ယုံမှာလားးးးးး နောက်ဘဝ

Ma MaJanuary 5, 20131min21732

အရောင်းအဝယ်လုပ်နေကြတဲ့လူမှန်သမျှ ကြွေးကိစ္စနဲ့ ကင်းနိုင်ကြမယ် မထင်ပါဘူး။

 

ဝယ်တဲ့အခါမှာလည်း ကြွေးယူဖို့ မကင်းနိုင်သလို……..

ရောင်းတဲ့အခါမှာလည်း ကြွေးပေးဖို့ မကင်းနိုင်ကြပါဘူး။

 

အလုပ်ကြီး အကိုင်ကြီးလုပ်မှမဟုတ်ပါဘူး။

ကွမ်းယာဆိုင်တောင် အကြွေးမကင်းကြဘူး မဟုတ်လား။

 

ကိုယ့်လောဘနဲ့ကိုယ် များများရောင်းချင်လို့၊

ဖောက်သည်ဆွယ်ချင်လို့ ဆိုတဲ့ …..

ရည်ရွယ်ချက်တွေနဲ့  အကြွေးပေးတဲ့အခါ အကြွေးဆုံးတယ်ဆိုတာကလည်း အနည်းနဲ့ အများပဲ ကွာမယ်။ မဖြစ်မနေကြုံတွေ့ကြရတာပါပဲ။

 

လွန်ခဲ့တဲ့ ၁၃ နှစ် ကုန်ကြွေးတွေယူသွားပြီး ပြန်မဆပ်တဲ့ လူတစ်ယောက်ဆီက အကြွေးတောင်းစရာမလိုပဲ လာပြန်ပေးသွားတယ်လို့ဆိုရင်……..

ထူူးဆန်းတယ်လို့ ထင်ရပေမယ့် သိပ်တော့ အံ့ဩစရာ မကောင်းလှပါဘူး။

 

ကဲ…………

ယုံချင်ယုံ မယုံချင်နေ၊ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။

.

.

.

.

.

 

မောင်ငြိမ်းချမ်းဆိုတဲ့ လူငယ်လေးဟာ မိခင်ဖြစ်သူ ဒေါ်အေးနဲ့ သားအမိနှစ်ယောက်သား ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်နေတဲ့ လူလတ်တန်းစားထဲကပေ့ါ။

ပြောတတ်ဆိုတတ် ရောင်းတတ်ဝယ်တတ်လို့ စီးပွားတိုးတက်လာတာနဲ့အမျှ လုပ်ငန်းတိုးချဲ့ဖို့အတွက်  ရောင်းမယ့်ကုန်ပစ္စည်းကို မြို့တက်ဝယ်တယ်။

ကိုယ့်မြို့မှာ ဖောက်သည်ပြန်ပေးပြီး အရောင်းအဝယ်ကို ချဲ့ထွင်တယ်။

 

ကုန်ပစ္စည်းအကြောင်းနားလည်ပြီး စေ့စေ့စပ်စပ်နဲ့ ဝယ်နိုင်တော့ ရောင်းတဲ့အခါမှာ အများနဲ့ယှဉ်ပြိုင်ပြီး ဈေးသက်သက်သာသာနဲ့ ပြန်ရောင်းချနိုင်တယ်။

 

ဒီလိုနဲ့ ရောင်းအားဝယ်အားကောင်းလာတယ်။

ဝယ်နေကျ ဆိုင်တွေရဲ့ ယုံကြည်မှုကိုရရှိလာတယ်။

 

အဲဒီအခါမှာ ကိုယ်တနိုင်တပိုင်ထက်ပိုပြီး ဆိုင်တွေကနေ အကြွေးဝယ်၊

ကိုယ့်မြို့မှာလည်း အကြွေးပြန်ဖြန့်နဲ့ သားအမိ၂ယောက် အိမ်ပိုင် ဆိုင်ပိုင်တွေနဲ့ တောက်ပြောင်လာတာပေ့ါ။

 

စီးပွားရေး အဆင်ပြေလာတဲ့အခါ အရွယ်ရောက်လာပြီဖြစ်တဲ့သားကို

အမေဖြစ်သူက အိမ်ထောင်ချပေးချင်လာတယ်။

 

မဆွေခင် ဟာ ဒေါ်အေးတို့သားအမိဆိုင်ရဲ့ ဖောက်သည်တွေထဲက တစ်ဦးပေါ့။

 

မောင်နှမ ၅ယောက်ထဲမှာ အကြီးဆုံးဖြစ်ပြီး မိသားစုလုပ်ငန်းမှာ ဦးဆောင်နေသူပါ။

 

ကိုယ့်ထက်နိမ့်ကျတဲ့ မိသားစုလေးဖြစ်ပေမယ့် သွက်လက်ချက်ချာတဲ့ မဆွေခင်လေးကို ဒေါ်အေးက မျက်စေ့ကျမိတယ်။

 

ရိုးရိုးအေးအေး သားဖြစ်သူ မောင်ငြိမ်းချမ်းကလည်း အမေ့သဘောမို့ ဒေါ်အေးစိတ်တိုင်းကျ မောင်ငြိမ်းချမ်းနဲ့ မဆွေခင် ကို လက်ထပ်ပေးလိုက်တယ်။

 

သားအမိ၂ယောက်တည်းရှိရာက မြေးကလေး၂ယောက်တိုးလာပြီး မိသားစုပျော်ရွှင်နေရတဲ့အချိန်မှာပဲ ကံကြမ္မာရိုင်းက အလုံးအရင်းနဲ့ ဝင်လာပါတော့တယ်။

 

ကျန်းမာနေတဲ့အချိန်မှာ စီးပွားရေးကိုချည်း လုံးပမ်းနေတဲ့ မောင်ငြိမ်းချမ်းဟာ ကျန်းမာရေး ချို့တဲ့လာတယ်။

(မြန်မာနိုင်ငံရဲ့ အစစအရာရာ မတိုးတက်မှုတွေကြောင့်လို့လည်း လက်ညှိုးထိုးနိုင်တာပေ့ါ။) :eee:

 

အလုပ်နဲ့မို့ အနားမယူနိုင်ဘူးလို့ ဆရာဝန်ကို အကြောင်းပြလို့ရပေမယ့်….

ရောဂါကို အကြောင်းပြချက်ပေးလို့မရတော့ ဆေးခန်းကို အကြိမ်ကြိမ်ပြေးရတဲ့အဆင့်ကနေ ဆေးရုံတက်ရတဲ့အဆင့် ဖြစ်လာတယ်။

 

ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများလာတဲ့အပြင်၊ ဦးစီးဦးဆောင်ပြုနေတဲ့သူက မဦးဆောင်နိုင်တဲ့အခါမှာ စီးပွားရေးဘက်မှာလည်း အားနည်းချို့တဲ့လာတယ်။ ဝင်ငွေကျဆင်းလာတယ်။

အရင်းမှန်းမသိ၊ အမြတ်မှန်းမသိ ရောင်းရင်းဝယ်ရင်း စားရင်းသုံးရင်းနဲ့ လုပ်ငန်းက တနေ့တခြား ငွေကြပ်လာတယ်။

နောက်ဆုံးမှာ ပေးစရာရှိတဲ့ ကုန်ကြွေးတွေ မပေးနိုင်တော့ လုပ်ငန်းရပ်ဆိုင်းသွားရတယ်။ ကြွေးဆုံးသူဆိုတဲ့ နာမည်ပျက်စာရင်းဝင်သွားတယ်။

 

မောင်ငြိမ်းချမ်းဟာ ကျန်းမာရေးမကောင်းရတဲ့ကြားထဲမှာ စီးပွားရေးပါကျဆင်းလာတဲ့ ဒုက္ခမျိုးစုံခံစားရပြီး စိတ်ဖိစီးမှုတွေနဲ့  ဘဝတစ်ပါးသို့ကူးပြောင်းသွားပါတော့တယ်။

 

အိမ်ထောင်ဦးစီးမရှိ စီးပွားရေးမရှိတဲ့ မုဆိုးမလေး မဆွေခင်ဟာ သား၂ယောက်နဲ့ ဘဝရပ်တည်နိုင်ဖို့အတွက် နောက်အိမ်ထောင်ပြုလိုက်ပါတယ်။

 

လောကဓံအမျိုးမျိုးတွေခံရပြီး ပူပင်သောကတွေ တပွေ့တပိုက်နဲ့ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဒေါ်အေးဟာ စိတ်အေးချမ်းမှုကို ရှာဖွေဖို့ တရားရိပ်သာကို ရောက်သွားတယ်။

 

ရိပ်သာဝင်ပြီး ဝိပဿနာ ဘာဝနာကို ရှု့မှတ်ပွားများလိုက်တဲ့အခါမှာ တရားရဲ့ အရသာကို တွေ့ရှိခံစားရပြီး အနည်းငယ် စိတ်အေးချမ်းမှုကို ရရှိလာပါတယ်။

 

တစ်ယောက်တည်း ခိုကိုးရာမရှိဖြစ်နေတဲ့ ဒေါ်အေးဟာ တရားရိပ်သာမှာပဲ အမြဲတမ်းနေဖြစ်သွားတယ်။

 

ဒီလိုနဲ့ မောင်ငြိမ်းချမ်း ဆုံးပြီးနောက် ၃နှစ်လောက်ရှိတဲ့အခါမှာ ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်တယ်။

သားမောင်ငြိမ်းချမ်းတစ်ယောက် မောကြီးပမ်းကြီးနဲ့ ညှိုးငယ်တဲ့မျက်နှာနဲ့ရောက်လာပြီး သူ့မှာဆင်းရဲပင်ပန်းလွန်းလို့ သူယူပြီး ပြန်မပေးနိုင်ခဲ့တဲ့အကြွေးတွေကို ပြန်ဆပ်ပေးဖို့ ပြောပါတယ်။

 

အိပ်မက်မက်ပြီး စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပေမယ့် ကုန်ကြွေးတွေကိုလည်း ပြန်မပေးဆပ်နိုင်တဲ့အခြေအနေမှာ………

ဒေါ်အေးဟာ အလှူခံလို့ရတာ၊ မိတ်ဆွေသင်္ဂဟတွေက ပေးကမ်းလှူဒါန်းကြတာတွေကို ချွေတာစုဆောင်းပြီး နေလာခဲ့တယ်။

 

တစ်နေ့ပြန်ဆပ်နိုင်ကောင်းရဲ့နဲ့ပေ့ါ။

 

ဒီလိုနဲ့နေလာရင်း ပြီးခဲ့တဲ့ တနင်္ဂနွေ၊

မောင်ငြိမ်းချမ်းဆုံးပြီး ၈နှစ်အကြာ၊

ပထမ အိပ်မက်မက်ပြီး ၅နှစ်အကြာမှာ….

မောင်ငြိမ်းချမ်း နောက်တစ်ခေါက်ပေါ်လာတယ်။

 

အမေရယ် အကြွေးတွေ မဆပ်ရသေးဘူးလား။

သားဆင်းရဲပင်ပန်းလွန်းလို့ ့ပြန်ဆပ်ပေးပါလို့ အိပ်မက်ထဲမှာ ပြောလာပြန်တယ်။

ဒေါ်အေးကလည်း သူ့မှာပြန်ဆပ်ဖို့ ငွေမပြည့်သေးကြောင်းပြောပြတော့….

ရှိသမျှလေးနဲ့ပဲ အချိုးကျဝေငှပြီး ကျေနပ်ကြဖို့ တောင်းပန်ပေးပါလို့ ပြောပါတယ်။

 

နောက်တစ်နေ့မှာပဲ ဒေါ်အေးဟာ ရှိသမျှ ငွေကြေးလေးကိုပိုက်လို့ ပေးစရာရှိတဲ့ ကြွေးရှင်တွေဆီကို အရောက်သွားပြီး အကျိုးအကြောင်းပြောပြတောင်းပန်ပြီး ကျေနပ်ကြဖို့ လိုက်လံတောင်းပန်ပါတယ်။

 

အကျိုးအကြောင်းသိရတဲ့ ကြွေးရှင်တွေကလည်း ကျေနပ်ပေးကြပါတယ်။

 

ကြွေးမြီရှင်းလင်းသွားလို့ ဒေါ်အေးဟာ ဝမ်းမြောက်ဝမ်းသာနဲ့ သားဖြစ်သူကို ရည်စူးလို့ ဘုရားမှာတိုင်တည်ပြောကြားလိုက်ပါတယ်။

 

ယူထားတဲ့ ကြွေးကို ပြန်မဆပ်နိုင်လို့ ဘဝပြောင်းသွားသော်လည်း နှစ်ပေါင်းများစွာဆင်းရဲဒုက္ခရောက်နေရတဲ့ သားဖြစ်သူကို ခံစားနေရတဲ့ ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်ဖို့အတွက်  ဆောင်ရွက်ပြီးတဲ့နောက်တစ်ရက်မှာပဲ……

 

အိပ်မက်ထဲမှာ လန်းဆန်းတဲ့ အသွင်အပြင်နဲ့ သားဖြစ်သူ မောင်ငြိမ်းချမ်းက သူအနှောင်အဖွဲ့များမှ လွတ်လပ်ပြီဖြစ်လို့ သွားတော့မယ်လို့ လာရောက်နှုတ်ဆက်သွားပါတယ်။

 

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

မောင်လေး ညီမလေး၊ တူလေး တူမလေးတို့ တစ်တွေလည်း ပုံပြင်နဲ့ ပတ်သက်ပြီး ကိုယ်ကြိုက်သလို အမျိုးမျိုးသော

ဖေန်ချက်

ထင်မြင်ချက်

ယုံကြည်ချက်

ငြင်းဆိုချက်တွေ…………………  ပေးနိုင်ကြပါပြီ။ :kwi:

 

 

 

 

 

 

 

 

32 comments

  • အရင်တုန်းကဆို အမေက အိမ်ပြန်သွားတိုင်း ဗီရိုသော့ကိုပေးပြီး ဘယ်မှာဘာရှိတယ်..ဘယ်သူ့ဆီကဘယ်လောက်..ဘယ်သူ့ကိုဘယ်လောက်ဆိုပြီး စာရင်းနဲ့ အမြဲပြတယ်… မတော်တဆသေသွားရင် သံသရာကြွေးပါမှာစိုးလို့တဲ့..အဲ့တုန်းကတော့ သမီးက အမြဲစိတ်မကောင်းဖြစ်တယ်..သေစကား မပြောပါနဲ့ဆိုပြီးတော့…

    ဘာပဲဖြစ်ဖြစ်..သမီးကတော့ သံသရာကြွေး..နောက်ဘဝဆိုတာတွေကို ယုံပါကြောင်း… 🙂

  • ခင်ခ

    January 5, 2013 at 6:27 pm

    အကြွေဆိုတာ စယူခါစမ ကြွေးပူတဲ့
    အဲ မဆပ်ဘဲနေရသေး ကြွေးအေး ဖြစ်လာရော။ မဆပ်သေးလည်းရပါသေးတယ်ပေါ့
    အဲလိုကြွေးအေးနေရင်မကောင်းဘူးတဲ့။ ရှေးလူကြီးတွေပြောကြတုန်းသဘောမပေါက်ခဲ့ဘူး အခု အမ မမ ပိုစ့်ဖတ်မှကြွေးအေးမဆပ်နိုင်ခင်
    တစ်ခုခုဖြစ်ရင်သံသရာပါမှာမို့ပြောတာကိုး။

  • ကိုရင်စည်သူ

    January 5, 2013 at 6:38 pm

    နာ့အမကြီး အန်တီမမတော့… သူ့ရို့ပွဲရုံအကြွေးတွေ လာဆပ်အောင်
    လှည့်ပတ်ပီး စိုက်ဝါးသုံးလိုက်ပီထင်ဒလယ်.. :kwi: :kwi:
    တကယ်ပါ.. အဟုတ်ပါ.. သူများအကြွေးဆိုတာ သံသရာ
    ယူလို့မကောင်းပါဘူးဗျာ.. သံသရာဆိုတာလည်တယ်.. ရှည်တယ်..
    သံသရာပြတ်ချင်.. အကြွေးကင်းအောင်နေကြဘာ
    ယခုဘဝ အူးစည်အချစ်ကြွေးမပေးနိုင်သော ရွာသူလေးများလည်း
    နောင်ဘဝ နတ်သားဖြစ်မှပဲ အကြွေးချေပါ့မယ်လို့.. ဟီးး :mrgreen:

  • အရီးခင်လတ်

    January 5, 2013 at 7:05 pm

    မမ ရေ

    တကယ်အိမ်မက်ပေးတာလဲ ဖြစ်နိုင်ပါတယ်။
    အမေ့ ရဲ့ စိတ်ထဲမှာ စွဲပြီး မက်တာလဲ ဖြစ်နိုင်ပါတယ်။

    ဘယ်ဟာက ဘယ်လောက် ရာနှုန်း လဲ ဆိုတာကတော့ မိမိ ယုံကြည်မှု ပေါ်မှာ လိုက်ပြီး အနည်းအများ ကွာသွားမှာပါ။

    မလတ် စိတ်အရ ဆိုရင်လဲ သူများ ဆီ မှာ ပေးဆပ်စရာကျန်မှာကို အင်မတန်ကြောက်ပါတယ်။
    အကြွေးကို ယူချင်သလောက် ယူနေနိုင်တဲ့ အခြေအနေမှာတောင် မယူချင်ပါဘူး။
    အိမ်အကြီးကြီး ကို ကြွေးအများကြီး ယူပြီး နေမလား။
    သင့်တင့်ရာလေးကိုဘဲ လက်မှန်းမှီရာနေမလား။
    တစ်ခါတစ်ခါ လဲ အဲဒီ စိတ်တွေကြောင့် မတိုးတက်ကြတာ ပြောနိုင်သေးတယ်။

    လောကီလုပ်ငန်းတွေ လုပ်ရာမှာလဲ Risk ဆိုတာ ကလဲ အောင်မြင်တိုး တက်မှု နှုန်း နဲ့ အချိုးကျ နေသေးတာကိုး။
    တစ်ခါတစ်ခါ သူများတွေလိုလဲ မကြိုးစား၊ စိတ်ကောင်းလဲမရှိ၊ လူတွေကို ကလိမ်ကျသူတွေ အင်မတန်ချမ်းသာနေတာ တွေ့ရချိန်မှာလဲ သူတို့လဲ Risk ယူနေတာပါဘဲ လို့ တွေးမိပါတယ်။။
    မဟုတ်လား။
    သံသရာကို မကြောက် တဲ့ Risk ပေါ့။

    သံသရာ (တနည်း ရှေ့ဘဝ၊ နောက်ဘဝ ပေါ့) ကို ယုံဖို့ မယုံဖို့ ကတော့ တွေးမိတာလေးပါ။
    သံသရာ ဆိုတာကလဲ ဘုရားသခင် လိုပါဘဲ။
    ရှိမရှိ လက်တွေ့လိုက်ကြည့်လို့မှ မရတာ။
    ဘုရားသခင် ကမှ ပေါ်လာရင် ရှိခိုးပါ့မယ် ပြောလို့ရတယ်။
    နောင် သံသရာမှာ ဘာဖြစ်မယ် အတတ်မပြောနိုင်တာမို့ မချမ်းသာလဲ နေပါစေတော့။
    တကယ်ဘဲ သံသရာ ရှိနေရင် သူများ အကြွေးတွေ နဲ့ ပြသနာ ရှင်းနေရမှာ ကို ကြောက်ပါတယ်။
    အဲဒီ Risk တော့ မလိုချင်ပါဘူး။

    မမ ရေ မမ ပြောချင်တာ နဲ့ လွဲများသွားပြီလား။
    ဒါထက် – မမ စာလေးတွေ ပြန်ဖတ်ရတာ တကယ်ဘဲ ဝမ်းမြောက်မိပါရဲ့။
    :hee:

  • ယုံနိုင်စရာပါအန်တီမမရေ။
    ဘုရားကိုယုံရင် ရှေ့ဘဝ၊နောက်ဘဝ၊ကုသိုလ်၊အကုသိုလ်၊ကံကံ၏အကျိုုးတွေကိုလက်ခံထားရမှာပါ။
    ကျွန်မအဘွားဆိုရင် ရောဂါရှိပေမယ့် အစားရှောင်၊ဆေးကုပြီးနေလာတာ ကောင်းကောင်းမွန်မွန်ပဲ။
    သူ့သားကြီးတစ်ခြားမြိုု့မှာဆုံးတော့ သူ့ကိုအသိမပေးပဲထားတာ။
    သူကအလိုလိုသိနေပြီး ညဆို ]သား အမေ့ကိုလာခေါ်တာလား အမေလိုက်မယ်လေ}ဆိုပြီး ကယောင်ကတန်းတွေထထအော် ပြီးတစ်ပတ်နှစ်ပတ်အတွင်းမှာပဲ ရင်ကွဲနာကျသလိုသဘောနဲ့ဆုံးသွားရှာတာ။
    သူဆုံးတဲ့အထိ သူ့သားသေတာဘယ်သူကမှမပြောပြထားဘူး။
    ကျွန်မကတော့ယုံကြည်ပါတယ်ရှင်

  • အရီးခင်လတ်

    January 5, 2013 at 7:18 pm

    ဆက်တွေးမိတာလေး။
    ဇာတ်လမ်းထဲက မောင်ငြိမ်းချမ်း နဲ့ မိသားစု အတွက်လဲ စိတ်မကောင်းပါဘူး။
    သူ့ခမျာ ကြိုးစားရင်း နစ် သွားတဲ့ သဘောမို့ အကြွေးကျန်တာ အပြစ်မရှိလောက်ဘူး ထင်တာပါဘဲ။
    တမင် မဆပ်သွားတာမှ မဟုတ်တာ။
    အနောက်တိုင်းမှာ ဆို အသက်အာမခံ ထားလိုက်ရင် အကြွေးတွေ က သံသရာ မပါတော့ပါဘူး။
    အသက်အာမခံလုပ်ငန်း က အားလုံး ဆပ်ပေးသွားဖို့ အခြေအနေရှိပါတယ်။
    မြန်မာပြည် မှာ အကြီးအကျယ် လုပ်ရမဲ့ လုပ်ငန်းတစ်ခုပါဘဲ။
    မြန်မာတွေလို သံသရာကြောက်သူတွေအတွက် ပိုပြီး လုပ်သင့်ပါတယ်။
    ပြောသာပြောရတယ်။
    လက်တွေ့အပြုအမူ တွေက တကယ်ရော ကြောက်တာဟုတ်မဟုတ် တောင် စဉ်းစားစရာဘဲ။
    ဘာဘဲဖြစ်ဖြစ်
    ကျွန်မ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုတွေကို မောင်ငြိမ်းချမ်း အတွက် အမျှပေးဝေပါတယ်။
    ယူနိုင်ရင် သာဓုခေါ်ပြီး ကောင်းမွန်ရာဘဝ ကို ကူးပြောင်းသွားနိုင်ပါစေ။
    တကယ်တော့ သူဟာ အမေ့ကို ပြုစုခဲ့တဲ့သားမို့ ပက်ပက်စက်စက် ဘဝ တော့ မရောက်သင့်ပါဘူး။
    ရောက်ရင်လဲ စီရင်ချက်ချသူ ကို ကွန်ပလိပ် လုပ်ကြစို့။ 😉

  • MaMa

    January 5, 2013 at 7:28 pm

    @လုံမလေးရေ-
    အရောင်းအဝယ်လုပ်နေတဲ့သူဆိုတော့ ကြွေးနဲ့ မကင်းနိုင်ဘူး။
    အဖေရှိစဉ်က သူများဆီက ကြွေးယူရင် သားသမီးတစ်ယောက်ယောက်ကို ခေါ်သွားတယ်။
    သူမရှိလည်း ယူထားတဲ့ကြွေးဆိုတာ ပြန်ဆပ်ရမယ်ဆိုပြီး အမြဲပြောလေ့ရှိတယ်။
    @ကိုခင်ခရေ-
    သက်ရှိထင်ရှားရှိတုန်းက မဆပ်လည်း အရေးမကြီးပါဘူးဆိုပြီး နေသွားတာ။
    @ကိုရင်ရေ-
    လွန်ခဲ့တဲ့ ၁၃နှစ်က အကြွေး၁သိန်းရှိခဲ့တဲ့သူရဲ့ အမေက အကျိုးအကြောင်းပြောပြီး ၃၀၀၀ဝ လာပေးသွားလို့ အံ့ဩပြီး ကိုယ့်ရွာသူားတွေကို သတိတရ ဖောက်သည်ချလိုက်တာ။
    စိုက်ဝါးမဟုတ်ဘူးနော်။ မယုံမရှိနဲ့။
    @မလတ်ရေ-
    သွေးသောက်ညီအမတွေရဲ့ အားပေးမှုက တကယ့်ခွန်အားပါပဲ။
    ပြောချင်တာနဲ့လည်း မလွဲပါဘူး။
    အခုလို အားဖြည့်မှုတွေကပဲ ရွာရဲ့အလှအပပေ့ါ။
    @နန်းတော်ရာသူရေ-
    ကြုံဖူးတဲ့သူရှိတယ်ဆိုတော့ အားရှိသွားပြီ။
    ဆုပေးပွဲ လာနိုင်ရင် တွေ့ချင်ပါသေးတယ်နော်။

  • koaung

    January 5, 2013 at 7:35 pm

    မမခင်ဗျား ကျနော်ကြားဘူးတာနဲ့ တူနေတယ် ရုပ်ရှင်ထဲကလူကြမ်းမင်းသား သေတော့တပတ်ကျော်မှာ သူ့မိန်းမကိုအိမ်မက်ပေးတယ် ရစရာရှိတာတွေ ပေးစရာရှိတာတွေ မနက်မိုးလင်းသူ့မိန်းမနိုးတော့ သူပြောတဲ့အတိုင်းလိုက်မေးတော့မှန်နေတယ်တဲ့

  • ဦးဦးပါလေရာ

    January 5, 2013 at 8:08 pm

    အကြွေးဆိုတာကတော့
    နောက်ဘဝ ဆိုတာထားလို့
    ဒီဘဝမှာလဲ ကြာရှည်မထားသင့်ဘူး…..
    ကိုယ်ဆပ်နိုင်သလောက်ပဲ ယူပြီး
    ဘယ်တော့ ဘယ်လို ပြန်ဆပ်မယ် ဆိုတာကိုလဲ အကြွေးယူစဉ်ကတည်းက
    တခါထဲ လျာထားစီစဉ် ထားသင့်ပါတယ်။
    အဆင်ပြေရင်ပေးမယ် အဆင်ပြေမှပေးမယ် ဆိုတဲ့စိတ်သဘောထားမျိုးရှိရင်တော့
    အဲဒီလူမျိုးဟာ တဖြည်းဖြည်း ကြွေးမျိုးစုံပတ်ပြီး နာမည်ပျက် အထင်သေးခံရလိမ့်မယ်။

    တစ်ချိန်ကကျုပ်သူငယ်ချင်းတစ်ဦးဟာ အကြွေးခပ်များများတင်သွားလို့
    ကျုပ်ရှေ့မှာ လာညည်းတယ်..။
    အဲဒါနဲ့ သူ့ကို- ကြွေးရှင်ဆီသွားပြီး အခြေအနေအမှန်တိုင်းပြောပြဖို့
    အတိုးမပေးနိုင်တော့လို့ အတိုးမယူပါနဲ့တော့လို့ပြောဖို့
    ရောင်းလို့ရတာအကုန်ရောင်းပြီး အကြွေးတစိတ်တပိုင်းကို လက်ငင်းဆပ်လိုက်ဖို့
    ကျန်တဲ့အကြွေးကို ဘယ်လိုဘယ်လိုပြန်ဆပ်သွားမယ်ဆိုတာကို ပြောပြဖို့ အကြံပေးလိုက်တယ်။
    အဲဒီကောင်က ကျုပ်အကြံကို မလိုက်နာဘူး…
    ရှောင်နေတယ် ထွက်ပြေးတယ်…..
    အင်း….
    ၁၅ နှစ်လောက်ရှိပြီ
    အခုထိ ထွက်ပြေးနေရတုန်းပဲ……။

    ကိုယ်လုပ်တဲ့အလုပ်က ကိုယ့်တန်ဖိုးကို သတ်မှတ်သွားတော့တယ်…။

  • မောင်ပေ

    January 5, 2013 at 8:11 pm

    ယုံပါတယ် အန်တီမမရေ
    ဘာလို ့လဲ ဆိုတော့
    ဗုဒ္ဓဘာသာဝင်တွေဟာ သေခါနီးမှာ အစွဲက အရေးကြီးတာကိုးဗျ

  • uncle gyi

    January 5, 2013 at 10:31 pm

    မမရေ
    ဗုဒ္ဓဘာသာဝင်ဖြစ်ပြိီးတကယ်ယုံယုံကြည်ကြည်
    ကိုးကွယ်ဆည်းကပ်သူတွေမှန်သမျှသံသရာကိုယုံကြည်သူတွေချည်းဖြစ်မယ်ဆိုတာ
    အထူးမပြောလိုပါဖူး
    ဟိုမရောက်ဒီမရောက်တွေအတွက်တော့တမျိုးပေါ့လေ

  • ပြီးခဲ့တဲ့ တနင်္ဂနွေ၊
    ဆိုတော့ကာ ….
    အဲ့ဒီ အဒေါ်ကြီးက အန်တီမမနဲ့ ရင်းနှီးတဲ့ (နည်းနည်းပါးပါး ဖြစ်ဖြစ်ပေါ့) လူတစ်ယောက်များ ဖြစ်လေမလားပဲ …..။

    အကြွေးကတော့ မကင်းနိုင်ကြဘူးလို့ ထင်ပါတယ် …
    ပေါရရင် အနော်တောင် အကြွေးနဲ့ ကင်းဘူး .. အဟီးးး :mrgreen:
    နောက်ဘဝ မှာ အကြွေး ဆပ်ရတယ် ဆိုတဲ့ ကိစ္စကတော့ ..
    ကျနော် ကြားဖူးတာက သေသွားပြီး နောက်ဘဝ ကျရင် ..
    ကြွေးရှင်ရဲ့ အိမ်မှာ တိရစ္ဆာန် ဖြစ်ပြီး အကြွေး ဆပ်ရတာတို့ ဘာတို့ …
    အဲ့ဒီလို မျိုးတွေပဲ ကြားဖူးတာဗျ …..

    ဒီထဲက ကြွေးဆပ်ရတဲ့ ပုံစံက ဘယ်လို ပုံစံမျိုး ဖြစ်မလဲ မသိဘူးးး
    အဲ့ဒီ တစ်ချက်ကိုတော့ စိတ်ဝင်စားမိတယ် ….
    ဘာပဲပြောပြော ကျနော်ကတော့ နောက်ဘဝ ဆိုတာ ယုံတယ် ဆိုတဲ့ အကြောင်းးးး

  • ဦးကြောင်ကြီး

    January 6, 2013 at 12:54 am

    သဂျီးပြောထားပြီးသားပါ၊ ပွိုင့်တွေက ဆိုက်ဖျက်ပစ်ခဲ့ရင် ပေးစရာမလိုဂျောင်း… ဆိုတော့ အစွဲကြီးလို့ သရဲဖြစ်ခြင်းဖြစ် ရွာသားတွေပဲ ဖြစ်မယ်တူပါတယ်။ :kwi:

  • kai

    January 6, 2013 at 5:03 am

    ဂေါတမဗုဒ္ဓရဲ့တရားထဲမှာတော့..အောက်ကအတိုင်းတွေ့တယ်..
    ဆိုတော့..နောက်ဘဝ..ရှေ့ဘဝ အယူတွေယူကြပါရင်.. ဘုရားနာမယ်တတ်ပြီး..လွှဲမချကြပါနဲ့လို့ပဲ.. :kwi:

    ဘုရားကတော့..
    (တိုတိုပြောရရင်..) အဲဒီအယူကို ငါမယူဘူးလို့ဖြေထားတယ်..။
    မယူတာနော..
    ရှိတာ..မရှိတာ..ရှိသလိုလို..မရှိသလိုလို.. မရှိရှိရှိသလိုလို.. ရှိမရှိသလိုလို.. ဟိုလိုလို..ဒီလိုလိုမဟုတ်ဖူး..
    အဲဒီအယူကို.. မယူတာ..။
    ==
    သဉ္စယဗေလဋ္ဌပုတ္တ၏ အယူဝါဒ

    ၁၇၉။ အသျှင်ဘုရား အခါတစ်ပါး၌ အကျွန်ုပ်သည် သဉ္စယဗေလဋ္ဌပုတ္တထံသို့ ချဉ်းကပ်၍ သဉ္စယဗေလဋ္ဌပုတ္တနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကား ကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် သဉ္စယဗေလဋ္ဌပုတ္တ္တအား ဤပြဿနာကိုမေးဖူးပါ၏ –

    ”အသျှင်သဉ္စယ များစွာသော အတတ်သည်တို့သည် ရှိပါကုန်၏။ပ။ ဤ (အတတ်တို့၏ အကျိုး) နှင့်တူစွာ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် သိမြင်ရသော ရဟန်း ဖြစ်ကျိုးကို ပြခြင်းငှါ တတ်နိုင်ပါသလောအသျှင်သဉ္စယ”ဟု မေးဖူးပါ၏။

    ၁၈ဝ။ ဤသို့ မေးသော် သဉ္စယဗေလဋ္ဌပုတ္တ္တသည် အကျွန်ုပ်အား ဤစကားကို ပြောဆိုပါသည်အသျှင်ဘုရား –

    ”တစ်ပါးသော လောက ရှိသလောဟု (သင်) ငါ့ကို မေးသော် တစ်ပါးသော လောကရှိ၏ဟု ငါအယူရှိခဲ့လျှင် တစ်ပါးသော လောကရှိ၏ဟု သင့်အား ငါဖြေရာ၏၊ (သို့ရာတွင်) ဤသို့ဟုလည်း ငါ မယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါမယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟုလည်း ငါမယူ။

    တစ်ပါးသော လောက မရှိပါသလော။ပ။

    တစ်ပါးသော လောက ရှိလည်းရှိ မရှိလည်း မရှိသလော။ပ။

    တစ်ပါးသော လောက ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလော။ပ။

    (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိကုန်သလော။ပ။

    (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ မရှိကုန်သလော။ပ။

    (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိလည်းရှိ မရှိလည်း မရှိကုန်သလော။ပ။

    (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်ကုန်သလော။ပ။

    ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိပါသလော။ပ။

    ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် မရှိပါသလော။ပ။

    ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိလည်းရှိ မရှိလည်း မရှိသလော။ပ။

    ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလော။ပ။

    သတ္တဝါသည် သေပြီးနောက်၌ ရှိသလော။ပ။

    သတ္တဝါသည် သေပြီးနောက်၌ မရှိသလော။ပ။

    သတ္တဝါသည် သေပြီးနောက်၌ ရှိလည်းရှိ မရှိလည်း မရှိသလော။ပ။

    သတ္တဝါသည် သေပြီးနောက်၌ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်သလောဟု (သင်) ငါ့ကိုမေးသော် သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်ဟုငါ အယူရှိခဲ့လျှင် သတ္တဝါသည် သေပြီးသည့်နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်ဟုသင့်အား ငါ ဖြေရာ၏၊ (သို့ရာတွင်) ဤသို့ဟုလည်း ငါ မယူ၊ ထိုသို့ဟုလည်း ငါ မယူ၊ အခြားသို့ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်ဟုလည်း ငါ မယူ၊ (ဤသို့ ထိုသို့ အခြားသို့) မဟုတ်သည် မဟုတ်ဟု လည်း ငါမယူ”ဟု ပြောဆိုပါသည်။

    • ဦးကြောင်ကြီး

      January 6, 2013 at 7:40 am

      မြတ်စွာဘုရား သက်တော်ထင်ရှား ရှိသေးရင် ကွန်ပြူတာ၊ အင်တာနက် ရှိပါသလား သွားလျောက်ကြည့်.. အဲဒီအယူ ငါမယူ ဖြေလိမ့်မယ်။ လျှပ်စစ်၊ ညူကလီယားစွမ်းအင် ရှိမရှိ မေးလည်း အဲဒီလို ငါမယူလို့ ဖြေမှာပဲ။
      ဆိုတော့..နောက်ဘဝ..ရှေ့ဘဝ အယူတွေ မယူကြပါရင်.. ဘုရားနာမယ်တတ်ပြီး..လွှဲမချကြပါနဲ့လို့ပဲ.. :kwi:
      ဗိမ္မသာရမင်းကြီးကို သူ့သား အဇာတသတ်မင်း နှိပ်စက်တာလည်း သိတယ်၊ မတရားနှိပ်စက်လို့ သေတော့မှာလဲသိတယ်။ ဟိုလိုဒီလိုယူပြီး ဝင်မတားဘူး၊ သေခါနီး ဘုရားရှင်က သူ့ကိုပစ်ထားတယ် ညည်းတော့မှ ရောင်ခြည်တော်လွှတ်တယ်။ ပြောကြေးဆို အဇာတသတ်သည် သာသနာပြုမင်းဖြစ်မည့်သူ၊ အဖသတ်ကံသာ မကျူးလွန်ရင် ဒီဘဝမှာတင် ကျွတ်နိုင့်မည့်သူ၊ ဘာပြုလို့ အဖသတ်ကံ မထိုက်အောင် မတားမြစ်ရသလဲ။ သူ့ကံနဲ့သူ့အကျိုး၊ ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့။
      ဒီလိုပဲ ဘုရင်တပါး (နာမည်မေ့နေတယ်၊ သိပ်အစားကြီးလို့ ဖက်တီးကြီးတဲ့) ဘုရားရှင်ထံ လာဖူးတော့ အရိုအသေပေးတဲ့ အနေနဲ့ မင်းမြောက်တန်ဆာငါးပါး ကျောင်းအပြင်မှာ ချွတ်ထားခဲ့တယ်။ တရားနာပြီးလို့ အပြင်လည်းထွက်ရော သူများက အဲဒီချပ်ဝတ်တန်ဆာတွေ ယူသွားပြီး ဘုရင်တက်လုပ်တယ်။ ဒါနဲ့ သူ့တူ အဇာတသတ် မင်းသားထံ အကူညီသွားအတောင်း လမ်းမှာပဲ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ်နဲ့ သေတယ်။ ရုပ်ဝါဒဆန်ဆန် တွေးကြေးဆို ဘုရားဖူးရင်း ဖြစ်တာမို့ ဘုရားမှာ သတိပေးဖို့ တာဝန်မရှိဘူးလား။ အဲဒီအယူ ငါမယူဘူးဆိုတာ မမေ့ပါနဲ့။
      သဂျီးသာ မိစာ္ဆအယူစွဲပြီး ဘုရားနာမည် လွှဲချရင်း မြန်မာပြည်ဂျီး ကယ်တင်မယ် တဂဲဂဲ လုပ်နေတာ…။ :chee:

      • ဆူး

        January 8, 2013 at 11:21 am

        ကောသလမင်း

  • kthwinzayarmyo

    January 6, 2013 at 11:40 am

    ဆင်ဖြူတော်ဆိုပြီး ဆက်သတဲ့ ဆင်မည်းကြီးအား ဘိုးတော်ဘုရားက အမတ်ကြီး ဦးပေါ်ဦးကို စစ်ဆေးခိုင်းတဲ့အခါမှာ ဦးပေါ်ဦးက ဆင်ဖြူတော်အင်္ဂါ လက္ခဏာပါရှိတာမို့ နောင်နှစ်ငါးဆယ်ကျရင် ဖြူလာပါလိမ်မယ်လို့ ခပ်တည်တည်နဲ့ လျှောက်တော့ ဘိုးတော်ဘုရားကလည်း မစိစစ်ဘဲ ယုံကြည်လိုက်လေ၏။

    ကျန်အမတ်များက ဦးပေါ်ဦးကို နောင်နှစ်ငါးဆယ်ကြာတဲ့အခါ ဒီဆင် မဖြူ လာရင် ဘယ်လိုလုပ်မလဲလို့ မေးမြန်းကြတဲ့အခါ ဦးပေါ်ဦးက နောင်နှစ်ငါးဆယ်ကြာရင် အဲဒီဘိုးတော်ဘုရင်လည်း မရှိတော့ဘူး၊ ဒီဆင်လည်း မရှိတော့ဘူး။ ကျုပ်တို့လည်း ရှိတော့မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ရှင်းပြစရာမလိုတော့ဟု ပြန်ပြောလေ၏။

    နောင် အနှစ်ငါးဆယ်မှ ကိစ္စကို ဦးပေါ်ဦးက ခပ်တည်တည်နဲ့ ပြောသလိုပဲ ယနေ့တရားဟော (ဝတ္ထုရေး)ပုဂ္ဂိုလ်များသည်လည်း ဘုရားဟောတယ်ထင်ပြီး သေပြီးနောက် ကိစ္စ ­များကို ခပ်တည်တည်နဲ့ ဟောပြောနေကြတာကို ဘိုးတော်ဘုရားလိုပဲ လူတွေက မစိစစ်ပဲ ယုံကြည်နေကြ၏။

  • ခပ်မိုက်မိုက် ကောင်မလေး

    January 6, 2013 at 9:57 pm

    မမ ရေ အကြွေးမကင်နိုင်လို့
    ယူပြီးပြန်ဆပ်ရမယ်ဆိုတာတော့ကောင်းကောင်းသိလိုက်ပါတယ်
    ပို့ဒ် လေးကိုဖတ်ခွင့်ရလို့အကြိုးရှိတယ်လို့လဲယူ.စ.မိပါတယ်နော်………။

  • padonmar

    January 7, 2013 at 1:00 am

    သာသနာမှာ ထင်ရှားတဲ့ အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးက သူ့ကျောင်းမှာ ငရဲရှိသည်၊နတ်ပြည်ရှိသည်၊ရှေးဘဝရှိသည်၊နောက်ဘဝရှိသည်လို့ ရေးထားပါသတဲ့။ရောက်ဖူးသူများအတည်ပြုပေးပါ။
    မြတ်စွာဘုရားက `နစသော နစအညော´ လို့ ဟောခဲ့တယ်ဆိုတာ ပါချုပ်တရားထဲမှာဖတ်ဖူးပါတယ်။
    သူလည်းမဟုတ် အခြားသူလည်းမဟုတ် ၊
    မောင်ငြိမ်းချမ်း သေသွားပြီး နောက်တစ်ဘဝဖြစ်တဲ့ သတ္တဝါဟာ မောင်ငြိမ်းချမ်းလည်းမဟုတ်ဘူး။မောင်ငြိမ်းချမ်းရဲ့ ပြုခဲ့တဲ့ ကုသိုလ်အကုသိုလ်ကံတွေနဲ့ ကင်းတဲ့ အခြားသူတစ်ဦးဦးလည်းမဟုတ်ဘူး။
    ဖယောင်းတိုင်မီးကူးသလို၊တောင်နံရံက ပဲ့တင်သံပြန်လာသလို၊မှန်ထဲမှာ ပုံရိပ်ထင်သလို ၊တံဆိပ်တုံးနဲ့ တံဆိပ်နှိပ်သလို ဆိုပြီး ဥပမာပေါင်းများစွာပြပြီးဟောခဲ့ပါတယ်။
    တိုက်ရိုက် Yes or No ဖြေလို့မရတဲ့ မေးခွန်းတွေမှာ မြတ်စွာဘုရားက ဒီလိုအယူမယူဘူးလို့ ဆိုချင်တာလို့ မြင်ပါတယ်။
    အဲဒီလိုပဲ ဖြေလည်းနားမလည်နိုင်တဲ့ သိရလို့လည်း အကျိုးမရှိတဲ့ စကြဝဠာကြီး ဘယ်ကစတယ်။ဘယ်လောက်ကျယ်တယ်။ သတ္တဝါများဘယ်ကစတယ် ဆိုတဲ့ မေးခွန်းတွေကိုလည်း ဖြေတော်မမူလို့ မှတ်သားဖူးပါတယ်။

  • မောင် ဓုဝ

    January 8, 2013 at 5:38 am

    ဒီလို အိမ်မက်က မက်တဲ့သူက ရိုးရာဗုဒ္ဓဘာသာဖြစ်နေလို့သာ အဲ့ဒီလို့အိမ်
    မက်မျိုးမက်တာပါ အဲဒီသူဟာ တခြားဘာသာဝင်တစ်ယောက်သာဖြစ်ခဲ့မယ်ဆိုရင်
    သူဘာသာရဲ့ အယူအဆအတိုင်း အိမ်မက်မက်မှာပါပဲ။ တကယ်ပဲ သေတဲ့သူက အိမ်
    မက်ပေးတာလား အရီးခင်လတ်ပြောသလို အမေရဲ့အစွဲကြောင့်မက်တာလား
    မေးရမလိုပါပဲ ။ အိမ်မက်ဆိုတာကတော့ သေတဲ့သူကိုမှမက်တာမဟုတ်ပါဘူး မသေတဲ့သူကိုလည်းမက်တာပါပဲ သူဌေးကြီကို လူမွဲကြီးအဖြစ် လူမွဲကို သူဌေးကြီးအဖြစ် အိမ်မက်နိုင်တာပါပဲ။ အိမ်မက်နဲ့တော့ ရှေ့ဘဝရှိတာမရှိတာကို သက်သေမထူနေသင့်ပါဘူး။ ဘဝရှိတယ်ယူယူ မရှိဘူးယူယူ သစ္စာတရားအသိနဲ့ဘာမှမပတ်သက်သေးပါဘူး ။ တကယ်တန်း
    ကိုယ်လုပ်ရမှာက အခုကိုယ့်မှာဖြစ်နေတဲ့ဒုက္ခကို သိအောင်လုပ် ပြီး
    ဒုက္ခရဲ့အကြောင်းကို ပယ်သတ်တဲ့လုပ်ငန်းသာ လုပ်သင့်ပါတယ်
    အဲဒါပဲကိုယ့်ရဲ့အလုပ်လို့ပြောချင်ပါတယ် မမ။

    • MaMa

      January 8, 2013 at 10:08 am

      အဲဒီအိပ်မက်ကို မက်တဲ့သူက ရိုးရာဗုဒ္ဓဘာသာ မဟုတ်ပါဘူး။
      အမေဖြစ်သူက ဒုက္ခတွေရောက်ပြီး နောက်ပိုင်းမှ ဘာသာပြောင်းလာတဲ့သူပါ။

  • kai

    January 8, 2013 at 6:00 am

    ၁၂၈။ မာလုကျပုတ္တ ထို့ကြောင့် ဤသာသနာတော်၌ သင်သည် ငါ မဟောကြားသည်ကိုလည်းမဟောကြားသည့်အတိုင်း မှတ်သားလော့၊ ငါ ဟောကြားသည်ကိုလည်း ဟောကြားသည့်အတိုင်းမှတ်သား လော့၊ မာလုကျပုတ္တ ငါမဟောကြားသည်မှာ အဘယ်နည်း- မာလုကျပုတ္တ လောကသည်မြဲ၏ဟု ငါမဟောကြား၊ လောကသည် မမြဲဟု ငါမဟောကြား၊ လောကသည် အဆုံးရှိ၏ဟုငါမဟောကြား၊ လောကသည် အဆုံးမရှိဟု ငါမဟောကြား၊ ထိုအသက်သည်ပင် ထိုကိုယ်တည်းဟုငါမဟောကြား၊ အသက် သည်တခြား ကိုယ်သည်တခြားဟု ငါ မဟောကြား၊ သတ္တဝါသည်သေသည်မှနောက်၌ ဖြစ်၏ဟု ငါ မဟောကြား၊ သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်ဟုငါမဟောကြား၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်ဟုငါမဟောကြား၊ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟုငါမဟောကြား။ မာလုကျပုတ္တ ထိုအကြောင်းကို အဘယ်ကြောင့် ငါမဟောကြားသနည်း၊ မာလုကျပုတ္တထိုအကြောင်းသည် အကျိုးစီးပွါးနှင့် မစပ်၊ မြတ်သောသာသနာတော်၏ အစအနမျှလည်း မဖြစ်၊ ဝဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှါ မဖြစ်နိုင်၊ ရာဂကင်းခြင်းငှါ မဖြစ်နိုင်၊ ရာဂချုပ်ခြင်းငှါ မဖြစ်နိုင်၊ ကိလေသာမီးငြိမ်းအေးခြင်းငှါ မဖြစ်နိုင်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်နိုင်၊ သစ္စာလေးပါးကို သိခြင်းငှါ မဖြစ်နိုင်၊ ချုပ်ငြိမ်းခြင်းငှါ မဖြစ်နိုင်၊ ထို့ကြောင့် ထိုအကြောင်း အရာကို ငါဘုရားမဟောကြား။

    မာလုကျပုတ္တ အဘယ်ကို ငါဘုရားဟောကြားသနည်း- မာလုကျပုတ္တ ဤကား ဆင်းရဲတည်းဟုငါဘုရား ဟောကြား၏၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်းဟု ငါဘုရားဟောကြား၏။ ဤကား ဆင်းရဲချုပ်ရာတည်းဟု ငါဘုရားဟောကြား၏။ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်တည်းဟုငါဘုရားဟောကြား၏။ မာလုကျပုတ္တ ထိုတရားကို အဘယ်ကြောင့် ငါဟောကြားသနည်း- မာလုကျပုတ္တထိုတရားသည် အကျိုးစီးပွားနှင့် စပ်၏၊ ထိုတရားသည် မြတ်သောအကျင့်ဖြစ်သော သာသနာတော်၏အစအနဖြစ်၏၊ ဝဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ ရာဂကင်းခြင်းငှါ ရာဂချုပ်ခြင်းငှါ ကိလေသာမီးအေးငြိမ်းခြင်းငှါ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ သစ္စာလေးပါးကို သိခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ဖြစ်၏၊ ထို့ကြောင့် ထိုတရားကို ငါဟောကြား၏။ မာလုကျပုတ္တ ထို့ကြောင့်သာလျှင် သင်တို့သည်ဤငါမဟောကြားသည်ကို မဟောကြား သည့်အတိုင်း မှတ်ကြကုန်လော့၊ ငါဟောကြားသည်ကိုလည်းဟောကြားသည့်အတိုင်း မှတ်သားကြကုန် လော့

    (ဂေါတမဗုဒ္ဓ)
    – အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီး မဟုတ်..
    – ပါချုပ် ဆရာတော် ကြီး ဒေါက်တာနန္ဒမာလ မဟုတ်.. :kwi:

    • MaMa

      January 8, 2013 at 10:20 am

      ကိုယ်တိုင်တော့ ရိုးရာဗုဒ္ဓဘာသာမို့ ….
      ကံ ကံ၏အကျိုးကို ယုံကြည်သလို၊
      သံသရာလည်တယ် ဆိုတာကိုလည်း ယုံကြည်ပါတယ်။

      ရှေးဘဝ နောက်ဘဝဆိုတာ လူပြိန်းလို အလွယ်ပြောလိုက်တာပါ။

      နက်နက်ရှိုင်းရှိုင်းနားမလည်ပါ။

      ပဒုမ္မာပြောသလို ဥပမာတွေနဲ့ ကြားနာဖူးသလောက်ပဲ နားလည်သဘောပေါက်ပါတယ်။

      အရင်က ဒါမျိုးတွေ ကြားဖူးပေမယ့် ကိုယ်တိုင် (ဒီတစ်ခုတည်းလည်းမဟုတ်ပါ) တွေ့ကြုံလာရတော့……
      ရှေးဘဝ နောက်ဘဝဆိုတာကို ငြင်းကြဖို့ထက်….
      ပြုခဲ့တဲ့ ကံဟာ အရိပ်ပမာ သံသရာလည်သ၍ လိုက်ပါနေတယ်ဆိုတာကို သိရှိပြီး….

      မကောင်းတဲ့အကုသိုလ်တရားတွေကို ရှောင်ရှားနိုင်ဖို့…
      ကောင်းမှုကုသိုလ်ကို စွမ်းနိုင်သရွေ့ ပြုကြဖို့ ရည်ရွယ်ပါတယ်။

  • kai

    January 8, 2013 at 6:06 am


    Billions of Earthlike Planets Found in Milky Way
    Published January 7, 2013
    Our galaxy is chock-full of rocky worlds, new research suggests.

    A simulation based on data from NASA’s planet-hunting Kepler mission has determined that about one out of every six stars has an Earth-sized planet, which would translate to at least 17 billion such worlds in our Milky Way galaxy. And that’s not even counting the alien Earths we’d want to live on.

    These 17 billion planets would be circling their parent stars more closely than Mercury orbits our own sun — which means that, in many cases, the planets would be too hot for liquid water to exist. A few such worlds already have been found, including a “lava planet” known as Alpha Centauri Bb that’s just 4.3 light-years away from us.
    http://news.nationalgeographic.com/news/billions-of-earthlike-planets-found-in-milky-way/
    =

    “လောကသည် အဆုံးရှိ၏ဟုငါမဟောကြား၊ လောကသည် အဆုံးမရှိဟု ငါမဟောကြား၊ “

    ထိုအကြောင်းကို အဘယ်ကြောင့် ငါမဟောကြားသနည်း၊ မာလုကျပုတ္တထိုအကြောင်းသည် အကျိုးစီးပွါးနှင့် မစပ်၊ မြတ်သောသာသနာတော်၏ အစအနမျှလည်း မဖြစ်၊ ဝဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှါ မဖြစ်နိုင်၊ ရာဂကင်းခြင်းငှါ မဖြစ်နိုင်၊ ရာဂချုပ်ခြင်းငှါ မဖြစ်နိုင်၊ ကိလေသာမီးငြိမ်းအေးခြင်းငှါ မဖြစ်နိုင်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်နိုင်၊ သစ္စာလေးပါးကို သိခြင်းငှါ မဖြစ်နိုင်၊ ချုပ်ငြိမ်းခြင်းငှါ မဖြစ်နိုင်၊ ထို့ကြောင့် ထိုအကြောင်း အရာကို ငါဘုရားမဟောကြား။

  • မောင့်ကျက်သရေ ဂီ့

    January 8, 2013 at 8:16 am

    အဆိုးယ ကို အခွန်ကြွေးပေးဖို့ စိုင်းပြင်းနေတဲ့အချိန်မှ
    ဒီပိုစ့် ဖတ်မိပလေတယ်… အော်…..
    စိတ်ထိခိယက်တွားဘီ မာမား ရယ်….

    :byae:

  • MaMa

    January 8, 2013 at 10:38 am

    ဒီရက်ထဲ ကြွေးဟောင်းရကိန်းရှိလို့ပဲလား မသိဘူး။
    ၂ယောက်တောင် အဲလိုပုံစံမျိုးနဲ့ အကြွေးလာဆပ်သွားတာ။
    လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ၁ သိန်းရစရာရှိတဲ့သူက သေအံမူးမူးဖြစ်နေချိန်မှာ သူ့သားသမီးတွေကို မှာသွားလို့ လာဆပ်သွားတာ။
    အခုတစ်ယောက်ကတော့ သေတာ ၈နှစ်ရှိမှ သူ့အမေက လာဆပ်သွားတာ။
    အဲဒါကြောင့် ရွာထဲမှာ ပြန်မျှဝေချင်စိတ်တွေ ပြင်းထန်လာတယ်။
    ဒီရွာမှာ ဒီလိုတွေတင်ရင် ဒါမျိုးတွေ လာမယ်ဆိုတာကို သိနေရဲ့သားနဲ့ မနေနိုင် မထိုင်နိုင်တင်မိတာ။
    :eee:
    အပေါ်က စိတ်ထိခိယက်တဲ့ သူငယ်ရေ-
    အခွန်ရှောင်ဖို့ စဉ်းစားနေချိန်မှာ မဟုတ်ပဲ အခွန်ကြွေးပေးဖို့ စိုင်းပြင်းနေတဲ့အချိန်မှာ ဖတ်မိတာမို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်လိုက်ပါ။
    :hee:

    • surmi

      January 9, 2013 at 12:23 am

      အန်တီမမရေ ။။။
      သဂျီးကိုကြောက်လို့ဗျ
      ယုံတယ်လို့ ပြောမလို့ဟာ ခုတော့ ….
      သဂျီးက နောက်ဘဝကိုယုံရင် ပို့ပေးမယ်ဆိုလား….
      မဝေ ပို ့စ်မှာပြောခဲ့တာထင်တယ် ….
      ခုမှ တိတ်တိတ်လေးဝင်ပြောရဲတာ … 🙂

  • weiwei

    January 8, 2013 at 11:19 am

    မရှိတာနဲ့ မယူတာနဲ့ မတူဘူးနော် ..
    သတ္တဝါတွေရဲ့အစ ဘယ်ကလဲလို့မေးရင် ဖြေရသိပ်ခက်တယ် .. အကျိုးလဲမရှိဘူးမို့လို့ အဲဒီလိုအမေးအတွက် အဖြေပေးရလဲခက်တာမို့လို့ မမေးသင့် မယူသင့် မတွေးသင့်ဘူး … ဒါပေမယ့် ရှိတယ် … သတ္တဝါတွေမှာ အစရှိသလို အဆုံးလဲ ရှိမှာပဲ … ကမ္ဘာကြီးလဲ ပျက်တတ်တယ် … ပြန်ဖြစ်တတ်တယ် … ဒါပေမယ့် အဲဒီအယူအဆတွေကို လက်ခံပြီးလျှောက်လိုက်နေရင် မဆုံးနိုင်လို့ အဲဒီအယူကိုလဲ မယူတာ အကောင်းဆုံးပဲ ..

    ရှေ့ဘဝ နောက်ဘဝ တွေရှိကြောင်း သက်သေအမျိုးမျိုးရှိခဲ့သလို ကိုယ်ပိုင်ဉာဏ်နဲ့ ကြောင်းကျိုးဆက်ပြီး လက်ခံနိုင်ပါတယ် .. ယုံလဲယုံကြည်တယ် … အဲဒါကြောင့်လဲ မကောင်းမှုတွေကိုရှောင်ပြီး ကောင်းမှုတွေပဲ လုပ်ဖြစ်အောင် ကြိုးစားကြတာပေါ့ …

    လူတိုင်းလူတိုင်း သံသရာကြွေးကို ကြောက်တတ်ကြပါစေလို့ ….

    • kai

      January 8, 2013 at 3:03 pm

      မရှိတာနဲ့.. မယူတာ.. (လုံးဝ)လုံးဝ မတူပါဘူး..
      ဂေါတမမြတ်စွာဘုရားပြောဟောထားတာ.. ရှင်းလွန်းလို့.. ရှင်း..ရှင်း..ရှင်း..ရှင်းဖြစ်နေတာကို..

      ဆိုတော့..ကျုပ်ကလည်း.. နတ်ပြည်..နောင်နောက်ဘဝတွေ…ရှိနိုင်ကောင်းရဲ့.. ထင်တာပါပဲ..
      နတ်ပြည်ရှိတာမျိုးဆို.. တော်တော့်ကို.. သေချာတယ်..
      စင်္ကြာဝဌာမှာ… အဆုံးရှိမယ်ဆိုတာလည်း.. တော်တော်သေချာတယ်.. :kwi:

      ဒါပေမယ့်..
      အဲဒါတွေက..

      အကျိုးစီးပွါးနှင့် မစပ်၊ မြတ်သောသာသနာတော်၏ အစအနမျှလည်း မဖြစ်၊ ဝဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှါ မဖြစ်နိုင်၊ ရာဂကင်းခြင်းငှါ မဖြစ်နိုင်၊ ရာဂချုပ်ခြင်းငှါ မဖြစ်နိုင်၊ ကိလေသာမီးငြိမ်းအေးခြင်းငှါ မဖြစ်နိုင်၊ ထူးသောဉာဏ်ဖြင့် သိခြင်းငှါ မဖြစ်နိုင်၊ သစ္စာလေးပါးကို သိခြင်းငှါ မဖြစ်နိုင်၊ ချုပ်ငြိမ်းခြင်းငှါ မဖြစ်နိုင်၊

      တဲ့.. :harr:
      ဗုဒ္ဓတရားတော်တွေကို သုံးသပ်စဉ်းစားရင်.. အဲဒီအယူကို..ယူလိုက်တာနဲ့.. ငရဲကျတာပဲ..။ သံသရာ.. ချာလပါတ်လည်ပါတယ်..။
      အကုန်ကိုလွဲချော်ကုန်ပြီး.. ဗုဒ္ဓဘာသာဟာ..ဟိန္ဒူဘာသာနဲ့..သွားတူတော့တာပဲ..
      အဲလို… ပြောချင်တာ…။

  • ဆူး

    January 8, 2013 at 11:30 am

    ရှေ့ဘဝ နောက်ဘဝ ယုံတာ မယုံတာ ငြင်းကြတာလား.. ဒါမှ မဟုတ်.. လူလောက မဟုတ်တဲ့ တပါးသော လောက ရှိမရှိ ငြင်းကြမှာလားဟင်..
    ရှေ့ဘဝ နောက်ဘဝ ကိစ္စ ပြောတာ ဆိုရင် အဲ့ဒီ ကိစ္စ ဆက်ပြောမယ်..
    လူလောက မဟုတ်တဲ့ တပါးသော လောက အကြောင်း ဆိုရင် တပါးသော လောက အကြောင်း ဆက်ပြောကြတာပေါ့..

    ဒီပိုစ်လေးက.. ရှေ့ဘဝ နောက်ဘဝ နဲ့ လူဘဝ က သေပြီးနောက် တပါးသော လောက (ပြိတ္တာ) ဘဝ ရောက်တဲ့ အကြောင်း.. ၂မျိုးလုံး ပါအောင် ပြောရမယ် ဆိုရင်..

    မယုံရင် သေကြည့်ကြပါလား.. မသေခင် တယောက် ကို မြန်မာငွေ ၁ဝ အကြွေး ပေးလိုက်မယ်.. အကြွေးမှတ်ထားပေးမယ်နော်.. ကွိကွိ.. ကိုယ်တွေ့ကြုံလို့ ယုံနိုင်ပါစေသတည်း။

    နောက်မှ တခေါက် အတည် ပြန်လာခဲ့မယ်..

  • မောင်ထက်ကြီး(မုံရွာ)

    January 9, 2013 at 12:05 am

    အပေး အယူ ဆိုတာရှိတဲ.အတွက်..ကိုယ်ကပေးထားရင်လည်း ပြန်ရချင်တာပဲ.
    ကိုယ်ကယူထားရင်လည်း ပြန်ပေးရမှာပဲ..
    ဒါမှသဘာဝကြမှာပေါ….

  • pooch

    January 9, 2013 at 12:26 am

    ယုံတယ် မမ။ အမျိုးထဲ ကျမနဲ့ ရွယ်တူ အဒေါ် သူ့အမျိုးသားဆုံးတော့ တော်တော်နဲ့ မကျွတ်ဖူး။ သူက ခရစ်ယာန်ပေါ့။ သူဆုံးကာစမှာ ကလေးက လသားပဲ ဆိုတော့ စိတ်မချတာလည်း ပါမှာပေါ့။ နေရထိုင်ရဆင်းရဲလွန်းလို့ ခဏခဏအိမ်မက်ပေးတယ်။ တခါလှူပေးလည်း မရ ၂ ခါ လှူပေးလည်း မရ ၃ ခါမြောက်မှ အဆင်ပြေသွားတယ်ပြောတယ်။

    အိမ်မက်ထဲ ကောင်းကောင်းမွန်မွန်နဲ့ ပြောတယ်။ နောက်ဝင်ပူးပြီး ငိုလိုက်တာမှတဲ့။ ကျေးဇူးတင်ကြောင်းလည်း ပြောသွားတယ်။

    ပြောမယုံ ကြုံဖူးမှ သိမမရေ အမျိုးအရင်းကြီးမို့ ခရေစေ့ တွင်းကျသိလိုက်ရတာ။

Leave a Reply