်

    January 3, 2013 at 2:10 pm

    ဒီပိုစ်လေးဖတ်ရင်းနဲ့ ရင်ထဲမှာခံစားရတယ်။ ကျမတို့လည်း မေမေ့ကိုပိုချစ်တယ်လို့ပဲပြောခဲ့ကြပါတယ်။ ကျမတို့ငယ်ငယ်တုန်းက ဖေဖေနဲ့မေမေကွဲရင် ဘယ်သူနဲ့လိုက်နေမလဲလို့ စကားအဖြစ်ပြောရင် မေမေနဲ့ပဲလိုက်နေမယ်လို့ပြောခဲ့ကြတာပါ။ ဖေဖေက စနောက်ပြီးတော့ အဲဒါဆိုရင် ဘယ်သူ ဘယ်ဝါကတော့ ဖေဖေနဲ့လိုက်နေမှာမို့လား ဘာညာနဲ့ပေါ့။ ဖေဖေ့ရင်ထဲဘယ်လိုရှိမည်တော့ မသိခဲ့ဘူးပေါ့။ ဒါပေမယ့် အခုတော့ နားလည်လာပါတယ်။
    တိုက်ဆိုင်လို့တစ်ခုပြောဦးမယ်။ ၂၀၁၂ နှစ်လည်လောက်ကပေါ့။ မေမေ နဲ့ ဖေဖေ နယ်ကိုတစ်ပတ်လောက်သွားကြတယ်။ အဲဒီရက်အတောအတွင်းမှာ ကျမတို့ဆီကိုလည်း ဖုန်းမကြာမကြာ ဆက်တယ်။ ကလေးတွေနေကောင်းလား ဘာလားပေါ့။ ကလေးတွေဆိုတာ တက္ကသိုလ်တက်နေတဲ့ ၂ ယောက်ကိုဆိုလိုတာပါ။
    တစ်ရက်မှာ (မှတ်မှတ်ရရ ကြာသပတေးနေ့ ရုံးပိတ်ရက်ပဲ) ညီမတစ်ယောက်က ခေါင်းမူးတယ်ဆိုတာနဲ့ဆေးခန်းသွားပြတော့ သွေးပေါင်တက်နေတယ်တဲ့။ အဲဒီနေ့ညကလည်း ဖေဖေဖုန်းဆက်သေးတယ်။ စိတ်ပူနေမှာစိုးလို့ မပြောတော့ပါဘူးဆိုပြီး မပြောပဲနေလိုက်တယ်။ အဲဒီနေ့ညမှာ ဆရာဝန်ပေးတဲ့ဆေးသောက်ပြီး မနက်လည်းရောက်ရော ခေါင်းကမူးတာပဲဆိုတာနဲ့ ဆေးခန်းသွားတော့ သွေးပေါင်အကျလွန်သွားတယ်တဲ့။ ကျမလည်း နေ့တစ်ဝက်ခွင့်ယူ ဆေးခန်းလိုက်ပို့။ ညီမရုံးကိုလည်း ခွင့်တိုင်ပေါ့။ ပြီးမှ ရုံးကိုအသွား ဖေဖေက ဖုန်းဆက်တယ်။ တနင်္ဂနွေနေ့ပြန်လာမယ်တဲ့ လက်မှတ်ဖြတ်ပြီးပြီတဲ့။ ဘာထူးခြားသေးလဲတဲ့။ ကျမလည်း အစကတော့ မပြောဘူးနေတာ ပြောလိုက်မိတယ်။ စိတ်ပူမှာစိုးလို့ ပြောလိုက်သေးတယ် ဘာမှထွေထွေထူးထူးဖြစ်တာမဟုတ်ဘူး။ အကျိုးအကြောင်းဒီလိုဆိုတာပဲပြောပြတာလို့ ပြောလိုက်တယ်။ ညနေကျတော့ ဖေဖေ ဖုန်းထပ်ဆက်တယ်။ ရက်ရွှေ့လိုက်ပြီတဲ့ တစ်ရက်စောပြီး စနေနေ့ပြန်ခဲ့မယ်တဲ့။ ပြန်ရောက်လာတော့ ညီမကကောင်းနေပြီလေ။ မေမေကပြောတာပေါ့။ ငြီးတို့တွေစိတ်ပူအောင်လုပ်တယ်အေ အစကတော့ ငြီးတို့အဖေ ဟိုမှာနေ့တိုင်း အာပေါင်အာရင်းသန်သန်နဲ့ စကားတွေ ဖောင်းထနေအောင်ပြောနေတာ။ အဲဒီဖုန်းပြောပြီးကတည်းက ငြီးတို့ဖအေ မျက်နှာပျက်သွားပြီး ထမင်းတောင် ကောင်းကောင်းမစားနိုင်ဘူးတဲ့။ ညလည်း ကောင်းကောင်း မအိပ်နိုင်ဘူးတဲ့။ အဲဒီညီမက အသက်၃ဝ လောက်ရှိနေပြီ။ ဒါတောင်အဲလိုဖြစ်တယ်ဆို ကျန်တာတော့ ဆိုဖွယ်မရှိတော့ပါဘူး။ ဖေဖေအဲဒီလိုဖြစ်တယ်ဆိုတော့ ပြောမိတဲ့ကျမလည်း စိတ်မကောင်းဖြစ်မိတာပေါ့။ ပြောမိတာမှားတယ်လို့ပဲ မိမိကိုယ်မိမိ အပြစ်တင်ပြီး နောင်ဆင်ခြင်ဖို့ပဲ စိတ်ထဲမှတ်ထားလိုက်ရတယ်။

  • surmi

    January 3, 2013 at 2:52 pm

    ဖခင်တစ်ယောက်ရဲ ့အမြင်ကိုပြောပါမယ်
    မေးတဲ ့သူကို ရှုံ ့ချပါတယ် ။ အဖေလုပ်သူရဲ ့အမြှော်အမြင်နည်းပါးမှုကြောင် ့
    သားသမီးတွေမှာ တစ်သက်ပတ်လုံးစိတ်ထဲခံစားရတယ် ။
    ပြီးတော ့ လူကြီးဖြစ်ပြီး မပြည် ့ဝတာကိုမြင်မိတယ် ။ ဘယ် ့နယ် အသိဥဏ်မရှိသေးတဲ ့
    ကလေးစကားကိုများ စိတ်ကောက်ပြီးထမင်းမစားရတယ်လို ့ဗျာ …
    ဒါကြောင် ့သဂျီးကပြောတာ …..
    နောက်ပြီးကလေးကိုချောင်ပိတ်မေးခွန်းထုတ်တယ် ။ဒါမဖြစ်သင် ့ဘူး
    ကျုပ်တို့ ့နိုင်ငံ ကကောင်တေ ွ ဒီလိုပဲလားမသိဘူး
    ကျုပ်ငယ်ငယ်ကလည်း ချောင်ပိတ်မေးခွန်းတွေ အမေးခံရတယ်
    အတင်းအဖြေထုတ်ခိုင်းတယ် ။ပြီးတော ့ အနိုင်ကျင် ့ပြီး စ တယ်…နောက်ပြောင်တယ် ။
    မခံမရပ်နိုင်တဲ ့အခါမှာ ကလေးကတုန် ့ပြန်တယ် ဒီတော ့ ကလေးကို
    ရိုက်ကြတယ် ။ စဉ်းစားကြည် ့ သူတို့ ့ပျော်ဖို ့ကလေးကငိုပေးရတယ်။
    ဘယ်လောက်အသုံးမကျတဲ ့ လူတွေလည်းဆိုတာ ။
    မိဘက ကိုယ် ့ကလေး ဆဲ တော့ မိုက်ရိုင်းတယ်ဆိုပြီး အရေးယူတယ်
    တကယ်က မိုက်ရိုင်းအောင်လုပ်သွားတာ ပတ်ဝန်းကျင်က လူကြီးတွေ ။
    ကျုပ်ကလေးတွေကို ချောင်ပိတ်မေးခွန်းတွေမမေးသလို ဘယ်တော ့မှ
    ငိုအောင် မ စ ဘူး ။
    ဒီဖြစ်ရပ်က လူကြီးအသုံးမကျတာပါ ။ ဒီလိုမိဘတွေရှိနေသ၍ ကလေးတွေလည်း
    လူညွှန် ့တုံးနေဦးမှာဘဲ ………

  • စေပိုင်ထွဋ် (ပုသိမ်)

    January 3, 2013 at 3:01 pm

    မမေးသင့်တဲ့ မေးခွန်း
    မဖြေသင့်တဲ့ အဖြေလို့ပဲ ယူဆပါတယ်။

  • aanyar thar

    January 3, 2013 at 4:53 pm

    ဟုတ်သေးဘူးနော်…ရွာသူ ရွာသား..ဦးကြီး…ဒေါ်ဒေါ် ငါ့အစ်ကို ငါ့အစ်မတို့။…မမေးသင့်တဲ့ မေးခွန်းကို ဖခင်ဖြစ်သူက မေးတယ်ပဲ ခု့အများပြောသလို မှားတယ်ဆိုပါစို့…ဖြေတဲ့ ကလေးက အရွယ်မရောက်သေးတဲ့ကလေးဗျာ.. ကို ကိုယ်တိုင်က သူ့ဘဝလေးရဲ့ အနာဂါတ် အကောင်းအဆိုးကို လမ်းညွန်ပေးရမယ့် လက်ဦးဆရာ ၂ ပါးထဲက ဖခင်လေဗျာ…ဘာဘဝအတွေ့ အကြုံမှ့ မရှိ့ရှာသေးတဲ့ (၈) နှစ် ဆိုတဲ့ ကလေးလေးက ဖြေလိုက်တဲ့ စကားကို ရင်သွေးငယ်လေးရဲ့ ဘဝကို အကာအကွယ်ပေးရမယ့် မဟာတံတိုင်းဖြစ်သူ ဖခင်တစ်ယောက်က ခု့လိုသေချာကြီး တွေးပြီး ခံစားသွားတာ…ကျနော် အညာသားကတော့ ဖခင် ဖြစ်သူကိုပဲ အံ့ဩပါတယ်ဗျာ..တကယ်တမ်း သူကမှ့ ကလေးအတွေး..(အဆိုတော် လေးလေးဝါးပေါ့)

  • mingaung

    January 3, 2013 at 5:38 pm

    ရွာသူရွားသားများ ရဲ့ အယူအဆတွေကို အရမ်းနှစ်သက်ပါတယ် ၊ ဒါဟာ မမေးသင့်တဲ့ မေးခွန်းလို့ ကျွန်တော်လဲ ယူဆပါတယ် ၊ ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီး ဒီလိုမျိုးမေးခွန်းမျိုး မမေးဖို့ ဆွေးနွေးထားကြပါတယ် ၊ ဒါပေမယ့် နားမလည် ပါးမလည် အပြင် က လူကြီးတစ်ယောက်က ဒါမျိုး မေးခွန်းတွေ မေးလာနိုင်ပါတယ် ၊ ခလေးတွေ ကသိကအောင့် ဖြစ်သွား သို့မဟုတ် လူကြီးတွေ ကသိကအောင့် ဖြစ် သွားရင် များ သူတို့ကသဘောတွေကျလို့ (တစ်ကယ်တော့ နိမ့်ကျတဲ့ စိတ်ထား သို့မဟုတ် ပေါ့ပေါ့လေးတွေးသူများပါ ၊ သူတို့အပြောတော့ ချစ်လို့စတယ်ပေါ့ ) ဒီလိုလူမျိုုးတွေအတွက် တော့ ကျွန်တော် တစ်မျိုးစဉ်းစားထားပါတယ် ၊ ဦးဦးရယ် ဒီမေးခွန်းက သမီးအတွက် အဖြေခက်တယ် ၊ သို့ မဟုတ် အတူတူပဲ ချစ်တယ် ၊ လို့ပြန်ပြောဖို့ပေါ့ ၊ ကျွန်တော်စဉ်းစားထားတာပါ ၊ သမီးကအခုမှ စကားစမ်းကာစပဲ ရှိသေးတော့ တကယ့်လက်တွေ့ ကျ ဘယ်လိုဖြစ်မလဲတော့ မသိသေးဘူး။ ရွာသူ ရွာသားများထဲက အတွေ့အကြုံရှိသူများ ကောင်းတဲ့နည်းလမ်းလေးများ ရှိရင် အကြံပေးကြပါ။

  • ခပ်မိုက်မိုက် ကောင်မလေး

    January 3, 2013 at 11:17 pm

    မန်ဂေဇတ် မှ ရွာသူရွာသားတွေကို..။
    အထူပဲကျေ.းဇူးတင်ရှိပါတယ်…..မိုက်လေး..သူငယ်ချင်းကိုလဲ ပြောပြပါ့မယ်.။
    အားလုံးကိုပဲကျေးဇူးတင်ပါတယ်နော်…..။
    ဒီမေးခွန်းမျိုး..မိုက်လေး..ငယ်ငယ်ကဖြေကြည့်ဖူးပါတယ်…….။
    ဖေဖေနဲ့မေမေ နှစ်ယောက်စလုံးကိုချစ်တယ်ပြောပြီး.။
    ညာစားခဲ့ပေါင်းလဲမနည်းဘူးပေါ့နော်……….ခိခိ

  • မောင်ပေ

    January 4, 2013 at 9:16 pm

    အပေါ်နှုတ်ခမ်းက ငြိမ်နေမယ်
    အောက်နှုတ်ခမ်းက လှုပ်မယ်
    အဲဒီလို ဖြေမှာပါကွယ်

  • ဦးကြောင်ကြီး

    January 5, 2013 at 12:34 pm

    သမီးအမိုက်မလေး…
    ဖေဖေကြောင်ကြီးနဲ့ မေမေကြေးမုံဂျီး ဘယ်သူ့ကို တေခိုင်းချင်လဲ…. ဟင်….

  • မိုက်မိုက်ရေ မိဘတွေဆိုတာ သားသမီးတွေရဲ့ချစ်စရာတီတီတာတာစကားသံတွေကိုကြားချင်ကြတော့။
    ကလေးတွေက မိဘတွေကိုမေးခွန်းမျိုးစုံမေးတာတွေဖြေရသလို။မိဘတွေကလည်း ကလေးတွေကို ဘာလေးတွေမေးရင် သူတို့အသိလေးနဲ့ ဘာပြန်ဖြေကြမလဲ ဆိုတာလေးတွေသိချင်ကြပါတယ်။
    အစ်မတို့လည်း ကိုယ့်ကလေးတွေကို ဒီလိုပဲ အစုံလျှောက်မေးကြည့်ဖူးပါတယ်။
    ဒီကိစ္စမှာ မိဘဘက်က နည်းနည်းလေးတိမ်းစောင်းသွားတာပဲရှိပါတယ်။လုံးဝအမှားကြီးလို့ပြောလို့မရပါဘူး။
    ကလေးဘက်ကတော့ လုံးဝအပြစ်ကင်းစင်ပြီးသားဆိုတာ အားလုံးမန့်သလိုပါပဲ။
    ကလေးရဲ့အဖြေအပေါ် မိဘက သိပ်စိတ်ခံစားချက်မထားမိဖို့လိုပါတယ်။
    ကိုယ်က မေးတည်းက ကိုယ့်အမေးကိုယ်သိပြီးသားဖြစ်သင့်တယ်လေ။
    ကိုယ်ကအဲလိုလုပ်လိုက်ရင် ကလေးကပိုပြီးစိတ်ထိခိုက်ရှာမှာပေါ့။
    ဒါကြောင့် ကလေးတွေကို ချစ်စနိုးနဲ့မေးတဲ့မိဘတွေမှာအပြစ်မရှိပါဘူး။
    ပြန်ဖြေရင်သာ မကြိုုက်တာကို မကြိုက်ကြောင်းပုံစံမပြမိဖို့ပဲလိုတယ်လို့ထင်တယ်။

  • နောက်တစ်ခုက ကလေးရဲ့အဖြေကမသင့်တော်ရင်လည်း ဒီလိုမျိုးနောက်မပြောရဘူးနော်။
    ဟိုလိုမျိုးပြောရတယ်လို့ သေသေချာချာ မှတ်သားခိုင်းသင့်တယ်။

  • uncle gyi

    January 5, 2013 at 11:13 pm

    ဒီလိုအမေးမျိုးမေးတဲ့အဖေတော့မတွေ့ဖူးတာအမှန်ဗျာ
    အခုခေတ်၅နှစ်ကလေးဘယ်ကလေးမေးမေးဘယ်လိုဖြေမယ်ထင်သလဲ
    ကောင်မလေးရေ

  • padonmar

    January 6, 2013 at 8:17 pm

    ကလေးစိတ်ပညာမှာတော့ ဖေဖေနဲ့ မေမေ ထဲမှာ ဘယ်သူ့ပိုချစ်လဲ ဆိုတဲ့ မေးခွန်းမျိုးဟာ ကလေးကို ညာတတ်အောင်သင်တဲ့ မေးခွန်းမျိုးမို့ မမေးသင့်တဲ့ မေးခွန်းပါတဲ့။

  • ခပ်မိုက်မိုက် ကောင်မလေး

    January 6, 2013 at 8:34 pm

    တစ်ချို့ မိဘ တွေကချစ်လို့ဆိုပြီး
    မေးတက်ကြတာလေးပါ.။..
    မိုက်လေး..ဆိုရင်တော့အဲ့လိုမမေးဖြစ်လောက်ပါဘူး
    နောက်ပြီးမေးဖြစ်ရင်လဲ..အဖြေအတွက်ခံနိုင်ရည်
    ရှိအောင်တော့ကြိုးစားမှာပါ…..။

Leave a Reply