ကျန်းမာရေးအတွက် ဆေးတခွက်(၁)

koaungJanuary 3, 20131min31120

၂၀၁၃  နှစ်သစ်မှာ  ရွှင်လန်းချမ်းမြည့်ကြပါစေ

အစားအစာသည် လူ၏အဓိကလိုအပ်သော  မဖြစ်မနေစားသုံးရသည့်  အရာဖြစ်ပေ၏  သို့သော် အစားအစာတိုင်း  ကျန်းမာမှူကိုဖြည့်စည်းနိုင်ခြင်း မရှိပေ  သို့ပါ၍  အစာလည်းဆေး ဆေးလည်းအစာ ဖြစ်လျှင်ပို၍သင့်မြတ်သည်ဖြစ်ရာ   စားသောက်ရာတွင် ဘာကိုစားသင့်သလည်း  ဘယ်လိုစားရမလည်း  ဘယ်မျှစားသင့်သလည်း  စတာတွေကို မစားခင်ဆင်ခြင်နိုင်မှသာလျှင် စားသောအစာသည်  ဆေးဘက်ဝင်၏  မဆင်မခြင်စားသောက်ပါ
က  စားသမျှအစာသည်  မလိုအပ်သော အရာများအဖြစ်ပြောင်းလဲ၍  အဆိပ်များအဖြစ်ရပ်တည်၍  အထွေထွေရောဂါဘယ များကိုဖြစ်ပွါးစေ၏ ထို့ပါ၍  နေ့စဉ်စားသမျှ အစာများအလွယ်တကူကြေညက်စေရန်  အသီးအနှံများစားခြင်း ရေများ
များသောက်ခြင်းဖြင့် ချေဖျက်နိုင်ပါ၏
ယခုကျနော် မျှဝေချင် တာကတော့   တန်ဘိုးမကြီး အလွယ်တကူသုံးဆောင်နိုင်ပြီး  ကိုယ်တွင်းမှာမလိုအပ်တဲ့  အဆီဓတ်နဲ့ကဆီဓတ် များကို  နည်းစေမဲ့  ဖျော်ရည်သောက်နည်းဘဲဖြစ်ပါတယ်

(၁)    ရေ၅၀ဝစီစီ
(၂)    ပန်းသီး ကြီးလျှင်  တစိတ်  /   သေးလျှင်  တဝက်
(၃)    အချိုဓတ်မပါသော  ကွေကာအုက်ရိုးရိုး    ၄ဇွန်း(သို့) ၅ဇွန်း      ဟင်းချိုသောက်ဇွန်း

မစ်စာ(သစ်သီးဖျော်ရည်စက်)  ထဲသို့  ရေကိုအရင်ထဲ့ပြီးမှ  ပန်းသီးနဲ့ကွေကာအုက်ကိုထဲ့ပါ              စက်ဖြင့်ခနတာမွှေပြီးပါကအသင့်သောက်သုံးနိုင်ပါသည်
အကြောတက်တတ်သူ   အဝလွန်သူ  ညောင်းညာတတ်သူ  သွေးတိုးတတ်သူ  အစာအိမ်ရောဂါရှိသူ အရေပြားရောဂါရှိသူများကိုပါ  နေစဉ်သုံးဆောင်ပါက သက်သာနိုင်ကြောင်း လေဒီရို ကျန်းမာရေးအစီအစဉ်မှရရှိပြီး  ကိုယ်တိုင်လည်းနေ့စဉ်
သောက်သုံးနေပါကြောင်း      ပန်းသီးပိုထဲ့ပါက  တော်တော်လေးများစားရင်မော်တော်လေးများသွားသလို။။။။။။။။။ဖြစ်တတ်ပါကြောင်း

လေးစားလျှက်                                   မောင်အောင်

20 comments

  • မောင်ပေ

    January 3, 2013 at 7:58 pm

    ခင်မင်ရပါသော ဦးလေးအန်ကယ်ကိုအောင် ခင်ဗျ
    ကျုပ်တို ့ဆီမှာတော့ အခု ကမ်းစော်ဆီ ဆိုတာ နာမည်ရနေတယ်ခင်ဗျ
    ဘာကောင်းသလဲ ဆိုရင် ၉၆ပါးသက်သာရာရောက်တဲ့အထိကို နာမည်ကြီးနေတယ်ဗျ
    အဲဒါ အဲဒါ
    တစ်နေ ့တစ်ဇွန်းသောက်လျှက် ရှိပါကြောင်း
    ထိုဆေးသည် တစ်ကယ်ကို အစွမ်းထက်ပါကြောင်း
    လက်တွေ ့တွင် သွေးတိုးသမားတစ်ယောက် ၁၇၀/၁၄ဝ ကမ်းစော်ဆီ တစ်ရက်၂ဇွန်းသောက်လိုက်ရာ ၊ ဒုတိယရက်နေ ့ညတွင် အရက်ပြန်သောက်နိုင်တဲ့အထိ ဘလက်ပရက်ရှာပုံမှန်ဖြစ်သွားပါကြောင်း
    အဲဒါ အဲဒါ

    • koaung

      January 3, 2013 at 8:49 pm

      မန်တလာ ဆရာပေရေ့ အခုလိုထပ်ဖြည့်ပေးတာကျေးဇူးပါနော ပြည်ပကလူတွေအတွက်ပါ ရည်ရွယ်တာပါ ပြည်ပမှာအလွယ်တကူရနိုင်တဲ့ အစာဖြစ်တာလည်းပါတယ်ဗျ နောက်ပြီး ဝမ်းချုက်တတ်သူအတွက်လည်း အဆင်ပြေတယ် အသက်၃၅ကျော်သူ များဒီမှာ အထူးတလည်စားလေ့ရှိတယ် နွားနို့နဲ့ရောပြီး ကွေကာအုက်ကိုရောသောက်ကြသလို တချို့ဆိုထမင်းထဲမှာပါရောပြီး ချက်စားတတ်ကြတယ် ကျနော်ကတော့အိမ်သူသက်ထားက နေ့စဉ်မဖြစ်မနေသောက်
      ခိုင်းလို့ ဒေါသထွက်ပြီးဝေမျှတာ (အဲလေ ) ကောင်းမှန်းသိလို့ဝေမျှတာ ခင်မင်လျှက်

  • MaMa

    January 3, 2013 at 8:36 pm

    ဝမ်းသာစရာ သတင်းကောင်းပဲ။
    အကြောတက်တတ်သူ အဝလွန်သူ ညောင်းညာတတ်သူ သွေးတိုးတတ်သူ အစာအိမ်ရောဂါရှိသူ ဆိုကတည်းက အားလုံးကိုယ်နဲ့ အံကိုက်ပဲ။ :hee:

  • koaung

    January 3, 2013 at 8:56 pm

    မမရေ တကယ်ကောင်းသလို လွယ်လဲလွယ်တယ် ဆေးဆိုတာသောက်တိုင်း မကောင်းပါ အရင်ကဝမ်းရေးအရ ဆေးရောင်းခဲ့ဘူးလို့သိနေတယ် (စိန်ဂျွန်းဈေး၊မင်ဂလာဈေး) နောက်ပိုင်းသိသမျှ ကောင်းနိုးရာရာများ ရှာဖွေတင်ပြပါမည်
    သည်းခံအားပေးတော် မူကြပါကုန် :mrgreen: လေးစားလျှက်

  • ဦးဦးပါလေရာ

    January 4, 2013 at 12:24 am

    အဲဒီတော့ အရေးကြီးတာလေးတစ်ခုက
    အရသာရော ဘယ်လိုနေသလဲပဲ….
    ကျုပ်က အသက်ကြီးလာလေ ဆေးဂျီးများလာလေဖြစ်နေတယ်…
    မက်ထရိုတောင် ခါးတဲ့ဟာမသောက်ဘူး
    ဖလင်ကုတ်တက်လေးနဲ့မှ
    :hee:

    • koaung

      January 4, 2013 at 3:39 am

      ကိုပါရေ မင်ဂလာပါခင်ဗျာ ပန်:သီ:နဲ့အတူ ရောကြိတ်တာမို့ သစ်သီ:နံ့ရှိပါတယ် ဒီမှာသုံးတဲ့ကွေကာအုက် ကဪစီကဝင်တာပါ သန့်သလို ရိုးရိုးရှင်းရှင်:
      မို့ ဒီအတိုင်းကိုမွှေးပါတယ် ဈေးကလည်းတပေါင်ထုက် မှ 1.5 ဒေါ်လာဘဲရှိပါတယ် လေးစားလျှက်

  • aye.kk

    January 4, 2013 at 4:45 am

    ကျေးဇူးပါ။
    ကိုအောင်ပြောတာနဲ ့ကကွက်တိဖြစ်နေလို ့။
    နေ ့စဉ်သုံးဆောင်နိုင်ဘို ့အတွက်။
    ဆေးတခွက်အဖြစ်နည်းရသွားတာ။ဝမ်းသာမိပါတယ်။

  • ခိုင်ဇာ

    January 4, 2013 at 9:11 am

    လိုအပ်မဲ့ သူတွေ အတွက်တော့ မှတ်သွားပါတယ်။
    ကိုယ်တိုင်တော့ ကျန်းမာရေးအတွက် ကောင်းတယ် ဆိုတဲ့ အရာတွေ ဘာမှ မလိုက်နာဖြစ်တာ ခုထိပဲ။
    :harr:

  • … မစားခင် ဆင်ခြင်ပြီးမှ စားဘာ ….
    အိုက်ဒါ အမှန်ဘဲ ….
    ကျုပ် ကိုရင် ဝတ်တုန်းကဆိုရင် ….
    မစားခင် ဆင်ခြင်ပြီးမှ စားရဒယ် .. အဟီးးး :mrgreen:

    နောက်တာပါ ….
    အားပေး၊ ဖတ်ရှု၊ မှတ်သားသွားပါတယ် ဦးအောင်ရေ ….။

  • ဗုံဗုံ

    January 4, 2013 at 1:26 pm

    ဖတ်ရှု့မှတ်သားသွားပါတယ်ရှင် 🙂

  • koaung

    January 4, 2013 at 6:18 pm

    aye.kk
    မဟာရာဇာ အံစာတုံး
    ခိုင်ဇာ
    ဗုံဗုံ ကွန်မန်းများအတွက်ကျေးဇူးတင်ရှိပါကြောင်းနှင့် စကားအတင်းစပ် နောက်ဆုံးဒီမှာ ဆေးလာကုနေတဲ့ မြန်မာပြည်သူ/သား များသတင်းကို ပြောပြချင်ပါတယ် ဗဟုသုတပေါ့ဗျာ အခုတလော ဒီကိုမြန်မာပြည်မှ အုပ်စုလိုက်
    လူနာများ ဆေးလာကုလျှက်ရှိပါတယ် ကျောက်ကပ်ဝေဒနာသည် တယောက် မန်းတလေးကပါ (အသိ) ဆီးအိမ်ထဲမှာ ကျောက်ရှိလို့ ဒီမှာလာခွဲကြောင်းသိရပြီး ပထမ စက်နဲ့လုဎ်တယ် အောင်မြင်ပုံမရလို့ တပတ်အကြာမှာ ခွဲစိတ်
    ပါတယ် အခုဆေးရုံကဆင်းသွားပါပြီ ပထမတခါ သိန်း၂ဝကုန်ပြီး ခွဲစိတ်တာက ၆သိန်းခန့်ကုန်တယ်လို့သိရပါတယ် အကြံပေးချင်တာက ဒီလိုမျိုးဖြစ်မယ်ဆိုရင် အစကထဲက ခွဲစိတ်ဘို့ ပြင်ဆင်သင့်ကြောင်း

    အခုတလောငယ်ငယ် ရွယ်ရွယ်နဲ့လေဖြတ်နေတာတွေ ငယ်ငယ်ရွယ်ရွယ်နဲ့သွေးတိုးနေတာတွေ တွေ့နေရပါတယ် ရာသီဥတုကလဲဖောက်ပြန်တာပါပါတယ် သို့ဖြစ်ပါ၍ ကျန်းမာရေးဂရုစိုက်စေရန် ရည်ရွယ်၍ ရေးတင်ခြင်းဖြစ်ပါကြောင်း ကျန်းမာရေးအစီအစဉ်မှာ သင်ကြားပို့ချပေးနေသောဆရာဝန်များဟာ အနောက်နိုင်ငံမှလက်မှတ်ရ ဆရာဝန်များ ဖြစ်ပါကြောင်း

  • surmi

    January 5, 2013 at 8:55 am

    အစ်ကို ကိုအောင်ရေ
    ကျနော်က ဝ တဲ ့သူဆိုတော ့ ကွက်တိဗျာ
    အထူးသဖြင် ့ အချို ရှောင် ပြီးရှေ ့ာ ့စားတဲ ့အနေအထားဆိုတော့ အံကိုက်ပါပဲ
    တစ်ခုလေးမေးချင်သေးတယ် ။ ထမင်းအစားထိုးအနေနဲ ့ တစ်နေ ့ကို သုံးကြိမ်လောက်
    သောက်ရင်ရော အဆင်ပြေနိုင်လားဆိုတာပါ
    ကျေးကျေးပါနေ ာ

    • ခင်ခ

      January 5, 2013 at 11:26 am

      ကိုဆာမိရေ ထမင်းအစားထိုးအနေနဲ့ တစ်နေ့ကို သုံးကြိမ်လောက်သောက်သွားရင် အဆင်ပြေနိုင်ပေမယ့်
      တက်နေတဲ့ ဝိတ်ကျဖို့ရက်တိုဘဲကောင်းပါလိမ့်မယ်၊ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အခြား ဒြပ်တွေ အဟာရတွေ ရယူမှု့နည်းသွားနိုင်သဖြင့် ရေရှည်တော့ ထမင်းလွတ်မလုပ်သင့်ကြောင်း ဝင်ပွားပါ၏။
      အတော်လည်းလုပ်ပါ ငါ့ဆရာရယ်။

    • koaung

      January 5, 2013 at 6:54 pm

      ကိုရင်ဆာမိ အလုဎ်များလို့စာပြန်နောက်ကျတာခွင့်လွှတ်ပါ ဆရာခပြောတာမှန်တယ် တနေ့ကိုတခွက်ဘဲသောက်ပါ ရေရှည်သောက်ဖို့လိုတယ် ဒါမှကျန်းမာရေးအတွက်ဆို မန်ကျည်းဖျော်ရေသောက်တာမျိုး ထမင်းအစား ဆံပြုတ်သောက်တာမျိုးပေါ့ဗျာ အပြောင်းအ လဲလေးနဲ့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ ပန်းသီဝယ်လို့မကောင်းရင် နာနတ်သီးနဲ့ ပြောင်းတာမျိုး ပေါ့ဗျာ ဒီမှာကျန်းမာရေးအတွက် စပ်ပြီးသားဆန်တွေပိုဈေးကြီးတယ် ဗဟုသုတပါဗျာ
      ထိုင်ဝမ်မှာဆေးရုံတက်တဲ့ ဈေးအကြမ်းဖျင်းပြောပြလို့ ဈေးကြီးရင်ကြီးမယ် မြန်မာပြည်မှာလဲဈေး မပေါဘူး နော ကျနော်အမေအရေးပေါ်ဆေးရုံ ၂ဝရက် တက် ပြန်လာတာ ၁၅သိန်း တဲ့ ဘယ်မှာဘဲဖြစ်ဖြစ် ရောဂါဖြစ်လာရင် ဈေးမပေါဘူး
      ဆိုတာ သိစေချင်တယ် ဆိုလိုချင်တာက မဖြစ်ခင်ကဂရုစိုက်တာဟာ အကောင်းဆုံးပေါ့ဗျာ
      မနက်မိုးလင်းလို့ ဂေါင်းထဲမှာမရှင်းမရှင်းဖြစ်ရင် စပြီးသတိထားပါ ပုံမှန်၁ဝနာရီမှာအိပ်တဲ့လူဟာ အစာကိုညရနာရီကျော်ရင် မစားသင့်တော့ဘူးပေါ့ အိပ်ချိန်ကိုလဲနေ့စဉ်အိပ်တတ်တဲ့နာရီ ထက်မပိုစေနဲ့ ဆိုလိုတာကဒီနေ့ငါနားတယ်
      ပုံမှန်ထက် ၃နာရီပိုမအိပ်မိစေနဲ့ အလုဎ်တခုခုုရှာလုဎ်ရမယ် အဆီအနှစ်တွေစားတာ များတာ အိပ်တာကြာတာတွေဟာ သွေးလေးစေတယ် တနည်းအားဖြင့်သွေးကို ပြစ်စေတယ် သွေးပြစ်ရင် ဇက်ကြောတက်တာက အစလေဖြတ်တာအဆုံးဘဲ အသက်ကြီးလာလေလေ အိပ်ချိန်ကနဲလာတာ ဘာကြောင့်လဲဆို လှုက်ရှားမှူနဲလို့ပါ ဒါကြောင့် ရတဲ့အချိန်လေးတိုင်းသတိထား ပြီး ကျန်းမာရေးလေ့ကျင့်ခန်း နဲ့ လမ်းမျာများရှောက်တာ လုဎ်သင့်တယ် ဂျော်ကင်း ဆိုတဲ့အနှေးပြေးကအကောင်းဆုံးပေါ့ဗျာ ကျနော်ကစက်ဘီးအစီးများတယ် အားလုံးကိုကောင်းစေချင်တဲ့စေတနာသက်သက်ပါ သိလွန်းတတ်လွန်းလို့ပြောတာမဟုတ်ပါ လေးစားလျှက်

      • surmi

        January 5, 2013 at 7:08 pm

        မအားလပ်တဲ ့ကြားက ဖြေကြားပေးတဲ ့
        အစ်ကိုကြီးကိုခနဲ ့ အစ်ကိုကြီးကိုအောင်ရေ
        ကေိးကျေးပါဗျာ ။ ကျနော်ကအိပ်ချိန်နဲပါတယ် ။အခုနဲလွန်းလို ့ချင် ့ချိန်ပြီးပြန်အိပ်နေရပါတယ်
        အရင်က တစ်နေ ့ ၄ နာရီ ၅ နာရီလောက်
        ပါပဲ ။အခုတော ့ ၆ နာရီလောက်မှန်းပြီး
        အိပ်ပါတယ် ။ တစ်ခါတစ်လေ လှုပ်ရှားမှုနည်းတာတော ့အမှန်ပါ။
        ဟိုတုန်းကဂရုမစိုက်ခဲ ့ပေမဲ ့ အခု အသက်လေးရလာတော ့
        ဆင်ခြင်နေရတာအစ်ကိုတို ့ရေ …..
        သားသမီးတွေရှိသေးတော ့ ဒီလိုပဲအစ်ကိုရေ ။

  • ခင်ခ

    January 5, 2013 at 10:45 am

    ကိုအောင် ညွှန်းပြီးရေးထားတဲ့အစာလည်းဆေးက ကောင်းပါတယ်၊
    ပန်းသီးမှာ ပက်သင်ဓာတ်ပါတယ် အုတ်ဂျုံခေါ်တဲ့ကွေ့ကာက ရေထဲတွင်ပျော်ဝင်နိုင်တဲ့ အစာအမျှင်ပါ။
    ပန်းသီးအနံမကြိုက်ရင် ရေ အစား အဆီထုတ်နွားနို့ထဲ့သောက်လည်းရနိုင်ပါတယ်။
    ပန်းသီးက ကိုယ်တွင်းအညစ်အကြေးကိုရှင်းထုတ်တဲ့အစွမ်းရှိပြီး ကွေ့ကာအုပ်က အမျှင်ဓာတ်အစာဖြစ်လို့ အစာအိမ်အက်ဆစ်ကိုထိန်းစေပြီး စာလောင်မှု့ကိုရပ်စေတဲ့အတွက် ကောင်းမွန်သောဆေးတစ်ခွက်လို့ ဆိုတာပါဗျာ။

  • koaung

    January 5, 2013 at 7:21 pm

    ဆရာခင်ခခင်ဗျား မင်ဂလာပါ အခုလိုဖြည့်စွက်ပေးတဲ့အတွက် လွန်စွာကျေးဇူးတင်လေးစားမိပါကြောင်း ဒီကအနောက်တိုင်းဆေး ဆရာတွေက အရှေ့တိုင်းဆေးကို လေ့လာကြသလို အရှေ့တိုင်းဆေးဆရာတွေဟာလဲ အနောက်တိုင်းကို
    တီးမိခေါက်မိရှိကြတယ် ဒါကြောင့် သူဒို့ဆေးတွေတခါတခါ အရှေ့အနောက်ခွဲရခက်တယ် ကျနော်ကဝါသနာအရ ကျန်းမာရေးလိုက်စား တတ်လို့ သိတာလေးဝေမျှတာပါ ဆရာ့စာတွေဖတ်ဖူးပါတယ် သဘောလဲကျမိတယ် ကြိုက်မကြိုက် မခန့်မှန်းရဲလို့ ဝင်မမန့်ဖြစ်တာပါ စကားမစပ် ဒီမှာမီးလောင်တဲ့လူ အရိုးပါပေါ်အောင် လောင်သွားတာကို ရအောင်ကုနိုင်တဲ့ ဆရာတွေ့ဘူးတယ် သူ့ဆေးခန်းမှာဆိုလူတွေ နေ့တိုင်းတန်းစီနေတာ ဟိုတလောက အရေးအခင်းမှာဗုံးဒဏ်ရာ
    ရတဲ့ကိုယ်တော် သတင်းကိုဖတ်မိပြီးသတိရမိလို့ပါ တော်ရုံလူတွေ ဆေးရုံကြီးတောင် မသွားကြဘူး သူ့ဆီဘဲသွားကြတယ် သူကဆေးကို၂ထပ်သုံးတာဗျ တထပ်ကဖရောင်း နောက်တထပ်ကသူ့ဆေး ပန်းရောင် အလှဆီလိုဘဲ ၂ဒီဂရီဘန်း ဆိုတပတ်ဆိုပျောက်တယ် ယိုးဒယားမှာ ပိုက်ဆံများများကုန်တာတောင် လိုသေးတယ်ဆိုလို့ပါ ဒီမှာသာဆိုအကုန်အကျနဲနိုင်တယ်ထင်မိတယ် လေးစားလျှက်

  • ဦးကြောင်ကြီး

    January 6, 2013 at 1:15 am

    အကြောတက်
    ငှက်ပျောဖက်
    ကလောဆက်
    မနောဓာတ်
    စကောဝက်
    သဘောမှတ်
    ခနောထပ်
    လဖောဇာတ်..။

  • အရီးခင်လတ်

    January 6, 2013 at 3:00 am

    ကိုအောင်ရေ
    ကွေကာအုပ် ကို သောက်တယ်။
    ပန်းသီးကိုစားတယ်။
    ၂မျိုးပေါင်း အစွမ်းကို တော့ အခုမှသိတယ်။
    အိပ်ချိန် မှန်အောင် လေ့ကျင့်ဖို့ သတိပေးထားတာလေး အတွက်လဲ ကျေးဇူးပါရှင်။

  • koaung

    January 6, 2013 at 6:32 pm

    ကိုရင်ဆာမိ နဲ့ မလတ် ခင်ဗျား တနေ့ကိုစပျစ် ဝိုင် အနီ/အဖြူ ကိုလက်တဆစ် သောက်သုံးချင်းဖြင့် သွေးပြစ်ခြင်းမှ ကာကွယ်နိုင်ပါကြောင်း မနက်အိပ်ရာထရင်လည်း ဂေါင်းကိုကြည်လင်စေပါကြောင်း

Leave a Reply