ဟက်ကာတစ်ယောက် ဘယ်လိုဖြစ်လာ လိမ့်မည်နည်း

Yin Nyine NwayJuly 18, 20102min962

သင်သည် ဟက်ကာတစ်ယောက် ဘယ်လိုဖြစ်လာ လိမ့်မည်နည်း?

How to Become A Hacker
ဟက်ကာဖြစ်ချင်တယ်… ဟက်ကာဆိုတာဘာလဲ…ဒီမေးခွန်းက အရမ်းကိုတွေ့ရတာများပါတယ်….
ကျွှန်တော်လည်းသေချာမသိပါဘူး… လေ့လာကြည့်တဲ့အခါ နည်းပညာပိုင်းဆိုင်ရာမှာ
ကျွှမ်းကျင်မှုရှိပြီးတော့ ပြသနာတွေကိုဖြေရှင်းရတာကိုနှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို
ဖြတ်ကျော်နိုင်တဲ့သူတွေကိုခေါ်တာပဲဖြစ်ပါတယ်… ဟက်ကာဆိုတာ ကွန်ပျူတာလောကမှာပဲရှိတာ
မဟုတ်ပါဘူး… တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံးအခြေအနေအထိ
ကျွှမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်… ကျွှန်တော်ကတော့
ကွန်ပျူတာနဲ့ပဲပတ်သက်တာကိုပဲပြောမှာပါ သူတို့ကိုယ်သူတို့
ဟက်ကာပါလို့ပြောနေကြတဲ့သူတွေလည်းများစွာရှိပြန်ပါတယ် …ဒါပေမယ့် တကယ်တော့
မဟုတ်ကြပါဘူး.. အထူးသဖြင့်တောု့ ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်ပြီး…
ကွန်ပျူတာစနစ်တွေကိုချိုးဖြတ်ဝင်ရောက် အတားအဆီးတွေကိုကျော်လွန်နိုင်တယ်ဆိုပြီး
လေကျယ်နေကြတဲ့ ဆယ်ကျော်သက်လူငယ်အများစုပါ….။တကယ့် ဟက်ကာ အစစ်တွေကတော့ သူတို့ကို ကရက်ကာ(crackers)
လို့ခေါ်ကြပါတယ်… တကယ်တော့သူတို့က ဘာမှအထင်ကြီးစရာမရှိပါဘူး…။တကယ့်
ဟက်ကာအစစ်တွေကတော့ အဲဒီကရက်ကာတွေဟာ ပျင်းရိတဲ့သူတွေ၊ တာဝန်မယူတတ်တဲ့သူတွေ၊
ဉာဏ်မကောင်းတဲ့သူတွေလို့ပဲ တွေးကြပါတယ်… security
တွေကိုချိုးဖောက်ကျော်လွန်ပြီးဝင်ရောက်နိုင်ယုံနဲ့တေ ာ့ ဟက်ကာမဟုတ်ပါဘူး…
။ဒါပေမယ့် ဝမ်းနည်းစရာက စာရေးဆရာတွေ ဂျာနယ်လစ်တွေက
ဟက်ကာဆိုတဲစာလုံးကိုသုံးပြီးတော့ပဲ အဲဒီခရက်ကာတွေအကြောင်းကိုတွင်တွင်ကြီး
ဖော်ပြနေတော့တာပါပဲ… အဲဒီအတွက်တော့ ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်…
သူတို့ကြားကအခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ်အများစုနားလည်
ထားကြသလိုပါပဲ… hackers build things, crackers break them
ပါပဲ….။

ဟက်ကာဖြစ်ချင်ရင်ဘာလုပ်ရမလဲ… အဓိကအဖြေကတော့ စာဖတ်ပါ… များများဖတ်ပါ..
ဟက်ကာတစ်ယောက်ထားရှိတဲ့သဘောထားတွေကိုပြောချင်ပါ တယ်…။
ပြသနာတွေကိုဖြေရှင်းပြီး.. အသစ်အသစ်တွေဖန်တီးတယ်… တည်ဆောက်တဲ့သူတွေကမှာသာ
ဟက်ကာတွေပါ… အင်တာနက်ကိုဖန်တီးခဲ့တဲ့သူတွေ.. Operating System
ကိုဖန်တီးခဲ့တဲ့သူတွေ… world wide web ကိုသက်ဝင်လှုပ်ရှားလာအောင်လုပ်ခဲ့သူတွေက
ဟက်ကာတွေပေါ့… ဟက်ကာတွေက လွတ်လပ်မှုနဲ့ အပြန်အလှန်ကူညီမှုတွေပေါ်မှာ
ပျော်မွေ့တဲ့သူမျိုးတွေပါ…။ဟက်ကာဖြစ်ချင်ရင်တော ့
အဲဒီစိတ်ဓာတ်မျိုးရှိဖို့လိုပါပြီ။ တကယ် ရှိလာဖို့ကတော့
တကယ်လုပ်ရတော့မှာပေါ့…။ဆရာကြီးဖြစ်ချင်ရင်
ဆရာကြီးတွေရဲ့စိတ်ထားကိုအတုခိုးရမှာပေါ့…။ ပညာရပ်ပိုင်းမှာသာမကပဲ
စိတ်ပိုင်းဆိုင်ရာလည်းလိုအပ်ပါတယ်။အောက်ကကဗျာလေးအတို င်းပါပဲ..
To follow the path:
look to the master,
follow the master,
walk with the master,
see through the master,
become the master.
ဒါကြောင့်ဟက်ကာဖြစ်ချင်ရင်အဲဒီအတိုင်းသင်ယုံကြည်လာတဲ
့အချိန်အထိထပ်ခါထပ်ခါကြိုးစားပေါ့။
ကျွှန်မတို့ရဲ့ကမာ္ဘကြီးကဖြေရှင်းခံရဖို့စောင့်ဆိုင ်းနေတဲ့စိတ်ဝင်စားစရပြသနာတွေနဲ့နေ့တိုင်းပြည့်န
ှက်နေ ပါတယ်.. ဟက်ကာတစ်ယောက်ဖြစ်ရတာတော့ အရမ်းပျော်စရာကောင်းပါတယ်… ဒါပေမယ့်
အဲဒီပျော်စရာတွေရဖို့ ကြီးမားတဲ့ကြိုးစားအားထုတ်မှုတွေ
လုပ်ကြရပါတယ်။ဟက်ကာဖြစ်ဖို့အတွက် ပြသနာတွေဖြေရှင်းရတာကိုပီတိဖြစ်တတ်ရမယ်..
ကို်ယ့်ကိုယ်ကိုယ်အမြဲတမ်းချွှန်မျှနေအောင်သွေးေ နရမယ် ကိုယ့်ပညာကိုအမြဲတမ်း..
လေ့လာနေရပါမယ်..။ သင့်အနေနဲ့ ပုံမှန်အားဖြင့်ဒီလို
စိတ်ခံစားချက်မျိုးရှိမနေဘူးဆိုရင်တော့ တော်တော်ကြိုးစားယူရဦးမှာပေါ့…။
သင်တစ်ခုခုလုပ်တဲ့အခါ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ်
ယုံကြည်မှုတစ်ခုကိုထားရှိဖို့တော့လိုပါလိမ့်မယ်။ သင်ပြသနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင်
အဲဒါနဲ့ပတ်သတ်ပြီးအားလုံးကိုတော့သင်သိထားဖို့မဖြစ်နိ ုင်ပါဘူး..
တစ်စိတ်တစ်ပိုင်းတော့သင်သိပါလိမ့်မယ်…
အဲဒီတစ်ပိုင်းလေးကနေဆက်ပြီးလေ့လာ..လေ့လာရင်းနဲ့ တစ်ပိုင်းပြီးတစ်ပိုင်းပိုပြီး
နားလည်လာ.. နောက်ဆုံးမှာတော့အောင်မြင်သွားမှာပါ။
ဘယ်ပြသနာကိုမဆိုနှစ်ခါဖြေရှင်းဖို့အကြောင်းကိုမရှိပါ ဘူး…
နားမလည်တော့ဘူးလား..။ကျွှန်တော်တို့ရဲ့အချိန်တွေ ကျွှန်တော်တို့ရဲ့ဦးနှောက်တွေက
အရမ်းတန်ဖိုးရှိတာပါ။ လုပ်ပြီးသားကိစ္စတစ်ခုအတွက်အချိန်ထပ်အကုန်ခံရတယ် …
ပြသနာအသစ်တွေစောင့်နေတာကို အဟောင်းတွေကိုပဲထပ်ဖြေရှင်းမနေသင့်ဘူးလေ။
ဟက်ကာတွေစဉ်းစားနေရတဲ့အချိန်က အရမ်းအဖိုးတန်တဲ့အတွက်..သင်ကဟက်ကာဆိုရင် သင်သိတာတွေ
မျှဝေပေးသင့်ပါတယ် သင်သိတဲ့ solution
တွေကိုတခြားဟက်ကာတွေကိုဖွင့်ပြပေးရင်ကောင်းမှာေ ပါ့..
ဒါမှသူတို့တွေလည်းတခြားအသစ်အသစ်တွေဖြေရှင်းနိုင်တာပေ ါ့။ တစ်ခုတော့ရှိတာပေါ့… ပြသနာတစ်ခုအတွက်အဖြေဆိုတာ
တစ်ခါတစ်ရံမှာ တစ်ခုထက်မကလည်းရှိနိုင်တယ်နော်… ။
ဟက်ကာ(ပြောရရင်တော့ Creative people တွေပေါ့)သူတို့တွေက လွတ်လပ်မှု (Freedom)
ကိုနှစ်သက်ပါတယ်..
သူတို့အပေါ်မှာ authority လာပြတာကို ယေဘူယျအားဖြင့်မနှစ်သက်ကြပါဘူး…
ချူပ်ချယ်မှုတွေကိုမုန်းတီးပါတယ်..။
သူတို့ကအတူတကွပူးပေါင်းလုပ်ဆောင်ရတာကိုတော့နှစ်သက်ကြ
တဲ့သူတွေပါ..။အဲဒီစိတ်ထားမျိုးလေးလည်းရှိရပါမယ်။အထက် က
စိတ်ထားမျိုးတွေအမူအကျင့်တွေရှိပြီးရင်တောင်မှ
ဟက်ကာမဖြစ်သေးပြန်ပါဘူး…။ဟက်ကာဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့
ပညာရပ်မှာကျွှမ်းကျင်မှု၊ များများလေ့ကျင့်မှု၊ အသေအချာအာရုံစူးစိုက်မှု၊
အလုပ်ကြိုးစားမှုတွေလည်း လိုအပ်ပါသေးတယ်။
Attitude တွေကအရေးကြီးတာမှန်ပါတယ်.. ဒါပေမယ့် တကယ်တမ်းမှာတော့ Skills
ကပိုအရေးကြီးပြန်ပါတယ်။ တခြားသူတစ်ယောက်ကသင့်ကို ဟက်ကာတစ်ယောက်လို့ခေါ်စေဖို့
သက်မှတ်လာစေဖို့အတွက် အရင်ဆုံးသင်လုပ်ရဦးမဲ့အခြေခံအကြောင်းအရာလေးတွေပြောခ
ျင်ပါတယ်။ အရင်ဦးဆုံးတော့ Learn How to Program ပါ။ ဒါကဟက်ကင်းမှာတော့
အခြေခံအကျဆုံးပါပဲ။ programming language တစ်ခုမှမသိပဲနဲ့တော့ဘယ်လို
ဟက်ကာဖြစ်ပါ့မလဲနော်… ။ရှိရင်တော့ကျွှန်မလည်းမသိဘူး.. ။ဘာ language
မှသင်မတတ်သေးဘူးဆိုရင်တော့ Python ကိုစလေ့လာဖို့တိုက်တွန်းချင်ပါတယ်။အကောင်းဆုံးပထမဆုံ
းလေ့လာသင့်တဲ့ language တစ်ခုလို့သေချာမပြောနိုင်ပေမယ့် beginner တွေအတွက်
သင့်တော်သလို powerful လဲဖြစ်ပါတယ်.. ပရောဂျက်ကြီးကြီးမားမားကြီးတွေလည်း
သူ့ကိုသုံးပြီးလုပ်နိုင်တာ လုပ်နေကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ C ပါ C++ ပဲဖြစ်ဖြစ်ပေါ့
။ သင်တစ်ခုခုကိုကျွှမ်းကျင်ရင် နောက်တစ်ခုဆိုတာ အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့
စလုပ်ရင်လွယ်တယ်လို့မရှိပါဘူး။ဟက်ကာတွေအတွက်အရေးကြီး တဲ့နောက်ထပ် language
တွေကတော့ Perl နဲ့ Lisp တို့ပါပဲ။ မရေးနိုင်ရင်တောင်
ဖတ်နိုင်ဖို့တော့လိုပါလိမ့်မယ်။
တကယ်တော့အားလုံးလေ့လာတာကတော့အကောင်းဆုံးပါပဲ။ programming
ကိုမတူညီတဲ့နည်းလမ်းတွေနဲ့ချည်းကပ်တာပေါ့ ။
အဲဒါအားလုံးကသင့်အတွက်အကျိုးဖြစ်စေမှာပါပဲ။ Hacker တစ်ယောက်ရဲ့ skill level ကို
language တတ်ယုံနဲ့လည်းမဖြစ်ဘူးနော်။ Language တွေအပေါ်မှာမှီခိုမှုမရှိဘဲ
ပြသနာတွေအပေါ်မှာစဉ်းစားနိုင်ဖို့လည်းလိုသေးတယ်။ သိပြီးသား concept
တွေကိုဆက်စပ်တွေးခေါ်နိုင်ပြီး language တစ်ခုကိုအသစ်ထပ်လေ့လာရင်
ရက်အနည်းငယ်လောက်နဲ့ ရနိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက
ရှိရှိသမျှသော language တွေအားလုံးသင်တတ်တယ်ပေါ့..။ ရက်အနည်းငယ်နဲ့တစ်ခုတတ်ပြီဆိုမှတော့
ဘာကြာမှာလဲနော်။
programming language လေ့လာတယ်ဆိုတာ natural language ကိုလေ့လာသလိုပါပဲ။
အထက်ကဆရာ့ဆရာကြီးတွေ ရေးထားတာတွေကိုများများဖတ် ပြီးရင်ကိုယ်ကိုယ်တိုင်နဲနဲရေး၊
နောက်ထပ်ထပ်ပြီးတော့ များများဖတ်၊ များများထပ်ရေး၊ ပိုပြီးဖတ်၊
ပိုပြီးရေး……၊ဘယ်အချိန်ထိလုပ်သွားရမလဲဆိုတော့ သင်ရေးတာတွေက
ဈေးကွက်ဝင်တဲ့အဆင့်အထိပေါ့။ အရင်တုန်းကတော့ coding
ကောင်းကောင်းရှာဖတ်ဖို့ဆိုတာခက်ခဲ့ပါတယ်။အခုတော့မဟုတ ်တော့ပါဘူး… open source
နဲပါတ်သတ်တဲ့ software တွေ ၊ Programming tools တွေ၊ operating system
တွေ(အဲဒါတွေအားလုံး ဟက်ကာတွေလုပ်ထားတာ) အများကြီးရှိနေပါပြီ။
ဟက်ကာဖြစ်ချင်တယ်ဆိုရင်အခုချက်ချင်း Linux ဒါမှမဟုတ် BSD-Unixes မဟုတ်ရင်လည်း
OpenSolaris သင့်ကွန်ပျူတာမှာ Install လုပ်လိုက်ပါတော့။ ဪသင်က Windows
ကဘာဖြစ်လို့လည်းလို့မေးတယ်လား… သူက binary တွေနဲ့ distribute လုပ်ထားတာလေ.. code တွေမှဖတ်လို့မရတာ
ပြင်လို့လည်းမရဘူးလေ သင်မဖြစ်မနေ Unix တစ်ခုကိုတော့လေ့လာ ရမယ်ဆိုရင်
အလွယ်ကူဆုံးအနေနဲ့ Linux ကိုကောက်ကိုင်လိုက်တော့လေ။ မပူပါနဲ့ သင်အခုသုံးနေတဲ့
Windows ကြီးနဲ့လည်းတွဲတင်ထားလို့ရပါတယ်။ကဲအခုချက်ချင်း Learn it , Run it
နော်။ကလိတော့နော်။ အင်တာနတ် ကိုလည်း အပီ မွှေနှောက်တော့နော်… code တွေကိုဖတ်
ပြီးရင်ပြန်ပြင်ရမယ် နော်.. ။ သင်ပျော်မွေ့လာမှာပါ… အသိပညာ ဗဟုသုတအသစ်တွေကို
အရသာခံပြီးတော့ လေ့လာသင်ယူလိုက်စမ်းပါ..။ တခါတည်းပြောပြလိုက်မယ်နော်.. Beginner
တွေအတွက်အသင့်တော်ဆုံးကတော့ Ubuntu ဖြစ်လာနေပြီ… ကြုံတွေ့ရမယ့်
ပြသနာတွေအတွက်လဲမပူပါနဲ့ သင့်ကိုကူညီမယ့်သူတွေအများကြီးရှိနေတယ်လေ။
အားလုံးအဆင်ပြေရစေမယ်။ ဟုတ်ပါပြီ ဟက်ကာဖြစ်ချင်သူတွေအတွက်
နောက်ထပ်လေ့လာစရာတစ်ခုကတော့ World Wide Web ကြီးပေါ့။ Browser တစ်ခုခုကို
သုံးတတ်ရမယ်နော်(အဲဒါကလူတိုင်းလုပ်တတ်တယ်)၊ HTML ရေးတတ်ဖို့တော့အရင်လေ့လာရမယ်။ ဘာ
language မှမတတ်တဲ့သူအတွက် HTML ကိုစလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ
အလေ့အကျင့်ကောင်းတွေရစေမယ်။ အကူအညီအများကြီးဖြစ်စေမှာပါ။ သင့်ရဲ့ကိုယ်ပိုင် home
page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ ပြီးရင် XHTML ဆိုတဲ့ဆီလေးကိုကူးကြည့်။
ဒါနဲ့ဟက်ကာဖြစ်မယ်ထင်လို့လား။ Website တစ်ခုရေးနိုင်ပြီဆိုရင်တောင်မှ Hacker
ဆိုတဲ့စကားလုံးနဲ့ သင်နဲ့ အဝေးကြီးပါ.. ။ဘာလို့လည်းဆိုတော့ Web ပေါ်မှာ website
တွေများများလွန်းလို့.. ဒါပေမယ့် အများစုက ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိ
တည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ သင့်ရဲ့ page မှာတော့ content
တွေကိုကောင်းကောင်းထည့်ရမယ်.. စိတ်ဝင်စားစရာကောင်းအောင်ရေးရမယ်။
ပြသနာတစ်ခုထပ်တွေ့ပြန်ပြီ သင့်ရဲ့ English
စာတတ်မြောက်မှုအဆင့်အတန်းကစကားပြောတော့မယ်။ Internet နဲ့ Hacking နယ်ပယ်ထဲမှာ
English စာကပဲလွမ်းမိုးထားဆဲပါပဲ။ Hacker Community ထဲမှာ ဝင်ဆံ့ဖို့အတွက်
ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာအမှန်ပါပဲ။
အဓိကအကြောင်းအရာကတော့ အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English
ကိုသုံးမှသာအဆင်ပြေတာများပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့်
အဲဒါတွေဟာအမှန်တကယ်တော့ စိတ်ကျေနပ်စရာမကောင်းပါဘူး။ သူများရေးထားတဲ့ code
ထဲမှာပါလာမယ့် comment တွေကိုကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာလည်း သင် English
စာတတ်မှဖြစ်မှာပေါ့။ Native English Speaker တစ်ယောက် တောင်မှ တခါတရံမှာ Hacker
တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိမယ်လို့ ဘယ်သူမှအာမမခံနိုင်ဘူး..
သင်ဆိုရင်ရောဘယ်လိုလဲ..။ ကြိုးစားနိုင်မှာ တော်ရုံလောက်ရမယ်ထင်တယ်နော်။ သင့်ရဲ့
အရေးအသားက ညံ့မယ်။ Grammer လဲမကျဘူး.. ၊ သတ်ပုံအမှားကလည်းများမှများဆိုရင်
ဘယ်ဟက်ကာ ကမှ သင့်ရေးတာကိုဖတ်ချင်စိတ်ရှိမှာမဟုတ်ဘူးလေ.. ။ကဲ အခုပဲ
စကြိုးစားပေတော့။
Hacker Culture ဆိုတာလည်းရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကိုသင်ကဖြေရှင်းမယ်။
ရလာတဲ့ သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ
ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။မှတ်သားထားရမယ့်တ စ်ခုက သင့်ကိုယ်သင် Hacker
လို့သတ်မှတ်ထားတာဆိုရင်အဲဒါက သံသယဖြစ်စရာကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက
သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။ သင့်ရဲ့
တတ်မြောက်မှုကိုအခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ
သင့်အနေနဲ့တခြားသူတွေကို ကူညီဖို့လိုပါတယ်။ Open Source Software
တွေရေးကိုရေးရပါမယ်။အဲဒါကအခြေခံအကျဆုံးပါပဲ။ သင်ရေးပြီးရင်လည်း တခြား ဟတ်ကာတွေ
လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ် Soruce တွေကိုချပြရပါမယ်။ အဲဒီ
Software မျိုးကိုလူတွေက Free Software လို့ခေါ်တတ်ကြပါတယ်.. တကယ်တော့ Open Source
Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းထဲမှာတော့ 1996
ခုနှစ်ပိုင်းလောက်အထိတော့ ဟက်ကာဆိုတာ Closed Program Closed Source
တွေပဲရေးသားခဲ့တာပါ။ 1997 နောက်ပိုင်းကြမှ ဒီ Culture
ကပြောင်းလဲလာတာလို့ဆိုနိုင်ပါတယ်။ Hacker Community နဲ့ Open Source Developers
ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ Newbie
တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေအစပြုသင့်ပါတယ်။ သင်စိတ်ဝင် စားတဲ့
အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program
တွေကိုကူညီစမ်းပေးမယ်။ ကူညီအမှားရှာပေးမယ်။ကူညီပြီး modify
လုပ်ပေးမယ်…အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီးသင်သိလာပါလိမ့်မယ်။
နောက်တစ်ခုအရေးကြီးတယ်နော် သင့်ကို နောက်ပိုင်းမှာပြန်ကူညီမယ့်သူတွေနဲ့ Karma
ကောင်းကောင်းဖြစ်စေမှာပါ။ စိတ်ဝင်စားစရာကောင်းပြီးအသုံးဝင်တဲ့
အချက်အလက်တွေကိုလူတွေကိုပြောပြတဲ့သူဖြစ်ရင်ကောင်းပါတ ယ်။ ဥပမာ FAQs
လိုဟာမျိုးတွေသင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကိုလူတွေပိုလေးစားလာမှာပေါ့။ ဟက်ကာတွေမှာ
ခေါင်းဆောင်ရယ်လို့ရှိလေ့မရှိပါဘူး..
အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစားပေးပါတယ ်။
အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။
ကွန်ပျူတာရှေ့မှာ်မရှိနေတဲ့အချိန် ဟက်ကာအများစုလုပ်လေ့ရှိတဲ့အရာတွေကိုလမ်းညွန်ချင်တာပါ
။ သင်လည်းလုပ်ချင်ရင်လုပ်လို့ရတာပေါ့။ သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင်စွာ
ရေးသားပြောဆိုနိုင်ပါစေ။ သင်သိရဲ့လား ဟက်ကာတွေက စာရေးအင်မတန်ကောင်းတဲ့သူတွေပါတဲ့။
Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ဟက်ကာတွေ့လေ့ကျင့်ကြတာတွေရှိတယ်
ကရာတေး တိုက်ကွန်ဒို ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်းကောင်းပါတယ်။
တရားဥပဒေနဲ့ညှိမယ်နော်…. Tongue ။ တေးဂီတကိုခံစားတတ်ပါစေ။ Muscial Instrument
တစ်ခုခုကိုတီးတတ်ရင်ကောင်းပါတယ်။ ဒါတွေက အရမ်းကြီးအရေးမပါပေမယ့်
တစ်စုံတရာကောင်းကျိုးတော့ပေးနိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်ကျဉ်းမြောင်းတဲ့ ကျွှမ်းကျင်မှုတွေနဲ့ မကျေနပ်နေပါနဲ့။
ဟက်ကာအများစုကအများအမြင်မှာတော့ Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက
တခြားဆက်နွယ်တဲ့အပိုင်းတွေမှာလဲ ကျွှမ်းကျင်သူတွေပါ။ System Administration, web
design ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း
ကျွှမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က Script
Programming နဲ့ Webdesign အပိုင်းတွေမှာလဲ Skill ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့်
သူတို့တွေက ယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်… သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့
သီးသန့်လည်းရှိပါတယ်။ ကျွှန်တော်ရဲ့ဒီဆောင်းပါးကိုသင်ဖတ်ပြီးရင်သင်
ကျွှန်တော့်ကိုမေးခွန်းတွေထပ်မေးချင်မှာသေချာသလောက်ရှ ိပါတယ်..
အဲဒီမေးခွန်းတွေကိုတခါတည်းကျွှန်တော်ဖြေပေးလိုက်ပါမယ် ။
Q: ကျွှန်တော်ဟက်ကာတစ်ယောက်ဖြစ်ပြီဆိုတာဘယ်လိုသိနို င်မလဲ ?
A: *သင် Coding တွေကို အရမ်းကိုကျွှမ်းကျွှမ်းကျင်ကျင်ရေးနိုင် ဖတ်နိုင်
အသုံးချနိုင်နေပြီလား?
* Hacker Community ရဲ့ ရည်ရွယ်ချက်တွေနဲ့ တန်ဖိုးရှိမှုတွေကို
သေချာသဘောပေါက်နားလည်လား?
* Hacker Community ထဲက Senior Member တစ်ယောက်ကသင့်ကို ဟက်ကာလို့ခေါ်လား။
ဒီသုံးခုစလုံး သင်က ဟုတ်တယ်ဆိုရင် တော့ သင်ကဟက်ကာပေါ့..
နှစ်ခုလောက်ပဲမှန်သေးရင်တော့ မဟုတ် သေးပါဘူး .. ကြိုးစားလိုက်ဦးနော်။

Q: ဘယ်လိုဟက်ကင်းလုပ်ရတယ်ဆိုတာ ကျွှန်တော့်ကိုသင်ပေးမှာလား?
A: ကျွှန်တော်ဒါရေးရင်ဒီလိုအပြောခံရမယ်ဆိုတာသိတယ်။ ကျွှန်တော့်မှာ
သင့်ကိုသင်ပေးဖို့အချိန်လည်းမရှိဘူး.. Energy တွေကိုလည်းအသုံးမချနိုင်ဘူး
ကျွှန်တော့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကို ကျွှန်တော့ ရဲ့ အချိန် 110 % လောက်
ကုန်နေ ရလို့ပါဗျာ။ထားပါတော့ ကျွှန်တော်ကသင်ပေးမယ်ပဲ..။ ခက်တာက Hacking ဆိုတာ
ကိုယ့်ဟာကိုယ် သင်ယူရမယ့် attitude နဲ့ Skill ဖြစ်နေတာဗျ။ သင်အဲဒီလိုသာ သူများကိုသင်ပေးဖို့လိုက်ပြီးပြောနေရင်
ဘယ်ဟက်ကာမှသင့်ကိုလေး စားမှာမဟုတ်ဘူး။ စိတ်မဆိုးနဲ့ ချစ်လို့ပြောတာ။

(ကျွှန်မလည်းဟက်ကာမဟုတ်ပါ)
Q: ဒါဖြင့်ရင် ကျွှန်မဘယ်လိုစရမှာလဲ?
A: Linux User Group တစ်ခုခုအရင်ရှာပြီးရင်အကူအညီတောင်းအရင်ဆုံး Linux တစ်ခု install
လုပ်လိုက်တာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်။ အလွယ်ဆုံးကိုပြောကြည့်တာပါ။
Q: ကျွှန်မစဖို့နောက်များကျနေပြီလားမသိဘူးနော် ?
A: သင်စိတ်အားထက်သန်နေတဲ့အချိန်ဆိုရင် အခုပဲစတာကောင်းပါတယ်။ လူအများစုကတော့ 15 ကနေ
20 ကြားထဲမှာ စ ကြတာပဲဗျ။ ဒါပေမယ့် မတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်ကတော့။
Q: ကျွှန်မ Hack နိုင်ဖို့ဘယ်လောက်ကြာမလဲဟင်?
A: သင့်မှာ အရည်အချင်း(Talent) ဘယ်လောက်ရှိတဲ့
ဘယ်လောက်ကြိုးစားလဲဆိုတဲ့ပေါ်မှာပဲမူတည်မှာပေါ့ဗ ျာ။ တစ်နှစ်ခွဲ
နှစ်နှစ်လောက်တစ်စိုက်မက်မက် မရပ်မနားလေ့လာရင် တော့ ဖြစ်သွားကြတာပါပဲ။
ဒီလောက်နဲ့တော့မပြီးဘူးနော် တ ကယ့် Master ဖြစ်ချင်ရင်တော့ ဆယ်နှစ်အနည်းဆုံးပဲ။
ဟက်ကာအစစ်တစ်ယောက်ဖြစ်သွားပြန်ရင်လည်း နောက်ကျ ကျန်မနေအောင်တော့
တစ်သက်လုံးလေ့လာရတော့မှာပေါ့။
Q: Visual Basic နဲ့ကျွှန်မစလိုက်ရင်ဘယ့်နှယ့်လဲ?
A: ဒီလိုမေးရင်တော့ သင် Microsoft Windows နဲ့နှစ်ပါးသွားချင်ပြီထင်တယ်။
ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုတော့ မဟုတ်
ဘူးနော်။ မလုပ်ပါနဲ့လားဗျာ.. ။ အဲဒါရုပ်ဆိုးလွန်းပါတယ်။ Python တို့ C တို့ ကို
ကျွှန်တော် recommend လုပ်ထား
တယ်လေ။ ပိုသင့်တော်လို့ပြောတာပါဗျာ။ အသေးစိတ်တော့မပြောနိုင်တော့ဘူး။
Q: ကျွှန်မ System တစ်ခုကို Crack လုပ်ချင်လို့ ကူညီပါလားဗျာ..။
ဒါမှမဟုတ်သင်ပေးပါလား ?
A: ဆိုုးပါတယ်။ဒီ FAQ တွေကိုဖတ်ပြီးတာတောင်သင်ဒါမျိုးမေးဦးမယ်ဆိုရင် သင်ဟာ
educable မဖြစ်သေးဘူး တော်တော်လေးကို stupid ဖြစ်တာပဲဗျာ။ ဒါမျိုးကို Email နဲ့
မေးရင်လည်း ကျွှန်မလျှစ်လျှူရှုထားမှာပဲ။
Q: ကျွှန်မတခြားသူရဲ့ Gmail အကောင့်ရဲ့ password ဖြစ်ဖြစ်ပေါ့…
အဲဒါဘယ်လိုယူလို့ရမလဲ ?
A: ပြသနာပဲ..။ အဲဒါ Cracking လို့ခေါ်တယျ..။ အဲဒါမျိုးအားမပေးပါ။
Q: ကျွှန်မ Cracked လုပ်ခံလိုက်ရတယ်.. ။ ကူညီပေးပါ။
A: ဒါမျိုးမေးရင် သင်သုံးတာ Microsoft Windows ဖြစ်မယ်ထင်တယ်။ Windows System က
ပုံမှန်အားဖြင့် Crack လုပ်တာကို ကောင်းကောင်း မကာကွယ်နိုင်ဘူးဗျ။ အကောင်းဆုံးက
Linux ဖြစ်ဖြစ် well Design ဖြစ်တာ ပြောင်း သုံးဗျာ။
Q: ကျွှန်မWindows မှာပြသနာဖြစ်နေပြီ။ ကူပါဦး?
A: ကောင်းပြီလေ။ CMD ဖွင့်ပြီး.. “format c:” လို့ရိုက်လိုက်ပါ။ မိနစ်အနည်းအငယ်အတွင်းအားလုံး
အဆင်ပြေသွားလိမ့်မယ်။
Q: ဟက်ကာအစစ်တွေနဲ့ ဘယ်နားမှာတွေ့နိုင်မလဲ?
A: သင့်ပြည်တွင်းက Unix or Linux user group တွေရှာပြီး တွေ့လို့ရတယ်လေ။ IRC နဲ့
Gtalk လိုဟာမှာတော့ မတွေ့နိုင်လောက်ဘူးနော်..။
Q: ဟက်ကာဖြစ်ဖို့ Maths ကောင်းစရာလိုလားမသိဘူး?
A: ကောင်းစရာတော့မလိုပါဘူး..။ trigo တို့ calculus တို့မလိုလောက်ပါဘူး..
(ချွှင်းချက်ရှိနိုင်သည်) formal logic နဲ့ Boolean algebra တွေတော့လိုလိမ့်မယ်။
အဓိကက logical ကျကျတွေးနိုင်ရမယ်။ reasoning ကောင်းရမယ်။ intelligence ရှိရမယ်။
Q: ကျွှန်တော်စလုပ်ချင်နေပါပြီ..။ စလုပ်ဖို့ တစ်ခုခုပေးပါ။
A: သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ Talent ကိုမသိပဲကျွှန်တော်ဘာမှလုပ်ပေးလို့မရပါဘူး
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုးရမယ်
သူများချပေးတဲ့လမ်းကြောင်းကိုလျှောက်ရင် အောင်မြင်မှုနဲ့ဝေးသွားမှာပေါ့
Q: Mircrosoft ကိုမုန်းသင့်သလား?
A: Mircrosoft ကမုန်းစရာလား။မုန်းမယ့်အစား ကိုယ်လုပ်စရာရှိတာသာလုပ်။
Q: Open Source ကြီးပဲရေးတော့ Programmer တွေရပ်တည်မှုအတွက် အဆင်ပြေပါ့မလား။?
A: မဟုတ်သေးဘူးဗျ။ Open Source Software Industry ရှိလာတဲ့အတွက်
အလုပ်တွေပိုတိုးလာတာပဲ ရှိမယ်။ လျှော့မသွားဘူးလေဗျာ။ သူ့ဘာသူ open source
ပဲဖြစ်ဖြစ် ရေးတဲ့သူက ပိုက်ဆံရမှာပဲလေ။ free software တွေဘယ်လောက်ပဲများများ
သင်ပိုက်ဆံရမယ့်နည်းလမ်းရှိကိုရှိနေဦးမှာပါ။ သိပ်စိတ်ပူစရာမရှိပါဘူး။
Q: ကျွှန်တော် Free OS တစ်ခုလိုချင်တယ်.. Linux ဖြစ်ဖြစ်ပေါ့။?
A: မတို့နဲ့ဆက်သွယ်ပါ
ဝန်ခံချက်: Eric Steven Raymond ရေးသားသည့် How To Become A Hacker ကို
အဓိကကိုးကား ရေးသားပါသည်။
အရေးအသားမကောင်းပါက ကျွှန်တော်ညံ့သောကြောင့်ဖြစ်ပြီး.. ကောင်းပါက မူရင်းစာရေးဆရာ
တော်သောကြောင့်သာဖြစ်ပါကြောင်း.. မူရင်းဆောင်းပါးကိုသွားဖတ်ဖို့လည်း
တိုက်တွန်းပါတယ

2 comments

  • marnat

    July 18, 2010 at 11:28 am

    ကောင်းပါတယ်ဗျာ

  • docerlay

    July 20, 2010 at 12:55 pm

    သိပ်မှန်တာဘဲ အစ်ကို ပြောတာ တကယ်ကို လမ်းတစ်ခုကို မြင်စေပါတယ် ခုခေတ်ကျနော်တို့ လူငယ်များစုက
    အဖြေဘဲလိုချင်တာ solutions တွေပြောပြရင်နားမထောင်ဘူး အဖြေကို လိုချင်တာချည်းဘဲ
    gtalk နဲ့ facebook က ပုံတွေကိုကြည့်ပီးတော့ သူတို့ထင်သလိုဖြစ်မှမလာတတ်တာ

Leave a Reply