“ငြိမ်းချမ်းရေး”

ကွဲသွားတဲ့ဖန်ခွက် ဆက်မဲ့သူမရှိ ကြေမွနေ

မျက်လှည့်ဆရာရဲ့ အကောင်းဆုံးပြကွက် သူ့ကိုယ်သူ ဖျောက်ပစ်လိုက်တယ်

ဘယ်တော့ပေါ်လာမှာလဲ… ငြိမ်းချမ်းရေးငုပ်ကောင်

Doorပိတ်ထားသော ပန်းငုံလို ညှော်မိပြီး အိပ်နေပုံ

လူစားဝင် လူဝင်စားတွေက ဟစ်တလာတွေ ထပ်မွေးတယ် အပြွတ်လိုက်

စတာလင်တွေ ထပ်မွေးတယ် အခိုင်လိုက် အို…ဘုရားသခင်

ဦးချိုယား ဆိတ်လိုလူတွေများ မည်းမည်းမြင်ရာ ခွေ့ ခွင့်ပြုလေသလား

စပေါက်စ မြက်ပင်တွေခမျာ အမြစ်ပါမကျန် အနှုတ်ခံခဲ့ရ

ပြော… စိုက်မဲ့လက်ကျ နှေးနေ/လေးနေတာ ဘာကြောင့်လဲ

ငါတို့ မျှော်နေကြပါတယ်… သံလွင်ခက်ကိုက်ဂျိုးဖြူရယ်…

သင်လာရင် အဝေးက ရေတွင်း မပြနဲ့ အနီးကပ် ရေခပ်တိုက်ပါ

မျက်ရည်မြစ်ကိုချုံ့ ပါ ပဋိပက္ခကိုဖြုတ်ပါ

ငါတို့ အသက်လုပြီး တူပုန်းတမ်း မကစားချင်တော့ဘူး

အနိဋ္ဌာရုံတွေ မီးငြိမ်း လက်နက်ကြီး/သေး အ,နေကြပါစေ

သို့။။။

ကမ္ဘာကြီးရယ်… ငါတို့ လောဘကြီးတယ်ပဲ ဆိုပါစို့

ခွက်အပြည့် ငြိမ်းချမ်းရေးကို အလျှံပယ်လိုချင်လှပြီ

“အမြန်ပေးပါ… အမြန်ပေးပါတော့…”

ငါတို့ စုပ်ဝဲတွေလို အတွင်းလှိုက်ပြီး ဆာလောင်နေကြတယ်။ ။

စေပိုင်ထွဋ်(ပုသိမ်)

6 comments

  • အလင်းဆက်

    January 3, 2013 at 8:43 pm

    ဖတ်သွားပါတယ်.ဆိုတာလောက်နဲ ့…ပြောတာ အားမရလို ့…
    ခံစားသွားပါတယ်.လို့ ပြောခဲ့ပါရစေ..။

    ကမ္ဘာကြီးရယ်… ငါတို့ လောဘကြီးတယ်ပဲ ဆိုပါစို့
    ခွက်အပြည့် ငြိမ်းချမ်းရေးကို အလျှံပယ်လိုချင်လှပြီ
    “အမြန်ပေးပါ… အမြန်ပေးပါတော့…”

    • စေပိုင်ထွဋ် (ပုသိမ်)

      January 13, 2013 at 6:10 pm

      ခံစားမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း

  • ရေးစပ်ထားတာ ကောင်းလှသဗျာ …
    ဥပမာတွေနဲ့ စပ်ပြသွားတာ …
    ကဗျာလည်း ပီသလှသဗျာ ….။

    ကိုစေပိုင်ရေ ……..
    ကိုလင်းဆက် ပြောသလိုပဲဗျို့ ….။
    ဖတ်ရင်းနဲ့ ခံစားသွားတယ် ……။

    • စေပိုင်ထွဋ် (ပုသိမ်)

      January 13, 2013 at 6:11 pm

      ဖတ်ရင်း ခံစားမှုအတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း

  • မောင်ပေ

    January 4, 2013 at 1:41 pm

    ငြိမ်းချမ်းရေး
    ဘိန်းဖမ်းပြေး
    စိမ်းလန်းအေး
    သိန်းသန်းပေး

  • ဇွဲမာန်(အင်းဝ)

    January 5, 2013 at 10:05 pm

    တကယ့်ကိုတော်ပါတယ်…………..လေးစားလျှက်ပါနော်

Leave a Reply