အထူး ဂုဏ်ယူ ဝမ်းမြောက်ခြင်း

Mr. MarGaJanuary 4, 20131min22526

အထူး ဂုဏ်ယူ ဝမ်းမြောက်ခြင်း

တာဝတိံသာ နတ်တို့ရွာနှင့် နတ်ပြည်ခြောက်ထပ် လူ့ဘုံရပ်ကိုပါ ပိုင်စိုးအုပ်ချုပ် လေထသော

နာယကဂုဏ်ခြောက်ပါး၊ မင်းကျင့်တရား ဆယ်ပါးနှင့် ပြည့်စုံပေထသော

ဝေဇယန္တာ၏ အရှင်သခင်၊ သာသနာ့ဒါယကာ

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ အောင်ဆန်းသူရိယ ဦးမာဃအား

ယနေ့ ကျရောက်သည့် ၆၅နှစ်မြောက် လွပ်လပ်ရေးနေ့တွင် နတ်ပြည်လွှတ်တော်၊ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြင့်ရေးကော်မတီမှ နေမျိုးဗလကျော်သူ ဘွဲ့ကို ပေးအပ်ချီးမြင့်ကြောင်း သိရှိရသဖြင့်

အထူးတလည် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း

ဝေဇယန္တာမှ ဝန်ထမ်းများနှင့်၊ တာဝတိံသာမှ နတ်သားနတ်သမီးများ

 

အထူးတလည် ကျေးဇူးတင်လွှာ

ယခုကဲ့သို့ ကျွန်တော် နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ အောင်ဆန်းသူရိယ ဦးမာဃအား ယနေ့ ကျရောက်သည့် ၆၅နှစ်မြောက် လွပ်လပ်ရေးနေ့တွင်

နတ်ပြည်လွှတ်တော်၊ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြင့်ရေးကော်မတီမှ တာဝန်နှင့်ဝတ္တရားများကို အထူးတလည် ထမ်းဆောင်သောကြောင့် နတ်သားနတ်သမီးများမှ ရွေးချယ်ပေးအပ်သည့်

နေမျိုးဗလကျော်သူ ဘွဲ့ကို ထပ်မံ ပေးအပ်ချီးမြင့်ပေးပါသဖြင့် အထူးတလည် ကျေးဇူးတင်ရှိပါကြောင်း

မုဒိတာပွားကာ ဂုဏ်ပြုစကားများ ဆက်သွယ်ပြောကြားကြပါသော ရပ်ဝေးရပ်နီးမှ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေသင်္ဂဟများကိုလည်း ကျေးဇူး အထူးပင် တင်ရှိပါကြောင်း

လေးစားစွာဖြင့်

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ အောင်ဆန်းသူရိယ ဦးမာဃ

(ခေတ္တ လူ့ပြည်)

26 comments

  • ခိုင်ဇာ

    January 4, 2013 at 9:58 am

    နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ အောင်ဆန်းသူရိယ ဦးမာဃရှင့်,

    အဲတော!့ နာမည်ခေါ်ရတာနဲ့ မန့်ရမဲ့ အကြောင်း မေ့သွားပြီပြီ။ :kwi:

    • Mr. MarGa

      January 4, 2013 at 10:05 am

      မေ့သွားရင် ထပ်မန့်ပေး
      ဒါလေးကို မေ့ရသလား
      အသက်ကဖြင့် ငယ်ငယ်လေး ရှိသေးတယ် :mrgreen:

  • etone

    January 4, 2013 at 10:04 am

    အူးလေး ဂန်ထူးဆောင် အဲ ဂူဏ်ထူးဆောင်ဘွဲ့ရလို့ မိတားစုနဲ့ထပ်တူ ဝမ်းနည်:အဲ မွှားပြန်ပြီ ဝမ်းသာမိပါကြောင်း ငြိုးငယ်သောမျက်နှာထားဖြင့် ကော့မန့်ရေးသွားပါတယ်နော် ခိခိ :kwi:

    • Mr. MarGa

      January 4, 2013 at 10:06 am

      အမ်
      အကုန်မှားနေပါပေါ့လား
      မကျေနပ်ဖူး ပြန်မန့်
      အကုန်လုံး ဆန့်ကျင်ဘက်တွေပဲ ပြောသွားတာ ဟွန့်
      :buu:

  • surmi

    January 4, 2013 at 10:05 am

    ဒါလေးများးးးးးး
    ကျုပ်လည်းမနက်စောစောက ဦးမာဂ နာမည်ကိုလမ်းထိတ်ကလက်ဘက်ရည်ဆိုင်မှာတွေ ့ခဲ ့သေး…
    ဘာတဲ ဲ ့…………
    သဂျားယောင်မောင်မာဂသိစေရန်
    ယနေ ့( ၆၅ )နှစ်မြောက် လွတ်လပ်ရေးနေ ့ကိုဂုဏ်ပြုသောအားဖြင် ့
    မောင်မာဂ မှပေးရန်ရှိသော လက်ဘက်ရည်အကြွေး ၁၃၅ ကျပ်အား
    အပြီးအပိုင် လျှော် ပေးလိုက်သည် ။

    ပုံ/

    လက်ဘက်ရည်ဆိုင်ရှင်
    အံဇာဒုံး

    • Mr. MarGa

      January 4, 2013 at 10:11 am

      အန်
      အံဇာဒုံးက ဘယ်တုန်းက လက်ဖက်ရည်ဆိုင်ဖွင့်ရတဲ့အဆင့်ထိ ရောက်သွားတာလဲ
      အဲဒီလူက ဦးမာဃ မဟုတ်ပါကြောင်း
      နာမည်တူဟု ထင်ပါကြောင်း
      တရားဥပဒေအရ တရားစွဲမည်ဖြစ်ကြောင်း
      ကြေညာချက် ထပ်ထုတ်မှ ထင်တယ် :mrgreen:

      • အကြွေး ပေးဘာ …
        အကြွေး ပေးဘာ ……
        အကြွေး ပေးဘာ ……….
        မပေးရင် ထိပ်ကို ထုပလိုက်မည် …. ငွင်းး ငွင်းး :mrgreen:

        ပုံ။
        လဖက်ရည်ဆိုင် ပိုင်ချင်
        အံချာဒုံး

        • Mr. MarGa

          January 4, 2013 at 10:28 am

          ဒီအန်စရာအတုံးနဲ့
          အောက်က ဗြဟ္မာစုတ်နဲ့ ဘာကွာလဲဟင်
          ပြောပေးကြပါလား

        • ဂလောက်တောင် မသိရပါ့ ….
          ဒါနဲ့များ ဘွဲ့ထူးရတာ အံ့ပါ့ …….
          ဒီမှာ .. မှတ်ထား ….
          ဒီက လဖက်ရည်ဆိုင် ပိုင်ရှင် “အံချာဒုံး” ……
          ဟိုက မဟာဗြဟ္မာ “မဟာရာဇာ အံစာတုံး” …..
          “အံ” တစ်လုံးပဲ တူတာ … သိပလား ….. ။ :mrgreen:

  • အဟမ်းး ဟမ်းးး

    အဆိုပါ ဘွဲ့ထူးအား ချီးမြှောက်ပေးရန် ကျွန်ုပ်အား မဟာဗြဟ္မာ အပေါင်းမှ တောင်းတောင်းပန်ပန် ခခယယ လုပ်နေသောကြောင့် မပေးချင် ပေးချင်နှင့် ပေးလိုက်ရသော်ငြားလည်း ယခုလို ကလေးတစ်ယောက် မုန့်ရသကဲ့သို့ ဝမ်းသာအဲလဲ ဖြစ်နေသော အဆိုပါ မာဃ ဆိုသူအား မြင်ရသဖြင့် ကျွန်ုပ် ပြုံးမိလေတော့၏ …. ကွီကွိ …..။ :mrgreen:

    ပုံ/
    အနန္တ စကြဝဠာ မဟာ့မဟာ မဟာရာဇာ
    ဗြဟ္မ ဗြဟ္မာ မဟာဗြဟ္မာ
    သူသူငါငါ လူတကာအား
    မေတ္တာရေချမ်း ပက်ဖြန်းကာ ပေးနေသည့်
    ကျွန်ုပ် မဟာရာဇာ အံစာတုံး

    • Mr. MarGa

      January 4, 2013 at 10:23 am

      နင်တို့ ဗြဟ္မာပြည်နဲ့ ဘာမှ မဆိုင်ဘူး
      နတ်ပြည်ကို နင်တို့ အာဏာ ပေးလို့ ရဒယ်ထင်လား
      မှားသွားမယ်
      သေချာမှတ်ထား
      ငါတို့နတ်ပြည်က သီပေါမင်း အုပ်ချုပ်တာ မဟုတ်ဘူး ကွ

      • နေမဝင် အင်ပါယာဂျီးကို တည်ထောင်ခဲ့ဒါ ဘူမှတ်ဒုံးးး
        ဟောဒီက .. ဘုန်း .. ဘုန်း .. (ရင်ဘတ်ဂျီး ထုပြသံ)
        ကျုပ်ရယ်ပေါ့ … ငွင်းး ငွင်းး

        ဗြဟ္မာပြည်၊ နတ်ပြည်တစ်လွှား အုပ်စိုးခဲ့ဒါ ဘူမှတ်ဒုံးးး
        ဟောဒီက .. ဘုန်း .. ဘုန်း .. (ရင်ဘတ်ဂျီး ထုပြသံ)
        ကျုပ်ရယ်ပေါ့ … ငွင်းး ငွင်းး

        ဂလောက်ဆို ဘောပေါက် … :mrgreen:

        • Mr. MarGa

          January 4, 2013 at 10:39 am

          မောင်အံရေ
          အထုလွန်လို့ နှလုံးရောဂါရပြီ ဆေးရုံရောက်သွားဦးမယ်
          (ရင်ဘတ်နော်)

        • ဘဲဥ

          January 5, 2013 at 10:32 am

          ဟေ့ဟေ့ မြည်သံစွဲ အလင်္ကာကို မူပိုင်ခွင့်နဲ့ တရားစွဲပလိုက်မယ်ဟေ့ :mrgreen:

  • အင်း..ဝမ်းသာပါတယ်လို့ပဲ ပြောရမှာပဲလေ… :mrgreen:

    ဒါနဲ့ နတ်ပြည်လွှတ်တော်၊ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြင့်ရေးကော်မတီ မှာ ဘူဒွေပါဒုန်း.. :kwi:

    • Mr. MarGa

      January 4, 2013 at 10:26 am

      နတ်ပြည် သမ္မတရယ်
      လွှတ်တော် ဥက္ကဌရယ်
      သရေစည်သူ ဦးမာဃရယ်
      သီရိပျံချီ ဦးမာဃရယ်
      ဝဏ္ဏကျော်ထင် ဦးမာဃရယ်
      အလင်္ကာကျော်စွာ ဦးမာဃရယ်
      အောင်ဆန်းသူရိယ ဦးမာဃရယ်
      မိဖုရား လေးပါးရယ်
      အဟီး :kwi:

  • ဗုံဗုံ

    January 4, 2013 at 11:10 am

    ဟေးးးးးးးးးး ယောက်ဂမဂျီးကွ ဂုဏ်ပြုတဲ့အနေနဲ့ လွမ်းသူ့ပန်းခွေ အဲ ဟုတ်ပေါင် ဂုဏ်ပြုပန်းစည်းပေးရမယ် :harr:

    • MaMa

      January 5, 2013 at 10:15 am

      အော် ဦးမာဃကို ဝိုင်းဝန်းဂုဏ်ပြုလိုက်ကြတာများးးးးးးး
      သူမတူအောင်ပါပဲလားးးးးးးးးး :harr:

    • Mr. MarGa

      January 6, 2013 at 1:17 pm

      အင်းးးးးးးးးးးး
      ဦးမာဃ ဘွဲ့ထူးဂုဏ်ထူးတွေ ရတာကို တော်တော် ချီးမြင့်ကြပါလားနော်
      ချွေးမလေးရေ
      ပန်းစည်းအတွက် ကျေးဇူးပါကွယ်

  • မောင်ပေ

    January 4, 2013 at 1:52 pm

    သီရိဘောမ မဟာသရေကျ မာဃ ဆိုတဲ့ ဘွဲ ့တော်ကြီးကို
    မန်းဂေဇက်ရွာသူားတွေကိုယ်စား
    ကျွန်ုပ်မဟုတ်မလုပ် မောင်ပေ မှ ချီးမြှင့်ပေးလိုက်ပါကြောင်း
    အဲဒါ အဲဒါ

    • Mr. MarGa

      January 6, 2013 at 1:19 pm

      အဲဒီ ဘွဲ့တော်ကြီးကို
      ုငြင်းလိုပါကြောင်း
      အဲဒါ အဲဒါ
      အဟီး
      :hee:

  • သကြားပုလင်းက နေမျိုးဗလကျော်သူ ဘွဲ့ကိုရသွားပြီဆိုတော့ နာရေးကားမောင်းရတော့မှာပေါ့နော်
    :kwi:
    :harr:

    • Mr. MarGa

      January 5, 2013 at 8:24 pm

      အွမ်
      အင်းးးးးးးးးးး
      အဲဒါလဲ တာဝန်ထဲ ပါသဗျ
      အဲဒီတော့လဲ
      အဲဒါပေါ့ဗျာ

  • အရီးခင်လတ်

    January 5, 2013 at 8:33 pm

    သိကြားမင်း ရေ့။
    နေမျိုးဗလကျော်သူ နောက်ပွါးအမည် က ဘာလို့ ကြားထဲ ဝင်သွားရတာလဲ ဆိုတာလေးများ ရှင်းပြပါဦး။
    🙄
    😆

    • Mr. MarGa

      January 6, 2013 at 1:23 pm

      ဒါက ဒီလိုချိပါတယ်အရီးရေ
      ထိပ်က တပ်ပြန်တော့လဲ ကို့လို့ကန့်လန့်
      နောက်က ထည့်တော့လဲ ခေါ်ရတာ မကောင်း
      အဲဒါကြောင့် ကြားဝင်သွားတာ ဖြစ်ပါတယ် လို့

  • Mr. MarGa

    January 6, 2013 at 1:27 pm

    အဲ
    ကျေးဇူးတင်ရမယ့်သူလေးတွေ ကျန်သေးသဟ
    ဦးမာဃရဲ့ ပို့စ်လေးကို လှပအောင်လို့ အလှဆင်ပေးကြတဲ့
    အနှုတ်ပိုင်ရှင်များကိုလဲ ကျေးဇူးတင်ပါတယ်နော်

Leave a Reply