ရွာသူားအချို့ရဲ့ ၂၀၁၂ ထဲက မှတ်မှတ်ရရများ

++++++++++++++++++++++++++++

ဟုတ်ကဲ့ ………။

“2012 ထဲက အမှတ်တရ သမိုင်းစာမျက်နှာများ” ဆိုပြီး ပို့စ်တင်လို့ မန်းဂဇက် ရွာသူားတွေရဲ့ ၂၀၁၂ အတွင်းက အမှတ်တရ အဖြစ်အပျက် အချို့ကို ဝင်ရောက် ရေးသားပေးကြပါရန် ဖိတ်ခေါ်ခဲ့ပါတယ် ….။

ဖိတ်ခေါ်တဲ့အတိုင်းပါပဲ ….။

ရေးလည်း ရေးပေးခဲ့ကြပါတယ် ….။

ဒီအတွက် ကျုပ်က ကျေးဇူးအထူးပါလို့ ………။

အခု ဒါလေးတွေကို စုစည်းလို့ အမှတ်တရ အဖြစ် ဖတ်ရှုနိုင်အောင် တင်ပြလိုက်ပါတယ် ခင်ဗျာ …..။

++++++++++++++++++++++++++++

ကိုရင်မိုဘိုင်း (Mobile)

အရင်က မုံရွာမှာ နေကတည်းက ဒီရွာထဲကို ဝင်ဖတ်ဖူးတယ်ဗျ ကွန်မန်းတွေကိုလဲ
တွေ့တယ်။ ဒါပေမယ့် မန်ဘာဘယ်လိုဝင်ရမှန်းသိဝူးရယ် အခု ထိုင်းနယ်စပ်ကို
ရောက်ခါမှ အချိန်ပြည့်နီးပါး လိုင်းပေါ်ရောက်နေဒေါ့ လျှောက်ကလိရင်းနဲ့
ဒီရွာရဲ့ မန်ဘာဖြစ်လာခဲ့တာဗျ။ ကျုပ်က အရင်ကတည်းက စာရေးရတာကို
ဝါသနာပါတယ်။ ဟုက်ပတ်တိဒေါ့ရေးတတ်ဖူးရယ်။ ဒီရွာလေးထဲမှာ ကျုပ်အတွက်
အသိပညာ ဗဟုသုတတွေ အင်မတန် တိုးပွားခဲ့ပါတယ်။ ပျော်ရွင်စရာတွေ
ဗဟုသုတရစရာတွေ မိမိရေးသားချင်တဲ့ အကြောင်းအရာတွေ အတွက်လည်
ဖတ်ရှု့အားပေးမယ့် ရွာသူား တွေရှိနေတော့ သဘောတွေ့မိပါတယ်။
ကျနော်အတွက် ၂၀၁၂ အမှတ်တရကတော့ တစ်နှစ်လုံးနီးပါ ဆိုးခဲ့မိုက်ခဲ့တာကိုပါပဲ။
၂၀၁ဝ လောက်ကတည်းက အရှိန်တွေ ခုချိန်ထိ အတောမသတ်နိုင်သေးတာပါ။
အခုတော့ ဒီကျောက်စာလေးရေးရင်နဲ့ပဲ နောင်တရမိသလို လာမယ့် ၂၀၁၃ မှာ
အကောင်းဆုံး လုပ်ဆောင်မှုတွေ အကောင်းဆုံး တွေးခေါ်မျှော်မြင်ကြံဆမှုတွေနဲ့
ဆက်လက်ချီတက် ခရီးဆက်နိုင်ဖို့ ကြိုးစားနေပါတယ်။ အမှန်တော့ ၂၀၁၃ ကိုကျနော်
အမြန်ဆုံး ရောက်စေချင်နေခဲ့တာ ကြာပါပြီ။ ကျနော် ရဲ့ လပ်ကီးဂဏန်းက ၁၃ ဗျ။
ခန္ဓာကိုယ်ပေါ်မှာလဲ တတ်တူးနဲ့ မှတ်တမ်းတင်ထားပါတယ်။ ကျနော် အသက် ၂၁ နှစ်
ပြည့်တဲ့ နှစ် ကျနော်ရဲ့ လပ်ကီး ၂၀၁၃ ခုနှစ် သက္ကရာဇ် ထဲမှာ ကျနော်မှာရှိနေတဲ့
အမျိုးမျိုးသော တာဝန်တွေကို အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်ဖို့ အသိတရားတွေ
ခွန်အားတွေ အတော်အတန် ပြည့်နေခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁ဝ – ၂၀၁၁- ၂၀၁၂
ဒီသုံးနှစ်အတွင်းမှာ ကျနော် တာဝန်တွေ ဝတ်တရားတွေ အမျိုးမျိုး ပျက်ကွက်တာက
များခဲ့ပါတယ်။ ဒီသုံးနှစ်အတွင်းမှာ ကျနော် ပျက်ကွက်ခဲ့တဲ့ တာဝန် ဝတ်တရား
အလုပ်အကြွေးတွေ အားလုံးကို ၂၀၁၃ ဆိုတဲ့နှစ်မှာ ပြန်လည် ချေပနိုင်ဖို့ ကြိုးစားရပါမယ်။
အခြားသောသူများက ၂၀၁၃ အတွက် အလုပ်တွေကိုပဲ လုပ်ကြတဲ့ အချိန်မှာ ကျနော်
အတွက်ကတော့ အရင် တင်ရှိနေတဲ့ ၃ နှစ်စာ တာဝန်အကြွေးတွေကိုပါ ကျေပွန်အောင်
ဆောင်ရွက်နိုင်ဖို့ လိုအပ်နေပါတယ်။ ဒါမှသာလျှင် ကျနော်သည်လဲ တာဝန်သိတဲ့
ယောကျာ်ကောင်းတစ်ယောက် အဖြစ်ခံယူနိုင်မှာပါ။
ဆောင်ရွက်နိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားများ အပြည့်အဝ ရရှိနေပြီဖြစ်ပါကြောင်း
၂၀၁၃ ကိုမှန်းမျှော်လို့ စိန်ခေါ်လိုက်ရပါကြောင်းးးးးးး မှတ်တမ်းတင်လိုက်ရပါတယ်။

++++++++++++++++++++++++++++

အန်တီပဒုမ္မာ (padonmar)

၂၀၁၂ ထဲ အထူးခြားဆုံးကတော့ မန်းဂဇက်ချစ်သူများ စာပေဆုပေးဖို့ လုပ်ဖြစ်တာပေါ့။
ရုန်းရင်းကန်ရင်း ရင်ဆိုင်ရင်းနဲ့ပဲ တစ်နှစ်တော့ ကျော်ခဲ့ပြီ၊
ဂဇက်က မိတ်ဆွေ တော်တော်များများကိုလည်း မြင်ဖူးပြီ၊ခင်ဖူးပြီ။
ကိုယ့်ကိုလည်း မြင်ဖူးသွားကြပြီ၊(ဟိုစပ်စပ်ဒီစပ်စပ် ပါလေရာရွှေမိဆိုတော့လေ )(ဦးပါလေရာနာမည် ခဏငှားသုံးပါကြောင်း)
သွေးသောက်ညီအမတွေလည်းရလိုက်ပြီ။အကိုတွေ၊မောင်တွေ၊တူတူမတွေလည်း အများကြီးရလိုက်ပြီ။
ဒီနှစ်ထဲ တစ်ယောက်ပြီးတစ်ယာက်(ပန်းဝင်ကုန်ကြတာ) စွံကြတာလည်း အမှတ်တရပါပဲ။

++++++++++++++++++++++++++++
လုံမလေးမွန်မွန်

2012 အစပိုင်းမှာ အလုပ်ပြောင်းဖြစ်ပြီး
အလယ်ပိုင်းလောက်မှာ ရွာထဲမှာ ခြေတွေရှုပ်ဖြစ်ပါတယ်..
နှစ်ကုန်ပိုင်းလောက်ကျတော့ ရွာပြင်ကပဲ လာချောင်းနိုင်ပါတော့တယ်…

ကဗျာရေးရတာကိုပဲ ကြိုက်နေတဲ့ လုံမက 2012 မှာ ပို့စ်တွေကို ကြိုးစားပြီးရေးဖြစ်ခဲ့ပါတယ်…
ရွာသူရွာသားတွေနဲ့လည်း ပိုရင်းနှီးခဲ့ပြီး ရွာကိုလည်း ပိုချစ်သွားခဲ့ပါတယ်…
စာတွေအများကြီးလည်း ပိုဖတ်ဖြစ်ခဲ့ပြီး စာပေဆုကိုလည်း ရင်ခုန်တတ်ခဲ့ပါတယ်.(ကိုယ်မှန်းတာတော့ မဟုတ်ပါဝူး..သူများအစား ရင်ခုန်ပေးတာပါ..)

++++++++++++++++++++++++++++

အရီးခင်လတ်

မနှစ်က ရွာရဲ့ အဝင်ဝ ကနေ ရေးခဲ့တာ။

၂၀၁၂ ထဲ မှာတော့ ရွာ ထဲဝင်ပြီး –
ချစ်စဖွယ် မင်းသမီးလေး က (၄)
ခင်စရာ လ္ဘက်ရည်အဖျော်ကောင်း က (၁)
ဖမ်းမမိနိုင်အောင် ချောတဲ့ မှင်စာလေး က (၁)
တို့ကို ကိုယ်တိုင်တွေ့ဖူး သွားပါကြောင်း။
မပဒုမ္မာပြောသလို သွေးသောက်ညီအမများ နှင့်တစ်ကွ (လူမမြင်ဖူးပေမဲ့) ခင်စရာကောင်းလှ တဲ့(ပုံစံရှိမဲ့) အကိုတွေ၊မောင်တွေ၊တူတူမတွေလည်း အများကြီးရခဲ့ပါကြောင်း။
ရွာထဲ ဝင်မိလိုက်ရင် တစ်ခြား စာဖတ်ဖို့ အချိန်နဲသွားတာ နဲ့ တစ်ခြားခင်မင်သူ များနဲ့ အဆက်အသွယ် ပြတ်သွားပါတာလေးကတော့ နဲနဲ ဆိုးသွားသည်လို့ ထင်မိကြောင်း။
မှတ်တမ်းတင်သွားပါတယ်။
:hee:

နောက်ပြီး ၂၀၁၂မှာ ယနေ့ပို့စ် ဆိုတာ ရှိလာတာ ရွာထဲမှာ အင်မတန်တန်ဖိုးရှိပါတယ်။
ဒါတင်မက ၂၀၁၂ ထဲမှာ ပျောက်နေခဲ့ကြတဲ့ သူတွေ ကိုလဲ ၂၀၁၃ မှာ ပြန်လာစေဖို့ ဆုတောင်းပါတယ်။

++++++++++++++++++++++++++++
မင်းနန္ဓာ (ရွာစားကျော်)

ရွာသားအဖြစ် မင်ဘာဝင်ဖြစ်တဲ့အချိန်ကိုတော့ မှတ်မှတ်ရရ မရှိတော့ပါ
အိမ်က ကွန်ပျူတာမှာ ဟုမ်းပေ့ဂျ်ကို ဂေဇက်ပေးထားခဲ့
အမြဲ ဝင်ဖတ်နေပေမယ့် ၂၀၁၁ မှာ ကွန်မင့်တောင် ပေးဖြစ်ခဲ့ရဲ့လား မသေချာဘူး ထင်ပါရဲ့
၂၀၁၂ မှာတော့ တကယ့်အမှတ်တရတွေနဲ့ ဂေဇတ်ရွာသား လုံးလုံးဖြစ်ခဲ့
အစုကြီးဆေးရုံအတွက် အလှူငွေထည့်တဲ့အကြောင်း ပြောရင်း ပို့စ် စ တင်ဖြစ်ခဲ့
အလှူခရီးကို မိသားစုနဲ့အတူသွား ရွာသူားတွေနဲ့ တစ်သားတည်းဖြစ်ခဲ့
ပို့စ်တွေလည်း ဆက်ရေးခဲ့ လက်သွေးခဲ့
ကွန်မင့်တွေနဲ့ မပျက်ပေးခဲ့
ရွာသားအဖြစ်က ဘယ်တော့မှ မထွက်ချင်ခဲ့
အို့ အို.. အရူးအမူးပဲ (မိုက်ထှာ စိုင်းစိုင်း သီချင်းအတိုင်းပဲ)
၂၀၁၂ မှာလည်း ရွာသားဖြစ်ခဲ့
၂၀၁၃ မှာလည်း ရွာထဲမှာ ပျော်အုံးမယ်
အိုဗျာ.. ဂေဇက်ဟာ ကျုပ်ရဲ့ ဒုတိယ မိသားစု ဘဝလို့သာ ပြောလိုက်တော့မယ်..

မှားသွားတယ်ထင်လို့ ပြန်ကြည့်တာ ဟုတ်ပ အစုကြီးအလှူမဟုတ်
မ etone ရဲ့ စုပေါင်းအလှူကို ငွေလွှဲကြောင်းပို့စ်လေး ၂၈-၁-၂၀၁၂ မှာ ပထမဆုံးပို့စ် တင်ဖြစ်ခဲ့တာ

++++++++++++++++++++++++++++
Mလုလင်

2012 မှာ ဒါ့ပုံရိုက်တယ် ….. 2013 မှာလဲ ထပ်ရိုက်ဦးမှာပဲ …. ထူးခြား တာကတော့ ချစ်စရာ့ အရွယ်လို မျိုး ခေါင်းစဉ်အတွက် model အထူးတလည် ရှာစရာ မလိုတော့မယ့် 2013 ပဲ … :kwi:

++++++++++++++++++++++++++++
ရွှေ ကြည်

၁၀၁၂ မှာ နှစ်စပိုင်းလောက်မှာ ရွာသူဖြစ်ခွင့်ရခဲ့ပြီး ရွာကိုခင်မင်ပျော်ရွှင်ခဲရသလို အလှူတွေလည်း စုပေါင်းလုပ်ပေးကြလို့ ကြည်နူးရပါတယ် ခင်မင်ရတဲ့ ရွာသူားတွေနှစ်သစ်မှာပျော်ရွှင်ပါစေ
တို့တိုင်းပြည်ကြီးလည်းတိုးတက်ပါစေ နှစ်သစ်နဲ့အတူ ခေတ်သစ် စနစ်သစ်တွေပေါ်ထွန်းနိုင်ပါစေ
ခြင်္သေ့ကျွန်းကိုရုတ်တရက်ကြီးထွက်လာရတာတော့ ခံစားရခက်ခဲ့တဲ့ခံစားချက်ကြီးပါပဲ ကြီးမားတဲ့အပြောင်းအလဲကြီးပေါ့..။

++++++++++++++++++++++++++++
Shwe Tike Soe

တားတားဂတော့ ကြင်သူသက်ထားဇနီးမယားလေးတစ်ယောက် အဖတ်တင်လိုက်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး ခိခိခိ..

၂၀၁၂ခုနှစ် အတွက် ခွင့်လက်ကျန် ကုန်သွားပါကြောင်း……..အဲဒီအတွက် ခွင့်ပြန်အမ်းငွေ မရတော့ပါကြောင်းးးးးးးး…

ဒီနှစ် မီးပုံးအရုပ်လုပ်ပြီး တောင်ကြီးတန်ဆောင်တိုင် ကို နွှဲပြီး ရွာထဲ ပတ်ကြွားလိုက်နိုင်ပါကြောင်းးးးးး

++++++++++++++++++++++++++++

MaMa

2011 ပြီးတော့ 2012 ဘာာာာာာာာာ တွေများးးးးးးးးးးးးးးး ထူးခြားကောင်းစား လာမလဲလို့……………. မျှော်လင့်စောင့်ကြိုခဲ့တယ်။

ခုတော့လည်း ဘာတွေမှ ထူးခြားဆန်းပြားမလာပဲ တာ့တာ ပြရတော့မယ်။ :eee:

၂၀၁၂ မှာ မှတ်မှတ်ရရ…..
၁။ ကိုယ့်ဘဝအတွက် ဒုတိယမွေးနေ့ ၂၁-၈-၂၀၁၀
(MG ကို Sing In စလုပ်တဲ့နေ့)
၂။ စကားစပြောတတ်တဲ့နေ့ ၈-၉-၂၀၁၁
(MG မှာ Comment စပေးတဲ့နေ့)
တွေကို သိခွင့်ရခဲ့တယ်။
:hee:

၃။ မန်းဂဇက်ရွာရဲ့ အလှူတစ်ခုအနေနဲ့ အစုကြီးဆေးရုံအလှူဖြစ်မြောက်အောင်ပါဝင်ဆောင်ရွက်နိုင်ခဲ့တယ်။
၄။ မန်းဂဇက်ချစ်သူများ စာပေဆု ဖတ်ရွေးအဖွဲ့မှာ ပါဝင်ခွင့်ရခဲ့တယ်။
၅။ နိုဝင်ဘာလအတွက် မန်းဂဇက်ချစ်သူများစာပေဆုရှိသူကို ကြေညာပေးခွင့်ရခဲ့တယ်။

++++++++++++++++++++++++++++

ခင်ခ

၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့မှာ ဂဇက်ရွာသားအဖြစ်ရောက်ရှိကာ ပထမဆုံးပိုစ့် စတင်ရေးခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ ၄ရ နှစ်ပြည့်မွေးနေ့အတွက် ၄ရ ခုမြောက်ပိုစ့် ရေးတင်ခဲ့ပြီး၊
၂၀၁၂ ခုနှစ် အတွင်း ၁၄၅ ပိုစ့်ဘဲ ရေးတင်နိုင်ခဲ့ပါတယ်ဗျာ။
ခင်ခ အတွက်တော့ ၂၀၁၂ မှာ ဂဇက်ရွာသားအဖြစ် ရင်းနှီးနေခွင့်ရခဲ့တာ အလွန်ဝမ်းသာမိတယ်ဗျ
အဲဒါ ခင်ခ နဲ့ ဂဇက်ရဲ့ အမှတ်တရပါဘဲဗျို့။

++++++++++++++++++++++++++++
Novy

2011/12/12 မှာ အချိုပွဲလေးစာပါအုံးပိုစ်နဲ့ ဓါတ်ပုံတွေစတင်ဖြစ်တယ်
မအူမလည်လေးနဲ့ ဓာတ်ပုံတွေမပေါ်ခဲ့ဘူး
2012 မှာတော့ ရွာသူားတစ်ချို့နဲ့ ခင်ခွင့်ရခဲ့တယ်
နာရေးကူညီမှု့ အလှူ
ဧရာဝတီတိုင်း- အစုကြီးအလှူ
ရခိုင်ပြည်နည်အတွက် အလှူ
တွံတေးက ဘက အလှူ
အလှူ၄ခုကို ရွာသူားတွေနဲ့ လက်တွဲပြီးလှူခွင့်ရခဲ့တယ်
2013ကို ကြိုနေအုံးမယ်လို့

++++++++++++++++++++++++++++

ဦးကျောက်ခဲ

၂၀၁၁ ဦးကျောက် ရွာ့အပြင်ကနေ စာဖတ်တယ်…….
၂၀၁၂ ဂျူလိုင်လ၊ ရွာထဲကို တိတ်တိတ်လေးဝင်ပြီး စာရေးတယ်…..
ရွာသူ/ရွာသားများနဲ့ ခင်မင်မိတ်ဆွေဖြစ်၊ ဆုံ ဖြစ်ကြတဲ့ အထိပါ။

ဂဇတ်မှာ စာဖတ်တာ၊ အသိဉာဏ်လဲတိုး မိတ်ဆွေလဲတိုး၊ ဘဝမှာလဲ တူမလေးတစ်ယောက်တိုး…..
၂၀၁၃ မှာ ကြင်နာမယ့်သူတိုးပါစေလို့ ကိုယ့်ကိုယ်ကို ဆုတောင်းပါ၏……….

++++++++++++++++++++++++++++

Thu Wai

ရှိသမျှ အကောင့်တွေ Password တွေကို ဒိုင်ယာယီထဲမှာချရေးခဲ့တယ် ။
၂၀၁၃ မှာ မတော်တဆ သေသွားခဲ့ရင် ၂၀၁၂ မှာဘာတွေလုပ်ခဲ့တယ်ဆိုတာ ကျန်ရစ်သူမိသားစုတွေသိနိုင်အောင်လို့

++++++++++++++++++++++++++++

မောင်ပေ

၂၀၁၃ မှာ ပြောဖို ့အတွက်ကတော့
မောင်ပေ သည် ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ဘဝပျက်လုနီးပါးဖြစ်ခဲ့ရာမှ ၂၀၁၂ နှစ်ကုန်ပိုင်းကြမှ အလုပ်လေး နဲနဲပြန်အဆင်ပြေလာသလိုလိုနဲ ့ ဘဝကို ပြန်ရုန်းနေရတယ် ဆိုတာ
အဲဒါ အဲဒါလေးပါပဲ

++++++++++++++++++++++++++++

ဗုံဗုံ

၂၀၁၂ မှာကိုယ့်ရဲ့ထူးခြားချက်ကတော့
(၁) ဇန်နဝါရီလမှာ ကိုယ်နှစ်သက်တဲ့ စာတွေကို သင်ပေးရတဲ့ ဆရာမ တစ်ယောက်ဖြစ်ခဲ့တယ်
(၂) နိုဝင်ဘာလမှာ ကိုယ်လေးစားတဲ့ ယုံကြည်မှုတွေအများကြီးနဲ့ ချစ်ခဲ့တဲ့ ချစ်သူကို တွေ့ရှိခဲ့တယ်
(၃) ဒီဇင်ဘာလမှာ ခင်စရာအကောင်းဆုံး သူငယ်ချင်းတစ်ယောက်လည်း ရခဲ့တယ်
လာမယ့် ၂၀၁၃ မှာတော့ နှစ်လယ်လောက်မှ မြန်မာပြည်ကို ပြန်လာမယ့် ချစ်သူကို လွမ်းနေရင်း စာတွေသင်နေရင်းနဲ့ဘဲ အေးအေးချမ်းချမ်းလေး ဖြတ်ကျော်သွားမှာပါ

++++++++++++++++++++++++++++
ခိုင်ဇာ

၂၀၁၂ ထဲမှာ ထူးခြားတာ…………..

စက်တင်ဘာလ – ဘာမွေးနေ့ လက်ဆောင်မှ မရတဲ့ နှစ်။ အဟင့်။

အောက်တိုဘာလ – ရွာထဲ ရောက် မိတ်ဆွေအသစ်တွေရ။

နိုဝင်ဘာလ – တစ်လလုံး ရွာထဲပျော်နေ။ (ဘယ်နေရာမှ အဲလောက်ကြာကြာ အာရုံမကျဖူးဘူး)

ဒီဇင်ဘာ – အချစ်ဆုံးမောင်လေး မင်္ဂလာဆောင်သွားပြီး နှမြှောလို့ ငိုရတယ်။ ဟီး။ (သူ တို့ချင်းချင်းချစ်ပြီး အိမ်တွေက သဘောတူလို့ ယူတာကို Drama Queen ဇာတ်လမ်းလုပ်လာတာ။) :kwi:

ကျန်တဲ့ လတွေက မထူးခြားပါဘူး။ ဒီ “ဘာ လေး ဘာ” ပဲ နည်းနည်းပြောစရာရှိတယ်။ :hee:

++++++++++++++++++++++++++++
မဟာရာဇာ အံစာတုံး

ကျနော့်အတွက် … ၂၀၁၂ …

ဟုတ်ကဲ့ …..။
စိန်ဗိုက် ပြောသလိုပဲ …
၂၀၁၁ အတွင်းမှာ တစ်ကိုယ်တော် ဘလော့ဂ်ဂါ အဖြစ် ကျင်လည်နေရာကနေ …
၂၀၁၂ အတွင်းမှာတော့ မန်းဂဇက် ရွာသားအဖြစ် ထဲထဲဝင်ဝင် ဖြစ်လာခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ ….။
တစ်နည်းအားဖြင့် ….
MandalayGazette Social Blogging အတွင်းကို စိတ်ပါလက်ပါ သက်ဆင်းခဲ့တယ်လို့ ဆိုနိုင်လေမလားပဲ …။

ဒီရွာကြီးအတွင်း ဟိုပြောဒီပြော ရွှတ်နောက်နောက် လျောက်ပြောရင်းက …
ခင်မင်စရာ မိတ်ဆွေများကိုလည်း ရခဲ့တယ် …
ဒါပေမယ့် … တစ်ခါတစ်ခါမှာတော့လည်း တွေးမိတယ် …
ဒီလို ရွှတ်နောက်နောက် လျောက်ပြောနေတာ ကိုယ့်ကိုယ်ကို တန်ဖိုးကျရာ၊ ဈေးပေါရာ ရောက်နေလေသလားပေါ့ …..။
ဒါပေမယ့်လို့လည်း ဒီစတိုင်ဟာ ဒီစတိုင်ပါပဲ ….။ :mrgreen: :mrgreen: :mrgreen:

ဒီလိုနဲ့ပဲ ….
၂၀၁၂ အတွင်းမှာ ကျနော့်ရဲ့ သမိုင်း စာမျက်နှာမှာ …
ပြောင်ချော်ချော် အမူအယာတွေနဲ့ပဲ ချယ်သ ရေးဆွဲမိခဲ့တယ် ဆိုပါတော့ …..။

ဒါလေးကတော့ ဒီ ၂၀၁၂ အတွက် အမှတ်တရ အသွင်ပြောင်းဖြစ်ခဲ့တာလေးပေါ့ ခင်ဗျာ ….။

++++++++++++++++++++++++++++

Mr. MarGa

၂၀၁၂ ခုနှစ် နှစ်စပိုင်းမှာ
ရွာထဲကို မဝင်တချက် ဝင်တချက်ပေါ့ဗျာ
ရွာသက်သာ ရှည်တာရယ် မဝင်ဖြစ်တာက ပိုများပါတယ်
နှစ်ကုန်ပိုင်းမှသာ ပုံမှန်လိုလို ဝင်ဖြစ်သွားတယ်
ဝင်ဖြစ်ပြန်တော့ ရွာသားတစ်ယောက်အဖြစ်နဲ့ ဖတ်ရွေးတစ်လ လုပ်ပေးနိုင်ခဲ့ပါတယ်။
အဲဒါကတော့ ရွာနဲ့ပတ်သက်သော အမှတ်တရလေးပေါ့
ကိုယ်တိုင်ကတော့
တစ်သက်တာအတွက် အမှတ်ထင်ထင် ဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဒီနှစ်အတွင်းမှာ ဖြစ်ခဲ့တယ်
အဲဒါကတော့ ၂၀၁၂ အမှတ်တရပါပဲ

++++++++++++++++++++++++++++
koaung

လောလောဆယ် ပြည်ပမှာ ကျင်လည်နေရပေမဲ ့ မြန်မာစကား မြန်မာစာကိုု အကောင်းဆုုံးဖြစ်အောင်
လေ့လာလေ့ကျင့်နေသလိုု အားလုုံးပေါင်း ဘာသာစကား၅မျို ုုးနဲ ့ပြည်ပမှာ လိမ်စား (အဲလေ)လုုပ်စား
နေရသလိုု မြန်မာပြည်ဖွားဖြစ်ရတာ ဝမ်းသာဂုုဏ်ယူလျှက်

ဒေါင်းယောင်ဆောင်နေရရှာသော ကျီးကလေး မောင်အောင်. :mrgreen:

++++++++++++++++++++++++++++

Mon Kit

မွန်ကစ် လည်း 2012 ခုနှစ် မေလပိုင်းထဲမှာ ဂေဇတ်ရွာထဲ ဝင်ရောက်ပီး စာတွေ ဖတ်ဖြစ်ခဲ့တယ်..
စာပေဟင်းလေးအိုးကြီးနဲ့တူတဲ့ မန်းဂဇတ်ကို တစ်စ တစ်စ စွဲလန်းလာလို့ တစ်နေ့ မဝင်ဖတ်ဘဲ မနေနိုင်အောင် ဖြစ်လာခဲ့ပါတယ်လို့..
ထူးခြားချက်ကတော့ စာကြည့်မျက်မှန်ပါ တပ်ဖြစ်ခဲ့တဲ့ နှစ်လို့ ဆိုရပါမယ်… :hee:

++++++++++++++++++++++++++++

ကိုပေါက်(မန္တလေး)

ဟေးးးးးးးးးးးးးးးးးးးးးးးးးလာတော့မယ် 2013
2012 ကတော့ ကျန်ခဲ့တော့မယ်။
2012 ဓါတ်ပုံအရိုက်များပါတယ်။
ပို့စ်အရေးနည်းသွားပါတယ်။
ကြွယ်ရမယ်ဆိုရင်တော့ မော်ဒန်ဂျာနယ်မှအဗျုးခံရပါတယ်။
###############################
###############################
မြနန္ဒာဂျာနယ်(မန်းလေးအခြေစိုက်)မှာ မန္တလေးအတွေးဆိုတဲ့ ကဏ္ဍမှာ ပင်တိုင်ရေးဖြစ်ပါတယ်။
ဝမ်းနည်းစရာကတော့ မိတ်ဆွေအချို့နဲ့ယာယီလမ်းခွဲခဲ့ရပါတယ်။
(ကျနော်ဆိုးလို့ပါ)

++++++++++++++++++++++++++++

Shwe Ei

၂၀၁၂ မှာ မန်းဂဇက် ရွာသူရွာသားများနဲ့ အကြိမ်ပေါင်းများစွာ ဆုံဖြစ်တယ်။
မန်းဂဇက်ကျေးဇူးနဲ့ အလှူရေစက် လက်နဲ့မကွာလှူဖြစ်တယ်။
ကိုယ်ပိုင်အားလပ်ရပ် ခရီးထွက်ဖြစ်တာတောင် မန်းဂဇက်က
ရွာသူရွာသားတွေနဲ့ ဆုံရသေးတယ် (တကူးတကန့်လာတွေ့ပေးကြသူများကို
ကျေးဇူးတင်ပါကြောင်း)။
တနှစ်လုံးနေမှ ရွာထဲမှာ ပို့စ် နှစ်ပုဒ်ဘဲ တင်ဖြစ်တယ်။ (ရှက်ထှာ)
မန်းဂဇက်ကရတဲ့ အသိပညာ ဗဟုသုတတွေအတွက် အကျိုးရှိတဲ့နှစ်တခုပိုင်ဆိုင်ခဲ့ရပါတယ်။

++++++++++++++++++++++++++++
Moe Z

ဒီတစ်ခါ အတည်ရေးမယ် 🙂
– ရည်မှန်းချက်အတွက် လှေကားတစ်ထစ်တက်ရတဲ့နှစ်ပါ..
– ကိုယ်ပိုင်အချိန်မရှိသလောက်ရှားပြီး ရွာထဲသိပ်မရောက်ဖြစ်ခဲ့ဘူး …
– ရတဲ့အချိန်လေးမှာတော့ ဘယ်တော့မှမေ့မရတော့မယ့်ခရီးလေးတစ်ခု ထွက်ဖြစ်တယ်
– စိတ်တူကိုယ်တူသိပ်မဟုတ်ပေမယ့်၊ ဘဝတစ်ခုလုံးမဟုတ်ပေမယ့် ဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် အပြန်အလှန်ယုံကြည်လေးစားရတဲ့သူကို လက်တွဲဖော်အဖြစ်ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်…

++++++++++++++++++++++++++++

နွယ်ပင်

2012 မှာ သိပ်ထူးထူးခြားမရှိခဲ့ပင်မယ့် အရင်တုန်းကတည်း လုပ်ချင်ခဲ့တဲ့
လူမူရေး လုပ်ငန်းလေးတွေကို ဒီရွာကလေးက ရွာသူားအချို့နဲ့ အတူတူလုပ်ဖြစ်ခဲ့တယ် …
ဒီအဖွဲ့လေး ရေရှည်တည်တံအောင် လုပ်မယ်လို့လည်း စိတ်ကူးထားတယ် …
2012 မှာ စဉ်းစားထားမိပြီး အကောင်အထည် မဖော်ဖြစ်တာလေး တစ်ခုလည်း ရှိသွားတယ် …

++++++++++++++++++++++++++++
surmi

2011 တုန်းက ရေးခွင် ့မကြုံလိုက်ပါဘူး ..။ကျနော်ရွာပြင်ခဏထွက်နေလို့ပါ ….။
စိတ်ထင် မန်ဘာစဖြစ်တာက ၂၀၁၁ ဂျူလိုင်လကုန်ပိုင်း (သို ့) ဩဂုတ်လ ဆန်းပိုင်းလောက်ထင်ပါရဲ ့ …။
ပို ့စ် စတင်တော့ ဩဂုတ်လနှောင်းပိုင်းပါ ….။ အောက်တိုဘာ လောက်အထိရွာထဲမှာ နေခဲ့ပြီး
အသံတိတ်စာဖတ်ပြီး ပို ့စ် (၅) ပုဒ်ရေးဖြစ်ခဲ ့ပါတယ် ။ (၃) လလောက် ရွာထဲထွက်ခဲ ့ပြီး
မအိတုန်တို့ စလုပ်ခဲ့တဲ့ နာရေးကူညီမှုအသင်းအလှူပို့စ်ကို ဖတ်မိရာက ၂၀၁၂ မှာ ရွာထဲမြဲနေတာပါ …
၂၀၁၂ မှာ မထင်မှတ်ပဲ စာတော်တော် ရေးဖြစ်ပါတယ် ( တစ်လသုံးပုဒ်နှုံး ) ။
မိတ်ဆွေတွေ တိုးခဲ ့တယ် ….။
ဒီရွာမှာ ပျော်ပိုက်လွန်းလို့ အခြားပျက်ကွက်ခဲ ့တာတွေလည်း ရှိခဲ ့တာပေါ ့ …။
၂၀၁၃ …. ဆက်ပျော်ဦးမှာပါ …
ပိုပြီး ရွာသူားခြင်း နားလည်လာပါတယ် ..။

++++++++++++++++++++++++++++

 မိုချို

၂၀၁၂ မှာ ဂေဇတ် ရွာထဲ ရွာသူ အဖြစ် မှတ်ပုံတင် ဖြစ်တာ အမှတ်တရ ပါပဲ။ ဆိုဒ်ပေါင်းစုံ ဝင်ဖတ်ဖူးပေမယ့် ဒီဆိုဒ် ကျမှပဲ ဝင်ရေး ဖြစ်အောင် အစွဲဆောင် နိုင် ဆုံး ကတော့ ရွာသူားတွေ ရဲ့ ကွန်မန့် တွေ ကြောင့် ပါပဲ။ အချင်းချင်း ရင်း နှီး နွေးထွေးတဲ့ ကွန့် မန့် တွေ နဲ့ အပြန်အလှန် ပြော ဆိုကြတာ ကို အရင် က ပွဲကြည့် ပရိသတ် အနေနဲ့ ပဲရှိ နေခဲ့ ရာက ကိုယ်တိုင် ပါဝင်ခွင့် ရခဲ့ တာ ကတော့ ၂၀၁၂ ရဲ့ အမှတ် တရ ဖြစ်ရပ် တစ်ခုပါ။ အောက်တိုဘာ လ မှာတော့ ဘယ်လိုမှ မမျှော် လင့် ထားတဲ့ အကြိုက်ဆုံး စာမူ ဆုရှင် အဖြစ် ရွေး ခြယ် ခံခဲ့ ရတာ လည်း အမှတ် တရ ပါပဲ။

ကိုယ့်ရဲ့ အပြင်ဘဝ မှာတော့ နှစ်လယ် လောက် က ပုဂံ ကို ပထမဆုံး အကြိမ် ရောက် ခဲ့ တာက လွဲ လို့ ၂၀၁၂ ဟာလည်း ၂၀၁၀၊ ၂၀၁၁၊ နှစ်တွေ လိုပဲ စလုံး မှာနေ ပြီး နေ့ဘက် ကလေး ထိန်း ၊ ညဘက် လူကြီး ထိန်း ရုံ က လွဲ လို့ ဘာ မှ ထူး ခြား မှုမရှိ ပါဘူး။

++++++++++++++++++++++++++++

 •*¨နန်းတော်ရာသူ •*¨
အစ်မကတော့ ၂၀၁ဝတုန်းကစပြီး မန်းဂေဇက်ရဲ့ ဆယ်လီဗျစ်တီနဲ့နယူးစ်တွေကို အမြဲဝင်ဖတ်ဖြစ်ပါတယ်။
ဘာမှလက်စွမ်းပြဖို့အချိန်မပေးနိုင်သေးတဲ့အတွက်(သားငယ်လေးနဲ့ဖြစ်တာကြောင့်)
မျက်စိသာလှုပ်ပြီး လက်မလှုပ်နိုင်ခဲ့တဲ့အချိန်ကပေါ့။
အခုနောက်ပိုင်း သားလေး၂နှစ်ကျော်လာမှ အစ်မခေါင်းထဲစီထားသမျှစာတွေကို ထုတ်ရိုက်ပြီး
ဂေဇက်မှာ ဝင်နွှဲဖြစ်ခဲ့ပါတယ်။
တခြားနေရာတွေထက်စာရင် ဂေဇက်ကပေးတဲ့ ဗဟုသုများစွာပါဝင်တဲ့ ကွန့်မန့်တွေက စိတ်ခံစားမှုကို အခုတ်တရပေးနိုင်စွမ်းအရှိဆုံးလို့ထင်ပါတယ်။

မန်းဂေဇက်မှာ အစ်မစဝင်ကြည့်တည်းက မျက်မှန်းတန်းမိနေတဲ့မန်ဘာတွေက
မနွယ်ပင်နှင့်ဦးကြောင်ကြီးတို့ဖြစ်ပါတယ်။
မနွယ်ပင်က ဆယ်လီဗျစ်တီတွေရဲ့ဖွေဖွေရှာရှာပုံတွေတင်ပေးတတ်လို့ပါ။
ဦးကြောင်ကြီးကိုကတော့Biographical Info နေရာက ကြောင်ပုဇွန်စားကျွတ်ကျွတ်ဝါးသကဲ့သို့ ဆိုတဲ့စာကြီးကြောင့်ပါ။

++++++++++++++++++++++++++++

10 comments

  • ခင်ခ

    January 3, 2013 at 12:12 pm

    အမှတ်တရ ရေးထားတာလေးတွေ စုစည်းပြန်တင်ပေးလို့ ကောင်းတယ်ဗျာ။
    အမှတ်တရ သိမ်းဖို့ အတွက်လည်း ကူးယူထားလိုက်ပြီဗျို့။

  • VDM(Visible Distinguishing Mark)=TATTOO

    January 3, 2013 at 12:26 pm

    2013 နှစ်ကုန်မှာလဲ အဲဒီလိုမျိုး Happy Ending လေးတွေရေးကြပြီး ရွာကြီးပိုကျယ်ဝန်းသာယာလာမှာပါ

  • ခိုင်ဇာ

    January 3, 2013 at 12:30 pm

    ၂၀၁၂ ရဲ့ အမှတ်အမဲ့ ကိစ္စလေးတွေကို
    အံစာတုံးက အမှတ်မထင် ရေးခိုင်းလိုက်တော့
    မှတ်မှတ်ရရ ဝင်ရေးလိုက်မိလိုက်ပြီး
    အမှတ်တရ ဖြစ်သွားတာပေါ့လေ။ :hee:

  • surmi

    January 3, 2013 at 1:53 pm

    မောင်ရင်အံစာတုန်းရဲ ့ အမှတ်တရအစီအစဉ်တွေကိုဖတ်ပြီး
    စာရေးဆရာ ဒါရိုက်တာ သရုပ်ဆောင် အဆိုတော်ကိုဝင်းေဦးရဲ ့
    အကောင်းဆုံးလက်ရာဖြစ်တဲ ့ မိန်းမလှအမုန်း ဆိုတဲ ့ ဝတ္တုကိုသတိယမိတယ် ။
    အဲဒီဝတ္တု ထဲမှာ “ဒို ့နှစ်ယောက် ” ဆိုပြီး စာတန်းရေးတဲ ့ပုံစံနဲ ့ ဇတ်ကောင်စရိုက်
    ဇတ်လမ်းကို သယ်သွားတာ လက်ကမချနိုင်အောင်ပါပဲ ။
    တစ်ပုဒ်ထဲမှာတင် ရေးဟန်အမျိုးမျိုးရေးနိုင်တဲ ့ ကိုဝင်းဦးရဲ ့ စာပေစွမ်းရည်ကိုလည်း
    တကယ် ့ကိုလေးစားအားကျမိပါတယ် ………
    အခုထက်ပိုတဲ ့ အမှတ်တရလေးတွေရှိလာတဲ ့အခါမှာ……….
    ဒို ့နှစ်ယောက် ဆိုတဲ ့စာတန်းလေးတွေဖြစ်လာဖို ့မျှော်လင် ့နေပါကြောင်း ……………..

  • မိုချို

    January 3, 2013 at 2:00 pm

    ခုတလောပိတ်ရက်တွေ များ လို့ မိသားစုလိုက် အပြင်လည်နေတာတွေ၊ year end sale တွေ warehouse sale တွေ clearance sale ပတ်ငမ်း နေတာနဲ့ ရွာ ထဲ နှံအောင် မရောက်ဖြစ်ဘူး။ ဒါကြောင့် မောင်အံဇာ ရဲ့ ၂၀၁၂ သမိုင်းစာမျက်နှာ မှာမှတ်ကျောက်တင်ဖို့ ပျက်ကွက် ခဲ့ ရတာ ဦးစွာတောင်း ပန် ပါရစေ။
    ၂၀၁၂ မှာ ဂေဇတ် ရွာထဲ ရွာသူ အဖြစ် မှတ်ပုံတင် ဖြစ်တာ အမှတ်တရ ပါပဲ။ ဆိုဒ်ပေါင်းစုံ ဝင်ဖတ်ဖူးပေမယ့် ဒီဆိုဒ် ကျမှပဲ ဝင်ရေး ဖြစ်အောင် အစွဲဆောင် နိုင် ဆုံး ကတော့ ရွာသူားတွေ ရဲ့ ကွန်မန့် တွေ ကြောင့် ပါပဲ။ အချင်းချင်း ရင်း နှီး နွေးထွေးတဲ့ ကွန့် မန့် တွေ နဲ့ အပြန်အလှန် ပြော ဆိုကြတာ ကို အရင် က ပွဲကြည့် ပရိသတ် အနေနဲ့ ပဲရှိ နေခဲ့ ရာက ကိုယ်တိုင် ပါဝင်ခွင့် ရခဲ့ တာ ကတော့ ၂၀၁၂ ရဲ့ အမှတ် တရ ဖြစ်ရပ် တစ်ခုပါ။ အောက်တိုဘာ လ မှာတော့ ဘယ်လိုမှ မမျှော် လင့် ထားတဲ့ အကြိုက်ဆုံး စာမူ ဆုရှင် အဖြစ် ရွေး ခြယ် ခံခဲ့ ရတာ လည်း အမှတ် တရ ပါပဲ။

    ကိုယ့်ရဲ့ အပြင်ဘဝ မှာတော့ နှစ်လယ် လောက် က ပုဂံ ကို ပထမဆုံး အကြိမ် ရောက် ခဲ့ တာက လွဲ လို့ ၂၀၁၂ ဟာလည်း ၂၀၁၀၊ ၂၀၁၁၊ နှစ်တွေ လိုပဲ စလုံး မှာနေ ပြီး နေ့ဘက် ကလေး ထိန်း ၊ ညဘက် လူကြီး ထိန်း ရုံ က လွဲ လို့ ဘာ မှ ထူး ခြား မှုမရှိ ပါဘူး။

  • koaung

    January 3, 2013 at 7:24 pm

    ဆရာလေး အံစာရေကျေးဇူးပါနော

  • မောင်ပေ

    January 3, 2013 at 7:49 pm

    ၂၀၁၃ အတွက် အမှတ်တရတွေကို အဆက်မပြတ်ဖန်တီးပေးတဲ့ ညီငယ်အံစာတစ်ယောက် ငပလီကို ခြစ်သူနဲ ့အတူ အမြန်ဆုံး ဂိုးနိုင်ပါစေဗျား

  • မောင်အံရေ အစ်မတော့မသိလိုက်လို့တောင်းပန် ဇကောပန်ပါတယ်။
    အစ်မကတော့ ၂၀၁ဝတုန်းကစပြီး မန်းဂေဇက်ရဲ့ ဆယ်လီဗျစ်တီနဲ့နယူးစ်တွေကို အမြဲဝင်ဖတ်ဖြစ်ပါတယ်။
    ဘာမှလက်စွမ်းပြဖို့အချိန်မပေးနိုင်သေးတဲ့အတွက်(သားငယ်လေးနဲ့ဖြစ်တာကြောင့်)
    မျက်စိသာလှုပ်ပြီး လက်မလှုပ်နိုင်ခဲ့တဲ့အချိန်ကပေါ့။
    အခုနောက်ပိုင်း သားလေး၂နှစ်ကျော်လာမှ အစ်မခေါင်းထဲစီထားသမျှစာတွေကို ထုတ်ရိုက်ပြီး
    ဂေဇက်မှာ ဝင်နွှဲဖြစ်ခဲ့ပါတယ်။
    တခြားနေရာတွေထက်စာရင် ဂေဇက်ကပေးတဲ့ ဗဟုသုများစွာပါဝင်တဲ့ ကွန့်မန့်တွေက စိတ်ခံစားမှုကို အခုတ်တရပေးနိုင်စွမ်းအရှိဆုံးလို့ထင်ပါတယ်။
    ရွာသူရွာသားအပေါင်းကို အမြဲချစ်ခင်လေးစားလျက်
    နန်းတော်ရာသူ 🙂

  • နောက်တစ်ခုကျန်သွားလို့လာပြန်မန့်တာ
    မန်းဂေဇက်မှာ အစ်မစဝင်ကြည့်တည်းက မျက်မှန်းတန်းမိနေတဲ့မန်ဘာတွေက
    မနွယ်ပင်နှင့်ဦးကြောင်ကြီးတို့ဖြစ်ပါတယ်။
    မနွယ်ပင်က ဆယ်လီဗျစ်တီတွေရဲ့ဖွေဖွေရှာရှာပုံတွေတင်ပေးတတ်လို့ပါ။
    ဦးကြောင်ကြီးကိုကတော့Biographical Info နေရာက ကြောင်ပုဇွန်စားကျွတ်ကျွတ်ဝါးသကဲ့သို့ ဆိုတဲ့စာကြီးကြောင့်ပါ။

  • အကုန်လုံး ထဂျ .. အကုန်လုံး ထက ..
    အို .. ဘာတဲ့ …
    အကုန်လုံး ထဂျ .. အကုန်လုံး ထက … က .. ထ .. ထ .. က .. ဟေ့ … ဟေ့ .. :mrgreen:

    အားလုံးဘဲ ကွန်မန့်လေးဒွေအတွက် ကျေးဇူးတင်ဘာလယ် …
    ချက်ချင်း ရီပလိုင်း မလုပ်နိုင်တဲ့အတွက်လည်း ချော်တီးဘာ …

    အမ မချိုနဲ့ ယောက်ခမဂျီး တို့ရဲ့ စကားလေးတွေကိုလည်း
    ထပ်ပြီး ပေါင်းထည့် ပေးထားဘာဒယ် ..
    တွေ့ရင် မုန့်ဝယ်ကျွေးဘို့ မေ့ဘာနဲ့ …
    (ဘာမှလည်း ဆိုင်ဝူးးး) :mrgreen:

Leave a Reply